HomeCelebs Update NewsInternationalJolie နဲ႔ Oprah တို႔လို ပရဟိတသမားတစ္ေယာက္ ျဖစ္လာခ်င္တယ္ဆိုတဲ့ Selena Gomez

Jolie နဲ႔ Oprah တို႔လို ပရဟိတသမားတစ္ေယာက္ ျဖစ္လာခ်င္တယ္ဆိုတဲ့ Selena Gomez

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Selena Gomez ဟာ ကမာၻႀကီးအတြက္ ေကာင္းမြန္တဲ့ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ထြန္းလာေစဖို႔ ယခင္က သူမ လုပ္ခဲ့ဖူးတဲ့ ပရဟိတအလုပ္ေတြထက္ပိုတဲ့ အရာေတြကို ျပဳလုပ္ဖို႔ ဆႏၵရိွေနပါတယ္။ သူမ ပိုင္ဆိုင္ထားတဲ့ စြမ္းအားေတြနဲ႔ လူေတြကို ကူညီခ်င္တယ္လို႔လည္း သိရပါတယ္။

ပရဟိတအလုပ္ေတြနဲ႔ ပတ္သက္ရင္ Selena Gomez ဟာလည္း ခ်ီးမြမ္းေလာက္တဲ့ လူငယ္တစ္ေယာက္ ျဖစ္ပါတယ္။ အသက္အငယ္ဆုံး ခ်စ္ၾကည္ေရးသံတမန္အျဖစ္ UNICEF က ခန္႔အပ္ျခင္းခံရတဲ့ မိန္းမငယ္တစ္ေယာက္ျဖစ္သလို ေဆးရုံေတြေပၚမွာ ေ၀ဒနာခံစားေနရတဲ့ လူနာကေလးငယ္ေတြဆီ မၾကာခဏ surprise အေနနဲ႔ သြားေရာက္လည္ပတ္၊ အားေပးတတ္တယ္လို႔ နာမည္ႀကီးသူေလးလည္း ျဖစ္ပါတယ္။

https://www.instagram.com/p/BnT3cdNgM3c/

Selena ဟာ သူမရဲ႕ဂီတနဲ႔သရုပ္ေဆာင္အလုပ္ေတြအျပင္ အျခားသူေတြရဲ႕ဘ၀ေတြကို အလင္းေပးဖို႔အတြက္ စိတ္၀င္စားသူလည္း ျဖစ္ပါတယ္။ Selena နဲ႔ အတြင္းလူတစ္ေယာက္က Hollywood Life ၀က္ဘ္ဆိုဒ္ကို ေျပာၾကားခ်က္အရ Selena လုပ္ခ်င္ေနတဲ့ ပရဟိတပုံစံေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

“Selena က ရုပ္ရွင္ေတြ၊ ဇာတ္လမ္းတြဲေတြ၊ ဂီတေတြအျပင္ အျခားအရာေတြကိုလည္း စိတ္၀င္စားပါေသးတယ္။ သူက ဒီအႏုပညာေလာကထဲက ဘယ္ေတာ့မွ ထြက္ခြာမွာ မဟုတ္ေပမယ့္ သူ႔ဘ၀အတြက္ စိတ္ဓာတ္တက္ၾကြေအာင္ လႈံ႔ေဆာ္ေပးႏိုင္မယ့္အရာေတြကို ရွာေဖြခ်င္ေနသူပါ။ သီခ်င္းေကာင္းတစ္ပုဒ္၊ သိပ္မိုက္တဲ့ ဇာတ္ေကာင္တစ္ခုက သူ႔ရဲ႕ႏွလုံးသားကို ဆြဲကိုင္လႈပ္ရမ္းႏိုင္သလိုပဲ တစ္ဖက္မွာလည္း ပရဟိတအလုပ္ေတြကို ပိုၿပီးခုံမင္လာပုံ ရပါတယ္။ သူပိုင္ဆိုင္ထားတဲ့အသံနဲ႔ စြမ္းအားေတြ စုေပါင္းၿပီး လူေတြအေပၚ တကယ္အက်ိဳးသက္ေရာက္မႈ ရိွေစမယ့္ ပရဟိတမ်ိဳးေတြကို စိတ္၀င္စားေနပါတယ္။ အဲ့ဒါေတြကို တကယ္လုပ္ႏိုင္ေနတဲ့ Angelina Jolie တို႔ Oprah Winfrey တို႔လို အမ်ိဳးသမီးတစ္ေယာက္ ျဖစ္လာဖို႔ ဆႏၵလည္း ရိွေနပါတယ္။

https://www.instagram.com/p/Bw7MF0yAnHZ/

ဒီပရဟိတေတြ လုပ္တယ္ဆိုတာ ႏိုင္ငံေရးေလာကထဲကို ဆက္ႏြယ္သြားဖို႔ေတာ့ သူ မေတြးထားပါဘူး။ သူက လူေတြကို ကူညီခ်င္တယ္။ အထူးသျဖင့္ ကံအက်ိဳးေပး မေကာင္းရွာတဲ့လူေတြကိုေပါ့။ သူ ပိုင္ဆိုင္ထားၿပီး ေရာက္ရိွေနတဲ့ေနရာကေန သူ႔ရဲ႕က်ယ္ျပန္႔တဲ့ ကြန္ယက္ကို သုံးၿပီး လူေတြရဲ႕ဘ၀ကို ကူညီခ်င္တာပါ။ ဂီတေလာကထဲမွာ သူလုပ္ႏိုင္သမွ်ဟာ ဒီလိုလူေတြကို ျပန္ၿပီးကူညီႏိုင္ေစတယ္လို႔ သူကေတာ့ ေတြးပါတယ္”လို႔ ဆိုပါတယ္။

https://www.instagram.com/p/BtxEL1EgbYa/

Selena ဟာ မၾကာေသးခင္ ဇူလိုင္လ(၂၂)ရက္ေန႔ကမွ အသက္(၂၇)ႏွစ္ ျပည့္သြားတာျဖစ္ၿပီး ေမြးေန႔ကို သူမရဲ႕ ခ်စ္ခင္ရတဲ့ သူငယ္ခ်င္း၊ မိတ္ေဆြေတြနဲ႔ အီတလီႏိုင္ငံက ေရာမၿမိဳ႕မွာ ေပ်ာ္ေပ်ာ္ပါးပါး က်င္းပဆင္ႏႊဲခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သူမ ယုံၾကည္ထားတဲ့ ဘ၀ပုံစံမ်ိဳးနဲ႔ပဲ ေန႔ရက္တိုင္းကို တန္ဖိုးထား ျဖတ္သန္းသြားမွာျဖစ္ၿပီး ဘယ္သူ႔ရဲ႕ေပတံေတြနဲ႔ တိုင္းတာတဲ့ပုံစံမ်ိဳးနဲ႔မွ ေနထိုင္သြားမွာ မဟုတ္ဘူးလို႔ ဆိုထားပါတယ္။ လက္ရိွမွာလည္း ဂီတအလုပ္ေတြနဲ႔ လုံးပန္းေနၿပီး အားတဲ့အခ်ိန္ေတြမွာ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ကုန္ဆုံးေနတဲ့အတြက္ ခ်စ္သူရည္းစားထားဖို႔ကိစၥကိုလည္း သိပ္ၿပီးစိတ္မ၀င္စားေသးပါဘူးလို႔ အတြင္းသတင္းမ်ားအရ သိရပါတယ္။

Xei

Ref: hollywoodlife

(Unicode Version)

Selena Gomez ဟာ ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ထွန်းလာစေဖို့ ယခင်က သူမ လုပ်ခဲ့ဖူးတဲ့ ပရဟိတအလုပ်တွေထက်ပိုတဲ့ အရာတွေကို ပြုလုပ်ဖို့ ဆန္ဒရှိနေပါတယ်။ သူမ ပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေနဲ့ လူတွေကို ကူညီချင်တယ်လို့လည်း သိရပါတယ်။

ပရဟိတအလုပ်တွေနဲ့ ပတ်သက်ရင် Selena Gomez ဟာလည်း ချီးမွမ်းလောက်တဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ အသက်အငယ်ဆုံး ချစ်ကြည်ရေးသံတမန်အဖြစ် UNICEF က ခန့်အပ်ခြင်းခံရတဲ့ မိန်းမငယ်တစ်ယောက်ဖြစ်သလို ဆေးရုံတွေပေါ်မှာ ဝေဒနာခံစားနေရတဲ့ လူနာကလေးငယ်တွေဆီ မကြာခဏ surprise အနေနဲ့ သွားရောက်လည်ပတ်၊ အားပေးတတ်တယ်လို့ နာမည်ကြီးသူလေးလည်း ဖြစ်ပါတယ်။

https://www.instagram.com/p/BnT3cdNgM3c/

Selena ဟာ သူမရဲ့ဂီတနဲ့သရုပ်ဆောင်အလုပ်တွေအပြင် အခြားသူတွေရဲ့ဘဝတွေကို အလင်းပေးဖို့အတွက် စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ Selena နဲ့ အတွင်းလူတစ်ယောက်က Hollywood Life ဝက်ဘ်ဆိုဒ်ကို ပြောကြားချက်အရ Selena လုပ်ချင်နေတဲ့ ပရဟိတပုံစံတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

“Selena က ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ ဂီတတွေအပြင် အခြားအရာတွေကိုလည်း စိတ်ဝင်စားပါသေးတယ်။ သူက ဒီအနုပညာလောကထဲက ဘယ်တော့မှ ထွက်ခွာမှာ မဟုတ်ပေမယ့် သူ့ဘဝအတွက် စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်မယ့်အရာတွေကို ရှာဖွေချင်နေသူပါ။ သီချင်းကောင်းတစ်ပုဒ်၊ သိပ်မိုက်တဲ့ ဇာတ်ကောင်တစ်ခုက သူ့ရဲ့နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းနိုင်သလိုပဲ တစ်ဖက်မှာလည်း ပရဟိတအလုပ်တွေကို ပိုပြီးခုံမင်လာပုံ ရပါတယ်။ သူပိုင်ဆိုင်ထားတဲ့အသံနဲ့ စွမ်းအားတွေ စုပေါင်းပြီး လူတွေအပေါ် တကယ်အကျိုးသက်ရောက်မှု ရှိစေမယ့် ပရဟိတမျိုးတွေကို စိတ်ဝင်စားနေပါတယ်။ အဲ့ဒါတွေကို တကယ်လုပ်နိုင်နေတဲ့ Angelina Jolie တို့ Oprah Winfrey တို့လို အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့ ဆန္ဒလည်း ရှိနေပါတယ်။

https://www.instagram.com/p/Bw7MF0yAnHZ/

ဒီပရဟိတတွေ လုပ်တယ်ဆိုတာ နိုင်ငံရေးလောကထဲကို ဆက်နွယ်သွားဖို့တော့ သူ မတွေးထားပါဘူး။ သူက လူတွေကို ကူညီချင်တယ်။ အထူးသဖြင့် ကံအကျိုးပေး မကောင်းရှာတဲ့လူတွေကိုပေါ့။ သူ ပိုင်ဆိုင်ထားပြီး ရောက်ရှိနေတဲ့နေရာကနေ သူ့ရဲ့ကျယ်ပြန့်တဲ့ ကွန်ယက်ကို သုံးပြီး လူတွေရဲ့ဘဝကို ကူညီချင်တာပါ။ ဂီတလောကထဲမှာ သူလုပ်နိုင်သမျှဟာ ဒီလိုလူတွေကို ပြန်ပြီးကူညီနိုင်စေတယ်လို့ သူကတော့ တွေးပါတယ်”လို့ ဆိုပါတယ်။

https://www.instagram.com/p/BtxEL1EgbYa/

Selena ဟာ မကြာသေးခင် ဇူလိုင်လ(၂၂)ရက်နေ့ကမှ အသက်(၂၇)နှစ် ပြည့်သွားတာဖြစ်ပြီး မွေးနေ့ကို သူမရဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အီတလီနိုင်ငံက ရောမမြို့မှာ ပျော်ပျော်ပါးပါး ကျင်းပဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူမ ယုံကြည်ထားတဲ့ ဘဝပုံစံမျိုးနဲ့ပဲ နေ့ရက်တိုင်းကို တန်ဖိုးထား ဖြတ်သန်းသွားမှာဖြစ်ပြီး ဘယ်သူ့ရဲ့ပေတံတွေနဲ့ တိုင်းတာတဲ့ပုံစံမျိုးနဲ့မှ နေထိုင်သွားမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ လက်ရှိမှာလည်း ဂီတအလုပ်တွေနဲ့ လုံးပန်းနေပြီး အားတဲ့အချိန်တွေမှာ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးနေတဲ့အတွက် ချစ်သူရည်းစားထားဖို့ကိစ္စကိုလည်း သိပ်ပြီးစိတ်မဝင်စားသေးပါဘူးလို့ အတွင်းသတင်းများအရ သိရပါတယ်။

Xei

Ref: hollywoodlife

RELATED ARTICLES

Most Popular