HomeCharacterCatwoman အကြောင်း လူသိပ်မသိသေးဘဲ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်များ

Catwoman အကြောင်း လူသိပ်မသိသေးဘဲ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Catwoman ဟာ ၁၉၄၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ Batman #1 ထဲမှာ စတင်ပြီးတော့ ကောမစ်လောကထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ သူမရဲ့ နာမည်အရင်းကတော့ Selina Kyle ဖြစ်ပြီးတော့ သူမဟာ ဟီးရိုးလည်း ဖြစ်ဖူးသလို ဗီလိန်လည်း ဖြစ်ဖူးပါတယ်။ သူမဟာလည်း Batman နဲ့ ဆက်စပ်နေတဲ့ နာမည်အကြီးဆုံးဇာတ်ကောင်တွေထဲက တစ်ယောက် ဖြစ်ပြီး ကောမစ်ထဲမှာဆိုရင် သူမနဲ့ Batman ဟာ မင်္ဂလာတောင် ဆောင်ခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ သင်မသိလောက်သေးတဲ့ Catwoman နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူမမှာ origin တွေ အများကြီး ရှိပါတယ်။
photo via cbr

သူမဟာ ကောမစ်တွေနဲ့ ရုပ်ရှင်တွေအများကြီး ပါဝင်ခဲ့ဖူးပြီး ဇာတ်လမ်းပေါ်မူတည်ကာ သူမရဲ့ origin တွေကလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ပထမဆုံးမှာတော့ Batman #1 ထဲမှာ စတင်ခဲ့ပြီး လက်ဝတ်ရတနာတွေကို ခိုးယူဖို့အတွက် အဖွားကြီးပုံစံမျိူး ဝတ်ဆင်ထားတဲ့ သူခိုးတစ်ယောက် ဆိုပြီးတော့ ပုံဖော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် ဆယ်နှစ်လောက်ကြာတဲ့အထိ သူမရဲ့ နောက်ကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘာကိုမှ မသိခဲ့ရပါဘူး။ အဲ့လိုနဲ့ Batman #62 ကို ရောက်တဲ့အချိန်မှာတော့ သူမဟာ လေယာဉ်ပျက်ကျမှုကြောင့် ခေါင်းထိသွားပြီး အတိတ်မေ့နေတဲ့ လေယာဉ်မယ်တစ်ယောက် ဆိုပြီးတော့ ဖော်ပြခဲ့ပါတယ်။ အဲ့လိုမျိူး အတိတ်မေ့သွားပြီးနောက်မှာမှ သူခိုးတစ်ယောက် ဖြစ်လာတာပါဆိုပြီး ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ၁၉၈၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ Brave and the Bold #197 ထဲမှာတော့ သူမရဲ့ origin ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့အမျိူးသားဖြစ်သူဟာ အရမ်းကို နှိပ်စက်အနိုင်ကျင့်တတ်သူ ဖြစ်တာကြောင့် သူ့ရဲ့အမျိူးသားဆီကနေ ထွက်ပြေးခဲ့ပါတယ်။ ထွက်မပြေးခင်မှာ သူမအမျိူးသားရဲ့ မီးခံသေတ္တာထဲမှာရှိတဲ့ သူ့ရဲ့လက်ဝတ်ရတနာတွေကို ခိုးယူခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အဲ့လိုမျိူး ခိုးယူရတဲ့ ခံစားချက်ကို ကြိုက်နှစ်သက်သွားကြောင့် အခုလိုမျိူး သူခိုးတစ်ယောက် ဖြစ်လာတာပါလို့ ဖော်ပြခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ Batman: Year One ထဲမှာတော့ သူမဟာ အနိုင်ကျင့်နှိပ်စက်ခံထားရတဲ့ ပြည့်တန်ဆာတစ်ယောက်ဖြစ်ပြီး Batman ကြောင့်ပဲ ပြည့်တန်ဆာလုပ်ငန်းကို ဆက်လက်မပြုလုပ်တော့ပါဘူးလို့ ဖော်ပြထားပါတယ်။ ၁၉၉၂ ခုနှစ်မှာ ထွက်ထားတဲ့ Batman Return ထဲမှာတော့ သူမဟာ စီးပွားရေးသမားတစ်ယောက်ရဲ့ အတွင်းမှူးဖြစ်ပြီး တစ်နေ့မှာတော့ ပြတင်းပေါက်ကနေ တွန်းချခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ သေလုနီးပါးဖြစ်သွားပေမယ့်လည်း အသက်ရှင်သန်နိုင်ခဲ့ပြီး Catwoman ဖြစ်လာပါတယ်လို့ ဖော်ပြထားပါတယ်။

သူမဟာ ရာဇဝတ်မိသားစုတစ်ခုရဲ့ ခေါင်းဆောင်လည်း ဖြစ်ခဲ့ဖူးပါတယ်။
photo via cbr

ကောမစ်တစ်ခုထဲမှာတော့ သူမဟာ Calabrese ရာဇဝတ်မိသားစုရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ဖူးပါတယ်။ အကြောင်းကတော့ သူမဟာ Rex Calabrese ရဲ့ သမီးဖြစ်နေမှန်း သိလိုက်ရတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမဟာ Catwoman အဖြစ်ကို စွန့်လွှတ်ခဲ့ပြီး အဲ့ဒီမိသားစုရဲ့ ခေါင်းဆောင်အဖြစ် နေထိုင်ခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ သူမဟာ ဂေါ့သမ်မြို့မှာရှိတဲ့ ရာဇဝတ်မှုတွေအများစုကို ကြိုးကိုင်ခဲ့ပြီး ဂေါ့သမ်မြို့ရဲ့ မြေအောက်လောကမှာ ကျင်လည်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူမဟာ Black Mask တို့အဖွဲ့နဲ့ စစ်ဖြစ်ခဲ့ကြပြီး နောက်ထပ်ပြဿနာတွေ အများကြီး ကြုံတွေ့ကာ မာဖီယားအဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီး Catwoman အဖြစ်နဲ့ ပြန်လည်နေထိုင်ခဲ့ပါတယ်။

သူမဟာ နင်ဂျာတစ်ယောက်လည်း ဖြစ်ပါတယ်။
photo via cbr

တစ်ညမှာတော့ သူမဟာ ရတနာတွေ ခိုးယူနေတဲ့အချိန်မှာ နင်ဂျာတစ်ယောက်က နှောင့်ယှက်တာကို ခံခဲ့ရပါတယ်။ အဲ့ဒီနင်ဂျာကတော့ Kai လို့ခေါ်ပြီးတော့ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲမှာ Selina ဟာ အပြတ်အသက်ရှုံးနိမ့်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ Kai ရဲ့ dojo ကို လိုက်သွားခဲ့ပါတယ်။ အဲ့ဒီမှာတော့ dojo တည်ထောင်သူနဲ့ တွေ့ခဲ့ပြီး သူဟာ Selina ကို သဘောကျသွားတာကြောင့် သူမကို ကျောင်းသားအဖြစ် လက်ခံခဲ့ပါတယ်။

ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ သူမဟာ Kai ထပ်တော်တဲ့ နင်ဂျာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ Kai ကို သူတို့ရဲ့နင်ဂျာပညာရပ်နဲ့ ပတ်သက်ပြီး အရှက်ရအောင် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Kai ဟာ နင်ဂျာအဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီး Hellhound ဆိုတဲ့နာမည်နဲ့ ကြေးစားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အဲ့လိုမျိူးနင်ဂျာပညာရပ်ကို ကျွမ်းကျင်သွားတာတောင် မကျေနပ်ခဲ့ဘဲ သူမဟာ Justice Society of America ရဲ့ အဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်သူ Wildcat ဆီမှာ လက်ဝှေ့ပညာရပ်ကိုပါ သင်ယူခဲ့ပါတယ်။

သူမဟာ သမန်းကြောင်လည်း ဖြစ်ခဲ့ဖူးပါတယ်။
photo via cbr

Batman: Bloodstorm ဆိုတဲ့ ကောမစ်ထဲမှာတော့ Batman ဟာ ဒရာဂူလာကို အနိုင်ယူဖို့အတွက် သွေးစုပ်ဖုတ်ကောင် ဖြစ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် အဲ့ဒီကောမစ်ထဲမှာ Catwoman ရဲ့နောက်ထပ် ဗားရှင်းတစ်ခုဖြစ်တဲ့ ကြောင်တစ်ပိုင်းလူတစ်ပိုင်း Cat-Woman ဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ သွေးစုပ်ဖုတ်ကောင် ကိုက်တာခံလိုက်ရပြီး ကြောင်တစ်ပိုင်းလူတစ်ပိုင်း ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Batman နဲ့ Cat-Woman တို့ဟာ ပူးပေါင်းပြီးတော့ တစ်ခြားသွေးစုပ်ဖုတ်ကောင်တွေကို တိုက်ခိုက်ပါတော့တယ်။ ဒါ့အပြင် နောက်ဆုံးမှာတော့ အဲ့လိုမျိူး သွေးစုပ်ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုတွေဟာ Joker ကြိုးကိုင်ထားမှန်း သိလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ Joker ကို တိုက်ခိုက်ကြတဲ့အချိန်မှာတော့ Batman ကို ပစ်လိုက်တဲ့ မြားတစ်ချောင်းကို Cat-Woman ဟာ ကြားဝင်ခံလိုက်ပြီး အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

သူမဟာ Batman နဲ့လည်း လက်ထပ်ခဲ့ဖူးပါတယ်။
photo via cbr

Batman ဟာ သူမကို ရိုမာန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့အတွက် ဆုံးဖြတ်လိုက်ကြပါတယ်။ Batman #50 ထဲမှာတော့ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့အတွက် ပြင်ဆင်ပြီးတဲ့အချိန်မှာမှ Selina ဟာ စိတ်ပြောင်းသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ ရှင်းပြထားတဲ့ စာတစ်စောင်ကို Batman ဆီကို ပို့ပေးခဲ့ပါတယ်။

အဲ့လိုမျိူး လက်မထပ်ချင်တော့တဲ့ အကြောင်းကတော့ သူတို့နှစ်ယောက် လက်ထပ်လိုက်ရင် ဂေါ့သမ်မြို့က Batman ကို ဆုံးရှုံးသွားမှာ စိုးရိမ်လို့ပါ ဆိုပြီးတော့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ခေါင်မိုးပေါ်မှာ မျက်မြင်သက်သေနှစ်ယောက်နဲ့ အကျဉ်းချုံးလက်ထပ်ခဲ့ကြပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ Selina ဟာ ဘာကြောင့်စိတ်ပြောင်းသွားရတာလည်း ဆိုတာကို အများကြီး မဖော်ပြခဲ့တာကြောင့် ပရိသတ်အများစုကတော့ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။

DC ကောမစ်ရဲ့ နောက်ထပ် timeline တစ်ခုမှာတော့ Selina နဲ့ Bruce တို့ဟာ လက်ထပ်ခဲ့ရုံမကဘဲ ကလေးတစ်ယောက်ပါ မွေးဖွားခဲ့ပါတယ်။ အဲ့ဒီကလေးရဲ့ နာမည်ကတော့ Helena ဖြစ်ပြီးတော့ နောက်ပိုင်းမှာ Huntress ဆိုတဲ့ ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Huntress ဟာ Arrow နဲ့ Birds of Prey ထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း အဲ့ဒီထဲမှာတော့ Selina ရဲ့သမီးပါလို့ မဖော်ပြခဲ့ပါဘူး။

သူမဟာ ကောမစ်စည်းကမ်းတွေကြောင့် ပိတ်ပင်ခံခဲ့ရပါတယ်။
photo via cbr

၁၉၅၀ နှောင်းပိုင်းလောက်မှာ ကောမစ်တွေဟာ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ ကောမစ်စည်းမျဉ်းစည်းကမ်းတွေကြောင့် ပိတ်ပင်ခံခဲ့ရတာတွေလည်း ရှိပါတယ်။ အဲ့လိုမျိူး ပိတ်ပင်ခံခဲ့ရတဲ့အထဲမှာ Catwoman ဟာလည်း တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ အကြောင်းကတော့ သူမဟာ မရေမတွက်နိုင်လောက်တဲ့ ရာဇဝတ်မှုတွေအများကြီးကို ကျူးလွန်ခဲ့ပေမယ့်လည်း အဲ့ဒီရာဇဝတ်မှုတွေအတွက် ဘယ်တုန်းကမှ အပြစ်ပေးတာ မခံခဲ့ရပါဘူး။

ဒါ့အပြင် အဲ့လိုမျိူး ရာဇဝတ်မှုတွေ ကျူးလွန်တာကို လူတွေအမြင်မှာ အရမ်းမိုက်တယ်လို့ ခံစားရအောင် ပြုလုပ်ခဲ့တာကြောင့် သူမရဲ့ ကောမစ်တွေကို ဖတ်သူတွေကလည်း ရာဇဝတ်မှုတွေ ကျူးလွန်ရတာကို အားကျလာနိုင်ပါတယ်လို့ ယူဆခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲ့လိုအချက်တွေကြောင့်ပဲ သူမဟာ ပိတ်ပင်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးအကြိမ် ကောမစ်ထဲမှာ ပါဝင်ခဲ့တာက ၁၉၆၀ ခုနှစ်လောက်မှာဖြစ်ပြီး အဲ့ဒီအချိန်ကနေ အခုထိ ဘယ်ကောမစ်ထဲမှာမှ မပါဝင်တော့ပါဘူး။ အဲ့ဒါကြောင့်ပဲ DC  ဟာ သူမရဲ့နေရာမှာ တစ်ခြားဇာတ်ကောင်တွေနဲ့ အစားထိုးခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Catwoman ဟာ ၁၉၄၀ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Batman #1 ထဲမွာ စတင္ၿပီးေတာ့ ေကာမစ္ေလာကထဲကို ဝင္ေရာက္လာတာ ျဖစ္ပါတယ္။ သူမရဲ႕ နာမည္အရင္းကေတာ့ Selina Kyle ျဖစ္ၿပီးေတာ့ သူမဟာ ဟီး႐ိုးလည္း ျဖစ္ဖူးသလို ဗီလိန္လည္း ျဖစ္ဖူးပါတယ္။ သူမဟာလည္း Batman နဲ႔ ဆက္စပ္ေနတဲ့ နာမည္အႀကီးဆုံးဇာတ္ေကာင္ေတြထဲက တစ္ေယာက္ ျဖစ္ၿပီး ေကာမစ္ထဲမွာဆိုရင္ သူမနဲ႔ Batman ဟာ မဂၤလာေတာင္ ေဆာင္ခဲ့ဖူးပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ သင္မသိေလာက္ေသးတဲ့ Catwoman နဲ႔ ပတ္သက္တဲ့ အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူမမွာ origin ေတြ အမ်ားႀကီး ရွိပါတယ္။
photo via cbr

သူမဟာ ေကာမစ္ေတြနဲ႔ ႐ုပ္ရွင္ေတြအမ်ားႀကီး ပါဝင္ခဲ့ဖူးၿပီး ဇာတ္လမ္းေပၚမူတည္ကာ သူမရဲ႕ origin ေတြကလည္း ေျပာင္းလဲသြားခဲ့ပါတယ္။ ပထမဆုံးမွာေတာ့ Batman #1 ထဲမွာ စတင္ခဲ့ၿပီး လက္ဝတ္ရတနာေတြကို ခိုးယူဖို႔အတြက္ အဖြားႀကီးပုံစံမ်ိဴး ဝတ္ဆင္ထားတဲ့ သူခိုးတစ္ေယာက္ ဆိုၿပီးေတာ့ ပုံေဖာ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ထပ္ ဆယ္ႏွစ္ေလာက္ၾကာတဲ့အထိ သူမရဲ႕ ေနာက္ေၾကာင္းနဲ႔ ပတ္သက္ၿပီးေတာ့ ဘာကိုမွ မသိခဲ့ရပါဘူး။ အဲ့လိုနဲ႔ Batman #62 ကို ေရာက္တဲ့အခ်ိန္မွာေတာ့ သူမဟာ ေလယာဥ္ပ်က္က်မႈေၾကာင့္ ေခါင္းထိသြားၿပီး အတိတ္ေမ့ေနတဲ့ ေလယာဥ္မယ္တစ္ေယာက္ ဆိုၿပီးေတာ့ ေဖာ္ျပခဲ့ပါတယ္။ အဲ့လိုမ်ိဴး အတိတ္ေမ့သြားၿပီးေနာက္မွာမွ သူခိုးတစ္ေယာက္ ျဖစ္လာတာပါဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ၁၉၈၃ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Brave and the Bold #197 ထဲမွာေတာ့ သူမရဲ႕ origin ဟာ ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူ႔ရဲ႕အမ်ိဴးသားျဖစ္သူဟာ အရမ္းကို ႏွိပ္စက္အႏိုင္က်င့္တတ္သူ ျဖစ္တာေၾကာင့္ သူ႔ရဲ႕အမ်ိဴးသားဆီကေန ထြက္ေျပးခဲ့ပါတယ္။ ထြက္မေျပးခင္မွာ သူမအမ်ိဴးသားရဲ႕ မီးခံေသတၱာထဲမွာရွိတဲ့ သူ႔ရဲ႕လက္ဝတ္ရတနာေတြကို ခိုးယူခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ အဲ့လိုမ်ိဴး ခိုးယူရတဲ့ ခံစားခ်က္ကို ႀကိဳက္ႏွစ္သက္သြားေၾကာင့္ အခုလိုမ်ိဴး သူခိုးတစ္ေယာက္ ျဖစ္လာတာပါလို႔ ေဖာ္ျပခဲ့ပါတယ္။

၁၉၈၇ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Batman: Year One ထဲမွာေတာ့ သူမဟာ အႏိုင္က်င့္ႏွိပ္စက္ခံထားရတဲ့ ျပည့္တန္ဆာတစ္ေယာက္ျဖစ္ၿပီး Batman ေၾကာင့္ပဲ ျပည့္တန္ဆာလုပ္ငန္းကို ဆက္လက္မျပဳလုပ္ေတာ့ပါဘူးလို႔ ေဖာ္ျပထားပါတယ္။ ၁၉၉၂ ခုႏွစ္မွာ ထြက္ထားတဲ့ Batman Return ထဲမွာေတာ့ သူမဟာ စီးပြားေရးသမားတစ္ေယာက္ရဲ႕ အတြင္းမႉးျဖစ္ၿပီး တစ္ေန႔မွာေတာ့ ျပတင္းေပါက္ကေန တြန္းခ်ခံခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ေသလုနီးပါးျဖစ္သြားေပမယ့္လည္း အသက္ရွင္သန္ႏိုင္ခဲ့ၿပီး Catwoman ျဖစ္လာပါတယ္လို႔ ေဖာ္ျပထားပါတယ္။

သူမဟာ ရာဇဝတ္မိသားစုတစ္ခုရဲ႕ ေခါင္းေဆာင္လည္း ျဖစ္ခဲ့ဖူးပါတယ္။
photo via cbr

ေကာမစ္တစ္ခုထဲမွာေတာ့ သူမဟာ Calabrese ရာဇဝတ္မိသားစုရဲ႕ ေခါင္းေဆာင္ ျဖစ္ခဲ့ဖူးပါတယ္။ အေၾကာင္းကေတာ့ သူမဟာ Rex Calabrese ရဲ႕ သမီးျဖစ္ေနမွန္း သိလိုက္ရတာေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ Catwoman အျဖစ္ကို စြန႔္လႊတ္ခဲ့ၿပီး အဲ့ဒီမိသားစုရဲ႕ ေခါင္းေဆာင္အျဖစ္ ေနထိုင္ခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူမဟာ ေဂါ့သမ္ၿမိဳ႕မွာရွိတဲ့ ရာဇဝတ္မႈေတြအမ်ားစုကို ႀကိဳးကိုင္ခဲ့ၿပီး ေဂါ့သမ္ၿမိဳ႕ရဲ႕ ေျမေအာက္ေလာကမွာ က်င္လည္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူမဟာ Black Mask တို႔အဖြဲ႕နဲ႔ စစ္ျဖစ္ခဲ့ၾကၿပီး ေနာက္ထပ္ျပႆနာေတြ အမ်ားႀကီး ႀကဳံေတြ႕ကာ မာဖီယားအျဖစ္ကေန ႏႈတ္ထြက္ခဲ့ၿပီး Catwoman အျဖစ္နဲ႔ ျပန္လည္ေနထိုင္ခဲ့ပါတယ္။

သူမဟာ နင္ဂ်ာတစ္ေယာက္လည္း ျဖစ္ပါတယ္။
photo via cbr

တစ္ညမွာေတာ့ သူမဟာ ရတနာေတြ ခိုးယူေနတဲ့အခ်ိန္မွာ နင္ဂ်ာတစ္ေယာက္က ေႏွာင့္ယွက္တာကို ခံခဲ့ရပါတယ္။ အဲ့ဒီနင္ဂ်ာကေတာ့ Kai လို႔ေခၚၿပီးေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ တိုက္ပြဲမွာ Selina ဟာ အျပတ္အသက္ရႈံးနိမ့္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ Kai ရဲ႕ dojo ကို လိုက္သြားခဲ့ပါတယ္။ အဲ့ဒီမွာေတာ့ dojo တည္ေထာင္သူနဲ႔ ေတြ႕ခဲ့ၿပီး သူဟာ Selina ကို သေဘာက်သြားတာေၾကာင့္ သူမကို ေက်ာင္းသားအျဖစ္ လက္ခံခဲ့ပါတယ္။

ရက္သတၱပတ္အနည္းငယ္အတြင္းမွာပဲ သူမဟာ Kai ထပ္ေတာ္တဲ့ နင္ဂ်ာတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ Kai ကို သူတို႔ရဲ႕နင္ဂ်ာပညာရပ္နဲ႔ ပတ္သက္ၿပီး အရွက္ရေအာင္ ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Kai ဟာ နင္ဂ်ာအျဖစ္ကေန ႏႈတ္ထြက္ခဲ့ၿပီး Hellhound ဆိုတဲ့နာမည္နဲ႔ ေၾကးစားတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ အဲ့လိုမ်ိဴးနင္ဂ်ာပညာရပ္ကို ကြၽမ္းက်င္သြားတာေတာင္ မေက်နပ္ခဲ့ဘဲ သူမဟာ Justice Society of America ရဲ႕ အဖြဲ႕ဝင္ေဟာင္း တစ္ေယာက္ျဖစ္သူ Wildcat ဆီမွာ လက္ေဝွ႔ပညာရပ္ကိုပါ သင္ယူခဲ့ပါတယ္။

သူမဟာ သမန္းေၾကာင္လည္း ျဖစ္ခဲ့ဖူးပါတယ္။
photo via cbr

Batman: Bloodstorm ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ Batman ဟာ ဒရာဂူလာကို အႏိုင္ယူဖို႔အတြက္ ေသြးစုပ္ဖုတ္ေကာင္ ျဖစ္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ အဲ့ဒီေကာမစ္ထဲမွာ Catwoman ရဲ႕ေနာက္ထပ္ ဗားရွင္းတစ္ခုျဖစ္တဲ့ ေၾကာင္တစ္ပိုင္းလူတစ္ပိုင္း Cat-Woman ျဖစ္လာခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူမဟာ ေသြးစုပ္ဖုတ္ေကာင္ ကိုက္တာခံလိုက္ရၿပီး ေၾကာင္တစ္ပိုင္းလူတစ္ပိုင္း ျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Batman နဲ႔ Cat-Woman တို႔ဟာ ပူးေပါင္းၿပီးေတာ့ တစ္ျခားေသြးစုပ္ဖုတ္ေကာင္ေတြကို တိုက္ခိုက္ပါေတာ့တယ္။ ဒါ့အျပင္ ေနာက္ဆုံးမွာေတာ့ အဲ့လိုမ်ိဴး ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ တိုက္ခိုက္မႈေတြဟာ Joker ႀကိဳးကိုင္ထားမွန္း သိလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ Joker ကို တိုက္ခိုက္ၾကတဲ့အခ်ိန္မွာေတာ့ Batman ကို ပစ္လိုက္တဲ့ ျမားတစ္ေခ်ာင္းကို Cat-Woman ဟာ ၾကားဝင္ခံလိုက္ၿပီး အသက္ဆုံးရႈံးသြားခဲ့ပါတယ္။

သူမဟာ Batman နဲ႔လည္း လက္ထပ္ခဲ့ဖူးပါတယ္။
photo via cbr

Batman ဟာ သူမကို ႐ိုမာန္တစ္ဆန္ဆန္ လက္ထပ္ခြင့္ေတာင္းၿပီးေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ လက္ထပ္ဖို႔အတြက္ ဆုံးျဖတ္လိုက္ၾကပါတယ္။ Batman #50 ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ လက္ထပ္ဖို႔အတြက္ ျပင္ဆင္ၿပီးတဲ့အခ်ိန္မွာမွ Selina ဟာ စိတ္ေျပာင္းသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ရွင္းျပထားတဲ့ စာတစ္ေစာင္ကို Batman ဆီကို ပို႔ေပးခဲ့ပါတယ္။

အဲ့လိုမ်ိဴး လက္မထပ္ခ်င္ေတာ့တဲ့ အေၾကာင္းကေတာ့ သူတို႔ႏွစ္ေယာက္ လက္ထပ္လိုက္ရင္ ေဂါ့သမ္ၿမိဳ႕က Batman ကို ဆုံးရႈံးသြားမွာ စိုးရိမ္လို႔ပါ ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ေခါင္မိုးေပၚမွာ မ်က္ျမင္သက္ေသႏွစ္ေယာက္နဲ႔ အက်ဥ္းခ်ဳံးလက္ထပ္ခဲ့ၾကပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္ပဲ Selina ဟာ ဘာေၾကာင့္စိတ္ေျပာင္းသြားရတာလည္း ဆိုတာကို အမ်ားႀကီး မေဖာ္ျပခဲ့တာေၾကာင့္ ပရိသတ္အမ်ားစုကေတာ့ မေက်မနပ္ျဖစ္ခဲ့ၾကပါတယ္။

DC ေကာမစ္ရဲ႕ ေနာက္ထပ္ timeline တစ္ခုမွာေတာ့ Selina နဲ႔ Bruce တို႔ဟာ လက္ထပ္ခဲ့႐ုံမကဘဲ ကေလးတစ္ေယာက္ပါ ေမြးဖြားခဲ့ပါတယ္။ အဲ့ဒီကေလးရဲ႕ နာမည္ကေတာ့ Helena ျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာ Huntress ဆိုတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ Huntress ဟာ Arrow နဲ႔ Birds of Prey ထဲမွာ ပါဝင္ခဲ့ေပမယ့္လည္း အဲ့ဒီထဲမွာေတာ့ Selina ရဲ႕သမီးပါလို႔ မေဖာ္ျပခဲ့ပါဘူး။

သူမဟာ ေကာမစ္စည္းကမ္းေတြေၾကာင့္ ပိတ္ပင္ခံခဲ့ရပါတယ္။
photo via cbr

၁၉၅၀ ေႏွာင္းပိုင္းေလာက္မွာ ေကာမစ္ေတြဟာ အခက္အခဲေတြ အမ်ားႀကီး ႀကဳံေတြ႕ခဲ့ရပါတယ္။ အဲ့ဒီထဲက တစ္ခုကေတာ့ ေကာမစ္စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ ပိတ္ပင္ခံခဲ့ရတာေတြလည္း ရွိပါတယ္။ အဲ့လိုမ်ိဴး ပိတ္ပင္ခံခဲ့ရတဲ့အထဲမွာ Catwoman ဟာလည္း တစ္ေယာက္ အပါအဝင္ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူမဟာ မေရမတြက္ႏိုင္ေလာက္တဲ့ ရာဇဝတ္မႈေတြအမ်ားႀကီးကို က်ဴးလြန္ခဲ့ေပမယ့္လည္း အဲ့ဒီရာဇဝတ္မႈေတြအတြက္ ဘယ္တုန္းကမွ အျပစ္ေပးတာ မခံခဲ့ရပါဘူး။

ဒါ့အျပင္ အဲ့လိုမ်ိဴး ရာဇဝတ္မႈေတြ က်ဴးလြန္တာကို လူေတြအျမင္မွာ အရမ္းမိုက္တယ္လို႔ ခံစားရေအာင္ ျပဳလုပ္ခဲ့တာေၾကာင့္ သူမရဲ႕ ေကာမစ္ေတြကို ဖတ္သူေတြကလည္း ရာဇဝတ္မႈေတြ က်ဴးလြန္ရတာကို အားက်လာႏိုင္ပါတယ္လို႔ ယူဆခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ အဲ့လိုအခ်က္ေတြေၾကာင့္ပဲ သူမဟာ ပိတ္ပင္ခံလိုက္ရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေနာက္ဆုံးအႀကိမ္ ေကာမစ္ထဲမွာ ပါဝင္ခဲ့တာက ၁၉၆၀ ခုႏွစ္ေလာက္မွာျဖစ္ၿပီး အဲ့ဒီအခ်ိန္ကေန အခုထိ ဘယ္ေကာမစ္ထဲမွာမွ မပါဝင္ေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ DC  ဟာ သူမရဲ႕ေနရာမွာ တစ္ျခားဇာတ္ေကာင္ေတြနဲ႔ အစားထိုးခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular