HomeEntertainmentFilmစက်တင်ဘာလမှာ ထွက်ရှိလာမယ့် ကိုရီးယားဒရာမာအသစ်များ 

စက်တင်ဘာလမှာ ထွက်ရှိလာမယ့် ကိုရီးယားဒရာမာအသစ်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒရာမာချစ်သူတို့အတွက် စက်တင်ဘာလအတွင်းမှာ ထွက်ရှိလာမယ့် ကိုရီးယားဒရာမာအသစ်တွေကို စုစည်းဖော်ပြပေးချင်ပါတယ်။ ဒီထဲက တချို့သော ဒရာမာတွေဟာ မူလက ဩဂုတ်လထဲမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ်ကြောင့် ရက်တွေနောက်ရွှေ့ပြီး စက်တင်ဘာလမှာ ထုတ်လွှင့်ကြမှာ ဖြစ်ပါတယ်။ ကိုဗစ်ရဲ့ အစိုးမရတဲ့ နှောင့်ယှက်မှုကြောင့် တချို့ဒရာမာတွေရဲ့ ထုတ်လွှင့်ရက်တွေဟာလည်း ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။

Love Revolution
Photo via soompi

ဒီဒရာမာလေးကတော့ ပေါ်ပြူလာ ဝက်ဘ်တွန်းတစ်ခုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းသားတွေကြားထဲက အချစ်ရေး၊ ခင်မင်မှုစတဲ့ အဖြစ်အပျက် ဇာတ်လမ်းလေးတွေကို ပုံဖော်ထားတာပါ။ Gong Ju Young ဟာ Wang Ja Rim ဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်း ချစ်မိသွားတာကြောင့် သူမရဲ့အချစ်ကို ရဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ကောင်မလေးဘက်က Gong Ju Young ကို ပထမဆုံး စတွေ့ရတဲ့ပုံစံက အထင်ကြီးစရာ မရှိတာကြောင့် Gong Ju Young တစ်ယောက် အခက်ကြုံရပါတော့တယ်။ သို့ပေမယ့် ဇွဲမလျှော့တဲ့ Gong Ju Young ရဲ့ ကြိုးပမ်းမှုမှာ Wang Ja Rim ဘက်က တဖြည်းဖြည်းချင်း နှလုံးသားတံခါးကို ဖွင့်ပေးလာတဲ့အခါမှာတော့ … ။

သရုပ်ဆောင်တွေအနေနဲ့ Park Ji Hoon ၊ Lee Ruby ၊ The Boyz အဖွဲ့က Younghoon ၊ Jung Da Eun ၊ WJSN အဖွဲ့က Dayoung နဲ့ Ahn Do Gyu တို့က အဓိက ပါဝင်ထားပါတယ်။ စက်တင်ဘာလ(၁)ရက်နေ့က စတင်ပြသနေတာဖြစ်ပြီး Kakao TV မှာ ကြာသပတေးနေ့တိုင်း ကိုရီးယားစံတော်ချိန် ညနေ(၅:၀၀)နာရီအချိန်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

AMANZA
Photo via soompi

ဒီဇာတ်လမ်းတွဲထဲမှာတော့ Jisoo ဟာ ကင်ဆာရောဂါသည်တစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့လက်တွေ့ဘဝက နာကျင်ပင်ပန်းရတဲ့ ကင်ဆာရောဂါ တိုက်ပွဲနဲ့ သူ့စိတ်ကူးထဲက စွန့်စားခန်းတွေကြားမှာ ဟိုကူးဒီကူးနဲ့ ရှင်သန်နေရသူလည်း ဖြစ်ပါတယ်။ သူဟာ စိတ်မကောင်းစရာ ရောဂါဆိုးကြီးကို ခံစားနေရပေမယ့် အကောင်းဆုံး ရှင်သန်နေထိုင်ဖို့ ကြိုးစားပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Jisoo ၊ Lee Seol ၊ Oh Hyun Kyung ၊ Yoo Seung Mok နဲ့ Lee Jong Won တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ စက်တင်ဘာလ(၁)ရက်နေ့က စတင်ထုတ်လွှင့်နေတာဖြစ်ပြီး Kakao TV မှာ အင်္ဂါနေ့တိုင်း ကိုရီးယားစံတော်ချိန် ညနေ(၅:၀၀)နာရီမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Lie After Lie
Photo via soompi

ဒီဒရာမာလေးကတော့ ရိုမန့်စ်နဲ့ သည်းထိတ်ရင်ဖို ပေါင်းစပ်ထားတဲ့ ဒရာမာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Ji Eun Soo ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့သမီးလေးနဲ့ ပြန်လည်ပေါင်းစည်းရဖို့အတွက် အန္တရာယ်များလှတဲ့ အလိမ်အညာတစ်ခုကို ပြုလုပ်ပြီး သူမရဲ့ဘဝကို စတေးထားပါတယ်။ ကျိကျိတက် ချမ်းသာတဲ့ မိသားစုက လူတစ်ယောက်နဲ့ လက်ထပ်ပြီးချိန်မှာတော့ လျှပ်တစ်ပြက်အတွင်းမှာပဲ သူမဟာ ကိုယ့်ယောက်ျားကို ပြန်သတ်မိတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်သွားပါတယ်။ သူမရဲ့ ပြစ်မှုအတွက် ထောင်ဒဏ်ကျခံပြီး အပြစ်ကြွေးဆပ်နေရစဉ်မှာပဲ သူမရဲ့သမီးလေးကို အုပ်ထိန်းခွင့် ဆုံးရှုံးသွားခဲ့ရပါတယ်။

သရုပ်ဆောင်တွေကတော့ နာမည်ကျော် ဒရာမာသရုပ်ဆောင်တွေဖြစ်တဲ့ Lee Yoo Ri ၊ Yeong Jung Hoon ၊ Lee Il Hwa ၊ Im Joo Eun ၊ Kwan Hwa Woon နဲ့ Lee Won Jong တို့က အဓိက ပါဝင်ထားပါတယ်။ စက်တင်ဘာလ(၄)ရက်နေ့က စတင်ထုတ်လွှင့်နေတာ ဖြစ်ပြီး သောကြာနဲ့ စနေညတိုင်း Channel A ရုပ်သံလိုင်းမှာ ကိုရီးယားစံတော်ချိန် ည(၁၀:၅၀)အချိန်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

A Man in A Veil
Photo via soompi

A Man in A Veil လို့ အမည်ပေးထားတဲ့ ဒရာမာကတော့ အက်ဆီးဒင့်တစ်ခုမှာ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ပြီး ခုနှစ်နှစ်သားကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ကိုသာ ပိုင်ဆိုင်ထားတဲ့ Lee Tae Poong ဆိုသူရဲ့အကြောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Lee Tae Poong ရဲ့ ကလဲ့စားချေပုံနဲ့ သူ့ရဲ့အမွှာညီမနှစ်ယောက်ဖြစ်တဲ့ Han Yoo Jung နဲ့ Han Yoo Ra တို့ကြားက ဆက်ဆံရေးအကြောင်းကို ကြည့်ရှုရမှာပါ။

သရုပ်ဆောင်တွေကတော့ Kang Eun Tak ၊ Uhm Hyun Kyung ၊ Lee Chae Young ၊ Yang Mi Kyung ၊ Choi Jae Sung နဲ့ Lee Il Hwa တို့က အဓိက ပါဝင်ထားပါတယ်။ စက်တင်ဘာလ(၇)ရက်နေ့မှာ စတင်ကြည့်ရှုရမှာဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ KBS2 ရုပ်သံလိုင်းမှာ ကိုရီးယားစံတော်ချိန် ည(၇:၅၀)မိနစ်အချိန်မှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Record of Youth
Photo via soompi

ဒီဒရာမာကတော့ မော်ဒယ်လ်လောကမှာ အသက်မွေးနေတဲ့ လူငယ်တွေရဲ့ ဘဝအိပ်မက်ကို ရှာဖွေ၊ ကြိုးပမ်းကြပုံတွေကို ရိုက်ကူးထားတာပါ။ ရည်မှန်းချက်ကြီးမားတဲ့ မော်ဒယ်လ်နဲ့ သရုပ်ဆောင် Sa Hye Joon အဖြစ် မင်းသား Park Bo Gum က သရုပ်ဆောင်ထားပြီး မိတ်ကပ်ပညာရှင် Ahn Jung Ha အဖြစ် Park So Dam က သရုပ်ဆောင်ထားပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောင်မြင်မှုကို ရယူချင်တဲ့ မော်ဒယ်လ် Won Hae Hyo အဖြစ် Byun Woo Seok က သရုပ်ဆောင်ထားပါတယ်။

စက်တင်ဘာလ(၇)ရက်နေ့မှာ စတင်ပြသမှာဖြစ်ပြီး တနင်္လာနဲ့ အင်္ဂါနေ့တိုင်း tvN ရုပ်သံလိုင်းမှာ ကိုရီးယားစံတော်ချိန် ည(၉:၀၀)နာရီအချိန်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Zombie Detective
Photo via soompi

ဒီဇာတ်လမ်းတွဲကတော့ ဇွန်ဘီဟာသ ဒရာမာဖြစ်ပါတယ်။ Kim Moo Young ဆိုတဲ့ ဇွန်ဘီတစ်ကောင်ဟာ အသက်ပြန်ဝင်လာတဲ့ ဒုတိယမြောက်နှစ်မှာပဲ သူ့ရဲ့အတိတ်ကို ပြန်လည်ဖော်ထုတ် ရှာဖွေနေတဲ့ စုံထောက်တစ်ယောက် ဖြစ်လာပါတယ်။ တစ်ဖက်မှာတော့ အမှန်တရားကို လက်ကိုင်ထားတဲ့ Geon Seon Ji ဆိုတဲ့ မှုခင်းစာရေးဆရာတစ်ယောက် ရှိနေပါတယ်။ ဒီလိုနဲ့ ဇာတ်လမ်းဟာ ဇွန်ဘီစုံထောက်ရဲ့ စုံစမ်းရှာဖွေမှုတွေက မှုခင်းစာရေးဆရာကြီးဆီ အမှန်တရား ရှာဖွေဖို့ ဦးတည်လာမှာလားဆိုတာ ကြည့်ရှုရမှာပါ။

Choi Jin Hyuk ၊ Park Ju Hyun ၊ Im Se Joo ၊ Lee Jong Ok ၊ Hwang Bo Ra နဲ့ Ahn Se Ha တို့က အဓိက ပါဝင်ထားပါတယ်။ စက်တင်ဘာလ(၁၄)ရက်နေ့မှာ KBS2 ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်သွားမှာဖြစ်ပြီး တနင်္လာ၊ အင်္ဂါနေ့တိုင်းမှာ ကိုရီးယားစံတော်ချိန် ည(၉:၃၀)နာရီအချိန်မှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Oh! Samkwang Villa
Photo via soompi

ဒီဇာတ်လမ်းတွဲလေးကတော့ Lee Soo Jung ဆိုတဲ့ အမျိုးသမီးတစ်ဦး ဦးစီးလည်ပတ်နေတဲ့ Samkwang ရိပ်သာမှာ နေထိုင်ကြတဲ့ လူပေါင်းစုံတို့ရဲ့ ဇာတ်လမ်းတွေကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အစမှာ သူစိမ်းတွေအဖြစ် ခပ်စိမ်းစိမ်းနေခဲ့ကြပေမယ့် တဖြည်းဖြည်းနဲ့ သံယောဇဉ်တွယ်လာကြပြီး တစ်ယောက်အကြောင်း တစ်ယောက်သိလာကာ ချစ်ခင်လာကြတဲ့ လူတွေအကြောင်းကို ဒီဒရာမာလေးထဲမှာ ကြည့်ရှုရမှာပါ။ လောကကြီးမှာ ကြမ်းတမ်းခက်ခဲတဲ့ အရာတွေရှိသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေဟာလည်း တန်ဖိုးဖြတ်လို့ မရဘူးဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ ခံစားရမှာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Lee Jang Woo ၊ Jin Ki Joo ၊ Jun In Hwa ၊ Jung Bo Suk ၊ Hwan Shin Hye ၊ Jin Kyung နဲ့ Kim Sun Young တို့က အဓိက ပါဝင်ထားပါတယ်။ စက်တင်ဘာလ(၁၉)ရက်နေ့မှာ KBS2 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့တိုင်း ကိုရီးယားစံတော်ချိန် ည(၉:၅၅)မိနစ် အချိန်မှာ ကြည့်ရှုနိုင်မှာပါ။

More Than Friends
Photo via soompi

ဒီဇာတ်လမ်းတွဲလေးကတော့ သူငယ်ချင်းအချစ်ကို ရိုမန့်စ်ဆန်ဆန် ရိုက်ပြထားတဲ့ ဒရာမာလေး ဖြစ်ပါတယ်။ Kyung Woo Yeon ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့သူငယ်ချင်းကို ဆယ်နှစ်ကျော် တစ်ဖက်သတ် ချစ်လာပြီးနောက်မှာ သူမရဲ့အချစ်ကို လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာပဲ Lee Soo ဟာ ခင်မင်တာ ကြာလာပြီဖြစ်တဲ့ သူ့ရဲ့သူငယ်ချင်းမလေးကို အမြင်တစ်မျိုးနဲ့ ကြည့်တတ်လာတဲ့အခါမှာတော့ … ။

Ong Seong Wu ၊ Shin Ye Eun ၊ Kim Dong Jun ၊ Block B အဖွဲ့က P.O ၊ Ahn Eun Jin နဲ့ Baek Soo Min တို့က အဓိက ပါဝင်ထားပါတယ်။ စက်တင်ဘာလ(၂၅)ရက်နေ့မှာ JTBC ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ပြသမှာဖြစ်ပြီး သောကြာ၊ စနေနေ့တိုင်း ကိုရီးယားစံတော်ချိန် ည(၁၁:၀၀)နာရီအချိန်မှာ ကြည့်ရှုနိုင်မှာပါ။

The School Nurse Files
Photo via soompi

ဒီဒရာမာလေးကတော့ ဆုရထားတဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် ဒရာမာဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မကောင်းဆိုးဝါး ဝိဉာဉ်တွေကို ကြံကြံဖန်ဖန် ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ နှင်ထုတ်တတ်တဲ့ သူနာပြုဆရာမလေး Ahn Eun Young ရဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ဒီလိုနဲ့ သရဲနှင်ရတာ ဝါသနာပါတဲ့ သူနာပြုမလေးဟာ မယုံနိုင်စရာကောင်းတဲ့ ကိုယ်ရောင်ရှိန်ဝါနဲ့ ကာကွယ်မှုအပြည့် ရရှိထားတဲ့ ကျောင်းဆရာ Hong In Pyo နဲ့ ပူးပေါင်းပြီး မကောင်းဆိုးဝါး ဝိဉာဉ်တွေကို နှိမ်နင်းကာ ပဟေဠိတွေကို ဖြေရှင်းပါတော့တယ်။

သရုပ်ဆောင်တွေအနေနဲ့ Jung Yu Mi ၊ Nam Joo Hyuk နဲ့ Moon So Ri တို့က အဓိက ပါဝင်ထားပါတယ်။ စက်တင်ဘာလ(၂၅)ရက်နေ့မှာ Netflix ကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

ဒါကတော့ စက်တင်ဘာလအတွင်းမှာ ထွက်ရှိလာမယ့် ကိုရီးယားဒရာမာအသစ်တွေပဲ ဖြစ်ပါတယ်။ ဒရာမာချစ်သူတွေ စောင့်စားကြည့်ရှုနိုင်ဖို့ စုစည်းပေးထားတာမို့ သင့်မိတ်ဆွေတွေလည်း သိရအောင် ရှဲပေးသွားပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဒရာမာခ်စ္သူတို႔အတြက္ စက္တင္ဘာလအတြင္းမွာ ထြက္ရွိလာမယ့္ ကိုရီးယားဒရာမာအသစ္ေတြကို စုစည္းေဖာ္ျပေပးခ်င္ပါတယ္။ ဒီထဲက တခ်ိဳ႕ေသာ ဒရာမာေတြဟာ မူလက ဩဂုတ္လထဲမွာ ထုတ္လႊင့္ဖို႔ စီစဥ္ထားေပမယ့္ ကိုဗစ္ေၾကာင့္ ရက္ေတြေနာက္ေ႐ႊ႕ၿပီး စက္တင္ဘာလမွာ ထုတ္လႊင့္ၾကမွာ ျဖစ္ပါတယ္။ ကိုဗစ္ရဲ႕ အစိုးမရတဲ့ ေႏွာင့္ယွက္မႈေၾကာင့္ တခ်ိဳ႕ဒရာမာေတြရဲ႕ ထုတ္လႊင့္ရက္ေတြဟာလည္း ေျပာင္းလဲေကာင္း ေျပာင္းလဲႏိုင္ပါတယ္။

Love Revolution
Photo via soompi

ဒီဒရာမာေလးကေတာ့ ေပၚျပဴလာ ဝက္ဘ္တြန္းတစ္ခုကို အေျခခံၿပီး ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ေက်ာင္းသားေတြၾကားထဲက အခ်စ္ေရး၊ ခင္မင္မႈစတဲ့ အျဖစ္အပ်က္ ဇာတ္လမ္းေလးေတြကို ပုံေဖာ္ထားတာပါ။ Gong Ju Young ဟာ Wang Ja Rim ဆိုတဲ့ ေကာင္မေလးကို ျမင္ျမင္ခ်င္း ခ်စ္မိသြားတာေၾကာင့္ သူမရဲ႕အခ်စ္ကို ရဖို႔ ႀကိဳးစားေနပါတယ္။ ဒါေပမယ့္ ေကာင္မေလးဘက္က Gong Ju Young ကို ပထမဆုံး စေတြ႕ရတဲ့ပုံစံက အထင္ႀကီးစရာ မရွိတာေၾကာင့္ Gong Ju Young တစ္ေယာက္ အခက္ႀကဳံရပါေတာ့တယ္။ သို႔ေပမယ့္ ဇြဲမေလွ်ာ့တဲ့ Gong Ju Young ရဲ႕ ႀကိဳးပမ္းမႈမွာ Wang Ja Rim ဘက္က တျဖည္းျဖည္းခ်င္း ႏွလုံးသားတံခါးကို ဖြင့္ေပးလာတဲ့အခါမွာေတာ့ … ။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Park Ji Hoon ၊ Lee Ruby ၊ The Boyz အဖြဲ႕က Younghoon ၊ Jung Da Eun ၊ WJSN အဖြဲ႕က Dayoung နဲ႔ Ahn Do Gyu တို႔က အဓိက ပါဝင္ထားပါတယ္။ စက္တင္ဘာလ(၁)ရက္ေန႔က စတင္ျပသေနတာျဖစ္ၿပီး Kakao TV မွာ ၾကာသပေတးေန႔တိုင္း ကိုရီးယားစံေတာ္ခ်ိန္ ညေန(၅:၀၀)နာရီအခ်ိန္မွာ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

AMANZA
Photo via soompi

ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Jisoo ဟာ ကင္ဆာေရာဂါသည္တစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ သူ႔ရဲ႕လက္ေတြ႕ဘဝက နာက်င္ပင္ပန္းရတဲ့ ကင္ဆာေရာဂါ တိုက္ပြဲနဲ႔ သူ႔စိတ္ကူးထဲက စြန႔္စားခန္းေတြၾကားမွာ ဟိုကူးဒီကူးနဲ႔ ရွင္သန္ေနရသူလည္း ျဖစ္ပါတယ္။ သူဟာ စိတ္မေကာင္းစရာ ေရာဂါဆိုးႀကီးကို ခံစားေနရေပမယ့္ အေကာင္းဆုံး ရွင္သန္ေနထိုင္ဖို႔ ႀကိဳးစားပုံကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Jisoo ၊ Lee Seol ၊ Oh Hyun Kyung ၊ Yoo Seung Mok နဲ႔ Lee Jong Won တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ စက္တင္ဘာလ(၁)ရက္ေန႔က စတင္ထုတ္လႊင့္ေနတာျဖစ္ၿပီး Kakao TV မွာ အဂၤါေန႔တိုင္း ကိုရီးယားစံေတာ္ခ်ိန္ ညေန(၅:၀၀)နာရီမွာ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

Lie After Lie
Photo via soompi

ဒီဒရာမာေလးကေတာ့ ႐ိုမန႔္စ္နဲ႔ သည္းထိတ္ရင္ဖို ေပါင္းစပ္ထားတဲ့ ဒရာမာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Ji Eun Soo ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕သမီးေလးနဲ႔ ျပန္လည္ေပါင္းစည္းရဖို႔အတြက္ အႏၲရာယ္မ်ားလွတဲ့ အလိမ္အညာတစ္ခုကို ျပဳလုပ္ၿပီး သူမရဲ႕ဘဝကို စေတးထားပါတယ္။ က်ိက်ိတက္ ခ်မ္းသာတဲ့ မိသားစုက လူတစ္ေယာက္နဲ႔ လက္ထပ္ၿပီးခ်ိန္မွာေတာ့ လွ်ပ္တစ္ျပက္အတြင္းမွာပဲ သူမဟာ ကိုယ့္ေယာက္်ားကို ျပန္သတ္မိတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္သြားပါတယ္။ သူမရဲ႕ ျပစ္မႈအတြက္ ေထာင္ဒဏ္က်ခံၿပီး အျပစ္ေႂကြးဆပ္ေနရစဥ္မွာပဲ သူမရဲ႕သမီးေလးကို အုပ္ထိန္းခြင့္ ဆုံးရႈံးသြားခဲ့ရပါတယ္။

သ႐ုပ္ေဆာင္ေတြကေတာ့ နာမည္ေက်ာ္ ဒရာမာသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Lee Yoo Ri ၊ Yeong Jung Hoon ၊ Lee Il Hwa ၊ Im Joo Eun ၊ Kwan Hwa Woon နဲ႔ Lee Won Jong တို႔က အဓိက ပါဝင္ထားပါတယ္။ စက္တင္ဘာလ(၄)ရက္ေန႔က စတင္ထုတ္လႊင့္ေနတာ ျဖစ္ၿပီး ေသာၾကာနဲ႔ စေနညတိုင္း Channel A ႐ုပ္သံလိုင္းမွာ ကိုရီးယားစံေတာ္ခ်ိန္ ည(၁၀:၅၀)အခ်ိန္မွာ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

A Man in A Veil
Photo via soompi

A Man in A Veil လို႔ အမည္ေပးထားတဲ့ ဒရာမာကေတာ့ အက္ဆီးဒင့္တစ္ခုမွာ ကံေကာင္းေထာက္မစြာ အသက္ရွင္ခဲ့ၿပီး ခုႏွစ္ႏွစ္သားကေလးတစ္ေယာက္ရဲ႕ ဉာဏ္ရည္ကိုသာ ပိုင္ဆိုင္ထားတဲ့ Lee Tae Poong ဆိုသူရဲ႕အေၾကာင္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Lee Tae Poong ရဲ႕ ကလဲ့စားေခ်ပုံနဲ႔ သူ႔ရဲ႕အမႊာညီမႏွစ္ေယာက္ျဖစ္တဲ့ Han Yoo Jung နဲ႔ Han Yoo Ra တို႔ၾကားက ဆက္ဆံေရးအေၾကာင္းကို ၾကည့္ရႈရမွာပါ။

သ႐ုပ္ေဆာင္ေတြကေတာ့ Kang Eun Tak ၊ Uhm Hyun Kyung ၊ Lee Chae Young ၊ Yang Mi Kyung ၊ Choi Jae Sung နဲ႔ Lee Il Hwa တို႔က အဓိက ပါဝင္ထားပါတယ္။ စက္တင္ဘာလ(၇)ရက္ေန႔မွာ စတင္ၾကည့္ရႈရမွာျဖစ္ၿပီး တနလၤာေန႔မွ ေသာၾကာေန႔အထိ KBS2 ႐ုပ္သံလိုင္းမွာ ကိုရီးယားစံေတာ္ခ်ိန္ ည(၇:၅၀)မိနစ္အခ်ိန္မွာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Record of Youth
Photo via soompi

ဒီဒရာမာကေတာ့ ေမာ္ဒယ္လ္ေလာကမွာ အသက္ေမြးေနတဲ့ လူငယ္ေတြရဲ႕ ဘဝအိပ္မက္ကို ရွာေဖြ၊ ႀကိဳးပမ္းၾကပုံေတြကို ႐ိုက္ကူးထားတာပါ။ ရည္မွန္းခ်က္ႀကီးမားတဲ့ ေမာ္ဒယ္လ္နဲ႔ သ႐ုပ္ေဆာင္ Sa Hye Joon အျဖစ္ မင္းသား Park Bo Gum က သ႐ုပ္ေဆာင္ထားၿပီး မိတ္ကပ္ပညာရွင္ Ahn Jung Ha အျဖစ္ Park So Dam က သ႐ုပ္ေဆာင္ထားပါတယ္။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေအာင္ျမင္မႈကို ရယူခ်င္တဲ့ ေမာ္ဒယ္လ္ Won Hae Hyo အျဖစ္ Byun Woo Seok က သ႐ုပ္ေဆာင္ထားပါတယ္။

စက္တင္ဘာလ(၇)ရက္ေန႔မွာ စတင္ျပသမွာျဖစ္ၿပီး တနလၤာနဲ႔ အဂၤါေန႔တိုင္း tvN ႐ုပ္သံလိုင္းမွာ ကိုရီးယားစံေတာ္ခ်ိန္ ည(၉:၀၀)နာရီအခ်ိန္မွာ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

Zombie Detective
Photo via soompi

ဒီဇာတ္လမ္းတြဲကေတာ့ ဇြန္ဘီဟာသ ဒရာမာျဖစ္ပါတယ္။ Kim Moo Young ဆိုတဲ့ ဇြန္ဘီတစ္ေကာင္ဟာ အသက္ျပန္ဝင္လာတဲ့ ဒုတိယေျမာက္ႏွစ္မွာပဲ သူ႔ရဲ႕အတိတ္ကို ျပန္လည္ေဖာ္ထုတ္ ရွာေဖြေနတဲ့ စုံေထာက္တစ္ေယာက္ ျဖစ္လာပါတယ္။ တစ္ဖက္မွာေတာ့ အမွန္တရားကို လက္ကိုင္ထားတဲ့ Geon Seon Ji ဆိုတဲ့ မႈခင္းစာေရးဆရာတစ္ေယာက္ ရွိေနပါတယ္။ ဒီလိုနဲ႔ ဇာတ္လမ္းဟာ ဇြန္ဘီစုံေထာက္ရဲ႕ စုံစမ္းရွာေဖြမႈေတြက မႈခင္းစာေရးဆရာႀကီးဆီ အမွန္တရား ရွာေဖြဖို႔ ဦးတည္လာမွာလားဆိုတာ ၾကည့္ရႈရမွာပါ။

Choi Jin Hyuk ၊ Park Ju Hyun ၊ Im Se Joo ၊ Lee Jong Ok ၊ Hwang Bo Ra နဲ႔ Ahn Se Ha တို႔က အဓိက ပါဝင္ထားပါတယ္။ စက္တင္ဘာလ(၁၄)ရက္ေန႔မွာ KBS2 ႐ုပ္သံလိုင္းကေန စတင္ထုတ္လႊင့္သြားမွာျဖစ္ၿပီး တနလၤာ၊ အဂၤါေန႔တိုင္းမွာ ကိုရီးယားစံေတာ္ခ်ိန္ ည(၉:၃၀)နာရီအခ်ိန္မွာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Oh! Samkwang Villa
Photo via soompi

ဒီဇာတ္လမ္းတြဲေလးကေတာ့ Lee Soo Jung ဆိုတဲ့ အမ်ိဳးသမီးတစ္ဦး ဦးစီးလည္ပတ္ေနတဲ့ Samkwang ရိပ္သာမွာ ေနထိုင္ၾကတဲ့ လူေပါင္းစုံတို႔ရဲ႕ ဇာတ္လမ္းေတြကို ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အစမွာ သူစိမ္းေတြအျဖစ္ ခပ္စိမ္းစိမ္းေနခဲ့ၾကေပမယ့္ တျဖည္းျဖည္းနဲ႔ သံေယာဇဥ္တြယ္လာၾကၿပီး တစ္ေယာက္အေၾကာင္း တစ္ေယာက္သိလာကာ ခ်စ္ခင္လာၾကတဲ့ လူေတြအေၾကာင္းကို ဒီဒရာမာေလးထဲမွာ ၾကည့္ရႈရမွာပါ။ ေလာကႀကီးမွာ ၾကမ္းတမ္းခက္ခဲတဲ့ အရာေတြရွိသလို ေႏြးေထြးတဲ့ ခ်စ္ျခင္းေမတၱာေတြဟာလည္း တန္ဖိုးျဖတ္လို႔ မရဘူးဆိုတာကို ဒီဇာတ္လမ္းတြဲေလးမွာ ခံစားရမွာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Lee Jang Woo ၊ Jin Ki Joo ၊ Jun In Hwa ၊ Jung Bo Suk ၊ Hwan Shin Hye ၊ Jin Kyung နဲ႔ Kim Sun Young တို႔က အဓိက ပါဝင္ထားပါတယ္။ စက္တင္ဘာလ(၁၉)ရက္ေန႔မွာ KBS2 ႐ုပ္သံလိုင္းမွ စတင္ထုတ္လႊင့္ျပသမွာျဖစ္ၿပီး စေန၊ တနဂၤေႏြေန႔တိုင္း ကိုရီးယားစံေတာ္ခ်ိန္ ည(၉:၅၅)မိနစ္ အခ်ိန္မွာ ၾကည့္ရႈႏိုင္မွာပါ။

More Than Friends
Photo via soompi

ဒီဇာတ္လမ္းတြဲေလးကေတာ့ သူငယ္ခ်င္းအခ်စ္ကို ႐ိုမန႔္စ္ဆန္ဆန္ ႐ိုက္ျပထားတဲ့ ဒရာမာေလး ျဖစ္ပါတယ္။ Kyung Woo Yeon ဆိုတဲ့ ေကာင္မေလးဟာ သူမရဲ႕သူငယ္ခ်င္းကို ဆယ္ႏွစ္ေက်ာ္ တစ္ဖက္သတ္ ခ်စ္လာၿပီးေနာက္မွာ သူမရဲ႕အခ်စ္ကို လက္ေလွ်ာ့လိုက္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒီအခ်ိန္မွာပဲ Lee Soo ဟာ ခင္မင္တာ ၾကာလာၿပီျဖစ္တဲ့ သူ႔ရဲ႕သူငယ္ခ်င္းမေလးကို အျမင္တစ္မ်ိဳးနဲ႔ ၾကည့္တတ္လာတဲ့အခါမွာေတာ့ … ။

Ong Seong Wu ၊ Shin Ye Eun ၊ Kim Dong Jun ၊ Block B အဖြဲ႕က P.O ၊ Ahn Eun Jin နဲ႔ Baek Soo Min တို႔က အဓိက ပါဝင္ထားပါတယ္။ စက္တင္ဘာလ(၂၅)ရက္ေန႔မွာ JTBC ႐ုပ္သံလိုင္းက စတင္ထုတ္လႊင့္ျပသမွာျဖစ္ၿပီး ေသာၾကာ၊ စေနေန႔တိုင္း ကိုရီးယားစံေတာ္ခ်ိန္ ည(၁၁:၀၀)နာရီအခ်ိန္မွာ ၾကည့္ရႈႏိုင္မွာပါ။

The School Nurse Files
Photo via soompi

ဒီဒရာမာေလးကေတာ့ ဆုရထားတဲ့ နာမည္ေက်ာ္ဝတၳဳတစ္ပုဒ္ကို အေျခခံ ႐ိုက္ကူးထားတဲ့ စိတ္ကူးယဥ္ ဒရာမာဇာတ္လမ္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ မေကာင္းဆိုးဝါး ဝိဉာဥ္ေတြကို ႀကံႀကံဖန္ဖန္ ဆန္းသစ္တဲ့ နည္းလမ္းေတြနဲ႔ ႏွင္ထုတ္တတ္တဲ့ သူနာျပဳဆရာမေလး Ahn Eun Young ရဲ႕အေၾကာင္းကို ႐ိုက္ျပထားတာပါ။ ဒီလိုနဲ႔ သရဲႏွင္ရတာ ဝါသနာပါတဲ့ သူနာျပဳမေလးဟာ မယုံႏိုင္စရာေကာင္းတဲ့ ကိုယ္ေရာင္ရွိန္ဝါနဲ႔ ကာကြယ္မႈအျပည့္ ရရွိထားတဲ့ ေက်ာင္းဆရာ Hong In Pyo နဲ႔ ပူးေပါင္းၿပီး မေကာင္းဆိုးဝါး ဝိဉာဥ္ေတြကို ႏွိမ္နင္းကာ ပေဟဠိေတြကို ေျဖရွင္းပါေတာ့တယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Jung Yu Mi ၊ Nam Joo Hyuk နဲ႔ Moon So Ri တို႔က အဓိက ပါဝင္ထားပါတယ္။ စက္တင္ဘာလ(၂၅)ရက္ေန႔မွာ Netflix ကေန ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

ဒါကေတာ့ စက္တင္ဘာလအတြင္းမွာ ထြက္ရွိလာမယ့္ ကိုရီးယားဒရာမာအသစ္ေတြပဲ ျဖစ္ပါတယ္။ ဒရာမာခ်စ္သူေတြ ေစာင့္စားၾကည့္ရႈႏိုင္ဖို႔ စုစည္းေပးထားတာမို႔ သင့္မိတ္ေဆြေတြလည္း သိရေအာင္ ရွဲေပးသြားပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular