HomeEntertainmentFilmတကယ့် တရားခံနှစ်ယောက်ကို အခြေခံဖန်တီးထားတဲ့ Scream ရုပ်ရှင်ထဲက Billy နဲ့ Stu

တကယ့် တရားခံနှစ်ယောက်ကို အခြေခံဖန်တီးထားတဲ့ Scream ရုပ်ရှင်ထဲက Billy နဲ့ Stu

Scream ရုပ်ရှင်ကတော့ Horror ပရိသတ်တိုင်း မသိသူ မရှိလောက်အောင် နာမည်ကြီးပြီး Classic Horror ရုပ်ရှင်တွေထဲမှာ ပါဝင်ပါတယ်။ Scream ရုပ်ရှင်ဟာ အပြင်လောကမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်သလို မူလ Scream ရုပ်ရှင်ထဲက လူသတ်သမားတွေ ဖြစ်တဲ့ Billy နဲ့ Stu ဟာလည်း အပြင်လောကမှာရှိတဲ့ တကယ့် လူသတ်သမားနှစ်ယောက်ကို အခြေခံပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

Scream ရုပ်ရှင်ကတော့ ၁၉၉၀ ကျော်ကာလ Florida ၊ Gainesville မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုတွေကို အဓိက အခြေခံပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ အဲဒီလူသတ်မှုတွေကို ကျူးလွန်ခဲ့သူကတော့ Daniel Harold Rolling ဆိုသူ ဖြစ်ပြီး Gainesville Ripper လို့လည်း လူသိများကြပါတယ်။ Daniel Harold Rolling ကတော့ Gainesville မြို့မှာ ကျောင်းသား (၅)ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

photo via screenrant

သို့ပေမယ့်လည်း Billy နဲ့ Stu တို့ကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ Leopold နဲ့ Loeb တို့ကို အခြေခံပြီး ဖန်တီးခဲ့တာလို့ ဇာတ်ညွှန်းရေးသူ Kevin Williamson က ပြောပြထားပါတယ်။ Leopold နဲ့ Loeb တို့ကတော့ ၁၉၂၄ ခုနှစ်မှာ (၁၄)နှစ်အရွယ် ကောင်လေးကို ပြန်ပေးဆွဲပြီး စိတ်လှုပ်ရှားမှု ရရှိဖို့သက်သက် သတ်ဖြတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့နှစ်ယောက်ဟာ ဒီအမှုရဲ့ တရားခွင်မှာတော့ လိင်တူကြိုက်နှစ်သက်သူတွေ ဖြစ်ကြောင်း သိခဲ့ရပါတယ်။ Loeb ဟာ သူနဲ့အတူ ဒီရာဇဝတ်မှုကို ကျူးလွန်မယ်ဆိုရင် တူတူအိပ်ပေးမယ်လို့ Leopold ကို ပြောခဲ့တယ်လို့လည်း သိရပါတယ်။ နောက်ဆုံးမှာတော့ Leopold နဲ့ Loeb တို့ဟာ လူသတ်မှုနဲ့ ထောင်(၉၉)နှစ် ကျသွားကြပါတယ်။ Loeb ကတော့ ထောင်ကျပြီး (၁၂)နှစ်အကြာမှာ ထောင်ထဲက ရန်ပွဲတစ်ခုမှာ အသတ်ခံခဲ့ရပါတယ်။ Leopold ကတော့ ထောင်ထဲမှာ နှစ်ပေါင်း (၃၄)နှစ်ကြာ နေထိုင်ခဲ့အပြီးမှာတော့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

photo via screenrant

Scream ရုပ်ရှင်ထဲက Billy နဲ့ Stu တို့ဟာလည်း LGBT တွေ ဖြစ်တယ်ဆိုတဲ့ Fan Theory တွေ ရှိပြီး ဒီအကြောင်းကို မေးမြန်းခဲ့တဲ့ အချိန်မှာတော့ Kevin Williamson ဟာ Billy နဲ့ Stu တို့ကို Leopold နဲ့ Loeb ကို အခြေခံပြီး ဖန်တီးထားတယ်လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Scream ရုပ်ရှင်ထဲက Billy နဲ့ Stu တို့ကလည်း LGBT တွေ ဖြစ်ကြတယ်ဆိုတာကို အတည်ပြုပြီသား ဖြစ်သွားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular