HomeCelebs Update NewsInternationalသူမရဲ့အချစ်ရေးကို ဝိုင်းအာရုံစိုက်ကြတဲ့အပေါ် စိတ်ကျဉ်းကျပ်ရတယ်ဆိုတဲ့ Selena Gomez 

သူမရဲ့အချစ်ရေးကို ဝိုင်းအာရုံစိုက်ကြတဲ့အပေါ် စိတ်ကျဉ်းကျပ်ရတယ်ဆိုတဲ့ Selena Gomez 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Selena Gomez ဟာ Allure မဂ္ဂဇင်းနဲ့ အသစ်ပြုလုပ်ထားတဲ့ အင်တာဗျူးမှာ သူမရဲ့နာမည်ကြီးအချစ်ရေးကြောင့် လူထုရဲ့မျက်စိရှေ့မှာတင် ပိတ်မိနေသလို ခံစားခဲ့ရတယ်လို့ ရင်ဖွင့်လာပါတယ်။

Selena ဟာ ၂၀၁၀ခုနှစ်မှာ Justin Bieber နဲ့ စတွဲလိုက်တဲ့ အချိန်တည်းက Disney channel က မင်းသမီးလေးအဖြစ်ကနေ မီဒီယာတွေရဲ့ မျက်နှာဖုံးပေါ်ကို ရုတ်ချည်း ရောက်ရှိလာခဲ့ပြီး လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။

“ကျွန်မရဲ့ပုဂ္ဂိုလ်ရေးဘဝက နေရာတိုင်းမှာ တွေ့နေရတော့တာပဲ။ အဲ့ဒါက အရမ်းစိတ်ကျဉ်းကျပ်တယ်။ ပြီးတော့ ပိတ်မိနေသလိုလည်း ခံစားရတယ် …” လို့ Allure မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

Photo: selenagomez/ Instagram

ကံမကောင်းစွာနဲ့ပဲ Selena အပေါ် ကျရောက်လာတဲ့ လူတွေရဲ့အာရုံစိုက်မှုဟာ အဲ့ဒီ့အချိန်ကစလို့ နည်းနည်းမှ လျော့ကျမသွားခဲ့တာပါပဲ။ Selena ဘယ်သူ့ကို ဒိတ်နေလဲ။ ဘယ်သူနဲ့ သူငယ်ချင်းဖြစ်နေလဲ။ ကျန်းမာရေးက ဘယ်လိုဖြစ်နေပြီလည်း စသဖြင့် အရာအားလုံးကို ပရိသတ်တွေဟာ သိချင်စိတ် များပြားလာကြပါတယ်။ သို့ပေမယ့်လည်း အခုအချိန်မှာတော့ အဆိုတော်၊ သရုပ်ဆောင်မလေး Selena ဟာ အဲ့ဒီ့ခံစားချက်တွေနဲ့ နေထိုင်ရတဲ့ဘဝကို ကောင်းကောင်း ကိုင်တွယ် ထိန်းသိမ်းလာတတ်ပြီ ဖြစ်ပါတယ်။

“ကျွန်မဘဝနဲ့ ပတ်သက်သမျှ အရာအားလုံး၊ အပြင်မှာ ကျွန်မ လုပ်သမျှ အရာအားလုံးကိုပါ ကျွန်မ ထိန်းချုပ်နိုင်ပါပြီ။ ကျွန်မ ပြောချင်တာကတော့ ကျွန်မသာလျှင် ကျွန်မဘဝရဲ့ တာဝန်ရှိသူ ဖြစ်တယ်ဆိုတာပါပဲ… ” လို့ Allure ကို ပြောထားတာပါ။

Photo: selenagomez/ Instagram

အခုဆိုရင်တော့ Selena ဟာ အဆိုတော်၊ သရုပ်ဆောင်၊ ထုတ်လုပ်သူ အဖြစ်သာမက HBO Max ရုပ်သံလိုင်းနဲ့ ပူးပေါင်းပြီး Selena + Chef ဆိုတဲ့ ရှိုးတစ်ခုကိုပါ ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။ ဒါတင်မက ယခုလ အစောပိုင်းက စတင်ပြီး သူမရဲ့ကိုယ်ပိုင် အလှကုန်တံဆိပ်ဖြစ်တဲ့ Rare Beauty makeup ကိုပါ ထုတ်လုပ်လိုက်ပါပြီ။

“အရင်တည်းက နာမည်ကို Rare လို့ ပေးချင်ခဲ့တာပါ။ ဒါက ကျွန်မ brand ရဲ့ ကိုယ်ပိုင်လက္ခဏာတစ်ခု ဖြစ်လာပြီး ကျွန်မကိုယ်တိုင် ဖြစ်ချင်တဲ့ လူပုံစံလည်း ဖြစ်လာတာပါ။ အဲ့ဒါက လူတွေအားလုံးကို မတူညီမှုတွေ၊ အရောင်အသွေး ကွဲပြားမှုတွေ ဘာမဆို၊ အတိတ်မှာ ဘာတွေဖြစ်ခဲ့တဲ့သူမဆို အားလုံးဟာ ပါဝင်ပတ်သက်နေတယ်လို့ ခံစားစေချင်တာကြောင့်ပါ … ” လို့ Selena က သူမအမှတ်တံဆိပ်ရဲ့ ရပ်တည်ချက်ကို ပြောပြထားပါတယ်။

Photo: selenagomez/ Instagram

ဒီပရောဂျက်တွေအပြင် သူမ စိတ်အားထက်သန်တဲ့ နောက်ထပ်အရာတစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဖွင့်ဟပြောဆိုမှုတွေပါ။ ၂၀၂၀ခုနှစ်ထဲမှာပဲ Selena ဟာ သူမဟာ စိတ်အတက်အကျမြန်ရောဂါ bipolar disorder ခံစားနေရကြောင်း ဖွင့်ပြောပြခဲ့ပါသေးတယ်။ Allure နဲ့ ယခုပြုလုပ်လိုက်တဲ့ အင်တာဗျူးမှာတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး နောက်ကိုလည်း ပရိသတ်တွေနဲ့ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ရှိသွားဦးမှာပါလို့ ဆိုထားပါတယ်။

Photo: selenagomez/ Instagram

“ကျွန်မက အမြဲတမ်း အမျိုးအမည်စုံတဲ့ စိတ်ခံစားချက်တွေကို ခံစားခဲ့ရတဲ့သူတစ်ယောက်ပါ။ ပြီးတော့ အဲ့ဒါတွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာလည်း သေချာမသိခဲ့ပါဘူး။ အဲ့ဒါက ပြောရရင် ရှုပ်ထွေးပါတယ်။ ဒါပေမယ့် အဲ့ဒါကို ဒီတိုင်းပဲ နားလည်ထားလိုက်ရတာကို ပိုပြီးစိတ်ချမ်းသာပါတယ်။ အရင်တုန်းက ကျွန်မရဲ့တကယ့် ပုံစံကို သိရှိသွားတည်းက ကိုယ့်ကိုယ်ကို ဂုဏ်ယူသွားမိတယ်။ ပြီးတော့ ဒီလိုဖြစ်နေတာ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိသွားတော့ ပိုပြီးစိတ်သက်သာမိသွားတယ်။ ပြီးတော့ ဒါကိုလည်း ကျော်ဖြတ်နိုင်မယ်ဆိုတာ သိသွားရတော့ ပိုကောင်းသွားတာပေါ့။ ဒီတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ရင် ကျွန်မဟာ အမြဲတမ်း စိတ်အားထက်သန်နေမှာပါ။ အမြဲတမ်းလည်း ဒီအကြောင်းကို ပြောသွားဦးမှာပါ … ” လို့ Selena က ဆိုထားပါတယ်။

Glasgow
(Zawgyi Version)

Selena Gomez ဟာ Allure မဂၢဇင္းနဲ႔ အသစ္ျပဳလုပ္ထားတဲ့ အင္တာဗ်ဴးမွာ သူမရဲ႕နာမည္ႀကီးအခ်စ္ေရးေၾကာင့္ လူထုရဲ႕မ်က္စိေရွ႕မွာတင္ ပိတ္မိေနသလို ခံစားခဲ့ရတယ္လို႔ ရင္ဖြင့္လာပါတယ္။

Selena ဟာ ၂၀၁၀ခုႏွစ္မွာ Justin Bieber နဲ႔ စတြဲလိုက္တဲ့ အခ်ိန္တည္းက Disney channel က မင္းသမီးေလးအျဖစ္ကေန မီဒီယာေတြရဲ႕ မ်က္ႏွာဖုံးေပၚကို ႐ုတ္ခ်ည္း ေရာက္ရွိလာခဲ့ၿပီး လူအမ်ားရဲ႕ အာ႐ုံစိုက္မႈကို ခံခဲ့ရသူ ျဖစ္ပါတယ္။

“ကြၽန္မရဲ႕ပုဂၢိဳလ္ေရးဘဝက ေနရာတိုင္းမွာ ေတြ႕ေနရေတာ့တာပဲ။ အဲ့ဒါက အရမ္းစိတ္က်ဥ္းက်ပ္တယ္။ ၿပီးေတာ့ ပိတ္မိေနသလိုလည္း ခံစားရတယ္ …” လို႔ Allure မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျပာလိုက္တာ ျဖစ္ပါတယ္။

Photo: selenagomez/ Instagram

ကံမေကာင္းစြာနဲ႔ပဲ Selena အေပၚ က်ေရာက္လာတဲ့ လူေတြရဲ႕အာ႐ုံစိုက္မႈဟာ အဲ့ဒီ့အခ်ိန္ကစလို႔ နည္းနည္းမွ ေလ်ာ့က်မသြားခဲ့တာပါပဲ။ Selena ဘယ္သူ႔ကို ဒိတ္ေနလဲ။ ဘယ္သူနဲ႔ သူငယ္ခ်င္းျဖစ္ေနလဲ။ က်န္းမာေရးက ဘယ္လိုျဖစ္ေနၿပီလည္း စသျဖင့္ အရာအားလုံးကို ပရိသတ္ေတြဟာ သိခ်င္စိတ္ မ်ားျပားလာၾကပါတယ္။ သို႔ေပမယ့္လည္း အခုအခ်ိန္မွာေတာ့ အဆိုေတာ္၊ သ႐ုပ္ေဆာင္မေလး Selena ဟာ အဲ့ဒီ့ခံစားခ်က္ေတြနဲ႔ ေနထိုင္ရတဲ့ဘဝကို ေကာင္းေကာင္း ကိုင္တြယ္ ထိန္းသိမ္းလာတတ္ၿပီ ျဖစ္ပါတယ္။

“ကြၽန္မဘဝနဲ႔ ပတ္သက္သမွ် အရာအားလုံး၊ အျပင္မွာ ကြၽန္မ လုပ္သမွ် အရာအားလုံးကိုပါ ကြၽန္မ ထိန္းခ်ဳပ္ႏိုင္ပါၿပီ။ ကြၽန္မ ေျပာခ်င္တာကေတာ့ ကြၽန္မသာလွ်င္ ကြၽန္မဘဝရဲ႕ တာဝန္ရွိသူ ျဖစ္တယ္ဆိုတာပါပဲ… ” လို႔ Allure ကို ေျပာထားတာပါ။

Photo: selenagomez/ Instagram

အခုဆိုရင္ေတာ့ Selena ဟာ အဆိုေတာ္၊ သ႐ုပ္ေဆာင္၊ ထုတ္လုပ္သူ အျဖစ္သာမက HBO Max ႐ုပ္သံလိုင္းနဲ႔ ပူးေပါင္းၿပီး Selena + Chef ဆိုတဲ့ ရႈိးတစ္ခုကိုပါ ထုတ္လႊင့္ေနၿပီ ျဖစ္ပါတယ္။ ဒါတင္မက ယခုလ အေစာပိုင္းက စတင္ၿပီး သူမရဲ႕ကိုယ္ပိုင္ အလွကုန္တံဆိပ္ျဖစ္တဲ့ Rare Beauty makeup ကိုပါ ထုတ္လုပ္လိုက္ပါၿပီ။

“အရင္တည္းက နာမည္ကို Rare လို႔ ေပးခ်င္ခဲ့တာပါ။ ဒါက ကြၽန္မ brand ရဲ႕ ကိုယ္ပိုင္လကၡဏာတစ္ခု ျဖစ္လာၿပီး ကြၽန္မကိုယ္တိုင္ ျဖစ္ခ်င္တဲ့ လူပုံစံလည္း ျဖစ္လာတာပါ။ အဲ့ဒါက လူေတြအားလုံးကို မတူညီမႈေတြ၊ အေရာင္အေသြး ကြဲျပားမႈေတြ ဘာမဆို၊ အတိတ္မွာ ဘာေတြျဖစ္ခဲ့တဲ့သူမဆို အားလုံးဟာ ပါဝင္ပတ္သက္ေနတယ္လို႔ ခံစားေစခ်င္တာေၾကာင့္ပါ … ” လို႔ Selena က သူမအမွတ္တံဆိပ္ရဲ႕ ရပ္တည္ခ်က္ကို ေျပာျပထားပါတယ္။

Photo: selenagomez/ Instagram

ဒီပေရာဂ်က္ေတြအျပင္ သူမ စိတ္အားထက္သန္တဲ့ ေနာက္ထပ္အရာတစ္ခုလည္း ရွိပါေသးတယ္။ အဲ့ဒါကေတာ့ စိတ္က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ဖြင့္ဟေျပာဆိုမႈေတြပါ။ ၂၀၂၀ခုႏွစ္ထဲမွာပဲ Selena ဟာ သူမဟာ စိတ္အတက္အက်ျမန္ေရာဂါ bipolar disorder ခံစားေနရေၾကာင္း ဖြင့္ေျပာျပခဲ့ပါေသးတယ္။ Allure နဲ႔ ယခုျပဳလုပ္လိုက္တဲ့ အင္တာဗ်ဴးမွာေတာ့ စိတ္က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ေနာက္ကိုလည္း ပရိသတ္ေတြနဲ႔ အၿမဲတမ္း ပြင့္ပြင့္လင္းလင္း ရွိသြားဦးမွာပါလို႔ ဆိုထားပါတယ္။

Photo: selenagomez/ Instagram

“ကြၽန္မက အၿမဲတမ္း အမ်ိဳးအမည္စုံတဲ့ စိတ္ခံစားခ်က္ေတြကို ခံစားခဲ့ရတဲ့သူတစ္ေယာက္ပါ။ ၿပီးေတာ့ အဲ့ဒါေတြကို ဘယ္လိုထိန္းခ်ဳပ္ရမယ္ဆိုတာလည္း ေသခ်ာမသိခဲ့ပါဘူး။ အဲ့ဒါက ေျပာရရင္ ရႈပ္ေထြးပါတယ္။ ဒါေပမယ့္ အဲ့ဒါကို ဒီတိုင္းပဲ နားလည္ထားလိုက္ရတာကို ပိုၿပီးစိတ္ခ်မ္းသာပါတယ္။ အရင္တုန္းက ကြၽန္မရဲ႕တကယ့္ ပုံစံကို သိရွိသြားတည္းက ကိုယ့္ကိုယ္ကို ဂုဏ္ယူသြားမိတယ္။ ၿပီးေတာ့ ဒီလိုျဖစ္ေနတာ ကြၽန္မတစ္ေယာက္တည္း မဟုတ္ဘူးဆိုတာ သိသြားေတာ့ ပိုၿပီးစိတ္သက္သာမိသြားတယ္။ ၿပီးေတာ့ ဒါကိုလည္း ေက်ာ္ျဖတ္ႏိုင္မယ္ဆိုတာ သိသြားရေတာ့ ပိုေကာင္းသြားတာေပါ့။ ဒီေတာ့ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ရင္ ကြၽန္မဟာ အၿမဲတမ္း စိတ္အားထက္သန္ေနမွာပါ။ အၿမဲတမ္းလည္း ဒီအေၾကာင္းကို ေျပာသြားဦးမွာပါ … ” လို႔ Selena က ဆိုထားပါတယ္။

Glasgow

 

RELATED ARTICLES

Most Popular