HomeEntertainmentFilmShang-Chi ရုပ်ရှင်နဲ့ ဆက်နွယ်မှု ရှိနေတဲ့ Hawkeye ဇာတ်လမ်းတွဲ

Shang-Chi ရုပ်ရှင်နဲ့ ဆက်နွယ်မှု ရှိနေတဲ့ Hawkeye ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Hawkeye ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာမယ့် Swordsman ဆိုတဲ့ ဇာတ်ကောင်ဟာ အသစ်ထွက်လာမယ့် Shang-Shi and the Legend of the Ten Rings နဲ့ ဆက်နွယ်မှုတွေ ရှိနေပါတယ်။ Shang-Chi ရော Hawkeye ရောဟာ MCU Phase 4 ရဲ့ ဇာတ်လမ်းတွေ ဖြစ်ပါတယ်။ အစတုန်းကတော့ Shang-Chi ရုပ်ရှင်ဟာ ၂၀၂၁ ဖေဖော်ဝါရီလမှာ ရုံတင်ဖို့အတွက် စီစဉ်ထားပြီး အခုချိန်မှာတော့ ၂၀၂၁ ဇူလိုင်လကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ Hawkeye ဇာတ်လမ်းတွဲကတော့ ထုတ်လွှင့်ပြသမယ့် နေ့ရက်အတိအကျကို မကြေညာသေးပေမယ့်လည်း ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ Disney+ ကနေ ပြသသွားမယ်လို့ သိရပါတယ်။

Hawkeye ဇာတ်လမ်းတွဲကတော့ အခုချိန်မှာ ရိုက်ကူးနေဆဲ ဖြစ်ပေမယ့်လည်း ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ တစ်ချို့အချက်အလက်တွေကိုတော့ သိခွင့်ရခဲ့ပါတယ်။ အစတုန်းကတော့ Kate Bishop နေရာမှာ ဘယ်သူသရုပ်ဆောင်မယ်မှန်း မသိခဲ့ရပေမယ့်လည်း ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေ ထွက်လာတဲ့အချိန်မှာတော့ အဲ့ဒီနေရာမှာ Hailee Steinfeld က ပါဝင်ထားတယ် ဆိုတာကို သိရခဲ့ပါတယ်။ Florence Pugh ကလည်း Yelena Belova ဇာတ်ကောင်အနေနဲ့ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာဦးမှာ ဖြစ်ပြီး ဇာတ်ကောင်သစ် နှစ်ယောက်လည်း ထပ်မံပါဝင်လာခဲ့ပါတယ်။

photo via screenrant

အဲ့ဒီနှစ်ယောက်ကတော့ Echo နဲ့ Jack Duquesne တို့ဖြစ်ကြပါတယ်။ Jack Duquesne a.k.a. Swordsman ကတော့ Hawkeye ရဲ့ ဆရာလည်း ဖြစ်သလို ဗီလိန်တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲထဲမှာတော့ Clint ရဲ့ နောက်ကြောင်းကိုလည်း မြင်တွေ့ရမှာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲနဲ့ Shang-Chi နဲ့ ပတ်သက်နေတဲ့ ဆက်နွယ်မှုကတော့ Swordsman ကြောင့်ပဲ ဖြစ်ပါတယ်။ Shang-Chi ရဲ့ အဓိကဗီလိန်ဖြစ်တဲ့ Mandarin ဟာလည်း Swordsman နဲ့ အရေးကြီးတဲ့ ဆက်နွယ်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် Swordsman ရဲ့ ဓားဟာ Mandarin ရဲ့ လက်စွပ်ဆယ်ခုအစွမ်းနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာ Swordsman ပထမဆုံး ပါဝင်လာတဲ့အချိန်မှာတော့ သူဟာ Avengers အဖွဲ့ဝင် တစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားခဲ့ပေမယ့်လည်း တခြားလူတွေကတော့ သူ့ကိုလက်မခံခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ သူဟာ Mandarin နဲ့ ဆက်သွယ်မိသွားပြီး Mandarin ဟာ သူ့ကို လက်စွပ်ဆယ်ခုနဲ့ ဖန်တီးထားတဲ့ ဓားကို ပေးခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ လက်စွပ်တစ်ခုချင်းစီတိုင်းဟာ အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားကြပါတယ်။ Mandarin ဟာ အဲ့ဒီလက်စွပ်ဆယ်ခုလုံးရဲ့ စွမ်းအားတွေကို Swordsman ရဲ့ ဓားကို ထည့်သွင်းပေးခဲ့ပါတယ်။

photo via screenrant

အဲ့ဒီဓားကြောင့်ပဲ Swordsman ဟာ ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာပြီးတော့ Avengers တွေကိုတောင် ယှဉ်ပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တာတွေကတော့ ကောမစ်ထဲက အဖြစ်အပျက်တွေ ဖြစ်ပြီတော့ Hawkeye ဇာတ်လမ်းတွဲနဲ့ Shang-Chi ရုပ်ရှင်တို့ကြားမှာ ဖန်တီးနိုင်တဲ့ ဆက်နွယ်မှုတွေပဲ ဖြစ်ပါတယ်။ ကောမစ်ထဲကအတိုင်း တစ်ပုံစံတည်း မဟုတ်ရင်တောင် MCU ကလည်း ဒီဆက်နွယ်မှုကို ထည့်သွင်းလိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီဇာတ်လမ်းနှစ်ခုရဲ့ကြားမှာ ဘယ်လိုဆက်နွယ်မှုမျိူးကို ဖန်တီးမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Hawkeye ဇာတ္လမ္းတြဲထဲမွာ ပါဝင္လာမယ့္ Swordsman ဆိုတဲ့ ဇာတ္ေကာင္ဟာ အသစ္ထြက္လာမယ့္ Shang-Shi and the Legend of the Ten Rings နဲ႔ ဆက္ႏြယ္မႈေတြ ရွိေနပါတယ္။ Shang-Chi ေရာ Hawkeye ေရာဟာ MCU Phase 4 ရဲ႕ ဇာတ္လမ္းေတြ ျဖစ္ပါတယ္။ အစတုန္းကေတာ့ Shang-Chi ႐ုပ္ရွင္ဟာ ၂၀၂၁ ေဖေဖာ္ဝါရီလမွာ ႐ုံတင္ဖို႔အတြက္ စီစဥ္ထားၿပီး အခုခ်ိန္မွာေတာ့ ၂၀၂၁ ဇူလိုင္လကို ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ Hawkeye ဇာတ္လမ္းတြဲကေတာ့ ထုတ္လႊင့္ျပသမယ့္ ေန႔ရက္အတိအက်ကို မေၾကညာေသးေပမယ့္လည္း ၂၀၂၁ ႏွစ္ကုန္ပိုင္းေလာက္မွာ Disney+ ကေန ျပသသြားမယ္လို႔ သိရပါတယ္။

Hawkeye ဇာတ္လမ္းတြဲကေတာ့ အခုခ်ိန္မွာ ႐ိုက္ကူးေနဆဲ ျဖစ္ေပမယ့္လည္း ဒီဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ တစ္ခ်ိဳ႕အခ်က္အလက္ေတြကိုေတာ့ သိခြင့္ရခဲ့ပါတယ္။ အစတုန္းကေတာ့ Kate Bishop ေနရာမွာ ဘယ္သူသ႐ုပ္ေဆာင္မယ္မွန္း မသိခဲ့ရေပမယ့္လည္း ႐ိုက္ကြင္းေပၚက ဓာတ္ပုံေတြ ထြက္လာတဲ့အခ်ိန္မွာေတာ့ အဲ့ဒီေနရာမွာ Hailee Steinfeld က ပါဝင္ထားတယ္ ဆိုတာကို သိရခဲ့ပါတယ္။ Florence Pugh ကလည္း Yelena Belova ဇာတ္ေကာင္အေနနဲ႔ ဒီဇာတ္လမ္းတြဲထဲမွာ ပါဝင္လာဦးမွာ ျဖစ္ၿပီး ဇာတ္ေကာင္သစ္ ႏွစ္ေယာက္လည္း ထပ္မံပါဝင္လာခဲ့ပါတယ္။

photo via screenrant

အဲ့ဒီႏွစ္ေယာက္ကေတာ့ Echo နဲ႔ Jack Duquesne တို႔ျဖစ္ၾကပါတယ္။ Jack Duquesne a.k.a. Swordsman ကေတာ့ Hawkeye ရဲ႕ ဆရာလည္း ျဖစ္သလို ဗီလိန္တစ္ေယာက္လည္း ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Clint ရဲ႕ ေနာက္ေၾကာင္းကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္ၿပီး ဒီဇာတ္လမ္းတြဲနဲ႔ Shang-Chi နဲ႔ ပတ္သက္ေနတဲ့ ဆက္ႏြယ္မႈကေတာ့ Swordsman ေၾကာင့္ပဲ ျဖစ္ပါတယ္။ Shang-Chi ရဲ႕ အဓိကဗီလိန္ျဖစ္တဲ့ Mandarin ဟာလည္း Swordsman နဲ႔ အေရးႀကီးတဲ့ ဆက္ႏြယ္မႈေတြ ရွိေနပါတယ္။ ဒါ့အျပင္ Swordsman ရဲ႕ ဓားဟာ Mandarin ရဲ႕ လက္စြပ္ဆယ္ခုအစြမ္းနဲ႔ ဖန္တီးထားတာ ျဖစ္ပါတယ္။

ေကာမစ္ထဲမွာ Swordsman ပထမဆုံး ပါဝင္လာတဲ့အခ်ိန္မွာေတာ့ သူဟာ Avengers အဖြဲ႕ဝင္ တစ္ေယာက္ ျဖစ္ဖို႔အတြက္ ႀကိဳးစားခဲ့ေပမယ့္လည္း တျခားလူေတြကေတာ့ သူ႔ကိုလက္မခံခဲ့ပါဘူး။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Mandarin နဲ႔ ဆက္သြယ္မိသြားၿပီး Mandarin ဟာ သူ႔ကို လက္စြပ္ဆယ္ခုနဲ႔ ဖန္တီးထားတဲ့ ဓားကို ေပးခဲ့ပါတယ္။ ေကာမစ္ထဲမွာေတာ့ လက္စြပ္တစ္ခုခ်င္းစီတိုင္းဟာ အစြမ္းတစ္ခုကို ပိုင္ဆိုင္ထားၾကပါတယ္။ Mandarin ဟာ အဲ့ဒီလက္စြပ္ဆယ္ခုလုံးရဲ႕ စြမ္းအားေတြကို Swordsman ရဲ႕ ဓားကို ထည့္သြင္းေပးခဲ့ပါတယ္။

photo via screenrant

အဲ့ဒီဓားေၾကာင့္ပဲ Swordsman ဟာ ေၾကာက္စရာေကာင္းတဲ့ ၿပိဳင္ဘက္တစ္ေယာက္ ျဖစ္လာၿပီးေတာ့ Avengers ေတြကိုေတာင္ ယွဥ္ၿပီး တိုက္ခိုက္ႏိုင္ခဲ့ပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့တာေတြကေတာ့ ေကာမစ္ထဲက အျဖစ္အပ်က္ေတြ ျဖစ္ၿပီေတာ့ Hawkeye ဇာတ္လမ္းတြဲနဲ႔ Shang-Chi ႐ုပ္ရွင္တို႔ၾကားမွာ ဖန္တီးႏိုင္တဲ့ ဆက္ႏြယ္မႈေတြပဲ ျဖစ္ပါတယ္။ ေကာမစ္ထဲကအတိုင္း တစ္ပုံစံတည္း မဟုတ္ရင္ေတာင္ MCU ကလည္း ဒီဆက္ႏြယ္မႈကို ထည့္သြင္းလိမ့္မယ္လို႔ ထင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းႏွစ္ခုရဲ႕ၾကားမွာ ဘယ္လိုဆက္ႏြယ္မႈမ်ိဴးကို ဖန္တီးမလည္း ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular