HomeEntertainmentFilmထွေလာအသစ် ထွက်ရှိလာတဲ့ Netflix ရဲ့ The Sandman ဇာတ်လမ်းတွဲ

ထွေလာအသစ် ထွက်ရှိလာတဲ့ Netflix ရဲ့ The Sandman ဇာတ်လမ်းတွဲ

မကြာသေးခင်ကပဲ Netflix ဟာ ကောမစ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ The Sandman ဇာတ်လမ်းတွဲရဲ့ ထွေလာအသစ်ကို ထပ်မံထုတ်ပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ The Sandman ဆိုတဲ့ ကောမစ်ကိုပဲ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပြီး David S. Goyer ကတော့ ဒီဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ဖန်တီးဖို့ ကြိုးစားနေတာ နှစ်တွေကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် ဒီဇာတ်လမ်းဟာ ပြင်ဆင်တဲ့အဆင့်မှာပဲ ကြာမြင့်နေပြီး နောက်ဆုံးမှာတော့ Netflix ဟာ ဒီဇာတ်လမ်းကို ရုပ်ရှင်မဟုတ်ဘဲ ဇာတ်လမ်းတွဲအနေနဲ့ ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

photo via screenrant

ယခုအချိန်မှာတော့ Netflix Geek Week ကို ကျင်းပနေပြီး အဲဒီပွဲမှာတော့ ဇာတ်လမ်းတွဲအသစ်တွေများစွာရဲ့ ထွေလာတွေနဲ့ First Look တွေကိုလည်း ပြသခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ Morpheus သို့မဟုတ် Dream ဟာ ဖမ်းချုပ်ခံထားရာကနေ လွတ်မြောက်လာပြီး သူ့ရဲ့ပိုင်နက်ဖြစ်တဲ့ အိပ်မက်လောကကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။

ဒီဇာတ်လမ်းတွဲထဲမှာတော့ Endless ဆိုတဲ့ မိသားစုအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ကတော့ Death ၊ Desire ၊ Destiny ၊ Despair နဲ့ Dream တို့ကို ကိုယ်စားပြုကြပါတယ်။ Morpheus သို့မဟုတ် Dream ကတော့ နှစ်တစ်ရာကျော်အောင် ဖမ်းဆီးခံထားရပြီး ယခုခေတ်မှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အိပ်မက်လောကကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားရင်း သူ့မိသားစုနဲ့ ပြန်လည်တွေ့ဆုံတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ အပိုင်း(၁၂)ပိုင်း ပါဝင်လာမယ်လို့ သိရပြီး ဩဂုတ်လ (၅)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular