HomeEntertainmentFilmYuri Boyka လို့ လူသိများကြတဲ့ Scott Adkins ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများ

Yuri Boyka လို့ လူသိများကြတဲ့ Scott Adkins ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Scott Adkins ဟာ လူသိများတဲ့ အက်ရှင်မင်းသားတစ်ယောက် ဖြစ်သလို တကယ့် အပြင်လောကမှာလည်း ကိုယ်ခံပညာတွေ တတ်မြောက်ထားသူ ဖြစ်ပါတယ်။ Scott ဟာ များသောအားဖြင့် အက်ရှင်ကားတွေ ရိုက်ကူးလေ့ရှိပြီး နာမည်ကြီး ရုပ်ရှင်တွေမှာလည်း အရံသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဝက်ဝက်ကွဲ နာမည်ကြီးတဲ့ ရုပ်ရှင်တွေမှာတော့ သူ့ရဲ့အခန်းကဏ္ဍဟာ သိပ်ပြီး ပါဝင်လေ့ မရှိပါဘူး။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ သူ့ရဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက အကောင်းဆုံးရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Triple Threat
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့ သမီးဟာ အထက်တန်းလွှာက လုပ်ကြံရေးသမားတစ်စုရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ ဒီအဖွဲ့ရဲ့အကြံအစည် မအောင်မြင်ရလေအောင် ကြေးစားအဖွဲ့လေးတစ်ခုက လိုက်လံကာကွယ်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Scott Adkins ၊ Tony Jaa ၊ Iko Uwais နဲ့ Michael Jai White တို့က အဓိက ပါဝင်ထားပါတယ်။

(6) Ninja II: Shadow of a Tear
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.2) ရရှိထားပါတယ်။ ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်တဲ့ Casey Bowman ဟာ သူ့ရဲ့ကိုယ်ဝန်ရှိနေတဲ့ ဇနီးသည်နဲ့အတူ အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ရက်မှာတော့ သူ့ရဲ့အမျိူးသမီးဟာ အသတ်ခံလိုက်ရတာကြောင့် လက်စား‌ချေဖို့အတွက် ခရီးထွက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Scott Adkins ၊ Mika Hijii နဲ့ Kane Kosugi တို့က အဓိက ပါဝင်ထားပါတယ်။

(5) Accident Man
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Mike ဆိုတဲ့ ကြေးစားလူသတ်သမားအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Mike ကတော့ သူ့ရဲ့ပစ်မှတ်တွေကို ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ပုံစံနဲ့ မတော်တဆဖြစ်ရပ်တွေလိုမျိူး ဖန်တီးပြီး သတ်ပစ်တာကြောင့် နာမည်ကြီးပါတယ်။ ဒါပေမယ့်လည်း သူချစ်ရတဲ့ လူတစ်ယောက် သေဆုံးသွားတဲ့အချိန်မှာတော့ အဲ့ဒီလူသတ်မှုကို ဘယ်သူလုပ်သွားတာလည်း ဆိုတာကို လိုက်လံစုံစမ်းပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Scott Adkins ၊ Ashley Greene နဲ့ Ray Stevenson တို့က အဓိက ပါဝင်ထားပါတယ်။

(4) Avengement
photo via screenrant

ဒီရုပ်ရှင်ကလည်း ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.5) ရရှိထားပါတယ်။ တစ်ရက်မှာတော့ ထောင်သားတစ်ယောက်ဟာ ထောင်ဖောက်ပြေးသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ကို ထောင်ကျသွားအောင် အကွက်ဆင်ခဲ့တဲ့ လူတွေကို ပြန်လိုက်ရှာပြီး လက်စားချေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Scott Adkins ၊ Kierston နဲ့ Louis Mandylor တို့က အဓိက ပါဝင်ထားပါတယ်။

(3) Boyka: Undisputed
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.0) ရရှိထားပါတယ်။ Boyka ဟာ တိုက်ခိုက်နေရင်းနဲ့ သူ့ရဲ့ပြိုင်ဘက်ကို မတော်တဆ သတ်လိုက်မိပြီးနောက်မှာတော့ သူရပ်တည်ခဲ့သမျှ အရာအားလုံးကို မေးခွန်းထုတ်နေပါတယ်။ အဲ့ဒီနောက်မှာတော့ သေဆုံးသွားသူရဲ့ အမျိူးသမီးကို လွတ်လပ်သွားစေဖို့အတွက် သူဟာ တိုက်ပွဲတွေအများကြီးကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Scott Adkins ၊ Teodora Duhovnikova နဲ့ Martyn Ford တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(2) Undisputed 2: Last Man Standing
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ ဟဲဗီးဝိတ် ချန်ပီယံဖြစ်တဲ့ George ဟာ မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုနဲ့ ရုရှားက ထောင်တစ်ခုကို ရောက်သွားပါတယ်။ အဲ့ဒီနောက်မှာတော့ ထောင်ကနေ ထွက်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ထောင်သား Yuri Boyka နဲ့ လက်ဝှေ့ထိုးမှရမယ် ဆိုတာကို သိလိုက်ရပါတယ်။ သရုပ်ဆောင်တွေကတော့ Scott Adkins ၊ Michael Jai White တို့က အဓိက ပါဝင်ထားပါတယ်။

(1) Undisputed 3: Redemption
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ရုရှား အကျဉ်းသားတစ်ယောက် ဖြစ်တဲ့ Boyka ဟာ ထောင်တွင်းက တိုက်ခိုက်ပွဲ မစတင်ခင်မှာ ဒူးဒဏ်ရာ ရရှိသွားပါတယ်။ ဒါပေမယ့်လည်း သူဟာ လွတ်လပ်မှုကို ရရှိဖို့အတွက် ဒူးဒဏ်ရာကြီးနဲ့ အတော်ဆုံးတိုက်ခိုက်သူတွေကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Scott Adkins ၊ Marko Zaror နဲ့ Mykel Shannon Jenkins တို့က အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Scott Adkins ဟာ လူသိမ်ားတဲ့ အက္ရွင္မင္းသားတစ္ေယာက္ ျဖစ္သလို တကယ့္ အျပင္ေလာကမွာလည္း ကိုယ္ခံပညာေတြ တတ္ေျမာက္ထားသူ ျဖစ္ပါတယ္။ Scott ဟာ မ်ားေသာအားျဖင့္ အက္ရွင္ကားေတြ ႐ိုက္ကူးေလ့ရွိၿပီး နာမည္ႀကီး ႐ုပ္ရွင္ေတြမွာလည္း အရံသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း ဝက္ဝက္ကြဲ နာမည္ႀကီးတဲ့ ႐ုပ္ရွင္ေတြမွာေတာ့ သူ႔ရဲ႕အခန္းက႑ဟာ သိပ္ၿပီး ပါဝင္ေလ့ မရွိပါဘူး။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ သူ႔ရဲ႕ နာမည္ႀကီး႐ုပ္ရွင္ေတြထဲက အေကာင္းဆုံး႐ုပ္ရွင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Triple Threat
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (5.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဘီလ်ံနာသူေဌးႀကီးတစ္ေယာက္ရဲ႕ သမီးဟာ အထက္တန္းလႊာက လုပ္ႀကံေရးသမားတစ္စုရဲ႕ ပစ္မွတ္ျဖစ္လာပါတယ္။ ဒီအဖြဲ႕ရဲ႕အႀကံအစည္ မေအာင္ျမင္ရေလေအာင္ ေၾကးစားအဖြဲ႕ေလးတစ္ခုက လိုက္လံကာကြယ္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Scott Adkins ၊ Tony Jaa ၊ Iko Uwais နဲ႔ Michael Jai White တို႔က အဓိက ပါဝင္ထားပါတယ္။

(6) Ninja II: Shadow of a Tear
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.2) ရရွိထားပါတယ္။ ကိုယ္ခံပညာရွင္တစ္ေယာက္ ျဖစ္တဲ့ Casey Bowman ဟာ သူ႔ရဲ႕ကိုယ္ဝန္ရွိေနတဲ့ ဇနီးသည္နဲ႔အတူ ေအးခ်မ္းတဲ့ဘဝေလးမွာ ေနထိုင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း တစ္ရက္မွာေတာ့ သူ႔ရဲ႕အမ်ိဴးသမီးဟာ အသတ္ခံလိုက္ရတာေၾကာင့္ လက္စား‌ေခ်ဖို႔အတြက္ ခရီးထြက္လာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Scott Adkins ၊ Mika Hijii နဲ႔ Kane Kosugi တို႔က အဓိက ပါဝင္ထားပါတယ္။

(5) Accident Man
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Mike ဆိုတဲ့ ေၾကးစားလူသတ္သမားအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Mike ကေတာ့ သူ႔ရဲ႕ပစ္မွတ္ေတြကို ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံတဲ့ပုံစံနဲ႔ မေတာ္တဆျဖစ္ရပ္ေတြလိုမ်ိဴး ဖန္တီးၿပီး သတ္ပစ္တာေၾကာင့္ နာမည္ႀကီးပါတယ္။ ဒါေပမယ့္လည္း သူခ်စ္ရတဲ့ လူတစ္ေယာက္ ေသဆုံးသြားတဲ့အခ်ိန္မွာေတာ့ အဲ့ဒီလူသတ္မႈကို ဘယ္သူလုပ္သြားတာလည္း ဆိုတာကို လိုက္လံစုံစမ္းပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Scott Adkins ၊ Ashley Greene နဲ႔ Ray Stevenson တို႔က အဓိက ပါဝင္ထားပါတယ္။

(4) Avengement
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.5) ရရွိထားပါတယ္။ တစ္ရက္မွာေတာ့ ေထာင္သားတစ္ေယာက္ဟာ ေထာင္ေဖာက္ေျပးသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႔ကို ေထာင္က်သြားေအာင္ အကြက္ဆင္ခဲ့တဲ့ လူေတြကို ျပန္လိုက္ရွာၿပီး လက္စားေခ်တာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Scott Adkins ၊ Kierston နဲ႔ Louis Mandylor တို႔က အဓိက ပါဝင္ထားပါတယ္။

(3) Boyka: Undisputed
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.0) ရရွိထားပါတယ္။ Boyka ဟာ တိုက္ခိုက္ေနရင္းနဲ႔ သူ႔ရဲ႕ၿပိဳင္ဘက္ကို မေတာ္တဆ သတ္လိုက္မိၿပီးေနာက္မွာေတာ့ သူရပ္တည္ခဲ့သမွ် အရာအားလုံးကို ေမးခြန္းထုတ္ေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေသဆုံးသြားသူရဲ႕ အမ်ိဴးသမီးကို လြတ္လပ္သြားေစဖို႔အတြက္ သူဟာ တိုက္ပြဲေတြအမ်ားႀကီးကို တိုက္ခိုက္ဖို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Scott Adkins ၊ Teodora Duhovnikova နဲ႔ Martyn Ford တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(2) Undisputed 2: Last Man Standing
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၆ ခုႏွစ္တုန္းက ထြက္ရွိခဲ့ၿပီး IMDb (7.1) ရရွိထားပါတယ္။ ဟဲဗီးဝိတ္ ခ်န္ပီယံျဖစ္တဲ့ George ဟာ မူးယစ္ေဆး လက္ဝယ္ေတြ႕ရွိမႈနဲ႔ ႐ုရွားက ေထာင္တစ္ခုကို ေရာက္သြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေထာင္ကေန ထြက္ႏိုင္ဖို႔ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ ေထာင္သား Yuri Boyka နဲ႔ လက္ေဝွ႔ထိုးမွရမယ္ ဆိုတာကို သိလိုက္ရပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Scott Adkins ၊ Michael Jai White တို႔က အဓိက ပါဝင္ထားပါတယ္။

(1) Undisputed 3: Redemption
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.4) ရရွိထားပါတယ္။ ႐ုရွား အက်ဥ္းသားတစ္ေယာက္ ျဖစ္တဲ့ Boyka ဟာ ေထာင္တြင္းက တိုက္ခိုက္ပြဲ မစတင္ခင္မွာ ဒူးဒဏ္ရာ ရရွိသြားပါတယ္။ ဒါေပမယ့္လည္း သူဟာ လြတ္လပ္မႈကို ရရွိဖို႔အတြက္ ဒူးဒဏ္ရာႀကီးနဲ႔ အေတာ္ဆုံးတိုက္ခိုက္သူေတြကို တိုက္ခိုက္ဖို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Scott Adkins ၊ Marko Zaror နဲ႔ Mykel Shannon Jenkins တို႔က အဓိက ပါဝင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular