HomeEntertainmentFilmShang-Chi ရုပ်ရှင်ထဲက Dweller-in-Darkness ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

Shang-Chi ရုပ်ရှင်ထဲက Dweller-in-Darkness ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Shang-Chi and the Legend of Ten Rings ရုပ်ရှင်ထဲမှာတော့ ဒဏ္ဍာရီလာ သတ္တဝါမျိူးစုံ ပါဝင်ပြီး Dweller-in-Darkness ကတော့ အဓိကဗီလိန်လို့တောင် ပြောလို့ရပါတယ်။ ထူးခြားတဲ့ အချက်ကတော့ သူဟာ တရုတ်ဒဏ္ဍာရီထဲက သတ္တဝါတစ်ကောင် မဟုတ်ဘဲ Marvel ကောမစ်က ဖန်တီးထားတဲ့ ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Dweller-in-Darkness ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ်ထဲက Origin
photo via screenrant

ကောမစ်ထဲမှာတော့ Dweller-in-Darkness ဟာ Fear Lord ငါးယောက်ထဲကတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကမ္ဘာပေါ်က အကြောက်တရားတွေကို စားသုံးသူဖြစ်ပြီး ကမ္ဘာကြီးကို အုပ်စိုးဖို့ မကြာခဏ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။ Fear Lord ထဲက နာမည်အကြီးဆုံးကတော့ Doctor Strange ရဲ့ ရန်သူဖြစ်တဲ့ Nightmare ဖြစ်ပြီး Dimension ခြောက်ခုထက်ပိုတဲ့ Universe ဖြစ်တဲ့ Everinnye ကနေ ဆင်းသက်လာသူ ဖြစ်ပါတယ်။ Dweller-in-Darkness ဟာ ကမ္ဘာကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်းလောက်ကတည်းက မျက်စိကျခဲ့တာဖြစ်ပြီး မျိူးစိတ်တွေ ဆင့်ကဲပြောင်းလဲလာတာကို စောင့်ကြည့်နေခဲ့ပါတယ်။

Atlantis မြို့ကြီး မပျက်စီးခင်အချိန်မှာပဲ Atlantean မှော်ပညာရှင်ဖြစ်တဲ့ Zhered-na ဟာ နယ်နှင်ဒဏ်ပေးခံခဲ့ရပြီး အဲ့ဒီနောက်မှာတော့ သူမဟာ Dweller-in-Darkness ရဲ့ တည်ရှိနေမှုကို သိသွားပါတယ်။ အဲဒီနောက်မှာတော့ ပထမဆုံး Sorcerer Supreme လည်းဖြစ်၊ အရာရာကို သိမြင်နိုင်သူလည်း ဖြစ်တဲ့ Agamotto ရဲ့ အကူအညီနဲ့ သူမဟာ Dweller-in-Darkness ကို အိပ်ပျော်သွားအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Dweller-in-Darkness ဟာ အဲ့ဒီအချိန်မတိုင်ခင်မှာပဲ သူ့ရဲ့ အသိစိတ် အပိုင်းအစလေးကို ကမ္ဘာပေါ်မှာ ချန်ထားခဲ့နိုင်ပါတယ်။ အဲ့ဒီနောက်မှာတော့ Eternals တွေနဲ့ Deviant တွေရဲ့ တိုက်ပွဲတွေနဲ့ Celestials တွေရဲ့ ဝင်ရောက် နှောင့်ယှက်မှုတွေကြောင့် Dweller-in-Darkness ဟာ စွမ်းအားတွေ တိုးမြင့်လာပါတယ်။ ဒီလိုစွမ်းအားတွေ မြင့်တက်လာပေမယ့်လည်း သူဟာ မကြာသေးခင်အထိ အိပ်ပျော်နေဆဲပဲ ဖြစ်ပြီး Thor ၊ Hercules ၊ Doctor Strange နဲ့ သူ့ရဲ့ Ward Clea တို့ကြောင့် နောက်ဆုံးမှာတော့ နိုးထလာခဲ့ပါတယ်။

ကောမစ်ထဲက စွမ်းအားများ
photo via screenrant

ကောမစ်ထဲက Dweller-in-Darkness ဟာ ကပ်ပါးပုံစံမျိူးပဲ ဖြစ်ပြီး တခြားသူတွေကို ကြောက်ရွံ့စေကာ အဲ့ဒီကြောက်ရွံ့မှုတွေကို စားသုံးပါတယ်။ အကြောက်တရားတွေ ကြီးမားလာလေလေ Dweller-in-Darkness ရဲ့ စွမ်းအားကလည်း မြင့်တက်လာလေလေ ဖြစ်ပါတယ်။ သူဟာ Shade-Thralls လို့ခေါ်တဲ့ စွမ်းအားရှိပြီး အတွေးတစ်ခုတည်းနဲ့တင် အိပ်မက်ဆိုးထဲက Being တွေကို ဖန်တီးနိုင်ပါတယ်။ အဲ့ဒီ Being တွေကိုတော့ အလင်းရောင်နဲ့ သတ်ပစ်နိုင်ပြီး D’Spayre လို Being မျိူးဆိုရင် Dweller-in-Darkness နဲ့တောင် စွမ်းအားချင်း အတူတူလောက် ရှိပါတယ်။

D’Spayre ကတော့ Mystical Power တွေကို ပိုင်ဆိုင်ထားပြီး Doctor Strange ရဲ့ အစောင့်အရှောက် Spell တွေနဲ့ Sanctum Sanctorum ကိုတောင် ထိုးဖောက်နိုင်တဲ့အထိ စွမ်းအားကြီးတာကြောင့် Doctor Strange နဲ့လည်း လက်ရည်တူ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

Dweller-in-Darkness ကတော့ စိတ်ပိုင်းဆိုင်ရာ ကစားနည်းတွေကို ကြိုက်နှစ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်မှုတွေနဲ့ လူတွေကို လိုသလို ကြိုးကိုင်ခြယ်လှယ်နိုင်ပါတယ်။ သူဟာ မကြာခဏဆိုသလို သူ့သားကောင်ရဲ့ အလိုချင်ဆုံးဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်လို့ ကတိပေးလေ့ရှိပြီး သူ့သားကောင်တွေရဲ့ စိတ်ကို ရူးသွပ်သွားအောင် ပြုလုပ်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Shang-Chi and the Legend of Ten Rings ႐ုပ္ရွင္ထဲမွာေတာ့ ဒ႑ာရီလာ သတၱဝါမ်ိဴးစုံ ပါဝင္ၿပီး Dweller-in-Darkness ကေတာ့ အဓိကဗီလိန္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ထူးျခားတဲ့ အခ်က္ကေတာ့ သူဟာ တ႐ုတ္ဒ႑ာရီထဲက သတၱဝါတစ္ေကာင္ မဟုတ္ဘဲ Marvel ေကာမစ္က ဖန္တီးထားတဲ့ ဇာတ္ေကာင္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Dweller-in-Darkness ရဲ့ ေကာမစ္ထဲက Origin နဲ႔ စြမ္းအားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေကာမစ္ထဲက Origin
photo via screenrant

ေကာမစ္ထဲမွာေတာ့ Dweller-in-Darkness ဟာ Fear Lord ငါးေယာက္ထဲကတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ ကမၻာေပၚက အေၾကာက္တရားေတြကို စားသုံးသူျဖစ္ၿပီး ကမၻာႀကီးကို အုပ္စိုးဖို႔ မၾကာခဏ ႀကိဳးစားခဲ့သူလည္း ျဖစ္ပါတယ္။ Fear Lord ထဲက နာမည္အႀကီးဆုံးကေတာ့ Doctor Strange ရဲ့ ရန္သူျဖစ္တဲ့ Nightmare ျဖစ္ၿပီး Dimension ေျခာက္ခုထက္ပိုတဲ့ Universe ျဖစ္တဲ့ Everinnye ကေန ဆင္းသက္လာသူ ျဖစ္ပါတယ္။ Dweller-in-Darkness ဟာ ကမၻာကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ႏွစ္ေသာင္းေလာက္ကတည္းက မ်က္စိက်ခဲ့တာျဖစ္ၿပီး မ်ိဴးစိတ္ေတြ ဆင့္ကဲေျပာင္းလဲလာတာကို ေစာင့္ၾကည့္ေနခဲ့ပါတယ္။

Atlantis ၿမိဳ႕ႀကီး မပ်က္စီးခင္အခ်ိန္မွာပဲ Atlantean ေမွာ္ပညာရွင္ျဖစ္တဲ့ Zhered-na ဟာ နယ္ႏွင္ဒဏ္ေပးခံခဲ့ရၿပီး အဲ့ဒီေနာက္မွာေတာ့ သူမဟာ Dweller-in-Darkness ရဲ့ တည္ရွိေနမွုကို သိသြားပါတယ္။ အဲဒီေနာက္မွာေတာ့ ပထမဆုံး Sorcerer Supreme လည္းျဖစ္၊ အရာရာကို သိျမင္နိုင္သူလည္း ျဖစ္တဲ့ Agamotto ရဲ့ အကူအညီနဲ႔ သူမဟာ Dweller-in-Darkness ကို အိပ္ေပ်ာ္သြားေအာင္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း Dweller-in-Darkness ဟာ အဲ့ဒီအခ်ိန္မတိုင္ခင္မွာပဲ သူ႔ရဲ့ အသိစိတ္ အပိုင္းအစေလးကို ကမၻာေပၚမွာ ခ်န္ထားခဲ့နိုင္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Eternals ေတြနဲ႔ Deviant ေတြရဲ့ တိုက္ပြဲေတြနဲ႔ Celestials ေတြရဲ့ ဝင္ေရာက္ ေႏွာင့္ယွက္မွုေတြေၾကာင့္ Dweller-in-Darkness ဟာ စြမ္းအားေတြ တိုးျမင့္လာပါတယ္။ ဒီလိုစြမ္းအားေတြ ျမင့္တက္လာေပမယ့္လည္း သူဟာ မၾကာေသးခင္အထိ အိပ္ေပ်ာ္ေနဆဲပဲ ျဖစ္ၿပီး Thor ၊ Hercules ၊ Doctor Strange နဲ႔ သူ႔ရဲ့ Ward Clea တို႔ေၾကာင့္ ေနာက္ဆုံးမွာေတာ့ နိုးထလာခဲ့ပါတယ္။

ေကာမစ္ထဲက စြမ္းအားမ်ား
photo via screenrant

ေကာမစ္ထဲက Dweller-in-Darkness ဟာ ကပ္ပါးပုံစံမ်ိဴးပဲ ျဖစ္ၿပီး တျခားသူေတြကို ေၾကာက္ရြံ့ေစကာ အဲ့ဒီေၾကာက္ရြံ့မွုေတြကို စားသုံးပါတယ္။ အေၾကာက္တရားေတြ ႀကီးမားလာေလေလ Dweller-in-Darkness ရဲ့ စြမ္းအားကလည္း ျမင့္တက္လာေလေလ ျဖစ္ပါတယ္။ သူဟာ Shade-Thralls လို႔ေခၚတဲ့ စြမ္းအားရွိၿပီး အေတြးတစ္ခုတည္းနဲ႔တင္ အိပ္မက္ဆိုးထဲက Being ေတြကို ဖန္တီးနိုင္ပါတယ္။ အဲ့ဒီ Being ေတြကိုေတာ့ အလင္းေရာင္နဲ႔ သတ္ပစ္နိုင္ၿပီး D’Spayre လို Being မ်ိဴးဆိုရင္ Dweller-in-Darkness နဲ႔ေတာင္ စြမ္းအားခ်င္း အတူတူေလာက္ ရွိပါတယ္။

D’Spayre ကေတာ့ Mystical Power ေတြကို ပိုင္ဆိုင္ထားၿပီး Doctor Strange ရဲ့ အေစာင့္အေရွာက္ Spell ေတြနဲ႔ Sanctum Sanctorum ကိုေတာင္ ထိုးေဖာက္နိုင္တဲ့အထိ စြမ္းအားႀကီးတာေၾကာင့္ Doctor Strange နဲ႔လည္း လက္ရည္တူ တိုက္ခိုက္နိုင္စြမ္း ရွိပါတယ္။

Dweller-in-Darkness ကေတာ့ စိတ္ပိုင္းဆိုင္ရာ ကစားနည္းေတြကို ႀကိဳက္ႏွစ္သက္ၿပီး ထင္ေယာင္ထင္မွားျဖစ္မွုေတြနဲ႔ လူေတြကို လိုသလို ႀကိဳးကိုင္ျခယ္လွယ္နိုင္ပါတယ္။ သူဟာ မၾကာခဏဆိုသလို သူ႔သားေကာင္ရဲ့ အလိုခ်င္ဆုံးဆႏၵေတြကို ျဖည့္ဆည္းေပးမယ္လို႔ ကတိေပးေလ့ရွိၿပီး သူ႔သားေကာင္ေတြရဲ့ စိတ္ကို ႐ူးသြပ္သြားေအာင္ ျပဳလုပ္နိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular