HomeEntertainmentFilmကိုးႏွစ္ၾကာၿပီးေနာက္ ေတြ႕ျမင္ရမယ့္ Secret Garden သရုပ္ေဆာင္ေတြရဲ႕ အေနအထား

ကိုးႏွစ္ၾကာၿပီးေနာက္ ေတြ႕ျမင္ရမယ့္ Secret Garden သရုပ္ေဆာင္ေတြရဲ႕ အေနအထား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ကိုရီးယားမွာေရာ ျမန္မာႏိုင္ငံမွာပါ အင္မတန္မွ ေပါက္ခဲ့တဲ့ Secret Garden စီးရီးဟာ အခုဆိုရင္ ကိုးႏွစ္တိတိ ၾကာခဲ့ပါၿပီ။ လူႏွစ္ေယာက္ၾကားမွာ ၀ိဥာဥ္လဲသြားတဲ့ ဒီအခ်စ္ဒရာမာေလးဟာ ၂၀၁၀ခုႏွစ္က ထြက္ရိွခဲ့တာျဖစ္ၿပီး အဲ့ဒီ့ႏွစ္ရဲ႕ အေကာင္းဆုံးဒရာမာအျဖစ္ သတ္မွတ္ခံခဲ့ရသလို ပရိသတ္ေတြရင္ထဲမွာ က်န္ေနခဲ့တဲ့ ဒရာမာေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ အႀကိဳက္ဆုံးဆိုတဲ့ ဒရာမာစာရင္းေတြထဲမွာ ေနရာယူႏိုင္ခဲ့တဲ့ ဒီစီးရီးေလးနဲ႔ ပါ၀င္သရုပ္ေဆာင္ခဲ့တဲ့ သရုပ္ေဆာင္ေတြကို ထြက္ရိွအၿပီး ကိုးႏွစ္အၾကာမွာ ျပန္ၾကည့္တဲ့အခါမွာေတာ့ …

(၁) Gil Ra-im အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ Ha Ji Won
Photo: koreaboo

နာမည္ေက်ာ္ မင္းသမီးတစ္လက္ျဖစ္တဲ့ Ha Ji Won ဟာ ဒီစီးရီးထဲမွာေတာ့ စိတ္ဓာတ္မာေၾကာတဲ့ စတန္႔မင္းသမီးအျဖစ္ သရုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းထဲက နာမည္ႀကီး ေကေပါ့ပ္စတား Oska ကို တစ္ဖတ္သတ္ ႀကိတ္ခ်စ္ေနသူလည္း ျဖစ္ပါတယ္။ Oska န႔ဲ ၀မ္းကြဲညီအစ္ကိုေတာ္တဲ့ တအားေမာက္မာတဲ့  စီအီးအို Kim Joo Won နဲ႔  Gil Ra-im တို႔ ခႏၶာကိုယ္ခ်င္း ေျပာင္းသြားတဲ့အခါမွာေတာ့ ရႈပ္ေထြးမႈေတြ ျဖစ္လာတဲ့ ဇာတ္လမ္းေလးပါ။

https://www.instagram.com/p/BWXH22rHv15/

Ha Ji Won ဟာ ဒီစီးရီးၿပီးကတည္းက မရပ္မနား အႏုပညာအလုပ္ေတြ လုပ္ေနခဲ့သူလည္း ျဖစ္ပါတယ္။ ၂၀၁၀ခုႏွစ္ကစလို႔ ဒရာမာ(၅)ခုနဲ႔ ရုပ္ရွင္(၆)ကား ရိုက္ကူးၿပီးလည္း ျဖစ္ပါတယ္။ ဒီေန႔အခ်ိန္မွာ အသက္(၄၁)ႏွစ္ရိွေနၿပီျဖစ္တဲ့ မင္းသမီးေခ်ာဟာ အသက္ကို ထုတ္မေျပာရင္ ဘယ္သူကမွ ဒီအရြယ္ရိွၿပီလို႔ မထင္ရေလာက္ေအာင္ ႏုနယ္ၿပီး ေခ်ာေမာလွပေနဆဲ ျဖစ္ပါတယ္။

(၂) Kim Joo Won အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ Hyun Bin
Photo: koreaboo

Hyun Bin ကေတာ့ စူပါမားကတ္ႀကီးရဲ႕ စီအီးအိုျဖစ္ၿပီး ရုပ္ရည္ေခ်ာေမာလြန္းတာေၾကာင့္ မာန္ေထာင္လႊားတဲ့ လူတစ္ေယာက္အျဖစ္ သရုပ္ေဆာင္ထားပါတယ္။ ဇီဇာေၾကာင္လြန္းတဲ့ သူေဌးေခ်ာေခ်ာေလးဟာ ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ သန္မာတဲ့ စတန္႔သရုပ္ေဆာင္ အမ်ိဳးသမီးတစ္ဦးနဲ႔ ေတြ႕တဲ့အခါမွာေတာ့ ဘ၀က ေဇာက္ထိုးမိုးေမွ်ာ္ေတြ ျဖစ္ကုန္ပါေတာ့တယ္။

https://www.instagram.com/p/BoQ04YBBtDU/

ဒီစီးရီးထဲက ဇာတ္ရုပ္နဲ႔ ပတ္သက္ၿပီး ခ်ီးက်ဴးစကားမ်ားစြာကို ရရိွခဲ့သလို Hyun Bin ရဲ႕ ေအာင္ျမင္ေက်ာ္ၾကားမႈကလည္း ဒီစီးရီးေလးေၾကာင့္ပဲ ပိုၿပီးအေရာင္ေတာက္ခဲ့ပါတယ္။ စီးရီးထြက္ရိွၿပီး တစ္ႏွစ္မျပည့္ခင္ေလးမွာပဲ ေတာင္ကိုရီးယားရဲ႕ ေရတပ္မွာ သြားေရာက္စစ္မႈထမ္းခဲ့ၿပီး အ့ဲဒီ့ေနာက္မွာမွ The Fatal Encounter ဇာတ္ကားမွာ ပါ၀င္သရုပ္ေဆာင္ခဲ့ပါတယ္။ ေခါင္းေဆာင္မင္းသားေနရာကေနပဲ ဆက္တိုက္သရုပ္ေဆာင္လာတဲ့ Hyun Bin ဟာ မၾကာေသးခင္ကမွ ျပဳလုပ္ခဲ့တဲ့ The Negotiation ရုပ္ရွင္ဇာတ္ကားရဲ႕ အထူးပြဲမွာလည္း ငယ္တုန္းကအတိုင္း ေခ်ာေမာခန္႔ျငားေနတာကို ေတြ႕ရပါတယ္။

(၃) Choi Woo-young (Oska) အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ Yoon Sang Hyun
Photo: koreaboo

Yoon Sang Hyun ကို ျမန္မာပရိသတ္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေရႊ႔မင္းသမီးရဲ႕ ကိုယ္ရံေတာ္ဆိုတဲ့ ဒရာမာေလးနဲ႔ လူသိမ်ားၾကပါတယ္။ Secret Garden ထဲမွာေတာ့ သူဟာ ေအာင္ျမင္မႈေတြ ေမွးမိွန္စျပဳလာၿပီျဖစ္တဲ့ ေကေပါ့ပ္စတားတစ္ေယာက္အျဖစ္ သရုပ္ေဆာင္ထားပါတယ္။

https://www.instagram.com/p/BanlzGDB06C/

Secret Garden ရုိက္ကူးအၿပီးမွာေတာ့ Yoon Sang Hyun ဟာ သူ႔ရဲ႕ဂီတနဲ႔ ရုပ္ရွင္အလုပ္ေတြမွာ ပိုၿပီးအာရုံစိုက္ထားခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ ၂၀၁၃ခုႏွစ္မွာေတာ့ I Can Hear Your Voice ဆိုတဲ့ ၀က္၀က္ကြဲဒရာမာထဲမွာ ပါ၀င္ခဲ့ပါတယ္။ ေနာက္ဆုံးထြက္ရိွထားတဲ့ သူ႔ရဲ႕ဒရာမာစီးရီးေတြကေတာ့ My Horrible Boss နဲ႔ Ms. Perfect တို႔ပဲ ျဖစ္ပါတယ္။

(၄) Yoon Seul အျဖစ္သရုပ္ေဆာင္ခဲ့တဲ့ Kim Sa Rang
Photo: koreaboo

https://www.instagram.com/p/BqbvzO-HB2c/

Kim Sa Rang ကေတာ့ Oska ရဲ႕ အခ်စ္ဦးျဖစ္ၿပီး ေနာက္ပိုင္းမွာ Kim Joo Won ရဲ႕ ဇနီးေလာင္း ျဖစ္လာတဲ့ အမ်ိဳးသမီးအျဖစ္ သရုပ္ေဆာင္ထားပါတယ္။ သူမကေတာ့ Secret Garden အၿပီးမွာ ၂၀၁၅ခုႏွစ္က ထြက္ရိွခဲ့တဲ့ This is My Love ဆိုတဲ့ ဒရာမာတစ္ကားမွာပဲ ထပ္ၿပီး ပါ၀င္ခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္က ထြက္ရိွခဲ့တဲ့ Mr. Sunshine စီးရီးထဲမွာ ပါ၀င္ၿပီး ဒရာမာေလာကမွာ ျပန္လည္ေျခခ်ဖို႔ ျဖစ္ခဲ့ေပမယ့္ အခ်ိန္ဇယား အရႈပ္အရွင္းေတြေၾကာင့္ မပါ၀င္ျဖစ္ခဲ့ပါဘူး။ သို႔ေပမယ့္ Abyss လို႔ အမည္ရတဲ့ စီးရီးထဲမွာေတာ့ ဧည့္သည္သရုပ္ေဆာင္အျဖစ္ ပါ၀င္ခဲ့ပါတယ္။

(၅) Im Jong-soo အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ Lee Phillip
Photo: koreaboo

Lee Phillip  ကေတာ့ Gil Ra-im အေပၚမွာ ဂရုစိုက္ၿပီး ၾကင္နာတဲ့ သူေဌးအျဖစ္နဲ႔ စတန္႔ကုမၸဏီရဲ႕ ဒါရိုက္တာတစ္ေယာက္အျဖစ္ သရုပ္ေဆာင္ခဲ့ပါတယ္။ ဒီစီးရီးထဲမွာေတာ့ သူဟာ သူ႔လက္ေအာက္ငယ္သားေတြကို ဂရုစိုက္တတ္တဲ့ အထက္လူႀကီးတစ္ေယာက္ျဖစ္ၿပီး အထူးသျဖင့္ သူခံစားခ်က္ရိွေနတဲ့ Gil Ra-im အေပၚမွာ ပိုလို႔ဂရုစိုက္သူ ျဖစ္ပါတယ္။

Secret Garden ေနာက္ပိုင္းမွာေတာ့ ၂၀၁၂ခုႏွစ္က ထြက္ရိွခဲ့တဲ့ Faith အမည္ရ စီးရီးတစ္ကားတည္းမွာသာ ပါ၀င္ခဲ့ပါတယ္။ အဲ့ဒီ့ Faith စီးရီးထဲမွေတာ့ ဂိုေယာေခတ္က ဆရာ၀န္အျဖစ္ သရုပ္ေဆာင္ခဲ့ၿပီး မ်က္လုံးဒဏ္ရာရရိွခဲ့တဲ့အတြက္ အခန္းအနည္းငယ္သာ ပါ၀င္ခဲ့ရသူပါ။ အဆိုပါ စီးရီးၿပီးတည္းက သူ႔ကိုေတာ့ သိပ္မေတြ႕ၾကရေတာ့ပါဘူး။

(၆) Han Tae-sun အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ Lee Jong Suk
Photo: koreaboo

ယေန႔ ႏႈတ္ခမ္းနီမေလးေတြၾကား ေရပန္းစားတဲ့ Lee Jong Suk  ဟာလည္း Secret Garden စီးရီးထဲမွာ ပါ၀င္ခဲ့ဖူးပါတယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ အႏုပညာပါရမီ ရိွလြန္းတဲ့ ေကာင္ေလးတစ္ေယာက္ျဖစ္ၿပီး Oska ရဲ႕ ပ်ိဳးေထာင္မႈေအာက္ ေရာက္ခဲ့တဲ့ ေကာင္ေလးအျဖစ္ ပါ၀င္သရုပ္ေဆာင္ထားပါတယ္။ Secret Garden ဟာ Lee Jong Suk ရဲ႕ ဒုတိယေျမာက္ ဒရာမာျဖစ္ၿပီး ပထမဆုံး ပါ၀င္သရုပ္ေဆာင္ခဲ့တဲ့ ဒရာမာကေတာ့ Prosecutor Princess ျဖစ္ပါတယ္။

https://www.instagram.com/p/BtR8qqLHGgq/

Lee Jong Suk  ဟာ Secret Garden အၿပီး ေနာက္ထပ္ ဒရာမာႏွစ္ခုမွာ ထပ္မံသရုပ္ေဆာင္ခဲ့ၿပီး ၂၀၁၃ခုႏွစ္မွာေတာ့ သူ႔ကို အႀကီးအက်ယ္ နာမည္ႀကီးေစခဲ့တဲ့ School 2013 စီးရီးမွာ ပါ၀င္သရုပ္ေဆာင္ခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ပိုင္းကစလို႔ Lee Jong Suk ဟာ ဒရာမာေပါင္း(၉)ကားမွာ ပါ၀င္ထားၿပီး ေခါင္းေဆာင္မင္းသားေနရာကိုလည္း ရရိွခဲ့ၿပီး ျဖစ္ပါတယ္။

(၇) Im Ah-young အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ Yoo In Na
Photo: koreaboo

Yoo In Na ကေတာ့ Gil Ra-im ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းနဲ႔ အခန္းေဖာ္ျဖစ္ၿပီး Kim Joo Won ရဲ႕ စူပါမားကတ္မွာ အလုပ္လုပ္တဲ့ ေကာင္မေလးအျဖစ္ သရုပ္ေဆာင္ထားပါတယ္။ Secret Garden ရိုက္ကူးၿပီး ႏွစ္ႏွစ္အၾကာ ၂၀၁၂ခုႏွစ္မွာေတာ့ Yoo In Na ရဲ႕ ေက်ာ္ၾကားမႈဟာ အရိွန္ျမင့္လာခဲ့ၿပီး Queen In-hyun’s Man ဆိုတဲ့ စီးရီးနဲ႔ ေခါင္းေဆာင္မင္းသမီးေနရာကို ရရိွခဲ့ပါတယ္။ My Secret Hotel နဲ႔ Goblin: The Lonely and Great God တို႔ အပါအ၀င္ ေနာက္ထပ္ ဒရာမာ(၇)ခုကို ရိုက္ကူးခဲ့ရသူလည္း ျဖစ္ပါတယ္။ သူမရဲ႕ ေနာက္ဆုံးထြက္ထားတဲ့ ဒရာမာကေတာ့ ၂၀၁၉ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ ထြက္ရိွခဲ့တဲ့ Touch Your Heart ဆိုတဲ့ စီးရီးေလး ျဖစ္ပါတယ္။

https://www.instagram.com/p/BtSVnilhT-f/

ဒါကေတာ့ တစ္ခ်ိန္တုန္းက အသည္းစြဲျဖစ္ခဲ့ရတဲ့ Secret Garden ဒရာမာစီးရီးရဲ႕ ထြက္ရိွၿပီး ကိုးႏွစ္အၾကာမွာ ျမင္ေတြ႕ရမယ့္ သရုပ္ေဆာင္ေတြရဲ႕ အေနအထားပဲ ျဖစ္ပါတယ္။ အားလုံးပဲ လြန္ခဲ့တဲ့ ၂၀၁၀ခုႏွစ္ေလာက္ကို ျပန္လြမ္းသြားမယ္ဆိုတာ ျမင္ေယာင္မိရင္း ….။

Xei

Ref: koreaboo

(Unicode Version)

ကိုရီးယားမှာရော မြန်မာနိုင်ငံမှာပါ အင်မတန်မှ ပေါက်ခဲ့တဲ့ Secret Garden စီးရီးဟာ အခုဆိုရင် ကိုးနှစ်တိတိ ကြာခဲ့ပါပြီ။ လူနှစ်ယောက်ကြားမှာ ဝိဉာဉ်လဲသွားတဲ့ ဒီအချစ်ဒရာမာလေးဟာ ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး အဲ့ဒီ့နှစ်ရဲ့ အကောင်းဆုံးဒရာမာအဖြစ် သတ်မှတ်ခံခဲ့ရသလို ပရိသတ်တွေရင်ထဲမှာ ကျန်နေခဲ့တဲ့ ဒရာမာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အကြိုက်ဆုံးဆိုတဲ့ ဒရာမာစာရင်းတွေထဲမှာ နေရာယူနိုင်ခဲ့တဲ့ ဒီစီးရီးလေးနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တွေကို ထွက်ရှိအပြီး ကိုးနှစ်အကြာမှာ ပြန်ကြည့်တဲ့အခါမှာတော့ …

(၁) Gil Ra-im အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Ha Ji Won
Photo: koreaboo

နာမည်ကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ Ha Ji Won ဟာ ဒီစီးရီးထဲမှာတော့ စိတ်ဓာတ်မာကြောတဲ့ စတန့်မင်းသမီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းထဲက နာမည်ကြီး ကေပေါ့ပ်စတား Oska ကို တစ်ဖတ်သတ် ကြိတ်ချစ်နေသူလည်း ဖြစ်ပါတယ်။ Oska နဲ့ ဝမ်းကွဲညီအစ်ကိုတော်တဲ့ တအားမောက်မာတဲ့  စီအီးအို Kim Joo Won နဲ့  Gil Ra-im တို့ ခန္ဓာကိုယ်ချင်း ပြောင်းသွားတဲ့အခါမှာတော့ ရှုပ်ထွေးမှုတွေ ဖြစ်လာတဲ့ ဇာတ်လမ်းလေးပါ။

https://www.instagram.com/p/BWXH22rHv15/

Ha Ji Won ဟာ ဒီစီးရီးပြီးကတည်းက မရပ်မနား အနုပညာအလုပ်တွေ လုပ်နေခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်ကစလို့ ဒရာမာ(၅)ခုနဲ့ ရုပ်ရှင်(၆)ကား ရိုက်ကူးပြီးလည်း ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ အသက်(၄၁)နှစ်ရှိနေပြီဖြစ်တဲ့ မင်းသမီးချောဟာ အသက်ကို ထုတ်မပြောရင် ဘယ်သူကမှ ဒီအရွယ်ရှိပြီလို့ မထင်ရလောက်အောင် နုနယ်ပြီး ချောမောလှပနေဆဲ ဖြစ်ပါတယ်။

(၂) Kim Joo Won အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Hyun Bin
Photo: koreaboo

Hyun Bin ကတော့ စူပါမားကတ်ကြီးရဲ့ စီအီးအိုဖြစ်ပြီး ရုပ်ရည်ချောမောလွန်းတာကြောင့် မာန်ထောင်လွှားတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇီဇာကြောင်လွန်းတဲ့ သူဌေးချောချောလေးဟာ ကြောက်ဖို့ကောင်းလောက်အောင် သန်မာတဲ့ စတန့်သရုပ်ဆောင် အမျိုးသမီးတစ်ဦးနဲ့ တွေ့တဲ့အခါမှာတော့ ဘဝက ဇောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်ပါတော့တယ်။

https://www.instagram.com/p/BoQ04YBBtDU/

ဒီစီးရီးထဲက ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ချီးကျူးစကားများစွာကို ရရှိခဲ့သလို Hyun Bin ရဲ့ အောင်မြင်ကျော်ကြားမှုကလည်း ဒီစီးရီးလေးကြောင့်ပဲ ပိုပြီးအရောင်တောက်ခဲ့ပါတယ်။ စီးရီးထွက်ရှိပြီး တစ်နှစ်မပြည့်ခင်လေးမှာပဲ တောင်ကိုရီးယားရဲ့ ရေတပ်မှာ သွားရောက်စစ်မှုထမ်းခဲ့ပြီး အဲ့ဒီ့နောက်မှာမှ The Fatal Encounter ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ခေါင်းဆောင်မင်းသားနေရာကနေပဲ ဆက်တိုက်သရုပ်ဆောင်လာတဲ့ Hyun Bin ဟာ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ The Negotiation ရုပ်ရှင်ဇာတ်ကားရဲ့ အထူးပွဲမှာလည်း ငယ်တုန်းကအတိုင်း ချောမောခန့်ငြားနေတာကို တွေ့ရပါတယ်။

(၃) Choi Woo-young (Oska) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Yoon Sang Hyun
Photo: koreaboo

Yoon Sang Hyun ကို မြန်မာပရိသတ် တော်တော်များများကတော့ ရွှေ့မင်းသမီးရဲ့ ကိုယ်ရံတော်ဆိုတဲ့ ဒရာမာလေးနဲ့ လူသိများကြပါတယ်။ Secret Garden ထဲမှာတော့ သူဟာ အောင်မြင်မှုတွေ မှေးမှိန်စပြုလာပြီဖြစ်တဲ့ ကေပေါ့ပ်စတားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

https://www.instagram.com/p/BanlzGDB06C/

Secret Garden ရိုက်ကူးအပြီးမှာတော့ Yoon Sang Hyun ဟာ သူ့ရဲ့ဂီတနဲ့ ရုပ်ရှင်အလုပ်တွေမှာ ပိုပြီးအာရုံစိုက်ထားခဲ့ပါတယ်။ အဲ့ဒီ့နောက် ၂၀၁၃ခုနှစ်မှာတော့ I Can Hear Your Voice ဆိုတဲ့ ဝက်ဝက်ကွဲဒရာမာထဲမှာ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ သူ့ရဲ့ဒရာမာစီးရီးတွေကတော့ My Horrible Boss နဲ့ Ms. Perfect တို့ပဲ ဖြစ်ပါတယ်။

(၄) Yoon Seul အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kim Sa Rang
Photo: koreaboo

https://www.instagram.com/p/BqbvzO-HB2c/

Kim Sa Rang ကတော့ Oska ရဲ့ အချစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ Kim Joo Won ရဲ့ ဇနီးလောင်း ဖြစ်လာတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမကတော့ Secret Garden အပြီးမှာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ This is My Love ဆိုတဲ့ ဒရာမာတစ်ကားမှာပဲ ထပ်ပြီး ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr. Sunshine စီးရီးထဲမှာ ပါဝင်ပြီး ဒရာမာလောကမှာ ပြန်လည်ခြေချဖို့ ဖြစ်ခဲ့ပေမယ့် အချိန်ဇယား အရှုပ်အရှင်းတွေကြောင့် မပါဝင်ဖြစ်ခဲ့ပါဘူး။ သို့ပေမယ့် Abyss လို့ အမည်ရတဲ့ စီးရီးထဲမှာတော့ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။

(၅) Im Jong-soo အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lee Phillip
Photo: koreaboo

Lee Phillip  ကတော့ Gil Ra-im အပေါ်မှာ ဂရုစိုက်ပြီး ကြင်နာတဲ့ သူဌေးအဖြစ်နဲ့ စတန့်ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ဒီစီးရီးထဲမှာတော့ သူဟာ သူ့လက်အောက်ငယ်သားတွေကို ဂရုစိုက်တတ်တဲ့ အထက်လူကြီးတစ်ယောက်ဖြစ်ပြီး အထူးသဖြင့် သူခံစားချက်ရှိနေတဲ့ Gil Ra-im အပေါ်မှာ ပိုလို့ဂရုစိုက်သူ ဖြစ်ပါတယ်။

Secret Garden နောက်ပိုင်းမှာတော့ ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ Faith အမည်ရ စီးရီးတစ်ကားတည်းမှာသာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီ့ Faith စီးရီးထဲမှတော့ ဂိုယောခေတ်က ဆရာဝန်အဖြစ် သရုပ်ဆောင်ခဲ့ပြီး မျက်လုံးဒဏ်ရာရရှိခဲ့တဲ့အတွက် အခန်းအနည်းငယ်သာ ပါဝင်ခဲ့ရသူပါ။ အဆိုပါ စီးရီးပြီးတည်းက သူ့ကိုတော့ သိပ်မတွေ့ကြရတော့ပါဘူး။

(၆) Han Tae-sun အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lee Jong Suk
Photo: koreaboo

ယနေ့ နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားတဲ့ Lee Jong Suk  ဟာလည်း Secret Garden စီးရီးထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာပါရမီ ရှိလွန်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး Oska ရဲ့ ပျိုးထောင်မှုအောက် ရောက်ခဲ့တဲ့ ကောင်လေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ Secret Garden ဟာ Lee Jong Suk ရဲ့ ဒုတိယမြောက် ဒရာမာဖြစ်ပြီး ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒရာမာကတော့ Prosecutor Princess ဖြစ်ပါတယ်။

https://www.instagram.com/p/BtR8qqLHGgq/

Lee Jong Suk  ဟာ Secret Garden အပြီး နောက်ထပ် ဒရာမာနှစ်ခုမှာ ထပ်မံသရုပ်ဆောင်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ သူ့ကို အကြီးအကျယ် နာမည်ကြီးစေခဲ့တဲ့ School 2013 စီးရီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းကစလို့ Lee Jong Suk ဟာ ဒရာမာပေါင်း(၉)ကားမှာ ပါဝင်ထားပြီး ခေါင်းဆောင်မင်းသားနေရာကိုလည်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။

(၇) Im Ah-young အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Yoo In Na
Photo: koreaboo

Yoo In Na ကတော့ Gil Ra-im ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ အခန်းဖော်ဖြစ်ပြီး Kim Joo Won ရဲ့ စူပါမားကတ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ Secret Garden ရိုက်ကူးပြီး နှစ်နှစ်အကြာ ၂၀၁၂ခုနှစ်မှာတော့ Yoo In Na ရဲ့ ကျော်ကြားမှုဟာ အရှိန်မြင့်လာခဲ့ပြီး Queen In-hyun’s Man ဆိုတဲ့ စီးရီးနဲ့ ခေါင်းဆောင်မင်းသမီးနေရာကို ရရှိခဲ့ပါတယ်။ My Secret Hotel နဲ့ Goblin: The Lonely and Great God တို့ အပါအဝင် နောက်ထပ် ဒရာမာ(၇)ခုကို ရိုက်ကူးခဲ့ရသူလည်း ဖြစ်ပါတယ်။ သူမရဲ့ နောက်ဆုံးထွက်ထားတဲ့ ဒရာမာကတော့ ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းမှာ ထွက်ရှိခဲ့တဲ့ Touch Your Heart ဆိုတဲ့ စီးရီးလေး ဖြစ်ပါတယ်။

https://www.instagram.com/p/BtSVnilhT-f/

ဒါကတော့ တစ်ချိန်တုန်းက အသည်းစွဲဖြစ်ခဲ့ရတဲ့ Secret Garden ဒရာမာစီးရီးရဲ့ ထွက်ရှိပြီး ကိုးနှစ်အကြာမှာ မြင်တွေ့ရမယ့် သရုပ်ဆောင်တွေရဲ့ အနေအထားပဲ ဖြစ်ပါတယ်။ အားလုံးပဲ လွန်ခဲ့တဲ့ ၂၀၁၀ခုနှစ်လောက်ကို ပြန်လွမ်းသွားမယ်ဆိုတာ မြင်ယောင်မိရင်း ….။

Xei

Ref: koreaboo

 

 

RELATED ARTICLES

Most Popular