HomeEntertainmentFilmScream 6 ထွေလာထဲက Ghostface ရဲ့ ပြတိုက်ထဲမှာ ပါဝင်နေတဲ့ Easter Egg များ

Scream 6 ထွေလာထဲက Ghostface ရဲ့ ပြတိုက်ထဲမှာ ပါဝင်နေတဲ့ Easter Egg များ

Scream 6 ရဲ့ ထွေလာထဲမှာတော့ ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ကို ပြသခဲ့သလို Ghostface အသစ်ဟာလည်း အတိတ်က Ghostface တွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ပြတိုက်တစ်ခုလို ထားထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီပြတိုက်ထဲမှာတော့ အရင်ကထွက်ရှိခဲ့သမျှ Scream ရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ Easter Egg တွေများစွာ ပါဝင်နေပါတယ်။

Ghostface တွေရဲ့ ဝတ်စုံများ

photo via screenrant

ဒီပြတိုက်ထဲက အထင်ရှားဆုံး အချက်တစ်ခုကတော့ Ghostface ကိုးယောက်လုံးရဲ့ ဝတ်စုံတွေကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Scream 6 မတိုင်ခင်အထိတော့ Ghostface အဖြစ်နဲ့ လူတွေသတ်ဖြတ်ခဲ့သူ ကိုးယောက်ရှိပြီး သူတို့ကတော့ Billy Loomis ၊ Stu Macher ၊ Nancy Loomis ၊ Mickey Altieri ၊ Roman Bridger ၊ Jill Roberts ၊ Charlie Walker ၊ Amber Freeman နဲ့ Richie Kirsch တို့ပဲ ဖြစ်ပါတယ်။

ဒီပုံရဲ့ထောင့်ဆုံးမှာ မြင်နေရတဲ့ ဝတ်စုံကတော့ Billy ရဲ့ဝတ်စုံပဲ ဖြစ်ပြီး ဒီဝတ်စုံတစ်ခုတည်းကိုသာ ဖန်ပေါင်းချောင်နဲ့ ထည့်ထားပါတယ်။ ဖြစ်နိုင်တာကတော့ ဒီအဖြစ်အပျက်တွေ အားလုံးဟာ Billy ကနေ စတင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဝတ်စုံတိုင်းရဲ့ အောက်မှာတော့ ဝတ်ဆင်ခဲ့သူရဲ့ နာမည်တွေကို ဖော်ပြထားပါသေးတယ်။

Steve Orth ရဲ့ဂျာကင်အင်္ကျီ

photo via screenrant

ဒီပြတိုက်ထဲက စိတ်ဝင်စားဖို့ အကောင်းဆုံး Easter Egg တစ်ခုကတော့ Steve Orth ရဲ့ ဂျာကင်အင်္ကျီကို မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ Steve Orth ကတော့ Casey Becker ရဲ့ရည်းစား ဖြစ်ပြီး ပထမဆုံး Scream ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Steve ဟာ Ghostface ရဲ့ On-Screen ပေါ်က ပထမဦးဆုံး သားကောင်လည်း ဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာကတော့ ဒီပြတိုက်ထဲမှာ Steve ရဲ့ ဂျာကင်အင်္ကျီကို ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်နေတဲ့ လူပုံစံအရုပ်မှာ ဝတ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီပုံစံဟာ Steve သေဆုံးသွားတဲ့ ပုံစံကို ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

Tatum Riley ရဲ့ဝတ်စုံ

photo via screenrant

Steve ရဲ့ ဂျာကင်အင်္ကျီဘေးမှာတော့ Tatum Riley ရဲ့ဝတ်စုံကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Tatum ကတော့ Sidney ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်သလို Dewey ရဲ့ညီမလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Stu ရဲ့ရည်းစားလည်း ဖြစ်ပြီး Stu ရဲ့အိမ်မှာ ပြုလုပ်တဲ့ ပါတီမှာပဲ အသတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

Billy Loomis ရဲ့တီရှပ်

photo via screenrant

ဒီပြတိုက်ရဲ့ ဘယ်ဘက်အခြမ်းမှာတော့ Billy ရဲ့ အဖြူရောင်တီရှပ်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Billy ဟာ သူ့ကိုယ်သူ Ghostface ဖြစ်ကြောင်း ပြောပြတဲ့ အချိန်မှာတော့ ဒီအဖြူရောင်တီရှပ်ကို ဝတ်ဆင်ထားပြီး သေဆုံးသွားချိန်မှာလည်း ဒီတီရှပ်ကိုပဲ ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီတီရှပ်မှာတော့ Billy နဲ့ Stu တို့ရဲ့ လှည့်ကွက်အဖြစ် အသုံးပြုခဲ့တဲ့ သွေးအတုတွေ ပေကျံနေပါတယ်။

Stu ရဲ့အနီရောင်အင်္ကျီနဲ့ တီဗွီ

photo via screenrant

Billy ရဲ့ သွေးတွေပေနေတဲ့ တီရှပ်ဘေးမှာတော့ ပါတီပွဲအတွင်းမှာ Stu ဝတ်ဆင်ခဲ့တဲ့ အနီရောင်အင်္ကျီကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Stu ကတော့ ဒီအင်္ကျီကို ပါတီပွဲအတွင်းမှာပဲ ဝတ်ဆင်ခဲ့ပြီး ပါတီပြီးသွားချိန်မှာတော့ အဲဒီအင်္ကျီကို ချွတ်ထားခဲ့ပါတယ်။ ဒါ့အပြင် Billy ရဲ့ တီရှပ်ဘေးမှာတော့ တီဗွီတစ်လုံးကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ အဲဒီတီဗွီကတော့ Scream ရုပ်ရှင်အဆုံးသတ်မှာ Billy ရဲ့ခေါင်းကို ထုချေခဲ့တဲ့ တီဗွီပဲ ဖြစ်ပါတယ်။

Kenny ရဲ့ဦးထုပ်

photo via screenrant

Tatum ရဲ့ ဝတ်စုံဘေးမှာတော့ ဦးထုပ်တစ်လုံးကို နောက်ပြန်ဆောင်းထားတဲ့ လူအရုပ်တစ်ရုပ် ရှိနေပါတယ်။ အဲဒီဦးထုပ်ကတော့ Kenny ရဲ့ဦးထုပ် ဖြစ်နိုင်ပါတယ်။ Kenny ကတော့ Scream ရုပ်ရှင်ထဲမှာ Gale Weathers ရဲ့နောက်ကို တကောက်ကောက် လိုက်နေရတဲ့ ကင်မရာမန်းပဲ ဖြစ်ပြီး Gale ကို ကယ်တင်ဖို့ ကြိုးစားရင်း Stu ရဲ့ အိမ်အပြင်ဘက်မှာ သေဆုံးသွားခဲ့ပါတယ်။

Scream 2 ထဲကပြဇာတ်

photo via screenrant

ဒီပြတိုက်ထဲမှာတော့ Scream 2 ထဲမှာ ပါဝင်ခဲ့တဲ့ ပြဇာတ်မှာ အသုံးပြုခဲ့တဲ့ ပစ္စည်းအချို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Sidney ဟာ Windsor ကောလိပ်မှာ တက်နေပြီး ပြဇာတ်တစ်ခုရဲ့ အဓိကသရုပ်ဆောင် နေရာက ပါဝင်ခွင့် ရခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ အဆုံးသတ်ကလည်း အဲဒီပြဇာတ်စင်ပေါ်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

Nancy Loomis ရဲ့ဝတ်စုံ

photo via screenrant

Stu ရဲ့ အင်္ကျီဘေးမှာတော့ အဖြူရောင် အမျိူးသမီးဝတ် အင်္ကျီတစ်ခု ရှိနေပြီး ဒီဝတ်စုံကတော့ Scream 2 ထဲမှာ Nancy Loomis ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Nancy ဟာ သားဖြစ်သူ Billy ရဲ့ သေဆုံးမှုကို လက်စားချေဖို့အတွက် Debbie Salt ဆိုတဲ့ နာမည်နဲ့ ဂျာနယ်လစ်ပုံစံ ဟန်ဆောင်ကာ Sidney နဲ့ Gale တို့အနားကို ချဉ်းကပ်ခဲ့ပါတယ်။ Nancy ဟာ သေဆုံးသွားချိန်မှာတော့ အဲဒီအဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားပါတယ်။

Stab ရုပ်ရှင်ထဲက ပစ္စည်းများ

photo via screenrant

ဒီပုံထဲက ဘေးနှစ်ဖက်လုံးမှာတော့ မှန်ရှိုးကေ့စ်နဲ့ ပြသထားတဲ့ Stab ရုပ်ရှင်ထဲက ပစ္စည်းတွေကို မြင်တွေ့ခဲ့ရပါတယ်။ Stab ရုပ်ရှင်ကတော့ Sidney တို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ဆိုးတွေကို စိတ်ကူးယဉ် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Stab ရုပ်ရှင်ကို ဖြစ်လာစေတဲ့ စာအုပ်တွေကိုတော့ Gale က ရေးသားခဲ့တာ ဖြစ်ပြီး အဲဒီစာအုပ်အချို့ကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

ဒီပစ္စည်းတွေကတော့ Ghostface မျက်နှာဖုံး၊ ပိုစတာတစ်ခု၊ ဓား၊ Clapperboard နဲ့ Film Reel တို့ပဲ ဖြစ်ပါတယ်။ ဒါဟာ Scream 3 ရဲ့ လူသတ်သမား ဖြစ်တဲ့ Stab 3 ကို ရိုက်ကူးတဲ့ ဒါရိုက်တာ Roman Bridger ကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။

Scream 3 ထဲက Fax Machine

photo via screenrant

Nancy Loomis ရဲ့ အင်္ကျီဘေးမှာတော့ Scream 3 ထဲက Fax Machine လို့ ယူဆရတဲ့ အရာတစ်ခုလည်း ရှိနေပါတယ်။ Scream 3 ထဲက အမှတ်တရဖြစ်စေတဲ့ ဇာတ်ဝင်ခန်းတစ်ခုထဲမှာတော့ Dewey ၊ Gale ၊ Angelina ၊ Jennifer နဲ့ Tom တို့ဟာ Ghostface လက်ထဲက ပြေးလွှားနေပြီး မီးပြတ်သွားချိန်မှာတော့ Ghostface ဟာ အဲဒီ Fax Machine ကနေ သူတို့ကို စာတွေပို့ခဲ့ပါတယ်။

Olivia Morris ရဲ့ အင်္ကျီ

photo via screenrant

ဒီထွေလာထဲမှာ Ghostface အသစ်ရဲ့ ပြတိုက်ကို မပြခင်မှာ သရုပ်ဆောင် Dermot Mulroney ကို ခဏတာ ပြသသွားပါတယ်။ သူ့ရဲ့နောက်မှာတော့ Scream 4 ထဲက Olivia Morris ရဲ့အင်္ကျီကို မြင်တွေ့ခဲ့ရပါတယ်။ Olivia ကတော့ Jill နဲ့ Kirby တို့ရဲ့ သူငယ်ချင်းဖြစ်ပြီး သူမရဲ့အိပ်ခန်းထဲမှာပဲ Ghostface ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ။ ဒီအဖြစ်အပျက်တစ်ခုလုံးကိုတော့ Jill နဲ့ Kirby တို့ဟာ ဘေးအခန်းကနေ မြင်နေခဲ့ပါတယ်။

Woodsboro ရဲယူနီဖောင်း

photo via screenrant

Olivia ရဲ့ အင်္ကျီဘေးမှာတော့ သွေးတွေ ပေကျံနေတဲ့ Woodsboro မြို့ရဲ့ ရဲယူနီဖောင်းကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ စာဖတ်သူတွေ ပထမဆုံး တွေးမိတဲ့ ဇာတ်ကောင်က Dewey ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း Dewey ဟာ ယူနီဖောင်း ဝတ်ထားတုန်းမှာ တိုက်ခိုက်ခံခဲ့ရတာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ဒီယူနီဖောင်းဟာ ဒုရဲမှူး Hoss သို့မဟုတ် ဒုရဲမှူး Anthony Perkins တို့ရဲ့ ယူနီဖောင်း ဖြစ်နေနိုင်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ Scream 4 ထဲမှာ Jill ရဲ့ အိမ်အပြင်ဘက်မှာ ကင်းစောင့်နေရင်း အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Jill Roberts ရဲ့ဝတ်စုံ

photo via screenrant

Ghostface အသစ်ရဲ့ ပြတိုက်ကို ပထမဆုံး ပြသတဲ့အချိန်မှာတော့ Jill Roberts ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို မြင်တွေ့ခဲ့ရပါတယ်။ Jill ကတော့ Scream 4 ရဲ့ လူသတ်သမား နှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး Sidney ရဲ့ ညီမတဝမ်းကွဲလည်း ဖြစ်ပါတယ်။ Jill ဟာ သူမက Ghostface ဖြစ်ကြောင်း Sidney ကို ပြောနေတဲ့ အချိန်မှာတော့ ဒီဝတ်စုံကို ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။

Kirby နဲ့ Ghostface တို့ရဲ့ ခဲပန်းချီ

photo via screenrant

ဒီပြတိုက်ထဲမှာတော့ ခဲပန်းချီတွေများစွာကို မြင်တွေ့ခဲ့ရပြီး သေသေချာချာ မြင်တွေ့ရတဲ့ တစ်ခုတည်းသောပုံကတော့ Kirby နဲ့ Ghostface တို့ရဲ့ပုံပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Scream 6 ထဲက Ghostface အသစ်ဟာ အသက်ရှင်ကျန်ခဲ့သူတိုင်းရဲ့ ရုပ်ပုံတွေနဲ့ သေဆုံးသွားသူတွေရဲ့ ရုပ်ပုံတွေကို ရေးဆွဲထားတာ ဖြစ်နိုင်ပါတယ်။ အစတုန်းကတော့ ပရိသတ်တွေဟာ Kirby ကို သေဆုံးသွားပြီလို့ ထင်ထားကြပေမယ့်လည်း အသစ်ထွက်ရှိလာမယ့် Scream 6 ထဲမှာ ပြန်လည် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular