HomeCelebs Update NewsInternationalMusic Video အသစ်ထဲက ဝတ်စုံတွေကြောင့် ဝေဖန်ခံနေရတဲ့ Sam Smith

Music Video အသစ်ထဲက ဝတ်စုံတွေကြောင့် ဝေဖန်ခံနေရတဲ့ Sam Smith

Sam Smith ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူ့ရဲ့ hit single သီချင်းဖြစ်တဲ့ “I’m Not Here to Make Friends” ရဲ့ music video ကို ထွက်ရှိလိုက်ပါတယ်။ ဒီ music video ထဲမှာတော့ Sam Smith ဟာ ခမ်းနားလှပလွန်းတဲ့ ဝတ်စုံများစွာကို ဝတ်ဆင်ထားတာ တွေ့ရပြီး တချို့ကတော့ အဲဒီဝတ်စားဆင်ယင်မှုတွေအပေါ် ဝေဖန်ပြောဆိုနေကြပါတယ်။

MV ထဲမှာ Sam Smith ဝတ်ထားတဲ့ ဝတ်စုံတွေကတော့ ပန်းရောင်တောက်တောက် အမွေးပွဂါဝန်အရှည်ကြီး ပါဝင်သလို ပုလဲကြိုးတွေ၊ တလက်လက် တောက်ပနေတဲ့ လက်အိတ်တွေ၊ nipple cover တွေနဲ့ အလှဆင်ထားတဲ့ ခရင်မ်ရောင် corset နဲ့ ဝတ်စုံလည်း ပါဝင်ပါတယ်။

Photo Credit: A Capitol Records UK/ EMI Recording/ Universal Music Operation Limited

တချို့ကတော့ ဒီလိုဝတ်စားဆင်ယင်မှုမျိုးကို ကြည့်ရတာဟာ စိတ်မချမ်းမြေ့စရာကောင်းပြီး ဆိုးဝါးလွန်းတယ်လို့ ဝေဖန်ထားကြပါတယ်။ ဒါ့အပြင် MV ထဲက တချို့သော ကကွက်တွေဟာလည်း ကလေးသူငယ်တွေနဲ့ မသင့်တော်ဘူးလို့ ပြောထားကြပါတယ်။

သို့သော်လည်း Sam Smith ရဲ့ ပရိသတ်တွေကတော့ ဒီဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်ပြောဆိုထားပါတယ်။ Sam Smith ကို အမြင်မသင့်တော်ဘူးလို့ ဝေဖန်နေကြတဲ့လူတွေဟာ လိင်တူတွေကို ကြောက်ရွံ့တဲ့စိတ်နဲ့ ဝတဲ့သူတွေကို မနှစ်မြို့တဲ့စိတ်တွေပေါင်းပြီး ပေါက်ကွဲနေကြတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကယ်၍ ဒီနေရာမှာသာ ပိန်ပိန်ပါးပါးနဲ့ straight တစ်ယောက်က ဗိုက်သားတွေဖော်ပြီး ကနေခဲ့မယ်ဆိုရင် ဘယ်သူကမှ အခုလို ဝေဖန်နေမှာ မဟုတ်ဘူးလို့ ဆိုနေကြပြီး Sam Smith အနေနဲ့ အခုလိုအမုန်းတရားတွေ ရရှိလောက်အောင် ဘာအမှားမှ မလုပ်ထားဘူးလို့ သူ့ရဲ့ပရိသတ်တွေက အခိုင်အမာ ဝန်းရံပြောဆိုထားကြပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular