HomeEntertainmentFilmIron Man လို ဟီးရိုးမျိူးကို မြင်တွေ့ရမယ့် Secret Headquarters ရုပ်ရှင်

Iron Man လို ဟီးရိုးမျိူးကို မြင်တွေ့ရမယ့် Secret Headquarters ရုပ်ရှင်

Iron Man လို စူပါဟီးရိုးမျိူးကို မြင်တွေ့ရမယ့် Secret Headquarters ရုပ်ရှင်ရဲ့ ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ နာမည်ကျော်မင်းသား Owen Wilson နဲ့ The Adam Project မှာ ပါဝင်ထားတဲ့ Walker Scobell တို့က အဓိကပါဝင်ထားပါတယ်။ ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာတွေကတော့ Henry Joost နဲ့ Ariel Schulman တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဩဂုတ်လ (၁၂)ရက်နေ့မှာ Paramount+ ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ကလေးတစ်အုပ်ဟာ Charlie ရဲ့ အိမ်အောက်မှာ ရှိနေတဲ့ လျှို့ဝှက်အခန်းတစ်ခုကို ရှာတွေ့ရာက စတင်ပါတယ်။ အဲဒီလျှို့ဝှက်အခန်းထဲမှာတော့ အလွန်အဆင့်မြင့်တဲ့ နည်းပညာတွေ ရှိနေပြီး ကလေးတွေဟာ စူးစမ်းရင်း ဒီလျှို့ဝှက်အခန်း ရှိနေတဲ့နေရာကို ဗီလိန်တွေကို အချက်ပြမိသလို ဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ ကလေးတွေဟာ အကူအညီ ရောက်မလာမချင်း လျှို့ဝှက်အခန်းကို ကာကွယ်ရင်း သူတို့ကိုယ်သူတို့လည်း ကာကွယ်ရပါတော့တယ်။

ပထမဆုံး ထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ Owen Wilson ဟာ Iron Man နဲ့ ဆင်တူတဲ့ ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး ကမ္ဘာဂြိုဟ်ရဲ့ ကာကွယ်သူ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်တွေကတော့ ကလေးတွေပဲ ဖြစ်ပြီး သူတို့ဟာ အဆင့်မြင့်တဲ့ နည်းပညာပစ္စည်းတွေကို အသုံးပြုနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Ant-Man Franchise ထဲမှာ Luis အနေနဲ့ ပါဝင်ထားတဲ့ Michael Pena ကတော့ ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဟာသအက်ရှင် ဇာတ်လမ်းအမျိူးအစား ဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတွေအနေနဲ့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်မယ့် ရုပ်ရှင်ပဲ ဖြစ်ပြီး အဓိက ပါဝင်ထားတဲ့ ကလေးသရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေပဲ ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular