HomeCelebs Update NewsInternationalအဆက်ဟောင်းတိုင်းက သူမကို အရူးလို့ထင်နေကြတယ်လို့ ရင်ဖွင့်လာတဲ့ Selena Gomez

အဆက်ဟောင်းတိုင်းက သူမကို အရူးလို့ထင်နေကြတယ်လို့ ရင်ဖွင့်လာတဲ့ Selena Gomez

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Selena Gomez ဟာ သူမရဲ့အဆက်ဟောင်းတွေအကြောင်းနဲ့ သူမ ကြုံခဲ့ရဖူးတဲ့ အချစ်ရေးတွေရဲ့အကြောင်းကို အင်တာဗျူးတစ်ခုမှာ ပွင့်ပွင့်လင်းလင်း ပြောပြထားပါတယ်။

နာမည်ကျော် အဆိုတော် Selena Gomez ဟာ မိတ်ကပ်ပညာရှင် Nikkie de Jager နဲ့ စက်တင်ဘာလ(၆)ရက်နေ့က ပြုလုပ်ထားတဲ့ အင်တာဗျူးမှာ သူမရဲ့ပုဂ္ဂိုလ်ရေးဘဝအကြောင်းကို မခြွင်းမချန် ပြောပြထားပါတယ်။ သူမရဲ့ကိုယ်ပိုင်အလှကုန်ဖြစ်တဲ့ Rare Beauty ရဲ့ ပစ္စည်းမိတ်ဆက်အကြောင်းကို ပြောရင်းနဲ့ သူမရဲ့အချစ်ရေးမှာ တွဲခဲ့ဖူးသမျှ အဆက်ဟောင်းတိုင်းက သူမကို ရူးနေတယ်လို့ ထင်ကြတဲ့အကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။

Photo: selenagomez/ Instagram

Selena နဲ့ တွဲခဲ့ဖူးတဲ့ နာမည်ကျော် အဆက်ဟောင်းများကတော့ Justin Beiber ၊ The Weeknd ၊ Nick Jonas တို့ဖြစ်ပြီး အရင်က တွဲဖူးတယ်လို့ သတင်းထွက်ဖူးသူတွေကတော့ Orlando Bloom နဲ့ Niall Horan တို့ ဖြစ်ပါတယ်။

Selena နဲ့ Nikkie တို့ရဲ့ စကားဝိုင်းမှာ Selena က သူမရဲ့မိတ်ကပ်ဆရာ Hung Vanngo ရဲ့လက်စွမ်းကို အမွှမ်းတင်ရာက အချစ်ရေးဘက်ကို ရောက်သွားတာ ဖြစ်ပါတယ်။ “ကျွန်မ မင်္ဂလာဆောင်ရင် မိတ်ကပ်လိမ်းပေးရမယ့်သူက သူပဲ။ ဒါပေမယ့် အဲ့ဒါကလည်း ဖြစ်လာမှာကို မဟုတ်ပါဘူး… ” လို့ဆိုပြီး ကိုဗစ်ကာလမှာ ချစ်သူထားဖို့တောင် မလွယ်တဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်။

Photo: selenagomez/ Instagram

“ကွာရန်တင်း လုပ်နေရတဲ့ကာလမှာ ချစ်သူထားဖို့ဆိုတာ မလွယ်ပါဘူး။ အဲ့လိုပြောလို့လည်း စျေးဗန်းခင်းတယ်လို့ မထင်စေချင်ပါဘူး။ ကျွန်မက အဲ့လိုမျိုးတွေ ပြောမိရင် လူတွေက ကျွန်မ ရည်းစားလိုချင်တယ်လို့ ထင်သွားတတ်ကြတယ်။ တကယ်တော့ ကျွန်မက တကယ်ကြီး ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး။ ယောက်ျားတွေနဲ့ ပတ်သက်ဖို့ဆိုတာ အားထုတ်ရတာတွေ များပါတယ်…  ” လို့ Selena က ဆိုပါတယ်။

“ကျွန်မတွဲဖူးသမျှ အဆက်ဟောင်းတွေအားလုံးက ကျွန်မကို ရူးနေတယ်လို့ ထင်နေကြတာ။ ကျွန်မကလည်း ဂရုမစိုက်ပါဘူး… ” လို့ Selena က ရင်ဖွင့်ထားပါတယ်။

Photo: selenagomez/ Instagram

Selena အနေနဲ့ သူမရဲ့အတိတ်က အချစ်ရေးအကြောင်းကို အခုလို ဖွင့်ဟလာတာဟာ ပရိသတ်တွေအတွက်တော့ အံ့ဩစရာ ဖြစ်ပါတယ်။ သူမဟာ ယခင်တုန်းကဆိုရင် သူမရဲ့အချစ်ရေးအကြောင်းကို သိပ်ပြီးထုတ်ပြောလေ့ မရှိသူ ဖြစ်လို့ပါပဲ။ သူမ တွဲဖူးသမျှ ချစ်သူတွေထဲမှာ တွဲလိုက် ပြတ်လိုက်နဲ့ သက်တမ်းအကြာဆုံး တွဲဖူးသူကတော့ Justin Bieber ဖြစ်ပြီး ၂၀၁၀ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ ကြာမြင့်ခဲ့တာပါ။

သူမနဲ့ JB ရဲ့ အချစ်ရေးမှာတော့ နှစ်ဘက်လုံးက သူတို့ရဲ့ခံစားချက်တေွကို သီချင်းအဖြစ် ဖန်တီးထုတ်လုပ်ရာမှာ music chart တွေမှာလည်း အသီးသီး ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ကြပါတယ်။ Selena ရဲ့ JB အကြောင်း ခံစားရေးဖွဲ့ သီဆိုထားတဲ့ သီချင်းတွေကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Heart Wants What It Wants နဲ့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lose You To Love Me တို့ ဖြစ်ပါတယ်။

Photo: selenagomez/ Instagram

Selena ဟာ JB နဲ့ တွဲလိုက် ပြတ်လိုက် လုပ်နေတဲ့ကာလမှာ The Weeknd နဲ့ တွဲပြီးတော့လည်း JB နဲ့ဇာတ်လမ်းဖြတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ The Weeknd နဲ့ Selena တို့ကို ပထမဆုံး အတူတူ တွဲတွေ့ရတဲ့အချိန်ကတော့ ၂၀၁၇ခုနှစ် ဇန်နဝါရီလမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Met Gala ပွဲကိုတောင် စုံတွဲတက်ပြီး အတူတူ ပျော်ရွှင်ခဲ့ကြပါသေးတယ်။ ဒီလိုနဲ့ Selena တစ်ယောက် ရောဂါကြောင့် ကျောက်ကပ်လဲဖို့ ဖြစ်လာတဲ့အချိန်မှာလည်း The Weeknd ဟာ ဘေးနားကနေ အားပေးကူညီပေးခဲ့ပါသေးတယ်။ သို့ပေမယ့်လည်း ဆယ်လကျော်လောက် တွဲပြီးချိန်မှာတော့ စိတ်မကောင်းစရာကောင်းစွာပဲ လမ်းခွဲကြရပါတယ်။

Selena နဲ့ မင်းသားချော Orlando Bloom တို့ကတော့ ၂၀၁၄ခုနှစ်မှာ ပထမဆုံး ကောလာဟလ ထွက်ခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ်မှာလည်း လက်စ်ဗေးဂက်စ်က နိုက်ကလပ်တစ်ခုမှာ ပျော်ရွှင်နေကြတာကို မြင်တွေ့ခဲ့ရတာကြောင့် ထပ်မံသတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအတိုင်းအတာလောက်နဲ့ပဲ ပြီးသွားပြီး ရှေ့ဆက် အရှိန်တက်လာတာမျိုးကိုတော့ မတွေ့ခဲ့ကြရပါဘူး။

Photo: selenagomez/ Instagram

Niall Horan နဲ့ ကိစ္စမှာတော့ သူတို့နှစ်ဦးဟာ နှစ်ပေါင်းများစွာ သူငယ်ချင်းတွေအဖြစ် ခင်မင်ရင်းနှီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ သို့ပေမယ့် သူတို့နှစ်ဦးရဲ့ ပရိသတ်တွေကတော့ သူတို့ကိုတွဲစေချင်လို့ ဝိုင်း ship ကြတာနဲ့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို တွဲနေတယ်ဆိုပြီး ကောလာဟလတွေ ထွက်ခဲ့ပေမယ့် နှစ်ဘက်စလုံးက သူငယ်ချင်းတွေပါဆိုပြီး အကြိမ်ကြိမ် ငြင်းပယ်ခဲ့ကြပါတယ်။

Nick Jonas တွဲခဲ့ဖူးတာကတော့ ၂၀၀၈ခုနှစ်မှာ ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်ဟာ Nick Jonas တစ်ယောက် Miley Cyrus နဲ့ ပြတ်ကာစအချိန်ဖြစ်ပြီး Selena နဲ့ လပေါင်းအတော်ကြာ တွဲခဲ့ကြတာပါ။ ဒီလိုနဲ့ ၂၀၀၉ခုနှစ်မှာ လမ်းခွဲခဲ့ကြပြီး ၂၀၁၀ခုနှစ်မှာ ပြန်လည်ရင်ကြားစေ့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။

Photo: selenagomez/ Instagram

လတ်တလောမှာတော့ Selena တစ်ယောက်ဟာ ချစ်သူထားချိန်မရှိဘဲ စားဖိုမှူးကြီးအဖြစ်နဲ့ အလုပ်တွေ များနေပါတယ်။ သူမဟာ HBO Max နဲ့ ပူးပေါင်းပြီး Selena + Chef ဆိုတဲ့ အစီအစဉ်ကို ထုတ်လွှင့်နေသလို သူမရဲ့ကိုယ်ပိုင် အလှကုန်ဖြစ်တဲ့ Rare Beauty အတွက်လည်း အလုပ်တွေ အများကြီး လုပ်နေတာကို တွေ့ရပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Selena Gomez ဟာ သူမရဲ႕အဆက္ေဟာင္းေတြအေၾကာင္းနဲ႔ သူမ ႀကဳံခဲ့ရဖူးတဲ့ အခ်စ္ေရးေတြရဲ႕အေၾကာင္းကို အင္တာဗ်ဴးတစ္ခုမွာ ပြင့္ပြင့္လင္းလင္း ေျပာျပထားပါတယ္။

နာမည္ေက်ာ္ အဆိုေတာ္ Selena Gomez ဟာ မိတ္ကပ္ပညာရွင္ Nikkie de Jager နဲ႔ စက္တင္ဘာလ(၆)ရက္ေန႔က ျပဳလုပ္ထားတဲ့ အင္တာဗ်ဴးမွာ သူမရဲ႕ပုဂၢိဳလ္ေရးဘဝအေၾကာင္းကို မႁခြင္းမခ်န္ ေျပာျပထားပါတယ္။ သူမရဲ႕ကိုယ္ပိုင္အလွကုန္ျဖစ္တဲ့ Rare Beauty ရဲ႕ ပစၥည္းမိတ္ဆက္အေၾကာင္းကို ေျပာရင္းနဲ႔ သူမရဲ႕အခ်စ္ေရးမွာ တြဲခဲ့ဖူးသမွ် အဆက္ေဟာင္းတိုင္းက သူမကို ႐ူးေနတယ္လို႔ ထင္ၾကတဲ့အေၾကာင္း ရင္ဖြင့္လာခဲ့ပါတယ္။

Photo: selenagomez/ Instagram

Selena နဲ႔ တြဲခဲ့ဖူးတဲ့ နာမည္ေက်ာ္ အဆက္ေဟာင္းမ်ားကေတာ့ Justin Beiber ၊ The Weeknd ၊ Nick Jonas တို႔ျဖစ္ၿပီး အရင္က တြဲဖူးတယ္လို႔ သတင္းထြက္ဖူးသူေတြကေတာ့ Orlando Bloom နဲ႔ Niall Horan တို႔ ျဖစ္ပါတယ္။

Selena နဲ႔ Nikkie တို႔ရဲ႕ စကားဝိုင္းမွာ Selena က သူမရဲ႕မိတ္ကပ္ဆရာ Hung Vanngo ရဲ႕လက္စြမ္းကို အမႊမ္းတင္ရာက အခ်စ္ေရးဘက္ကို ေရာက္သြားတာ ျဖစ္ပါတယ္။ “ကြၽန္မ မဂၤလာေဆာင္ရင္ မိတ္ကပ္လိမ္းေပးရမယ့္သူက သူပဲ။ ဒါေပမယ့္ အဲ့ဒါကလည္း ျဖစ္လာမွာကို မဟုတ္ပါဘူး… ” လို႔ဆိုၿပီး ကိုဗစ္ကာလမွာ ခ်စ္သူထားဖို႔ေတာင္ မလြယ္တဲ့အေၾကာင္းကို ေျပာျပထားတာ ျဖစ္ပါတယ္။

Photo: selenagomez/ Instagram

“ကြာရန္တင္း လုပ္ေနရတဲ့ကာလမွာ ခ်စ္သူထားဖို႔ဆိုတာ မလြယ္ပါဘူး။ အဲ့လိုေျပာလို႔လည္း ေစ်းဗန္းခင္းတယ္လို႔ မထင္ေစခ်င္ပါဘူး။ ကြၽန္မက အဲ့လိုမ်ိဳးေတြ ေျပာမိရင္ လူေတြက ကြၽန္မ ရည္းစားလိုခ်င္တယ္လို႔ ထင္သြားတတ္ၾကတယ္။ တကယ္ေတာ့ ကြၽန္မက တကယ္ႀကီး ရည္႐ြယ္ၿပီး ေျပာတာမဟုတ္ပါဘူး။ ေယာက္်ားေတြနဲ႔ ပတ္သက္ဖို႔ဆိုတာ အားထုတ္ရတာေတြ မ်ားပါတယ္…  ” လို႔ Selena က ဆိုပါတယ္။

“ကြၽန္မတြဲဖူးသမွ် အဆက္ေဟာင္းေတြအားလုံးက ကြၽန္မကို ႐ူးေနတယ္လို႔ ထင္ေနၾကတာ။ ကြၽန္မကလည္း ဂ႐ုမစိုက္ပါဘူး… ” လို႔ Selena က ရင္ဖြင့္ထားပါတယ္။

Photo: selenagomez/ Instagram

Selena အေနနဲ႔ သူမရဲ႕အတိတ္က အခ်စ္ေရးအေၾကာင္းကို အခုလို ဖြင့္ဟလာတာဟာ ပရိသတ္ေတြအတြက္ေတာ့ အံ့ဩစရာ ျဖစ္ပါတယ္။ သူမဟာ ယခင္တုန္းကဆိုရင္ သူမရဲ႕အခ်စ္ေရးအေၾကာင္းကို သိပ္ၿပီးထုတ္ေျပာေလ့ မရွိသူ ျဖစ္လို႔ပါပဲ။ သူမ တြဲဖူးသမွ် ခ်စ္သူေတြထဲမွာ တြဲလိုက္ ျပတ္လိုက္နဲ႔ သက္တမ္းအၾကာဆုံး တြဲဖူးသူကေတာ့ Justin Bieber ျဖစ္ၿပီး ၂၀၁၀ခုႏွစ္ကေန ၂၀၁၈ခုႏွစ္အထိ ၾကာျမင့္ခဲ့တာပါ။

သူမနဲ႔ JB ရဲ႕ အခ်စ္ေရးမွာေတာ့ ႏွစ္ဘက္လုံးက သူတို႔ရဲ႕ခံစားခ်က္ေတြကို သီခ်င္းအျဖစ္ ဖန္တီးထုတ္လုပ္ရာမွာ music chart ေတြမွာလည္း အသီးသီး ထိပ္ဆုံးေနရာမွာ ရပ္တည္ခဲ့ၾကပါတယ္။ Selena ရဲ႕ JB အေၾကာင္း ခံစားေရးဖြဲ႕ သီဆိုထားတဲ့ သီခ်င္းေတြကေတာ့ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Heart Wants What It Wants နဲ႔ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Lose You To Love Me တို႔ ျဖစ္ပါတယ္။

Photo: selenagomez/ Instagram

Selena ဟာ JB နဲ႔ တြဲလိုက္ ျပတ္လိုက္ လုပ္ေနတဲ့ကာလမွာ The Weeknd နဲ႔ တြဲၿပီးေတာ့လည္း JB နဲ႔ဇာတ္လမ္းျဖတ္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ The Weeknd နဲ႔ Selena တို႔ကို ပထမဆုံး အတူတူ တြဲေတြ႕ရတဲ့အခ်ိန္ကေတာ့ ၂၀၁၇ခုႏွစ္ ဇန္နဝါရီလမွာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ Met Gala ပြဲကိုေတာင္ စုံတြဲတက္ၿပီး အတူတူ ေပ်ာ္႐ႊင္ခဲ့ၾကပါေသးတယ္။ ဒီလိုနဲ႔ Selena တစ္ေယာက္ ေရာဂါေၾကာင့္ ေက်ာက္ကပ္လဲဖို႔ ျဖစ္လာတဲ့အခ်ိန္မွာလည္း The Weeknd ဟာ ေဘးနားကေန အားေပးကူညီေပးခဲ့ပါေသးတယ္။ သို႔ေပမယ့္လည္း ဆယ္လေက်ာ္ေလာက္ တြဲၿပီးခ်ိန္မွာေတာ့ စိတ္မေကာင္းစရာေကာင္းစြာပဲ လမ္းခြဲၾကရပါတယ္။

Selena နဲ႔ မင္းသားေခ်ာ Orlando Bloom တို႔ကေတာ့ ၂၀၁၄ခုႏွစ္မွာ ပထမဆုံး ေကာလာဟလ ထြက္ခဲ့တာျဖစ္ၿပီး ၂၀၁၆ခုႏွစ္မွာလည္း လက္စ္ေဗးဂက္စ္က ႏိုက္ကလပ္တစ္ခုမွာ ေပ်ာ္႐ႊင္ေနၾကတာကို ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ထပ္မံသတင္းထြက္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီအတိုင္းအတာေလာက္နဲ႔ပဲ ၿပီးသြားၿပီး ေရွ႕ဆက္ အရွိန္တက္လာတာမ်ိဳးကိုေတာ့ မေတြ႕ခဲ့ၾကရပါဘူး။

Photo: selenagomez/ Instagram

Niall Horan နဲ႔ ကိစၥမွာေတာ့ သူတို႔ႏွစ္ဦးဟာ ႏွစ္ေပါင္းမ်ားစြာ သူငယ္ခ်င္းေတြအျဖစ္ ခင္မင္ရင္းႏွီးခဲ့ၾကသူေတြ ျဖစ္ပါတယ္။ သို႔ေပမယ့္ သူတို႔ႏွစ္ဦးရဲ႕ ပရိသတ္ေတြကေတာ့ သူတို႔ကိုတြဲေစခ်င္လို႔ ဝိုင္း ship ၾကတာနဲ႔ သတင္းေတြ ထြက္ခဲ့တာ ျဖစ္ပါတယ္။ သူတို႔ကို တြဲေနတယ္ဆိုၿပီး ေကာလာဟလေတြ ထြက္ခဲ့ေပမယ့္ ႏွစ္ဘက္စလုံးက သူငယ္ခ်င္းေတြပါဆိုၿပီး အႀကိမ္ႀကိမ္ ျငင္းပယ္ခဲ့ၾကပါတယ္။

Nick Jonas တြဲခဲ့ဖူးတာကေတာ့ ၂၀၀၈ခုႏွစ္မွာ ျဖစ္ပါတယ္။ အဲ့ဒီ့အခ်ိန္ဟာ Nick Jonas တစ္ေယာက္ Miley Cyrus နဲ႔ ျပတ္ကာစအခ်ိန္ျဖစ္ၿပီး Selena နဲ႔ လေပါင္းအေတာ္ၾကာ တြဲခဲ့ၾကတာပါ။ ဒီလိုနဲ႔ ၂၀၀၉ခုႏွစ္မွာ လမ္းခြဲခဲ့ၾကၿပီး ၂၀၁၀ခုႏွစ္မွာ ျပန္လည္ရင္ၾကားေစ့ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ၾကပါဘူး။

Photo: selenagomez/ Instagram

လတ္တေလာမွာေတာ့ Selena တစ္ေယာက္ဟာ ခ်စ္သူထားခ်ိန္မရွိဘဲ စားဖိုမႉးႀကီးအျဖစ္နဲ႔ အလုပ္ေတြ မ်ားေနပါတယ္။ သူမဟာ HBO Max နဲ႔ ပူးေပါင္းၿပီး Selena + Chef ဆိုတဲ့ အစီအစဥ္ကို ထုတ္လႊင့္ေနသလို သူမရဲ႕ကိုယ္ပိုင္ အလွကုန္ျဖစ္တဲ့ Rare Beauty အတြက္လည္း အလုပ္ေတြ အမ်ားႀကီး လုပ္ေနတာကို ေတြ႕ရပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular