HomeEntertainmentFilmSaw ရုပ်ရှင်တွေထဲက ရုပ်သေးရုပ်ရဲ့ နောက်ကွယ်က ဝမ်းနည်းစရာဇာတ်လမ်း

Saw ရုပ်ရှင်တွေထဲက ရုပ်သေးရုပ်ရဲ့ နောက်ကွယ်က ဝမ်းနည်းစရာဇာတ်လမ်း

Saw Franchise ဟာ Horror အမျိူးအစားတွေထဲမှာတော့ မသိသူ မရှိလောက်အောင် အောင်မြင်တဲ့ Franchise တစ်ခု ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေထဲမှာတော့ John Kramer ဟာ လူတွေကို ပြန်ပေးဆွဲကာ အသက်နဲ့ရင်းပြီး ဆော့ရတဲ့ ဂိမ်းတွေ ဆော့ကစားခိုင်းတာကို အဓိက မြင်တွေ့ရမှာပါ။

John ကတော့ လူတိုင်းကို ပြန်ပေးဆွဲတာ မဟုတ်ဘဲ ကိုယ့်အသက်ကိုယ် တန်ဖိုးမထားဘဲ သတ်သေဖို့ ကြိုးစားသူတွေနဲ့ ဆေးစွဲနေသူတွေလို လူတွေကိုပဲ ရွေးပြီး ပြန်ပေးဆွဲတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ John ဟာ ကင်ဆာရောဂါကို ခံစားနေရပြီး မကြာခင်မှာ သေဆုံးတော့မှာကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ ခံယူချက်ကလည်း “ကိုယ့်အသက်ကိုယ် တန်ဖိုးမထားတဲ့သူတွေက ရှင်သန်နေဖို့ မထိုက်တန်ဘူး …” ဆိုတာပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်တွေ တလျှောက်မှာတော့ ရုပ်သေးရုပ်လေးတစ်ရုပ် အမြဲပါဝင်နေပြီး ဒီ Franchise ရဲ့ အထင်ကရဖြစ်တဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။ John Kramer ဟာ ဂိမ်းမစခင် လူတွေကို သတင်းစကားပါးတဲ့အချိန်မှာ ကြောက်စရာမျက်နှာနဲ့ ရုပ်သေးရုပ်တစ်ခုကို သူ့ကိုယ်စား အသုံးပြုလေ့ ရှိပါတယ်။ လူအများစု မသိလောက်သေးတဲ့ ဒီရုပ်သေးရုပ်ရဲ့ နောက်ကွယ်မှာတော့ ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ခု ရှိနေပါတယ်။ တကယ်တော့ John ဟာ ဒီလိုစိတ္တဇလူသတ်သမား မဖြစ်ခင်တုန်းက ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဇနီးကတော့ Jill Tuck ဆိုတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပြီး John ကတော့ အင်ဂျင်နီယာတစ်ယောက်ပဲ ဖြစ်ပါတယ်။

John တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့မွေးမယ့် ပထမဆုံးကလေးကို Gideon လို့ နာမည်ပေးခဲ့ပါတယ်။ John ကတော့ သူ့ရဲ့ကလေးအတွက် လက်ဆောင်နှစ်ခု‌ ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ကလေးအတွက် အိပ်ရာနဲ့ ရုပ်သေးရုပ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ကလေးအတွက် သူလက်ဆောင်ပေးခဲ့တဲ့ ရုပ်သေးရုပ်ကတော့ ကျွန်တော်တို့ မှတ်မိနေတဲ့ ရုပ်သေးရုပ်လို ကြောက်စရာကောင်းတဲ့ပုံစံ မဟုတ်ပါဘူး။ ဒီလိုနဲ့ ကံဆိုးချင်တော့ တစ်ရက်မှာ Jill ဟာ ကိုယ်ဝန်ပျက်ကျသွားပြီး သူတို့နှစ်ယောက်ရဲ့ ကလေးကို ဆုံးရှုံးလိုက်ရပါတယ်။

photo via screenrant

အဲ့ဒီနောက်မှာတော့ John ဟာ အလွန်အမင်း စိတ်ဓာတ်ကျသွားပြီး တစ်ယောက်တည်း နေထိုင်လာပါတော့တယ်။ ဒါတွေကြောင့်ပဲ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ကွဲသွားခဲ့ပြီး John ဟာလည်း ကင်ဆာရောဂါကို ခံစားနေရမှန်း သိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူဟာ စိတ္တဇလူသတ်သမားတစ်ယောက် ဖြစ်လာပြီး ဒီရုပ်သေးရုပ်ကိုတော့ ဆုံးရှုံးသွားခဲ့ရတဲ့ သူ့ကလေးရဲ့ အသက်နဲ့ မကြာခင်မှာ ဆုံးရှုံးရတော့မယ့် သူ့ရဲ့အသက်တို့ကို ကိုယ်စားပြုတဲ့အနေနဲ့ အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular