HomeCelebs Update NewsInternationalအိပ်မက်ဆိုးလို နှစ်နှစ်တာကို ဖြတ်ကျော်ပြီးမှ Rare အယ်လ်ဘမ်ထွက်နိုင်ခဲ့တယ်ဆိုတဲ့ ဆယ်လီနာ

အိပ်မက်ဆိုးလို နှစ်နှစ်တာကို ဖြတ်ကျော်ပြီးမှ Rare အယ်လ်ဘမ်ထွက်နိုင်ခဲ့တယ်ဆိုတဲ့ ဆယ်လီနာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဆယ်လီနာ ဂိုးမက်ဇ်ဟာ သူမရဲ့အယ်လ်ဘမ်အသစ် Rare ကို ထုတ်နိုင်ဖို့ အိပ်မက်ဆိုးနဲ့တူတဲ့ နှစ်နှစ်တာကာလကို ဖြတ်ကျော်ခဲ့ရတယ်လို့ ငိုကျွေးရင်း ရင်ဖွင့်လိုက်ပါတယ်။

အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဆယ်လီနာ ဂိုးမက်ဇ်ရဲ့ Rare လို့အမည်ရတဲ့ အယ်လ်ဘမ်အသစ်ဟာ ဇန်နဝါရီလ(၁၀)ရက်နေ့က ထွက်ရှိလာခဲ့ပါတယ်။ ဒီအယ်လ်ဘမ်နဲ့ ပတ်သက်တဲ့ သူမရဲ့ကိုယ်ရေးခံစားချက်တွေကိုတော့ မျက်ရည်လည်ရွဲနဲ့ Spotify မှာ ပြောပြထားပါတယ်။ ဒီ Rare အယ်လ်ဘမ်ကို သူမဘဝရဲ့ ကြီးမားတဲ့ အပြောင်းအလဲများစွာကို ဖြစ်စေခဲ့တဲ့ နှစ်နှစ်တာအတွင်းမှာ ဖန်တီးခဲ့ရပြီး အဲ့ဒီ့အချိန်တွေဟာ သူမအတွက် အိပ်မက်ဆိုးတွေသာ ဖြစ်ခဲ့တယ်လို့လည်း ရင်ဖွင့်ထားပါတယ်။

အသက်(၂၇)နှစ်အရွယ် ဆယ်လီနာတစ်ယောက် (၂၅)နှစ်အရွယ် အဆိုတော် ဂျက်စတင်ဘီဘာနဲ့ လမ်းခွဲပြတ်စဲအပြီးမှာ ဘုံးဘုံးလဲပြီး ကြေကွဲခဲ့ရကြောင်းကို စာဖတ်သူတို့ သိထားကြပြီး ဖြစ်မှာပါ။ သူမ ဘယ်လိုရင်ကွဲခဲ့ရတယ်ဆိုတာကို မကြာသေး လပိုင်းအတွင်းကမှ ထွက်ရှိထားတဲ့ Lose You To Love Me ဆင်ဂယ်လ်မှာ တွေ့ရနိုင်သလို နာကျင်မှုတွေထဲက ရုန်းထွက်ပြီး သန်မာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့ပုံကိုတော့ Look At Her Now သီချင်းမှာ ခံစားရနိုင်ပါတယ်။ ဒီလိုတွေ ကြေကွဲခံစားခဲ့ရတဲ့ ဆယ်လီနာဟာ အခုအယ်လ်ဘမ်လေး ဖြစ်လာခဲ့ပုံနဲ့ အယ်လ်ဘမ်ရဲ့ နာမည်လေးက သူမအတွက် သိပ်ကိုအရေးကြီးကြောင်းကိုလည်း ရှင်းပြထားပါသေးတယ်။

Photo: selenagomez/ Instagram

“အမှန်အတိုင်း ပြောရရင် ဒီအယ်လ်ဘမ်ဟာ တကယ်လုပ်ခဲ့ရတုန်းက အိပ်မက်ဆိုးတစ်ခုလိုကို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရင်ဆိုင်ဖို့အတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကိုယ့်ကိုယ်ကို အဆင်သင့်ဖြစ်နေပြီလို့ ထင်ခဲ့တယ်။ အဲ့တော့ ဒီလှပတဲ့ သီချင်းအစိတ်အပိုင်းလေးတွေကို စပြီးစုဆောင်းခဲ့တယ်။ ဒီသီချင်းတွေထဲက တစ်ဝက်လောက်ကတော့ အချိန်တစ်ခုစီမှာ တစ်ပိုင်းတစ်စစီ ပေါ်လာတဲ့ဟာတွေမို့ ဘယ်တုန်းတည်းကဟာတွေမှန်းတောင် မမှတ်မိတော့ပါဘူး …

အဲ့ဒီ့နောက်ပိုင်းကျတော့ အရမ်းပြင်းထန်တဲ့ အရာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲ့ဒါကြောင့်ပဲ နေရာတစ်ခုကိုလည်း ရောက်သွားရသေးတယ်။ (ဆယ်လီနာဟာ စိတ်ကျရောဂါကို အကြီးအကျယ် ခံစားခဲ့ရတာကြောင့် ပြန်လည်ထူထောင်ရေးစခန်းမှာ သွားရောက်ကုသမှု ခံယူရတဲ့အထိ ဖြစ်ခဲ့ပါတယ်။) အဲ့ဒါတွေအပြီးမှာ ရုတ်တရက်ပဲ ကိုယ့်ကိုယ်ကို ကုစားနိုင်မယ့်အရာတစ်ခုကို တွေ့ခဲ့တယ်။ ကျွန်မ အရင်က တွေးခဲ့ဖူးတာမျိုးထက် ပိုကြီးမားတဲ့အရာတစ်ခုကို မြင်လိုက်နိုင်တယ်။ ဒီအတွေ့အကြုံတွေက အယ်လ်ဘမ်ရဲ့ နောက်ဆုံးအပိုင်းတွေကို ဖြည့်စွက်ပေးခဲ့တယ်လို့ ထင်ပါတယ်… ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာအတောအတွင်းမှာ ဆယ်လီနာ့အတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပါတယ်။ အဆိုတော် The Weeknd နဲ့ လမ်းခွဲခဲ့ပြီး အဆက်ဟောင်း ဂျက်စတင်ဘီဘာနဲ့ ၂၀၁၇ခုနှစ် အောက်တိုဘာလမှာ ပြန်တွဲခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးဟာ ၂၀၁၈ခုနှစ် နွေဦးရာသီအထိသာ ရှည်ကြာခဲ့ပြီး တစ်ခါပြန် လမ်းခွဲခဲ့ကြပါတယ်။ ဆယ်လီနာနဲ့ ဂျက်စတင်တို့ဟာ အရင်ကလည်း ဒီလိုပဲ ပြတ်လိုက်ဆက်လိုက်နဲ့ အချစ်ကြီးကြတဲ့ ချစ်သူနှစ်ဦးပါ။ သို့ပေမယ့် ဒီတစ်ခေါက် လမ်းခွဲအပြီးမှာတော့ ဂျက်စတင်ဟာ ဆယ်လီနာဆီကို ပြန်မလာတော့ဘဲ ဟေလီဘဲလ်ဒ်ဝင်းနဲ့ စတွဲခဲ့ပါတယ်။ အဲ့ဒီ့နှစ် ၂၀၁၈ခုနှစ်ရဲ့ မေလနှောင်းပိုင်းလောက်မှာပ‌ဲ စတွဲခဲ့ကြတာပါ။ ဇူလိုင်လလည်းရောက်ရော ကောက်ကာငင်ကာနဲ့ စေ့စပ်လိုက်ကြပါတယ်။ ဒီသတင်းဟာ ဆယ်လီနာအတွက် ငယ်ထိပ်ကို သွေးဆောင့်တက်စေခဲ့တဲ့ သတင်းတစ်ခုပါ။ ဒီ့ထက် ပိုဆိုးတာကတော့ စေ့စပ်ပြီး သိပ်မကြာခင် လပိုင်းအတွင်း ၂၀၁၈ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့မှာပဲ ဂျက်စတင်နဲ့ ဟေလီတို့ လက်ထပ်သွားကြတာပါပဲ။

Photo: selenagomez/ Instagram

သီချင်းအယ်လ်ဘမ်သစ် Rare ရဲ့ အမည်နဲ့ ပတ်သက်ပြီးတော့လည်း အခုလို ပြောပြထားပါသေးတယ်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တည်းက Rare ကို နားထဲမှာ စကြားခဲ့ပါတယ်။ အဲ့ဒီ့တည်းက ဒီစကားလုံးလေးဟာ ကျွန်မကို ကိုယ်စားပြုတယ်လို့ ခံစားခဲ့ရပါတယ်။ အရင်ကဆို ကိုယ့်ကိုယ်ကိုအပေါ် ထားရမယ့် ယုံကြည်မှုနဲ့ ပတ်သက်ပြီး ကျွန်မမှာ ပြဿနာတွေ ရှိခဲ့ပါတယ်။ အားလုံးလည်း သိကြမှာပါ။ ကွန်ဖီးဒန့်စ်ရှိမှုနဲ့ ပတ်သက်ရင်တော့ အခုထိလည်း ရုန်းကန်နေရတုန်းပါ။ အမြဲတမ်းလည်း ရင်ဆိုင်သွားရမယ့်အရာတစ်ခုပါ။ Rare ဆိုတဲ့နာမည်လေးက ကျွန်မအတွက် သိပ်ကိုအရေးကြီးပါတယ် …” လို့ ဆိုပါတယ်။

လူတိုင်းဟာ ရှားပါးပြီး တန်ဖိုးရှိတဲ့၊ အရေးကြီးတဲ့သူတွေဖြစ်ကြောင်းကို ပြောပြချင်တဲ့အတွက် အယ်လ်ဘမ်နာမည်ကို အခုလို ပေးလိုက်တာလို့လည်း ပြောပြထားပါတယ်။ ဆယ်လီနာဟာ Spotify အတွက် ဗွီဒီယိုမှာ ပြောရင်းနဲ့ စိတ်တွေလှုပ်ရှားပြီး ငိုတဲ့အထိပါ ဖြစ်ခဲ့ပါတယ်။

Photo: selenagomez/ Instagram

“ကျွန်မရဲ့ပရိသတ်တွေကို အရမ်းအရမ်း ချစ်ပါတယ်။ သူတို့က ကျွန်မကိုချစ်လို့ ကျွန်မက ပြန်ချစ်တာမျိုး မဟုတ်ပါဘူး။ ခရီးတစ်ခုကို တူတူသွားနေရသလို ခံစားရလို့ ချစ်တာပါ။ ကျွန်မဟာ လူတွေအများကြီးနဲ့အတူ ကြီးပြင်းအရွယ်ရောက်လာရတယ်လို့ ခံစားရပါတယ်။ ပြီးတော့ အခံစားရဆုံးကတော့ သူတို့နဲ့ တွေ့ဖြစ်တဲ့အခါ သူတို့ဘဝမှာလည်း နာကျင်ခံစားနေရတယ်လို့ ကျွန်မကို ရင်ဖွင့်လာကြတဲ့အခါ ကျွန်မ ဘယ်တုန်းကမှ နားမလည်မိခဲ့တာပါပဲ …

အဲ့ဒီ့လူတွေ တစ်ယောက်ချင်းစီကို မျက်စိရှေ့ဆွဲခေါ်ပြီး တစ်ယောက်ချင်းစီ ပြောပြလို့ရရင် ပြောပြလိုက်ချင်ပါတယ်။ ရှင်တို့အားလုံးကို ချစ်နေကြတဲ့သူ‌တွေ ရှိပါတယ်။ ရှင်တို့ဟာ အရေးကြီးတဲ့လူတွေ ဖြစ်သလို ဘာကိုမဆို လုပ်နိုင်စွမ်းရှိသူတွေလည်း ဖြစ်ပါတယ်လို့ ပြောလို့ရရင် ပြောပြချင်ပါတယ်။ ကျွန်မဆိုရင် တက်ဆက်စ်က သာမန်မိန်းကလေးတစ်ယောက်ပါ။ ကျွန်မတောင် လုပ်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ကျွန်မအတွက် အိပ်မက်တွေက ဖြစ်နေသေးတယ်ဆိုရင် ရှင်တို့အားလုံးလည်း ဘာကိုမဆို လုပ်နိုင်ပါတယ်။ ရယူနိုင်ပါတယ်… ” လို့ ငိုရင်းပြောပြခဲ့ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ဆယ္လီနာ ဂိုးမက္ဇ္ဟာ သူမရဲ႕အယ္လ္ဘမ္အသစ္ Rare ကို ထုတ္ႏိုင္ဖို႔ အိပ္မက္ဆိုးနဲ႔တူတဲ့ ႏွစ္ႏွစ္တာကာလကို ျဖတ္ေက်ာ္ခဲ့ရတယ္လို႔ ငိုေကြၽးရင္း ရင္ဖြင့္လိုက္ပါတယ္။

အဆိုေတာ္၊ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ဆယ္လီနာ ဂိုးမက္ဇ္ရဲ႕ Rare လို႔အမည္ရတဲ့ အယ္လ္ဘမ္အသစ္ဟာ ဇန္နဝါရီလ(၁၀)ရက္ေန႔က ထြက္ရွိလာခဲ့ပါတယ္။ ဒီအယ္လ္ဘမ္နဲ႔ ပတ္သက္တဲ့ သူမရဲ႕ကိုယ္ေရးခံစားခ်က္ေတြကိုေတာ့ မ်က္ရည္လည္႐ြဲနဲ႔ Spotify မွာ ေျပာျပထားပါတယ္။ ဒီ Rare အယ္လ္ဘမ္ကို သူမဘဝရဲ႕ ႀကီးမားတဲ့ အေျပာင္းအလဲမ်ားစြာကို ျဖစ္ေစခဲ့တဲ့ ႏွစ္ႏွစ္တာအတြင္းမွာ ဖန္တီးခဲ့ရၿပီး အဲ့ဒီ့အခ်ိန္ေတြဟာ သူမအတြက္ အိပ္မက္ဆိုးေတြသာ ျဖစ္ခဲ့တယ္လို႔လည္း ရင္ဖြင့္ထားပါတယ္။

အသက္(၂၇)ႏွစ္အ႐ြယ္ ဆယ္လီနာတစ္ေယာက္ (၂၅)ႏွစ္အ႐ြယ္ အဆိုေတာ္ ဂ်က္စတင္ဘီဘာနဲ႔ လမ္းခြဲျပတ္စဲအၿပီးမွာ ဘုံးဘုံးလဲၿပီး ေၾကကြဲခဲ့ရေၾကာင္းကို စာဖတ္သူတို႔ သိထားၾကၿပီး ျဖစ္မွာပါ။ သူမ ဘယ္လိုရင္ကြဲခဲ့ရတယ္ဆိုတာကို မၾကာေသး လပိုင္းအတြင္းကမွ ထြက္ရွိထားတဲ့ Lose You To Love Me ဆင္ဂယ္လ္မွာ ေတြ႕ရႏိုင္သလို နာက်င္မႈေတြထဲက ႐ုန္းထြက္ၿပီး သန္မာတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္လာခဲ့ပုံကိုေတာ့ Look At Her Now သီခ်င္းမွာ ခံစားရႏိုင္ပါတယ္။ ဒီလိုေတြ ေၾကကြဲခံစားခဲ့ရတဲ့ ဆယ္လီနာဟာ အခုအယ္လ္ဘမ္ေလး ျဖစ္လာခဲ့ပုံနဲ႔ အယ္လ္ဘမ္ရဲ႕ နာမည္ေလးက သူမအတြက္ သိပ္ကိုအေရးႀကီးေၾကာင္းကိုလည္း ရွင္းျပထားပါေသးတယ္။

Photo: selenagomez/ Instagram

“အမွန္အတိုင္း ေျပာရရင္ ဒီအယ္လ္ဘမ္ဟာ တကယ္လုပ္ခဲ့ရတုန္းက အိပ္မက္ဆိုးတစ္ခုလိုကို ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ရင္ဆိုင္ဖို႔အတြက္ အေကာင္းဆုံးေသာ နည္းလမ္းတစ္ခုလည္း ျဖစ္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္တုန္းက ကိုယ့္ကိုယ္ကို အဆင္သင့္ျဖစ္ေနၿပီလို႔ ထင္ခဲ့တယ္။ အဲ့ေတာ့ ဒီလွပတဲ့ သီခ်င္းအစိတ္အပိုင္းေလးေတြကို စၿပီးစုေဆာင္းခဲ့တယ္။ ဒီသီခ်င္းေတြထဲက တစ္ဝက္ေလာက္ကေတာ့ အခ်ိန္တစ္ခုစီမွာ တစ္ပိုင္းတစ္စစီ ေပၚလာတဲ့ဟာေတြမို႔ ဘယ္တုန္းတည္းကဟာေတြမွန္းေတာင္ မမွတ္မိေတာ့ပါဘူး …

အဲ့ဒီ့ေနာက္ပိုင္းက်ေတာ့ အရမ္းျပင္းထန္တဲ့ အရာတစ္ခုနဲ႔ ရင္ဆိုင္ခဲ့ရတယ္။ အဲ့ဒါေၾကာင့္ပဲ ေနရာတစ္ခုကိုလည္း ေရာက္သြားရေသးတယ္။ (ဆယ္လီနာဟာ စိတ္က်ေရာဂါကို အႀကီးအက်ယ္ ခံစားခဲ့ရတာေၾကာင့္ ျပန္လည္ထူေထာင္ေရးစခန္းမွာ သြားေရာက္ကုသမႈ ခံယူရတဲ့အထိ ျဖစ္ခဲ့ပါတယ္။) အဲ့ဒါေတြအၿပီးမွာ ႐ုတ္တရက္ပဲ ကိုယ့္ကိုယ္ကို ကုစားႏိုင္မယ့္အရာတစ္ခုကို ေတြ႕ခဲ့တယ္။ ကြၽန္မ အရင္က ေတြးခဲ့ဖူးတာမ်ိဳးထက္ ပိုႀကီးမားတဲ့အရာတစ္ခုကို ျမင္လိုက္ႏိုင္တယ္။ ဒီအေတြ႕အႀကဳံေတြက အယ္လ္ဘမ္ရဲ႕ ေနာက္ဆုံးအပိုင္းေတြကို ျဖည့္စြက္ေပးခဲ့တယ္လို႔ ထင္ပါတယ္… ” လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ႏွစ္တာအေတာအတြင္းမွာ ဆယ္လီနာ့အတြက္ ႀကီးမားတဲ့ ေျပာင္းလဲမႈေတြ ျဖစ္ခဲ့ပါတယ္။ အဆိုေတာ္ The Weeknd နဲ႔ လမ္းခြဲခဲ့ၿပီး အဆက္ေဟာင္း ဂ်က္စတင္ဘီဘာနဲ႔ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလမွာ ျပန္တြဲခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ခရီးဟာ ၂၀၁၈ခုႏွစ္ ေႏြဦးရာသီအထိသာ ရွည္ၾကာခဲ့ၿပီး တစ္ခါျပန္ လမ္းခြဲခဲ့ၾကပါတယ္။ ဆယ္လီနာနဲ႔ ဂ်က္စတင္တို႔ဟာ အရင္ကလည္း ဒီလိုပဲ ျပတ္လိုက္ဆက္လိုက္နဲ႔ အခ်စ္ႀကီးၾကတဲ့ ခ်စ္သူႏွစ္ဦးပါ။ သို႔ေပမယ့္ ဒီတစ္ေခါက္ လမ္းခြဲအၿပီးမွာေတာ့ ဂ်က္စတင္ဟာ ဆယ္လီနာဆီကို ျပန္မလာေတာ့ဘဲ ေဟလီဘဲလ္ဒ္ဝင္းနဲ႔ စတြဲခဲ့ပါတယ္။ အဲ့ဒီ့ႏွစ္ ၂၀၁၈ခုႏွစ္ရဲ႕ ေမလေႏွာင္းပိုင္းေလာက္မွာပ‌ဲ စတြဲခဲ့ၾကတာပါ။ ဇူလိုင္လလည္းေရာက္ေရာ ေကာက္ကာငင္ကာနဲ႔ ေစ့စပ္လိုက္ၾကပါတယ္။ ဒီသတင္းဟာ ဆယ္လီနာအတြက္ ငယ္ထိပ္ကို ေသြးေဆာင့္တက္ေစခဲ့တဲ့ သတင္းတစ္ခုပါ။ ဒီ့ထက္ ပိုဆိုးတာကေတာ့ ေစ့စပ္ၿပီး သိပ္မၾကာခင္ လပိုင္းအတြင္း ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၁၃)ရက္ေန႔မွာပဲ ဂ်က္စတင္နဲ႔ ေဟလီတို႔ လက္ထပ္သြားၾကတာပါပဲ။

Photo: selenagomez/ Instagram

သီခ်င္းအယ္လ္ဘမ္သစ္ Rare ရဲ႕ အမည္နဲ႔ ပတ္သက္ၿပီးေတာ့လည္း အခုလို ေျပာျပထားပါေသးတယ္။ “လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္တည္းက Rare ကို နားထဲမွာ စၾကားခဲ့ပါတယ္။ အဲ့ဒီ့တည္းက ဒီစကားလုံးေလးဟာ ကြၽန္မကို ကိုယ္စားျပဳတယ္လို႔ ခံစားခဲ့ရပါတယ္။ အရင္ကဆို ကိုယ့္ကိုယ္ကိုအေပၚ ထားရမယ့္ ယုံၾကည္မႈနဲ႔ ပတ္သက္ၿပီး ကြၽန္မမွာ ျပႆနာေတြ ရွိခဲ့ပါတယ္။ အားလုံးလည္း သိၾကမွာပါ။ ကြန္ဖီးဒန႔္စ္ရွိမႈနဲ႔ ပတ္သက္ရင္ေတာ့ အခုထိလည္း ႐ုန္းကန္ေနရတုန္းပါ။ အၿမဲတမ္းလည္း ရင္ဆိုင္သြားရမယ့္အရာတစ္ခုပါ။ Rare ဆိုတဲ့နာမည္ေလးက ကြၽန္မအတြက္ သိပ္ကိုအေရးႀကီးပါတယ္ …” လို႔ ဆိုပါတယ္။

လူတိုင္းဟာ ရွားပါးၿပီး တန္ဖိုးရွိတဲ့၊ အေရးႀကီးတဲ့သူေတြျဖစ္ေၾကာင္းကို ေျပာျပခ်င္တဲ့အတြက္ အယ္လ္ဘမ္နာမည္ကို အခုလို ေပးလိုက္တာလို႔လည္း ေျပာျပထားပါတယ္။ ဆယ္လီနာဟာ Spotify အတြက္ ဗြီဒီယိုမွာ ေျပာရင္းနဲ႔ စိတ္ေတြလႈပ္ရွားၿပီး ငိုတဲ့အထိပါ ျဖစ္ခဲ့ပါတယ္။

Photo: selenagomez/ Instagram

“ကြၽန္မရဲ႕ပရိသတ္ေတြကို အရမ္းအရမ္း ခ်စ္ပါတယ္။ သူတို႔က ကြၽန္မကိုခ်စ္လို႔ ကြၽန္မက ျပန္ခ်စ္တာမ်ိဳး မဟုတ္ပါဘူး။ ခရီးတစ္ခုကို တူတူသြားေနရသလို ခံစားရလို႔ ခ်စ္တာပါ။ ကြၽန္မဟာ လူေတြအမ်ားႀကီးနဲ႔အတူ ႀကီးျပင္းအ႐ြယ္ေရာက္လာရတယ္လို႔ ခံစားရပါတယ္။ ၿပီးေတာ့ အခံစားရဆုံးကေတာ့ သူတို႔နဲ႔ ေတြ႕ျဖစ္တဲ့အခါ သူတို႔ဘဝမွာလည္း နာက်င္ခံစားေနရတယ္လို႔ ကြၽန္မကို ရင္ဖြင့္လာၾကတဲ့အခါ ကြၽန္မ ဘယ္တုန္းကမွ နားမလည္မိခဲ့တာပါပဲ …

အဲ့ဒီ့လူေတြ တစ္ေယာက္ခ်င္းစီကို မ်က္စိေရွ႕ဆြဲေခၚၿပီး တစ္ေယာက္ခ်င္းစီ ေျပာျပလို႔ရရင္ ေျပာျပလိုက္ခ်င္ပါတယ္။ ရွင္တို႔အားလုံးကို ခ်စ္ေနၾကတဲ့သူ‌ေတြ ရွိပါတယ္။ ရွင္တို႔ဟာ အေရးႀကီးတဲ့လူေတြ ျဖစ္သလို ဘာကိုမဆို လုပ္ႏိုင္စြမ္းရွိသူေတြလည္း ျဖစ္ပါတယ္လို႔ ေျပာလို႔ရရင္ ေျပာျပခ်င္ပါတယ္။ ကြၽန္မဆိုရင္ တက္ဆက္စ္က သာမန္မိန္းကေလးတစ္ေယာက္ပါ။ ကြၽန္မေတာင္ လုပ္ႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ ကြၽန္မအတြက္ အိပ္မက္ေတြက ျဖစ္ေနေသးတယ္ဆိုရင္ ရွင္တို႔အားလုံးလည္း ဘာကိုမဆို လုပ္ႏိုင္ပါတယ္။ ရယူႏိုင္ပါတယ္… ” လို႔ ငိုရင္းေျပာျပခဲ့ပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

 

RELATED ARTICLES

Most Popular