HomeCelebs Update NewsInternationalScarlet Witch ဟာ MCU ထဲက Strongest Avenger ပါလို့ပြောလာတဲ့ Elizabeth Olsen

Scarlet Witch ဟာ MCU ထဲက Strongest Avenger ပါလို့ပြောလာတဲ့ Elizabeth Olsen

Elizabeth Olsen ကတော့ Scarlet Witch ဟာ MCU ထဲက Strongest Avenger ဖြစ်ပြီး ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်လို့ ပြောလိုက်ပါတယ်။ WandaVision ဇာတ်လမ်းတွဲ အပြီးမှာတော့ Scarlet Witch ကို Doctor Strange in the Multiverse of Madness ထဲမှာ ဆက်လက် မြင်တွေ့ရမှာ ဖြစ်ပြီး Doctor Strange နဲ့လည်း ရင်ဆိုင် တိုက်ခိုက်သွားနိုင်ချေ ရှိနေပါတယ်။

photo via screenrant

Spider-Man: No Way Home ထဲမှာ Doctor Strange ဟာ Peter Parker ကို ကူညီဖို့ ကြိုးစားရင်း Multiverse ကြီးကို ဖွင့်လိုက်မိတာကြောင့် Doctor Strange 2 ထဲက အဖြစ်အပျက်တွေက နောက်ဆက်တွဲအနေနဲ့ ဆက်လက် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Wanda ဟာ Darkhold စာအုပ်ကိုလည်း ပိုင်ဆိုင်ထားတာကြောင့် အရင်ကထက် ပိုမိုစွမ်းအားကြီးလာတော့မှာ ဖြစ်ပါတယ်။

Doctor Strange 2 အတွက် ပရိုမိုးရှင်း ဆင်းနေတဲ့အချိန်မှာပဲ Elizabeth Olsen ဟာ Scarlet Witch က Strongest Avenger ဖြစ်တဲ့အကြောင်း ပြောသွားတာ ဖြစ်ပါတယ်။

“Wanda က ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်လို့ ကျွန်မတော့ ထင်ပါတယ်။ သူကိုယ်တိုင်က သူ့ရဲ့ အဆိုးရွားဆုံး ရန်သူပါပဲ။ သူဟာ အမြဲတမ်း တစ်ခုခုကနေ နောက်ဆုတ်ပေးဖို့ ဆုံးဖြတ်နေရပါတယ်။ သူဟာ MCU ထဲမှာ စွမ်းအားအကြီးဆုံးလို့ ကျွန်မ ထင်ပါတယ် …”

photo via screenrant

Strongest Avenger ဟာ ဘယ်သူ ဖြစ်မလည်းဆိုတာကို ငြင်းခုန်လာကြတာ အချိန်အတော်ကြာခဲ့ပါပြီ။ ဒီငြင်းခုန်မှုတွေ စတင်ခဲ့တာကတော့ Thor နဲ့ Hulk မှာ ဘယ်သူက ပိုပြီးစွမ်းအားကြီးလည်း ဆိုတာက စတင်ခဲ့တာ ဖြစ်ပါတယ်။ MCU ဟာ တဖြည်းဖြည်း ကြီးမား ကျယ်ပြန့်လာတာနဲ့အမျှ ဇာတ်ကောင်အသစ်တွေလည်း ပါဝင်လာပြီး ဘယ်သူက အသန်မာဆုံး ဖြစ်မလည်းဆိုတာ ဆုံးဖြတ်ရ ရှုပ်ထွေးလာပါတယ်။ Elizabeth Olsen ကတော့ Scarlet Witch ဟာ Strongest Avenger ပါလို့ ပြောထားတာကြောင့် Doctor Strange 2 ထဲမှာတော့ Scarlet Witch ကြမ်းတော့မယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular