HomeCharacterSupernatural ဇာတ်လမ်းတစ်လျှောက်မှာ Sam တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပုံ
Supernatural ဇာတ်လမ်းတစ်လျှောက်မှာ Sam တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပုံ
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
Supernatural ဇာတ်လမ်းတွဲဟာ CW ရုပ်သံလိုင်းကနေ (၁၅) နှစ်ကြာ ထုတ်လွှင့်နေတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီထဲက အဲ့ဒီအဓိကဇာတ်ကောင် နှစ်ယောက်ဖြစ်တဲ့ Sam နဲ့ Dean တို့ဟာ ညီအကိုနှစ်ယောက် ဖြစ်ပေမယ့်လည်း သူတို့နှစ်ယောက်ဟာ မတူညီတဲ့ အချက်တွေ ရှိပါတယ်။ ဒါ့အပြင် ဇာတ်လမ်းစတင်တုန်းက ပုံစံနဲ့ အခုနောက်ဆုံး season ကပုံစံမှာလည်း ဇာတ်ကောင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေလည်း မတူတော့ပါဘူး။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ဇာတ်လမ်းတစ်လျှောက်မှာ Sam ရဲ့ ပြောင်းလဲလာတဲ့ ပုံစံတွေကို ဖော်ပြပေးချင်ပါတယ်။
Season 1: သာမန်လူငယ်လေး တစ်ယောက်
photo via screenrant
ဒီဇာတ်လမ်းရဲ့အစမှာတော့ Sam ဟာ လူငယ်တစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့ချစ်သူနဲ့အတူ လှပတဲ့ အနာဂတ်တစ်ခုကို ထူထောင်ဖို့ အသင့်ဖြစ်နေသူ တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ချစ်သူဟာ ကံမကောင်းစွာနဲ့ နတ်ဆိုးတစ်ယောက်ရဲ့ လက်ချက်ကြောင့် သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Dean နဲ့ ပူးပေါင်းပြီးတော့ လက်စားချေဖို့အတွက် မုဆိုးအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။
Season 2: ထူးခြားတဲ့ ကလေး
photo via screenrant
ဒုတိယ season မှာတော့ မကောင်းဆိုးဝါး Azazel က Lucifer အတွက် ပြီးပြည့်စုံတဲ့ လက်ခံသူ ဖြစ်နိုင်ချေရှိတဲ့ ကလေးတွေကို ပြင်ဆင်ခဲ့ပါတယ်။ Sam ကလည်း အဲ့ဒီကလေးတွေထဲက တစ်ယောက် ဖြစ်နေပြီးတော့ စိတ်စွမ်းအားတွေကိုပါ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့အဖေဟာလည်း Azazel ကြောင့် သေဆုံးသွားခဲ့ပါတယ်။ အရင်ကတော့ Sam ဟာ သူ့ရဲ့အဖေနဲ့ အဆင်မပြေခဲ့ပေမယ့်လည်း အခုချိန်မှာတော့ သူ့ရဲ့ချစ်သူရော သူ့ရဲ့အဖေကိုပါ ဆုံးရှုံးလိုက်ရတာကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့ပါတယ်။
Season 3: ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားနေရသူ
photo via screenrant
ဒုတိယ season ရဲ့အဆုံးမှာတော့ Sam ကို သေဆုံးသွားရာကနေ ပြန်ခေါ်ဖို့အတွက် Dean ဟာ မကောင်းဆိုးဝါးနဲ့ အပေးအယူ လုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ တတိယ season မှာတော့ Sam ဟာ အဲ့ဒီအပေးအယူကနေ Dean ကိုလွတ်အောင် ကြိုးစားခဲ့ပါတယ်။ သူဟာ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့်လည်း Dean ကို မကယ်တင်နိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ Dean ဟာ သူ့အတွက်ကြောင့် ငရဲကို ရောက်သွားတယ် ဆိုတဲ့အသိစိတ်ကြောင့် သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားခဲ့ရပါတယ်။
Season 4 & 5: ရွေးချယ်ခံထားရသူ
photo via screenrant
Season 4 နဲ့ 5 မှာတော့ Sam ဟာ Lucifer အတွက် လက်ခံသူဖြစ်နေပြီး Dean ကလည်း Michael ရဲ့ လက်ခံသူ ဖြစ်နေတာကို သိခဲ့ရပါတယ်။ သူတို့တွေဟာ Sam ကို Lucifer ဝင်ပူးတာကို မခံရစေဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ သူဟာ Lucifer ကို အရှုံးပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း Sam ဟာ Lucifer ကို ငရဲပြည်မှာရှိတဲ့ လှောင်အိမ်ထဲမှာ ရှိနေစေဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံပြီးတော့ ငရဲပြည်ကို ခုန်ချသွားခဲ့ပါတယ်။
Season 6 & 7: စိတ်ခံစားချက်မရှိတော့သူနဲ့ ကြောက်ရွှံ့နေသောသူ
photo via screenrant
Season 6 မှာတော့ Sam ဟာ လူ့ပြည်ကို ပြန်ရောက်လာပေမယ့်လည်း soul ကတော့ ပြန်မပါလာခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ သူဟာ စိတ်ခံစားချက်တွေ မရှိတော့ဘဲ လိုချင်တာရဖို့ဆို ဘာမဆို လုပ်မယ့်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ soul ကို ပြန်လည်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ ငရဲပြည်မှာတုန်းက Lucifer နဲ့အတူ နေထိုင်ခဲ့တဲ့အချိန်တွေဟာ သူ့ကိုခြောက်လှန့်နေပြီးတော့ အိပ်မက်ထဲမှာတင်မဟုတ်ဘဲ နိုးနေတဲ့အချိန်မှာပါ ခြောက်လှန့်ခံနေရတာကြောင့် စိတ်ဒဏ်ရာရနေခဲ့ပါတယ်။
Season 8 & 9: သာမန်ဘဝနဲ့ နေထိုင်ချင်ခဲ့ပေမယ့်လည်း အခွင့်အရေးမရခဲ့သူ
photo via screenrant
Sam ဟာ မုဆိုးအလုပ်ကို စတင်လုပ်တဲ့အချိန်ကတည်းက အခွင့်အရေးရတာနဲ့ အဲ့ဒီလောကကနေ ထွက်ခွာဖို့အတွက် စဉ်းစားပြီးသား ဖြစ်ပါတယ်။ Dean က Purgatory ကို ရောက်နေတဲ့အချိန်မှာတော့ သူဟာ လိုက်ရှာမနေတော့ဘဲ သာမန်ဘဝနဲ့ နေထိုင်ခဲ့ပါတယ်။ အဲ့ဒီလုပ်ရပ်ကြောင့်ပဲ နောက်ပိုင်းမှာတော့ သူဟာ အပြစ်ရှိသလို ခံစားခဲ့ရတာကြောင့် ငရဲတံခါးပေါက်ကို ပိတ်ဖို့အတွက် ကြိုးစားတဲ့အခါမှာတော့ သူဟာ သေမလိုတောင် ဖြစ်ခဲ့ပါတယ်။ Season 9 မှာလည်း Sam မသိလိုက်ဘဲ တံမန်တော် Gadreel က ဝင်ပူးခဲ့ပြီး Kevin Tran ကို သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကလည်း သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်မလွှတ်မယ့် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။
Season 10 & 11: သူ့အကိုကို စောင့်ရှောက်ပေးသူ
photo via screenrant
Abaddon နဲ့ Cain တို့ကို Dean က အဓိကတိုက်ခိုက်ခဲ့ပေမယ့်လည်း Sam ကတော့ Dean ကို နောက်ကွယ်ကနေ စောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါ့အပြင် Dean ဟာ Cain ရဲ့အမှတ်အသားကို ရရှိခဲ့တဲ့အချိန်ကစပြီး မကောင်းဆိုးဝါး ဖြစ်သွားတဲ့အချိန်အထိ သူ့ရဲ့အကိုကို စောင့်ရှောက်ပေးခဲ့ပါတယ်။ အဲ့လိုမျိူး မကောင်းဆိုးဝါး ဖြစ်သွားပြီး ခြေရာဖျောက်သွားတဲ့ Dean ကို မရမက လိုက်ရှာပြီး လူတစ်ယောက် ပြန်လည်ဖြစ်စေခဲ့ပါတယ်။
Season 12 & 13: ရင့်ကျက်လာသူ
photo via screenrant
ဒီ season နှစ်ခုမှာတော့ လူသားတစ်ယောက်အတွက် လုံးဝကိုထင်မထားတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။ သူတို့ညီအကိုနှစ်ယောက်ဟာ ဘုရားသခင် နဲ့ Darkness တို့ကို တွေ့ခဲ့ရပြီးတော့ လူသားတစ်ဝက် တမန်တော်တစ်ဝက် ကလေးတစ်ယောက်ကိုလည်း စောင့်ရှောက်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ Dean တောင်မှ စိတ်ခံစားချက်တွေ ပြင်းထန်ခဲ့ပေမယ့်လည်း Sam ကတော့ အတတ်နိုင်ဆုံး စိတ်ကိုအေးအေးထားပြီး နေထိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိသျှအက္ခရာလူသားတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး သူတို့ရဲ့ အမေကို တစ်ခြားကမ္ဘာမှာ ရှာဖွေခဲ့ရပါသေးတယ်။ အဲ့ဒီလောက်များတဲ့ ဖိအားတွေကိုတောင် အန်တုရင်းနဲ့ သူဟာ ပြဿနာတွေကို စိတ်အေးအေးနဲ့ ဖြေရှင်းခဲ့ပါတယ်။
Season 14: ခေါင်းဆောင် ဖြစ်လာသူ
photo via screenrant
Dean မရှိတဲ့အချိန်မှာ Sam ကတော့ တစ်ခြားကမ္ဘာက မုဆိုးတွေကို အဖွဲ့တစ်ခုအဖြစ် စုစည်းခဲ့ပြီး ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Sam ဟာ သူ့ရဲ့ ဗဟုသုတ ၊ ဦးဆောင်နိုင်စွမ်းနဲ့ သိရှိထားတဲ့ အချက်အလက်တွေကို အသုံးချပြီးတော့ အဖွဲ့ကောင်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Dean ဟာ Michael ပူးကပ်တာကို ခံထားရတာကြောင့် သူဟာ Dean ကိုကယ်တင်ဖို့အတွက် ပြုလုပ်ခဲ့ရပါသေးတယ်။
Season 15: အဖေနဲ့ မတည့်တဲ့ ကောင်လေးအဖြစ်ကနေ လူကြီးတစ်ယောက်ဆီသို့
photo via screenrant
Sam ဟာ မုဆိုးအလုပ်နဲ့ အဖြစ်အပျက်တွေ အများကြီးကို ကြုံတွေ့ခဲ့ရပြီး အတွေ့အကြုံတွေ အများကြီး ရရှိခဲ့ပါတယ်။ သူဟာ အစတုန်းကတော့ မုဆိုးအလုပ်ကနေ အခွင့်အရေးကရတာနဲ့ ထွက်ခွာဖို့ စီစဉ်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ အဲ့ဒီလောကကနေ ထွက်ခွာဖို့ဆိုတာ မလွယ်ကူမှန်း သိရှိသွားပါပြီ။
Season 1 နဲ့ 15 ကြားထဲမှာ အချိန်တွေလည်း အများကြီး ကုန်ဆုံးခဲ့တာကြောင့် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကလည်း ပြောင်းလဲလာခဲ့သလို စိတ်ပိုင်းဆိုင်ရာကလည်း အများကြီးပြောင်းလဲလာခဲ့ပါတယ်။ လူအများစုကတော့ အဖေနဲ့မတည့်တာကြောင့် အိမ်ကနေ ထွက်သွားတဲ့ ကောင်လေးတစ်ယောက်ကနေ အခုလိုမျိူး အတွေ့အကြုံတွေအများကြီးနဲ့ ရင့်ကျက်တဲ့ လူကြီးတစ်ယောက် ဖြစ်လာမယ်လို့ ထင်ထားကြမှာ မဟုတ်ပါဘူး။
Legos
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)
(Zawgyi Version)
photo via screenrant
photo via screenrant
photo via screenrant
photo via screenrant
photo via screenrant
photo via screenrant
photo via screenrant
photo via screenrant
photo via screenrant
photo via screenrant
Legos
RELATED ARTICLES
Most Popular