HomeCelebs Update NewsInternationalထွက်ရှိတာ နာရီပိုင်းပဲရှိသေးတဲ့ Selena Gomez ရဲ့သီချင်းအသစ် Look At Her Now

ထွက်ရှိတာ နာရီပိုင်းပဲရှိသေးတဲ့ Selena Gomez ရဲ့သီချင်းအသစ် Look At Her Now

သီချင်းအသစ်တွေ မထွက်ဘဲ အတန်ငယ် ငြိမ်နေခဲ့တဲ့ Selena Gomez တစ်ယောက်ကတော့ ပြန်လည်နိုးကြားလာခဲ့ပါပြီ။ ယနေ့ အောက်တိုဘာလ(၂၄)ရက်နေ့ရဲ့ လွန်ခဲ့တဲ့နာရီပိုင်းလောက်ကမှ သီချင်းအသစ်တစ်ပုဒ်ကို ထုတ်လွှင့်လိုက်ပါတယ်။

သီချင်းအမည်ကတော့ Look At Her Now လို့ အမည်ပေးထားပါတယ်။ ဒီသီချင်းဟာ အနာတရဖြစ်စေတဲ့ အချစ်ရေးကနေ လွတ်မြောက်လာပြီး စိတ်ဓာတ်မာကြောတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဆက်လက်ကြံ့ကြံ့ခံသွားနိုင်တဲ့အကြောင်းကို သီဆိုထားတာပါ။

Photo: selenagomez/ Instagram

ဒါ့အပြင် ဒီသီချင်းဟာ မနေ့ကမှ ထွက်ရှိထားတဲ့ lead single “Lose You To Love Me” နဲ့ အကြောင်းအရာချင်း ဆက်စပ်နေပါသေးတယ်။ Look At Her Now MV ရဲ့ ထူးခြားချက်ကတော့ သီချင်းတစ်ပုဒ်လုံးကို iPhone နဲ့ ရိုက်ကူးထားတာဖြစ်ပြီး background vocals ကို အဆိုတော် Julia Michaels က သီဆိုပေးထားတာပါ။

လွန်ခဲ့တဲ့ လေးနာရီကျော် ငါးနာရီလောက်ကမှ ထွက်ရှိထားပေမယ့် လက်ရှိအချိန်မှာ ကြည့်ရှုနားဆင်သူပေါင်း (၁)သန်းကျော်သွားပြီ ဖြစ်ပါတယ်။ ဘယ်လိုရသအသစ်တွေ ရရှိမလည်းဆိုတာ ရှုစားနားဆင်လိုက်ပါဦး။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular