HomeCelebs Update NewsInternationalကြိုအသိမပေးဘဲ ထွက်ရှိလာတဲ့ အမ်မီနမ်ရဲ့အယ်လ်ဘမ်အသစ် Music To Be Murdered By

ကြိုအသိမပေးဘဲ ထွက်ရှိလာတဲ့ အမ်မီနမ်ရဲ့အယ်လ်ဘမ်အသစ် Music To Be Murdered By

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်ရက်ပ်ပါ အမ်မီနမ်ဟာ အယ်လ်ဘမ်သစ်တစ်ခွေကို ရုတ်တရက်ထွက်ရှိလာပါတယ်။ အယ်လ်ဘမ်ရဲ့နာမည်ကတော့ Music To Be Murdered By လို့ အမည်ရပြီး အမေရိကန်ပြည်ထောင်စုရဲ့ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး ပြောင်းလဲခွင့်တွေကို တောင်းဆိုထားတဲ့ သီချင်းတစ်ပုဒ်လည်း ပါဝင်ထားပါသေးတယ်။

ဒါဟာ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ စတူဒီယိုအယ်လ်ဘမ် Kamikaze ရဲ့နောက်မှာ ထပ်မံထွက်ရှိလာတဲ့ အယ်လ်ဘမ်ဖြစ်ပြီး လုံးဝကြိုတင်အသိမပေးဘဲ ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အယ်လ်ဘမ်ထွက်မယ့်အကြောင်းကို မနေ့ကညသန်းခေါင်ယံအချိန်ကမှ သူ့ရဲ့ Twitter စာမျက်နှာမှာ ကြေငြာခဲ့တာပါ။

Photo: @Eminem/ Twitter

ယခုထွက်ရှိလာတဲ့ အယ်လ်ဘမ်အသစ်ထဲမှာ သီချင်းအပုဒ်နှစ်ဆယ် ပါဝင်ပြီး အဲ့ဒီ့ထဲက Darkness လို့ အမည်ရတဲ့ သီချင်းကိုတော့ MV အဖြစ် ထွက်ရှိထားပါတယ်။ လောလောဆယ်မှာတော့ အယ်လ်ဘမ်ထက် အဆိုပါတေးသီချင်း Darkness က ပရိသတ်တွေကြားမှာ ပိုပြီးဟစ်ဖြစ်နေပါတယ်။ ထွက်ရှိပြီး တစ်ရက်အတွင်းမှာပဲ YouTube မှာ ကြည့်ရှုသူ ဆယ်သန်းကျော်နေတာကိုလည်း တွေ့ရပါတယ်။

Darkness ကတော့ ၂၀၁၇ခုနှစ်က လက်စ်ဗေးဂက်စ်မြို့က ဂီတပွဲတော်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအကြောင်းကို ရေးသားသီဆိုထားတာဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်မှာ လိုင်စင်နဲ့ သေနတ်ကိုင်ဆောင်သူတစ်ဦးက ဂီတပွဲတော်ထဲကို ပစ်ခတ်ခဲ့တာဖြစ်ပြီး စုစုပေါင်း လူ(၅၈)ယောက် သေဆုံးခဲ့ရပါတယ်။ ဒါဟာ ယူအက်စ်ရဲ့ ခေတ်သစ်သမိုင်းမှာတော့ ပစ်ခတ်မှုကြောင့် အများဆုံး သေဆုံးခဲ့ရတဲ့စံချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အမ်မီနမ်ဟာ ယူအက်စ်ရဲ့ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်ပေးဖို့အတွက် လူအများက မဲပေးပြီး တောင်းဆိုဖို့အတွက် ဆော်ဩထားတာပါ။

Twitter မှာတော့ အယ်လ်ဘမ်ထွက်ရှိမှုနဲ့အတူ အဆိုပါဥပဒေပြင်ဆင်မှုအတွက် လူအများက ဝင်ရောက်မဲပေးနိုင်ဖို့ ဝက်ဘ်ဆိုဒ်လိပ်စာကိုပါ တစ်ပါတည်း ပူးတွဲဖော်ပြပေးထားပါတယ်။ ဒါ့အပြင် ဒေသတွင်းက ပစ်ခတ်မှုကာကွယ်ရေး အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နိုင်မယ့် လိပ်စာတွေကိုလည်း ဖော်ပြထားပါသေးတယ်။

Photo: eminem/ Instagram

အယ်လ်ဘမ်သစ်ရဲ့ ကာဗာဖိုတိုမှာတော့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေနဲ့ အမ်မီနမ်ဟာ ကုတ်အင်္ကျီနဲ့ ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး တစ်ဖက်က ဂေါ်ပြားကို ကိုင်ဆောင်ထားကာ နောက်လက်တစ်ဖက်ကတော့ နားထင်ကို သေနတ်နဲ့ချိန်နေတဲ့ပုံကို တွေ့ရပါတယ်။ ဒါဟာ ၁၉၅၈ခုနှစ်က ထွက်ရှိခဲ့တဲ့ အဲလ်ဖရတ် ဟစ်ချ်ကော့ရဲ့ အယ်လ်ဘမ်ကို လေးစားသောအားဖြင့် လိုက်လုပ်ထားတာပါလို့လည်း Twitter မှာ ဖော်ပြထားပါတယ်။

ယခုအယ်လ်ဘမ်ဟာ အမ်မီနမ်ရဲ့ (၁၁)ခွေမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပါတယ်။ အယ်လ်ဘမ်ထဲမှာတော့ အခြားသော နာမည်ကျော် အဆိုတော်တွေ၊ ရက်ပ်ပါတွေလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ အဒ်ရှီးရန်း၊ စကိုင်လာ ဂရေး၊ အန်ဒါဆန် ပက်ခ်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ကွယ်လွန်သွားခဲ့တဲ့ (၂၁)နှစ်အရွယ် ရက်ပ်ပါ ဂျု့စ် ဒဗလူ အာရ် အယ်လ် ဒီ တို့လည်း ပါဝင်ထားပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္ရက္ပ္ပါ အမ္မီနမ္ဟာ အယ္လ္ဘမ္သစ္တစ္ေခြကို ႐ုတ္တရက္ထြက္ရွိလာပါတယ္။ အယ္လ္ဘမ္ရဲ႕နာမည္ကေတာ့ Music To Be Murdered By လို႔ အမည္ရၿပီး အေမရိကန္ျပည္ေထာင္စုရဲ႕ လက္နက္ကိုင္ေဆာင္ခြင့္ဥပေဒနဲ႔ ပတ္သက္ၿပီး ေျပာင္းလဲခြင့္ေတြကို ေတာင္းဆိုထားတဲ့ သီခ်င္းတစ္ပုဒ္လည္း ပါဝင္ထားပါေသးတယ္။

ဒါဟာ ၂၀၁၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ စတူဒီယိုအယ္လ္ဘမ္ Kamikaze ရဲ႕ေနာက္မွာ ထပ္မံထြက္ရွိလာတဲ့ အယ္လ္ဘမ္ျဖစ္ၿပီး လုံးဝႀကိဳတင္အသိမေပးဘဲ ထြက္ရွိခဲ့တာလည္း ျဖစ္ပါတယ္။ အယ္လ္ဘမ္ထြက္မယ့္အေၾကာင္းကို မေန႔ကညသန္းေခါင္ယံအခ်ိန္ကမွ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေၾကျငာခဲ့တာပါ။

Photo: @Eminem/ Twitter

ယခုထြက္ရွိလာတဲ့ အယ္လ္ဘမ္အသစ္ထဲမွာ သီခ်င္းအပုဒ္ႏွစ္ဆယ္ ပါဝင္ၿပီး အဲ့ဒီ့ထဲက Darkness လို႔ အမည္ရတဲ့ သီခ်င္းကိုေတာ့ MV အျဖစ္ ထြက္ရွိထားပါတယ္။ ေလာေလာဆယ္မွာေတာ့ အယ္လ္ဘမ္ထက္ အဆိုပါေတးသီခ်င္း Darkness က ပရိသတ္ေတြၾကားမွာ ပိုၿပီးဟစ္ျဖစ္ေနပါတယ္။ ထြက္ရွိၿပီး တစ္ရက္အတြင္းမွာပဲ YouTube မွာ ၾကည့္ရႈသူ ဆယ္သန္းေက်ာ္ေနတာကိုလည္း ေတြ႕ရပါတယ္။

Darkness ကေတာ့ ၂၀၁၇ခုႏွစ္က လက္စ္ေဗးဂက္စ္ၿမိဳ႕က ဂီတပြဲေတာ္မွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈအေၾကာင္းကို ေရးသားသီဆိုထားတာျဖစ္ပါတယ္။ အဆိုပါျဖစ္ရပ္မွာ လိုင္စင္နဲ႔ ေသနတ္ကိုင္ေဆာင္သူတစ္ဦးက ဂီတပြဲေတာ္ထဲကို ပစ္ခတ္ခဲ့တာျဖစ္ၿပီး စုစုေပါင္း လူ(၅၈)ေယာက္ ေသဆုံးခဲ့ရပါတယ္။ ဒါဟာ ယူအက္စ္ရဲ႕ ေခတ္သစ္သမိုင္းမွာေတာ့ ပစ္ခတ္မႈေၾကာင့္ အမ်ားဆုံး ေသဆုံးခဲ့ရတဲ့စံခ်ိန္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ အမ္မီနမ္ဟာ ယူအက္စ္ရဲ႕ လက္နက္ကိုင္ေဆာင္ခြင့္ဥပေဒကို ျပင္ဆင္ေပးဖို႔အတြက္ လူအမ်ားက မဲေပးၿပီး ေတာင္းဆိုဖို႔အတြက္ ေဆာ္ဩထားတာပါ။

Twitter မွာေတာ့ အယ္လ္ဘမ္ထြက္ရွိမႈနဲ႔အတူ အဆိုပါဥပေဒျပင္ဆင္မႈအတြက္ လူအမ်ားက ဝင္ေရာက္မဲေပးႏိုင္ဖို႔ ဝက္ဘ္ဆိုဒ္လိပ္စာကိုပါ တစ္ပါတည္း ပူးတြဲေဖာ္ျပေပးထားပါတယ္။ ဒါ့အျပင္ ေဒသတြင္းက ပစ္ခတ္မႈကာကြယ္ေရး အဖြဲ႕အစည္းေတြနဲ႔ ဆက္သြယ္ႏိုင္မယ့္ လိပ္စာေတြကိုလည္း ေဖာ္ျပထားပါေသးတယ္။

Photo: eminem/ Instagram

အယ္လ္ဘမ္သစ္ရဲ႕ ကာဗာဖိုတိုမွာေတာ့ မုတ္ဆိတ္ေမြး၊ ႏႈတ္ခမ္းေမြးေတြနဲ႔ အမ္မီနမ္ဟာ ကုတ္အက်ႌနဲ႔ ဝတ္စုံျပည့္ ဝတ္ဆင္ထားၿပီး တစ္ဖက္က ေဂၚျပားကို ကိုင္ေဆာင္ထားကာ ေနာက္လက္တစ္ဖက္ကေတာ့ နားထင္ကို ေသနတ္နဲ႔ခ်ိန္ေနတဲ့ပုံကို ေတြ႕ရပါတယ္။ ဒါဟာ ၁၉၅၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ အဲလ္ဖရတ္ ဟစ္ခ်္ေကာ့ရဲ႕ အယ္လ္ဘမ္ကို ေလးစားေသာအားျဖင့္ လိုက္လုပ္ထားတာပါလို႔လည္း Twitter မွာ ေဖာ္ျပထားပါတယ္။

ယခုအယ္လ္ဘမ္ဟာ အမ္မီနမ္ရဲ႕ (၁၁)ေခြေျမာက္ စတူဒီယိုအယ္လ္ဘမ္ျဖစ္ပါတယ္။ အယ္လ္ဘမ္ထဲမွာေတာ့ အျခားေသာ နာမည္ေက်ာ္ အဆိုေတာ္ေတြ၊ ရက္ပ္ပါေတြလည္း ပါဝင္အားျဖည့္ထားပါေသးတယ္။ အဒ္ရွီးရန္း၊ စကိုင္လာ ဂေရး၊ အန္ဒါဆန္ ပက္ခ္နဲ႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကမွ ကြယ္လြန္သြားခဲ့တဲ့ (၂၁)ႏွစ္အ႐ြယ္ ရက္ပ္ပါ ဂ်ဳ႕စ္ ဒဗလူ အာရ္ အယ္လ္ ဒီ တို႔လည္း ပါဝင္ထားပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular