HomeEntertainmentFilmထွေလာအသစ် ထွက်ရှိလာတဲ့ Secret Invasion ဇာတ်လမ်းတွဲ

ထွေလာအသစ် ထွက်ရှိလာတဲ့ Secret Invasion ဇာတ်လမ်းတွဲ

Marvel Studios ကတော့ MCU Phase 5 ရဲ့ ပထမဆုံးဇာတ်လမ်းတွဲ ဖြစ်တဲ့ Secret Invasion ရဲ့ ထွေလာအသစ်ကို ထုတ်ပေးလိုက်ပါတယ်။ Phase 5 ကိုတော့ Ant-Man and the Wasp: Quantumania ရုပ်ရှင်နဲ့ စတင်ခဲ့ပြီး Phase 5 အတွင်းမှာပဲ ရုပ်ရှင်တွေအပြင် ဇာတ်လမ်းတွဲတွေများစွာလည်း ထွက်ရှိလာဦးမှာပါ။ Secret Invasion ကတော့ ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမယ့် Phase 5 ရဲ့ ပထမဆုံးဇာတ်လမ်းတွဲလည်း ဖြစ်ပြီး ကောမစ်ထဲက Secret Invasion ဆိုတဲ့ နာမည်ကြီး Event ကိုပဲ အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

photo credit Marvel Studios

ဒီဇာတ်လမ်းတွဲကလည်း ယခင်ကထွက်ရှိခဲ့တဲ့ MCU ဇာတ်လမ်းတွဲအချို့လိုပဲ အပိုင်းပေါင်း(၆)ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီစီးရီးရဲ့ ပထမဆုံးထွေလာကတော့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ထွက်ရှိခဲ့ပြီး ယခုအချိန်မှာတော့ ထွေလာအသစ် ထပ်မံထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Nick Fury ဟာ Skrull တွေရဲ့ သောင်းကျန်းမှုကို ထိန်းချုပ်ဖို့အတွက် ကမ္ဘာပေါ်ကို ပြန်ရောက်လာခဲ့ပါတယ်။

ဒီထွေလာထဲမှာတော့ Nick Fury ရဲ့မစ်ရှင်ကို Highlight ထားပြီး ပြသွားသလို Nick Fury ဟာ ဒီတိုက်ပွဲကို သူတစ်ယောက်တည်း တိုက်ခိုက်သွားဖို့ ဆုံးဖြတ်ထားတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် သူဟာ အကြောင်းတစ်ခုခုကြောင့် အမေရိကန်အစိုးရရဲ့ အလိုရှိဆုံးလူတစ်ယောက်လည်း ဖြစ်နေပါသေးတယ်။ သရုပ်ဆောင် Olivia Colman ရဲ့ MI6 အေးဂျင့်ဟာလည်း အရေးပါတဲ့နေရာက ပါဝင်လာမှာ ဖြစ်သလို Emilia Clarke ရဲ့ G’iah ဇာတ်ကောင် ပါဝင်တဲ့ အက်ရှင်ခန်းအချို့ကိုလည်း တွေ့လိုက်ရပါသေးတယ်။

ဒီဇာတ်လမ်းတွဲထဲက အဖြစ်အပျက်တွေဟာ Nick Fury ဇာတ်ကောင်ကို များစွာပြောင်းလဲသွားစေမှာ ဖြစ်ပြီး Nick Fury ကိုယ်တိုင်ကလည်း ဒီတိုက်ပွဲဟာ သူ့ရဲ့နောက်ဆုံးတိုက်ပွဲ ဖြစ်သွားနိုင်တယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့်လည်း Nick Fury ဟာ ယခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာမယ့် The Marvels ရုပ်ရှင်ထဲမှာ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲဟာ Nick Fury ရဲ့ဇာတ်သိမ်း မဟုတ်နိုင်သေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular