HomeEntertainmentFilmShang-Chi ဒုတိယမြောက် ထွေလာထဲက စိတ်ဝင်စားစရာအချက်များ

Shang-Chi ဒုတိယမြောက် ထွေလာထဲက စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ကောမစ်ရဲ့ ပထမဦးဆုံး အာရှစူပါဟီးရိုး ဖြစ်တဲ့ Shang-Chi ဟာ မကြာခင်မှာတော့ Live Action ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ Shang-Chi ရဲ့ ဒုတိယမြောက် ထွေလာ ထွက်ရှိလာပါတယ်။ အဲ့ဒီထွေလာထဲမှာတော့ Hulk ရဲ့ ဗီလိန်ဖြစ်သူ Abomination နဲ့ Doctor Strange ရဲ့တွဲဖက် Wong တို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ တခြားစိတ်ဝင်စားစရာတွေလည်း ပါဝင်နေတာကြောင့် အောက်မှာ ဆက်လက် ဖတ်ရှုကြည့်လိုက်ပါဦး။

(1) Ten Rings အဖွဲ့အစည်းရဲ့အလံ
photo via screenrant

ဒီထွေလာရဲ့ အစမှာတော့ လေထဲမှာ လွင့်မျောနေတဲ့ Ten Rings အဖွဲ့အစည်းရဲ့ အလံကို မြင်တွေ့ရပါတယ်။ ဒီအဖွဲ့အစည်းဟာ MCU ရဲ့ ပထမဆုံးရုပ်ရှင် ဖြစ်တဲ့ Iron Man ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ အခုချိန်မှာတော့ တကယ့် Ten Rings အဖွဲ့အစည်းကို မြင်တွေ့ရတော့မှာ ဖြစ်ပြီး Mandarin လည်း ပါဝင်လာမှာပါ။ ဒါ့အပြင် ဒီဇာတ်ဝင်ခန်းဟာ Mandarin ရဲ့ အတိတ်ဘဝကို ပြသသွားတာ ဖြစ်ပါလိမ့်မယ်။

(2) Ten Rings ရဲ့ စွမ်းအားများ
photo via screenrant

Mandarin ရဲ့ အတိတ်ဘဝကို ပြသခဲ့တဲ့ ဇာတ်ဝင်ခန်းထဲမှာတော့ Ten Rings ရဲ့ စွမ်းအားတွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ Mandarin ဟာ လက်တစ်ဘက်မှာ Ring ငါးခုစီ ဝတ်ဆင်ထားပြီး အဲ့ဒီ Ring တွေကို ဒုံးကျည်တွေလို ပစ်လွှတ်နိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ပစ်လွှတ်လိုက်တဲ့ Ring တွေဟာ Mandarin ရဲ့ လက်ထဲကို ပြန်လည်ရောက်ရှိလာသလို Energy တွေလည်း ပစ်လွှတ်နိုင်ပါတယ်။ ကောမစ်ထဲမှာတော့ Ten Rings ဟာ အခုလိုမျိူး လက်ကောက်ပုံစံ မဟုတ်ဘဲ တကယ့်လက်စွပ်တွေ ဖြစ်ပြီး လက်စွပ်တစ်ခုချင်းစီဟာ မတူညီတဲ့ စွမ်းအားတွေကို ထောက်ပံ့ပေးပါတယ်။

(3) Shang-Chi ရဲ့ ငယ်ဘဝ
photo via screenrant

Mandarin ရဲ့ အတိတ်ကို ပြန်လည် ပြသတဲ့အချိန်မှာတော့ Shang-Chi ရဲ့ ငယ်ဘဝကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Ten Rings ဟာ Mandarin ကို အချိန်တွေ အကြာကြီး စွမ်းအားပေးခဲ့သလို ပုံမှန်ထက်လည်း အသက်ရှည်စေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Mandarin ဟာ သူ့နေရာကို သူ့ရဲ့သားဖြစ်သူ Shang-Chi ကို ဆက်ခံစေချင်ခဲ့ပြီး Ten Rings ကို လက်ဆင့်ကမ်းပေးချင်ခဲ့ပါတယ်။ ဒီအချက်ကတော့ MCU ထဲမှာ ပြောင်းလဲလိုက်တာ ဖြစ်ပြီး ကောမစ်ထဲက Shang-Chi ရဲ့ အဖေကတော့ Zheng Zu လို့ ခေါ်ပါတယ်။

(4) Michelle Yeoh
photo via screenrant

နောက်ဆုံးမှာတော့ နာမည်ကြီး တရုတ်မင်းသမီး ဖြစ်တဲ့ Michelle Yeoh ရဲ့ ဇာတ်ကောင်ကို ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ သူမဇာတ်ကောင်ရဲ့ နာမည်ကတော့ Jiang Nan လို့ သိရပြီး သူမဟာ Shang-Chi ရဲ့ ငယ်ဘဝက ဆရာတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ Shang-Chi နဲ့ ပတ်သက်တဲ့ ဇာတ်ကောင်တွေထဲမှာ Jiang Nan ဆိုတဲ့ ဇာတ်ကောင် မရှိပါဘူး။

(5) ဝေးလံတဲ့ ကျွန်းတစ်ခုကို ရောက်ရှိနေတဲ့ Shang-Chi
photo via screenrant

ဒီထွေလာထဲမှာတော့ Shang-Chi ဟာ Jiang Nan အပါအဝင် တခြားဇာတ်ကောင်တွေနဲ့အတူ ဝေးလံတဲ့ ကျွန်းတစ်ခုကို ရောက်နေတာ မြင်တွေ့ရပါတယ်။ အဲ့ဒီကျွန်းကတော့ Ten Rings အဖွဲ့အစည်းရဲ့  ဌာနချုပ်ရှိနေတဲ့နေရာ ဖြစ်နေနိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကတော့ San Francisco မြို့က မလုံခြုံတော့တဲ့ အချိန်မှာ Shang-Chi ရှောင်တိမ်းခဲ့တဲ့ နေရာလည်း ဖြစ်နေနိုင်ပါတယ်။ ပုံထဲမှာ သူနဲ့အတူ မတ်တပ်ရပ်နေကြတဲ့ ဇာတ်ကောင်တွေကတော့ Shang-Chi ၊ Jiang Nan ၊ Katy နဲ့ Shang-Chi ရဲ့ ညီမဖြစ်သူ Xialing တို့ ဖြစ်ကြပါတယ်။

(6) Shang-Chi ရဲ့ အမေ
photo via screenrant

Jiang Nan က Shang-Chi ရဲ့ မိခင်အကြောင်းကို ပြောပြနေတဲ့အချိန်မှာတော့ Shang-Chi ရဲ့ ငယ်ဘဝတုန်းက သူ့အမေနဲ့အတူ ရှိခဲ့တဲ့ ပုံရိပ်ကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ Shang-Chi ရဲ့ အမေဟာ Shang-Chi ကို chi ထိန်းချုပ်နည်း သင်ပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ဒီဇာတ်ဝင်ခန်းကို ကြည့်ခြင်းအားဖြင့် Shang-Chi ဟာ သူ့အဖေထက် အမေဖြစ်သူနဲ့ ပိုပြီးရင်းနှီးတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ Shang-Chi ရဲ့ အဖေနဲ့အမေဟာ မတူညီတဲ့ တိုက်ခိုက်နည်းတွေကို တတ်မြောက်ထားတာကြောင့် Shang-Chi ဟာ Ten Rings အဖွဲ့အစည်းကို ရပ်တန့်ဖို့အတွက် အဲ့ဒီတိုက်ခိုက်နည်းနှစ်မျိူးကို ပေါင်းစပ်ကာ အသုံးပြုသွားနိုင်ပါတယ်။

(7) Black Room
photo via screenrant

ဒီထွေလာထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Ten Rings အဖွဲ့အစည်းရဲ့ လုပ်ကြံသတ်ဖြတ်သူတွေဟာ သူတို့ရဲ့ လူသတ်နည်းစနစ်တွေကို လေ့ကျင့်နေတာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းကို ကြည့်ခြင်းအားဖြင့် Ten Rings အဖွဲ့အစည်းဟာ စစ်တပ်တစ်ခုလို စနစ်ကျပြီး ကြီးမားလှတဲ့ အဖွဲ့အစည်းတစ်ခုဆိုတာ သိသာစေပါတယ်။ ဒါကြောင့်ပဲ Shang-Chi ကတော့ ဒီရုပ်ရှင်ထဲမှာ Ten Rings ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေ အများအပြားနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

(8) Death Dealer နဲ့ Shang-Chi တို့ဟာ ပြိုင်ဘက်တွေ ဖြစ်ကြပါတယ်။
photo via screenrant

ပထမဆုံး ထွက်ရှိခဲ့တဲ့ ထွေလာထဲမှာတော့ Shang-Chi ရဲ့ ငယ်ဘဝမှာ ကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေတာကို Mandarin နဲ့ Death Dealer တို့က ကြည့်ရှုနေတာကို မြင်ခဲ့ရပါတယ်။ နောက်ထပ် promo တစ်ခုမှာတော့ Shang-Chi ဟာ ဆယ်ကျော်သက်အရွယ်လောက် ဖြစ်နေပြီး Death Dealer နဲ့ လေ့ကျင့်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ ဟီးရိုးတွေ၊ ဗီလိန်တွေ ဖြစ်မလာခင်ကတည်းက ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပါ။

ဒါ့အပြင် Mandarin ကလည်း Death Dealer လိုမျိူး သစ္စာရှိတဲ့ လက်အောက်ခံတစ်ယောက်ကို ဆက်ခံသူအဖြစ် မရွေးချယ်ဘဲ အိမ်ကထွက်ပြေးသွားတဲ့ Shang-Chi ကို ရွေးချယ်ခဲ့ပါတယ်။ ဒီအချက်ဟာ Death Dealer အတွက်တော့ မနာလို မုန်းတီးမှုတွေနဲ့ ဒေါသတွေ ပိုများလာစေကာ Shang-Chi ရဲ့ ဗီလိန်တစ်ယောက် ဖြစ်လာစေမယ်လို့ ပြောလို့ရပါတယ်။

(9) Ten Rings ဟာ ခေတ်မီနည်းပညာတွေကိုလည်း အသုံးပြုပါတယ်။
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Death Dealer နဲ့ Ten Rings ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေဟာ Shang-Chi ကို သတ်ဖို့ကြိုးစားခဲ့တာကို မြင်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ Death Dealer နဲ့ Shang-Chi တို့ရဲ့ တိုက်ပွဲကိုလည်း တစွန်းတစ မြင်တွေ့ခဲ့ရပါသေးတယ်။ Ten Rings ကတော့ ဟိုးအရင်ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့တွေဟာ မှော်ပစ္စည်းတွေ၊ ဓားတွေနဲ့ သိုင်းပညာတွေကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီဘက်ခေတ်ကို ရောက်လာတဲ့အချိန်မှာတော့ သူတို့ဟာ ခေတ်မီနည်းပညာတွေကို အသုံးပြုလာကြပါတယ်။ ဒီအချက်ကို အတည်ပြုနိုင်တာကတော့ Death Dealer က Shang-Chi ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ပေါက်ကွဲစေတဲ့ ဓားတစ်ချောင်းကို အသုံးပြုသွားတာကြောင့် ဖြစ်ပါတယ်။

(10) Shang-Chi က သူ့အဖေနဲ့ ဘာလို့ပြန်တွေ့ခဲ့တာလဲ?
photo via screenrant

ပထမဆုံး ထွေလာထဲမှာတော့ Shang-Chi အိမ်ကထွက်လာခဲ့တာကို မြင်ခဲ့ကြရပြီး နောက်ပိုင်းမှာတော့ ဘာကြောင့် Ten Rings အခြေစိုက်စခန်းကို ပြန်သွားခဲ့တာလည်းဆိုတာ ပရိသတ်တွေက သိချင်ခဲ့ကြပါတယ်။ ဒုတိယ ထွေလာထဲမှာတော့ Mandarin ဟာ သူ့ရဲ့အတော်ဆုံး လုပ်ကြံသတ်ဖြတ်သူတွေနဲ့ Shang-Chi ကို ခြေရာခံစေခဲ့ပါတယ်။

ဒါပေမယ့်လည်း Mandarin ဟာ Shang-Chi ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူးလို့ သူ့ရဲ့လုပ်ကြံသတ်ဖြတ်သူတွေကို သတိပေးခဲ့သလို Shang-Chi ကလည်း သူ့အဖေရဲ့စကား မှန်ကန်ကြောင်း သက်သေပြခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Shang-Chi ရှိနေတဲ့‌ နေရာကို သိသွားတာကြောင့် Mandarin ကိုယ်တိုင် ရောက်လာကာ Shang-Chi နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဖြစ်နိုင်တာ တစ်ခုကတော့ Mandarin ဟာ သူ့ရဲ့ဆက်ခံသူကို ရွေးချယ်ဖို့အတွက် အချိန်အများကြီး မကျန်ရှိတော့တာကြောင့် ဖြစ်ပါလိမ့်မယ်။

(11) Shang-Chi က သူ့အဖေကို မုန်းနေရတဲ့ အကြောင်းအရင်း
photo via screenrant

ပထမထွေလာထဲမှာတော့ စားသောက်ဆိုင်တစ်ခုထဲကို ရောက်နေတဲ့ ကလေးဘဝ Shang-Chi ကို မြင်တွေ့ခဲ့ရပါတယ်။ ဒုတိယထွေလာထဲမှာတော့ အဲ့ဒီဇာတ်ဝင်ခန်းရဲ့ အဆက်ကို ထပ်မံပြီး ပြသသွားပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကတော့ Mandarin ကို တစ်နည်းနည်းနဲ့ မကျေနပ်အောင် လုပ်ထားတယ်လို့ ယူဆနိုင်တဲ့ လူတစ်ယောက်ကို Mandarin ဟာ Shang-Chi ရှေ့မှာပဲ သတ်ပစ်လိုက်ပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ Shang-Chi ကို သေချာတောင် မကြည့်ဘဲ “ဒါတွေကို အသားကျအောင် လုပ်ထား” ဆိုပြီး ပြောခဲ့ပါတယ်။ Mandarin ဟာ လူတစ်ယောက်ကို သတ်ဖို့အတွက် နှစ်ခါ မစဉ်းစားတတ်တဲ့ လူတစ်ယောက်ဖြစ်ပြီး ဒုစရိုက်မှုတွေများစွာ ကျူးလွန်နေသူ ဖြစ်ပါတယ်။ Shang-Chi ကတော့ သူ့အဖေလိုမဟုတ်ဘဲ စိတ်ထားကောင်းသူ ဖြစ်တာကြောင့် ဒီလိုအချက်တွေကို လက်မခံနိုင်တာ ဖြစ်ပါတယ်။

(12) Jiang Nan ရဲ့ Chi စွမ်းအား
photo via screenrant

Shang-Chi နဲ့ Jiang Nan တို့ဟာ ပစ္စပ္ပုန်ကာလမှာလည်း ပြန်လည် တွေ့ဆုံခဲ့ကြပြီး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ Jiang Nan ဟာ သူမရဲ့ Chi ထိန်းချုပ်မှု စွမ်းရည်တွေကို ပြသခဲ့ပြီး Shang-Chi ကို အံ့ဩစေခဲ့ပါတယ်။ ဒါကြောင့်ပဲ Shang-Chi ဟာ တိုက်ခိုက်နည်းစနစ်တွေကို Mandarin ဆီက သင်ယူပြီး Chi စွမ်းအားကိုတော့ Jiang Nan ဆီက သင်ယူသွားမယ်လို့ ယူဆနိုင်ပါတယ်။ Chi စွမ်းအားဆိုတာကတော့ ကိုယ့်ရဲ့ဘေးပတ်ပတ်လည်မှာ တည်ရှိနေတဲ့ စွမ်းအင်တွေကို လိုသလို ထိန်းချူပ်ပြီး ပြန်လည်အသုံးချတဲ့ စွမ်းရည်ကို ခေါ်ဆိုတာပါ။

(13) မီးအိမ်ပွဲတော်
photo via screenrant

အပေါ်မှာ ‌ဖော်ပြခဲ့တဲ့ Shang-Chi ရောက်သွားတဲ့ ကျွန်းပေါ်မှာပဲ တရုတ်မီးအိမ်ပွဲတော်ကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီမီးအိမ်ပွဲတော်ဟာ ဒီရုပ်ရှင်အတွက် ဖန်တီးထားတဲ့ စိတ်ကူးယဉ်ပွဲတော်တစ်ခု ဖြစ်နေနိုင်ပါတယ်။ ထွေလာမှာ မြင်တွေ့ခဲ့ရသလောက် ဆိုရင်တော့ ဒီမီးအိမ်ပွဲတော်ဟာ Shangyuan ပွဲတော်နဲ့ အတော်လေး ဆင်တူပါတယ်။ ဒီပွဲတော်ရဲ့ အနှစ်သာရကတော့ မီးအိမ်တွေကို လွှတ်လိုက်တာနဲ့ လူတစ်ယောက်ရဲ့ အတိတ်ကနေ လွတ်မြောက်သွားမယ်ဆိုတဲ့ အယူအဆရှိပါတယ်။ Shang-Chi ကလည်း ဒီကျွန်းကို ရောက်လာတဲ့အချိန်မှာ သူ့အဖေရဲ့လောင်းရိပ်အောက်က လွတ်မြောက်လာတဲ့အချိန် ဖြစ်ပါတယ်။

(14) Water Shrine
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Mandarin ဟာ Shang-Chi နဲ့ အပေါင်းအပါတွေကို တားဆီးဖို့အတွက် ရေဂိတ်ကြီးကို ဖွင့်ချလိုက်တာ မြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရေတွေဟာ ကမ္ဘာမြေဆွဲအား မရှိသလိုမျိူး လေပေါ်မှာ မျောနေတာကို တွေ့ရပါတယ်။ Shang-Chi ဟာ ငယ်ဘဝတုန်းက သူ့အမေနဲ့အတူ အဲ့ဒီရေတွေ ထွက်လာတဲ့ ဂိတ်ကြီးရဲ့ရှေ့မှာ လေ့ကျင့်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ Shang-Chi ဟာ Chi ကိုအသုံးပြုပြီး အဲ့ဒီရေတွေကို ထိန်းချုပ်သွားတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့်လည်း Shang-Chi ဟာ Chi ကို ကျွမ်းကျင်ဖို့အတွက် အချိန်တစ်ခုတော့ ပေးဆပ်ရမှာပါ။

(15) Mandarin ရဲ့ တောအုပ်ထဲက တိုက်ပွဲ
photo via screenrant

ဒီထွေလာထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ အဖြူရောင်ဝတ်စုံနဲ့ Mandarin ဟာ အမျိူးသမီးတစ်ယောက်နဲ့ တောအုပ်ထဲမှာ တိုက်ခိုက်နေတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအမျိူးသမီးကိုတော့ အနောက်ကပဲ ပြသသွားတာကြောင့် ဘယ်သူမှန်းတော့ သေချာမသိရသေးပါဘူး။

(16) အသက်ဝင်လာတဲ့ ခြင်္သေ့ရုပ်ကြီး
photo via screenrant

အဲ့ဒီနောက်မှာတော့ Ten Rings အဖွဲ့အစည်းက လူတချို့ဟာ ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို မြင်တွေ့ခဲ့ရပြီး ခြင်္သေ့ကြီး တစ်ကောင်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီခြင်္သေ့ကြီးကတော့ တရုတ်ဘုန်းကြီးကျောင်းတွေမှာရှိတဲ့ ခြင်္သေ့ရုပ်ကြီးနဲ့ ဆင်တူပြီး အဲ့ဒီခြင်္သေ့ရုပ်ကြီးကို ဘယ်သူက ဘယ်လိုမျိူး အသက်သွင်းလိုက်လည်း ဆိုတာကိုတော့ မသိရသေးပါဘူး။

(17) မောင်နှမနှစ်ယောက်ရဲ့ တိုက်ပွဲ
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်အချို့ဟာ သူတို့တတ်မြောက်ထားတဲ့ တိုက်ခိုက်နည်းပညာတွေကို အသုံးပြုပြီး သံလှောင်အိမ်ထဲမှာ တိုက်ခိုက်ရမယ့် ပြိုင်ပွဲ ပါဝင်လာမယ်လို့ အတည်ပြုသွားပြီ ဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲထဲက တစ်ပွဲမှာတော့ Shang-Chi ဟာ သူ့ရဲ့ ညီမဖြစ်သူ Xialing နဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုတာကို ထွေလာထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ Shang-Chi ဟာ သူ့ရဲ့အိမ်က ထွက်လာပြီးကတည်းက Xialing နဲ့ ဆယ်နှစ်တာလောက် ဝေးကွာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Xialing ကတော့ Mandarin ကို အနိုင်ယူဖို့အတွက် Shang-Chi နဲ့ ပူးပေါင်းနေတာကို တွေ့ရပါတယ်။

(18) ရေနဂါး
photo via screenrant

ဒီထွေလာထဲက လူတိုင်း သတိထားမိခဲ့ကြတဲ့ နေရာတစ်ခုကတော့ ရေအောက်ထဲကို ရောက်နေတဲ့ Shang-Chi နဲ့ ရေနဂါးလို သတ္တဝါကြီးကို မြင်တွေ့ခဲ့ရတဲ့ ဇာတ်ဝင်ခန်းပဲ ဖြစ်ပါတယ်။ ပရိသတ်အများစုကတော့ အဲ့ဒီရေနဂါးကြီးဟာ Marvel ကောမစ်ထဲက ဇာတ်ကောင်ဖြစ်တဲ့ Fin Fang Foom လို့ ယူဆနေကြပါတယ်။

ကောမစ်ထဲမှာတော့ Mandarin ဟာ Ten Rings ကို ရယူခဲ့တဲ့အချိန်မှာ Fin Fang Foom ကို နိူးထလာစေခဲ့ပါတယ်။ Shang-Chi နဲ့ ပတ်သက်တဲ့ Merchandise တွေကို ထုတ်လုပ်တဲ့အချိန်မှာတော့ အဲ့ဒီရေနဂါးကြီးကို “The Great Protector” လို့ ဖော်ပြခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Shang-Chi စွမ်းအားတွေ ရရှိလာရတဲ့ အကြောင်းရင်းကတော့ အဲ့ဒီနဂါးကြီးကြောင့် ဖြစ်နိုင်ပါတယ်။

(19) နောက်ဆုံးတိုက်ပွဲ
photo via screenrant

ဒီထွေလာထဲက နောက်ထပ် အမှတ်ရစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခုကတော့ အဖေနဲ့သားဖြစ်သူ Mandarin နဲ့ Shang-Chi တို့ တိုက်ခိုက်နေကြတဲ့ ဇာတ်ဝင်ခန်းပဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ Shang-Chi ဟာ သူ့ရဲ့ Chi ကို အသုံးပြုပြီး Mandarin လက်ထဲက Ring တွေကို လုယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ဒီ Ring တွေကလည်း Mjolnir လိုပဲ သူတို့ထိုက်တန်တယ်လို့ ယူဆသူပဲ ကိုင်ဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Shang-Chi ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင် ဖြစ်တာကြောင့် Mandarin ကို အနိုင်မယူနိုင်ရင်တောင်မှ Ten Rings ကို ရရှိသွားနိုင်ပါတယ်။ ဒါကြောင့်ပဲ နောက်ထပ် ထွက်ရှိလာမယ့် Shang-Chi ရုပ်ရှင်တွေထဲမှာတော့ သူ့ကို Ten Rings နဲ့အတူ မြင်တွေ့ရနိုင်ချေ ရှိပါတယ်။

(20) Abomination Vs Wong?
photo via screenrant

ဒီထွေလာထဲက လူစိတ်ဝင်စားမှုအရှိဆုံး ဇာတ်ဝင်ခန်းကို ပြပါဆိုရင်တော့ ဒီဇာတ်ဝင်ခန်းပဲ ဖြစ်နေပါလိမ့်မယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ သံလှောင်အိမ်ထဲက တိုက်ပွဲတစ်ခုမှာတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Incredible Hulk ထဲက ဗီလိန်ဖြစ်သူ Abomination ကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Abomination ဟာ နောက်ဆုံးမြင်ခဲ့ရတဲ့ ပုံစံနဲ့တော့ အနည်းငယ် ပြောင်းလဲသွားပါတယ်။ Incredible Hulk ထဲမှာတော့ Abomination ဟာ Hulk နဲ့ တိုက်ခိုက်ပြီး သေဆုံးမသွားပေမယ့်လည်း အချိန်အကြာကြီး MCU က ပျောက်ကွယ်နေခဲ့ပါတယ်။ ဒီထွေလာအရ ဆိုရင်တော့ Abomination ဟာ လူမသိသူမသိ‌ နေထိုင်ပြီး ဒီလိုတိုက်ပွဲတွေကို တိုက်ခိုက်ကာ အသက်မွေးကြောင်း လုပ်နေတယ်လို့ ယူဆနိုင်ပါတယ်။

Abomination နဲ့ တိုက်ခိုက်ရမယ့်သူကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်သူ Wong ပဲ ဖြစ်ပါတယ်။ Wong ဟာ Doctor Strange ရဲ့ တွဲဖက်တစ်ယောက် ဖြစ်ပြီး Wong နေရာမှာ သရုပ်ဆောင်ခဲ့သူဖြစ်တဲ့ Benedict Wong ကိုတော့ Shang-Chi ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ကျွန်တော်တို့ သိထားရသလောက်ဆိုရင် Wong ဟာ အခုလိုမျိူး တိုက်ပွဲတွေမှာ ယှဉ်ပြိုင်လေ့ရှိသူ မဟုတ်ပါဘူး။ ဒါကြောင့် Wong က ဘာကြောင့် ဒီတိုက်ပွဲထဲကို ရောက်နေတာလည်းဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပြိုင်ပွဲတွေကို ကျင်းပတဲ့နေရာကတော့ The Falcon and the Winter Soldier ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Madripoor မြို့ ဖြစ်နေနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel ေကာမစ္ရဲ႕ ပထမဦးဆုံး အာရွစူပါဟီး႐ိုး ျဖစ္တဲ့ Shang-Chi ဟာ မၾကာခင္မွာေတာ့ Live Action ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ရက္ပိုင္းအတြင္းကပဲ Shang-Chi ရဲ႕ ဒုတိယေျမာက္ ေထြလာ ထြက္ရွိလာပါတယ္။ အဲ့ဒီေထြလာထဲမွာေတာ့ Hulk ရဲ႕ ဗီလိန္ျဖစ္သူ Abomination နဲ႔ Doctor Strange ရဲ႕တြဲဖက္ Wong တို႔ကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါတင္မကေသးဘဲ တျခားစိတ္ဝင္စားစရာေတြလည္း ပါဝင္ေနတာေၾကာင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈၾကည့္လိုက္ပါဦး။

(1) Ten Rings အဖြဲ႕အစည္းရဲ႕အလံ
photo via screenrant

ဒီေထြလာရဲ႕ အစမွာေတာ့ ေလထဲမွာ လြင့္ေမ်ာေနတဲ့ Ten Rings အဖြဲ႕အစည္းရဲ႕ အလံကို ျမင္ေတြ႕ရပါတယ္။ ဒီအဖြဲ႕အစည္းဟာ MCU ရဲ႕ ပထမဆုံး႐ုပ္ရွင္ ျဖစ္တဲ့ Iron Man ထဲမွာ စတင္ပါဝင္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ တကယ့္ Ten Rings အဖြဲ႕အစည္းကို ျမင္ေတြ႕ရေတာ့မွာ ျဖစ္ၿပီး Mandarin လည္း ပါဝင္လာမွာပါ။ ဒါ့အျပင္ ဒီဇာတ္ဝင္ခန္းဟာ Mandarin ရဲ႕ အတိတ္ဘဝကို ျပသသြားတာ ျဖစ္ပါလိမ့္မယ္။

(2) Ten Rings ရဲ႕ စြမ္းအားမ်ား
photo via screenrant

Mandarin ရဲ႕ အတိတ္ဘဝကို ျပသခဲ့တဲ့ ဇာတ္ဝင္ခန္းထဲမွာေတာ့ Ten Rings ရဲ႕ စြမ္းအားေတြကိုပါ ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Mandarin ဟာ လက္တစ္ဘက္မွာ Ring ငါးခုစီ ဝတ္ဆင္ထားၿပီး အဲ့ဒီ Ring ေတြကို ဒုံးက်ည္ေတြလို ပစ္လႊတ္ႏိုင္တာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ပစ္လႊတ္လိုက္တဲ့ Ring ေတြဟာ Mandarin ရဲ႕ လက္ထဲကို ျပန္လည္ေရာက္ရွိလာသလို Energy ေတြလည္း ပစ္လႊတ္ႏိုင္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Ten Rings ဟာ အခုလိုမ်ိဴး လက္ေကာက္ပုံစံ မဟုတ္ဘဲ တကယ့္လက္စြပ္ေတြ ျဖစ္ၿပီး လက္စြပ္တစ္ခုခ်င္းစီဟာ မတူညီတဲ့ စြမ္းအားေတြကို ေထာက္ပံ့ေပးပါတယ္။

(3) Shang-Chi ရဲ႕ ငယ္ဘဝ
photo via screenrant

Mandarin ရဲ႕ အတိတ္ကို ျပန္လည္ ျပသတဲ့အခ်ိန္မွာေတာ့ Shang-Chi ရဲ႕ ငယ္ဘဝကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ Ten Rings ဟာ Mandarin ကို အခ်ိန္ေတြ အၾကာႀကီး စြမ္းအားေပးခဲ့သလို ပုံမွန္ထက္လည္း အသက္ရွည္ေစခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Mandarin ဟာ သူ႔ေနရာကို သူ႔ရဲ႕သားျဖစ္သူ Shang-Chi ကို ဆက္ခံေစခ်င္ခဲ့ၿပီး Ten Rings ကို လက္ဆင့္ကမ္းေပးခ်င္ခဲ့ပါတယ္။ ဒီအခ်က္ကေတာ့ MCU ထဲမွာ ေျပာင္းလဲလိုက္တာ ျဖစ္ၿပီး ေကာမစ္ထဲက Shang-Chi ရဲ႕ အေဖကေတာ့ Zheng Zu လို႔ ေခၚပါတယ္။

(4) Michelle Yeoh
photo via screenrant

ေနာက္ဆုံးမွာေတာ့ နာမည္ႀကီး တ႐ုတ္မင္းသမီး ျဖစ္တဲ့ Michelle Yeoh ရဲ႕ ဇာတ္ေကာင္ကို ဒီေထြလာထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ သူမဇာတ္ေကာင္ရဲ႕ နာမည္ကေတာ့ Jiang Nan လို႔ သိရၿပီး သူမဟာ Shang-Chi ရဲ႕ ငယ္ဘဝက ဆရာတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ Shang-Chi နဲ႔ ပတ္သက္တဲ့ ဇာတ္ေကာင္ေတြထဲမွာ Jiang Nan ဆိုတဲ့ ဇာတ္ေကာင္ မရွိပါဘူး။

(5) ေဝးလံတဲ့ ကြၽန္းတစ္ခုကို ေရာက္ရွိေနတဲ့ Shang-Chi
photo via screenrant

ဒီေထြလာထဲမွာေတာ့ Shang-Chi ဟာ Jiang Nan အပါအဝင္ တျခားဇာတ္ေကာင္ေတြနဲ႔အတူ ေဝးလံတဲ့ ကြၽန္းတစ္ခုကို ေရာက္ေနတာ ျမင္ေတြ႕ရပါတယ္။ အဲ့ဒီကြၽန္းကေတာ့ Ten Rings အဖြဲ႕အစည္းရဲ႕  ဌာနခ်ဳပ္ရွိေနတဲ့ေနရာ ျဖစ္ေနႏိုင္ပါတယ္။ ေနာက္ထပ္ ျဖစ္ႏိုင္ေခ်တစ္ခုကေတာ့ San Francisco ၿမိဳ႕က မလုံၿခဳံေတာ့တဲ့ အခ်ိန္မွာ Shang-Chi ေရွာင္တိမ္းခဲ့တဲ့ ေနရာလည္း ျဖစ္ေနႏိုင္ပါတယ္။ ပုံထဲမွာ သူနဲ႔အတူ မတ္တပ္ရပ္ေနၾကတဲ့ ဇာတ္ေကာင္ေတြကေတာ့ Shang-Chi ၊ Jiang Nan ၊ Katy နဲ႔ Shang-Chi ရဲ႕ ညီမျဖစ္သူ Xialing တို႔ ျဖစ္ၾကပါတယ္။

(6) Shang-Chi ရဲ႕ အေမ
photo via screenrant

Jiang Nan က Shang-Chi ရဲ႕ မိခင္အေၾကာင္းကို ေျပာျပေနတဲ့အခ်ိန္မွာေတာ့ Shang-Chi ရဲ႕ ငယ္ဘဝတုန္းက သူ႔အေမနဲ႔အတူ ရွိခဲ့တဲ့ ပုံရိပ္ကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Shang-Chi ရဲ႕ အေမဟာ Shang-Chi ကို chi ထိန္းခ်ဳပ္နည္း သင္ေပးေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါ့အျပင္ ဒီဇာတ္ဝင္ခန္းကို ၾကည့္ျခင္းအားျဖင့္ Shang-Chi ဟာ သူ႔အေဖထက္ အေမျဖစ္သူနဲ႔ ပိုၿပီးရင္းႏွီးတယ္လို႔ ခန႔္မွန္းႏိုင္ပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ Shang-Chi ရဲ႕ အေဖနဲ႔အေမဟာ မတူညီတဲ့ တိုက္ခိုက္နည္းေတြကို တတ္ေျမာက္ထားတာေၾကာင့္ Shang-Chi ဟာ Ten Rings အဖြဲ႕အစည္းကို ရပ္တန႔္ဖို႔အတြက္ အဲ့ဒီတိုက္ခိုက္နည္းႏွစ္မ်ိဴးကို ေပါင္းစပ္ကာ အသုံးျပဳသြားႏိုင္ပါတယ္။

(7) Black Room
photo via screenrant

ဒီေထြလာထဲက ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Ten Rings အဖြဲ႕အစည္းရဲ႕ လုပ္ႀကံသတ္ျဖတ္သူေတြဟာ သူတို႔ရဲ႕ လူသတ္နည္းစနစ္ေတြကို ေလ့က်င့္ေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီဇာတ္ဝင္ခန္းကို ၾကည့္ျခင္းအားျဖင့္ Ten Rings အဖြဲ႕အစည္းဟာ စစ္တပ္တစ္ခုလို စနစ္က်ၿပီး ႀကီးမားလွတဲ့ အဖြဲ႕အစည္းတစ္ခုဆိုတာ သိသာေစပါတယ္။ ဒါေၾကာင့္ပဲ Shang-Chi ကေတာ့ ဒီ႐ုပ္ရွင္ထဲမွာ Ten Rings ရဲ႕ လုပ္ႀကံသတ္ျဖတ္သူေတြ အမ်ားအျပားနဲ႔ ရင္ဆိုင္ရဦးမွာ ျဖစ္ပါတယ္။

(8) Death Dealer နဲ႔ Shang-Chi တို႔ဟာ ၿပိဳင္ဘက္ေတြ ျဖစ္ၾကပါတယ္။
photo via screenrant

ပထမဆုံး ထြက္ရွိခဲ့တဲ့ ေထြလာထဲမွာေတာ့ Shang-Chi ရဲ႕ ငယ္ဘဝမွာ ၾကမ္းတမ္းတဲ့ ေလ့က်င့္မႈေတြ ျပဳလုပ္ေနတာကို Mandarin နဲ႔ Death Dealer တို႔က ၾကည့္ရႈေနတာကို ျမင္ခဲ့ရပါတယ္။ ေနာက္ထပ္ promo တစ္ခုမွာေတာ့ Shang-Chi ဟာ ဆယ္ေက်ာ္သက္အ႐ြယ္ေလာက္ ျဖစ္ေနၿပီး Death Dealer နဲ႔ ေလ့က်င့္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ဟီး႐ိုးေတြ၊ ဗီလိန္ေတြ ျဖစ္မလာခင္ကတည္းက ၿပိဳင္ဘက္ေတြ ျဖစ္ခဲ့ၾကတာပါ။

ဒါ့အျပင္ Mandarin ကလည္း Death Dealer လိုမ်ိဴး သစၥာရွိတဲ့ လက္ေအာက္ခံတစ္ေယာက္ကို ဆက္ခံသူအျဖစ္ မေ႐ြးခ်ယ္ဘဲ အိမ္ကထြက္ေျပးသြားတဲ့ Shang-Chi ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ဒီအခ်က္ဟာ Death Dealer အတြက္ေတာ့ မနာလို မုန္းတီးမႈေတြနဲ႔ ေဒါသေတြ ပိုမ်ားလာေစကာ Shang-Chi ရဲ႕ ဗီလိန္တစ္ေယာက္ ျဖစ္လာေစမယ္လို႔ ေျပာလို႔ရပါတယ္။

(9) Ten Rings ဟာ ေခတ္မီနည္းပညာေတြကိုလည္း အသုံးျပဳပါတယ္။
photo via screenrant

ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Death Dealer နဲ႔ Ten Rings ရဲ႕ လုပ္ႀကံသတ္ျဖတ္သူေတြဟာ Shang-Chi ကို သတ္ဖို႔ႀကိဳးစားခဲ့တာကို ျမင္ခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Death Dealer နဲ႔ Shang-Chi တို႔ရဲ႕ တိုက္ပြဲကိုလည္း တစြန္းတစ ျမင္ေတြ႕ခဲ့ရပါေသးတယ္။ Ten Rings ကေတာ့ ဟိုးအရင္ကတည္းက တည္ရွိခဲ့တဲ့ ေရွးေဟာင္းအဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး သူတို႔ေတြဟာ ေမွာ္ပစၥည္းေတြ၊ ဓားေတြနဲ႔ သိုင္းပညာေတြကို အသုံးျပဳေလ့ရွိၾကပါတယ္။ ဒီဘက္ေခတ္ကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ သူတို႔ဟာ ေခတ္မီနည္းပညာေတြကို အသုံးျပဳလာၾကပါတယ္။ ဒီအခ်က္ကို အတည္ျပဳႏိုင္တာကေတာ့ Death Dealer က Shang-Chi ကို ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့အခ်ိန္မွာ ေပါက္ကြဲေစတဲ့ ဓားတစ္ေခ်ာင္းကို အသုံးျပဳသြားတာေၾကာင့္ ျဖစ္ပါတယ္။

(10) Shang-Chi က သူ႔အေဖနဲ႔ ဘာလို႔ျပန္ေတြ႕ခဲ့တာလဲ?
photo via screenrant

ပထမဆုံး ေထြလာထဲမွာေတာ့ Shang-Chi အိမ္ကထြက္လာခဲ့တာကို ျမင္ခဲ့ၾကရၿပီး ေနာက္ပိုင္းမွာေတာ့ ဘာေၾကာင့္ Ten Rings အေျခစိုက္စခန္းကို ျပန္သြားခဲ့တာလည္းဆိုတာ ပရိသတ္ေတြက သိခ်င္ခဲ့ၾကပါတယ္။ ဒုတိယ ေထြလာထဲမွာေတာ့ Mandarin ဟာ သူ႔ရဲ႕အေတာ္ဆုံး လုပ္ႀကံသတ္ျဖတ္သူေတြနဲ႔ Shang-Chi ကို ေျခရာခံေစခဲ့ပါတယ္။

ဒါေပမယ့္လည္း Mandarin ဟာ Shang-Chi ကို အႏိုင္ယူဖို႔ မျဖစ္ႏိုင္ဘူးလို႔ သူ႔ရဲ႕လုပ္ႀကံသတ္ျဖတ္သူေတြကို သတိေပးခဲ့သလို Shang-Chi ကလည္း သူ႔အေဖရဲ႕စကား မွန္ကန္ေၾကာင္း သက္ေသျပခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Shang-Chi ရွိေနတဲ့‌ ေနရာကို သိသြားတာေၾကာင့္ Mandarin ကိုယ္တိုင္ ေရာက္လာကာ Shang-Chi နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ျဖစ္ႏိုင္တာ တစ္ခုကေတာ့ Mandarin ဟာ သူ႔ရဲ႕ဆက္ခံသူကို ေ႐ြးခ်ယ္ဖို႔အတြက္ အခ်ိန္အမ်ားႀကီး မက်န္ရွိေတာ့တာေၾကာင့္ ျဖစ္ပါလိမ့္မယ္။

(11) Shang-Chi က သူ႔အေဖကို မုန္းေနရတဲ့ အေၾကာင္းအရင္း
photo via screenrant

ပထမေထြလာထဲမွာေတာ့ စားေသာက္ဆိုင္တစ္ခုထဲကို ေရာက္ေနတဲ့ ကေလးဘဝ Shang-Chi ကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒုတိယေထြလာထဲမွာေတာ့ အဲ့ဒီဇာတ္ဝင္ခန္းရဲ႕ အဆက္ကို ထပ္မံၿပီး ျပသသြားပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းကေတာ့ Mandarin ကို တစ္နည္းနည္းနဲ႔ မေက်နပ္ေအာင္ လုပ္ထားတယ္လို႔ ယူဆႏိုင္တဲ့ လူတစ္ေယာက္ကို Mandarin ဟာ Shang-Chi ေရွ႕မွာပဲ သတ္ပစ္လိုက္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ Shang-Chi ကို ေသခ်ာေတာင္ မၾကည့္ဘဲ “ဒါေတြကို အသားက်ေအာင္ လုပ္ထား” ဆိုၿပီး ေျပာခဲ့ပါတယ္။ Mandarin ဟာ လူတစ္ေယာက္ကို သတ္ဖို႔အတြက္ ႏွစ္ခါ မစဥ္းစားတတ္တဲ့ လူတစ္ေယာက္ျဖစ္ၿပီး ဒုစ႐ိုက္မႈေတြမ်ားစြာ က်ဴးလြန္ေနသူ ျဖစ္ပါတယ္။ Shang-Chi ကေတာ့ သူ႔အေဖလိုမဟုတ္ဘဲ စိတ္ထားေကာင္းသူ ျဖစ္တာေၾကာင့္ ဒီလိုအခ်က္ေတြကို လက္မခံႏိုင္တာ ျဖစ္ပါတယ္။

(12) Jiang Nan ရဲ႕ Chi စြမ္းအား
photo via screenrant

Shang-Chi နဲ႔ Jiang Nan တို႔ဟာ ပစၥပၸဳန္ကာလမွာလည္း ျပန္လည္ ေတြ႕ဆုံခဲ့ၾကၿပီး ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Jiang Nan ဟာ သူမရဲ႕ Chi ထိန္းခ်ဳပ္မႈ စြမ္းရည္ေတြကို ျပသခဲ့ၿပီး Shang-Chi ကို အံ့ဩေစခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Shang-Chi ဟာ တိုက္ခိုက္နည္းစနစ္ေတြကို Mandarin ဆီက သင္ယူၿပီး Chi စြမ္းအားကိုေတာ့ Jiang Nan ဆီက သင္ယူသြားမယ္လို႔ ယူဆႏိုင္ပါတယ္။ Chi စြမ္းအားဆိုတာကေတာ့ ကိုယ့္ရဲ႕ေဘးပတ္ပတ္လည္မွာ တည္ရွိေနတဲ့ စြမ္းအင္ေတြကို လိုသလို ထိန္းခ်ဴပ္ၿပီး ျပန္လည္အသုံးခ်တဲ့ စြမ္းရည္ကို ေခၚဆိုတာပါ။

(13) မီးအိမ္ပြဲေတာ္
photo via screenrant

အေပၚမွာ ‌ေဖာ္ျပခဲ့တဲ့ Shang-Chi ေရာက္သြားတဲ့ ကြၽန္းေပၚမွာပဲ တ႐ုတ္မီးအိမ္ပြဲေတာ္ကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ဒီမီးအိမ္ပြဲေတာ္ဟာ ဒီ႐ုပ္ရွင္အတြက္ ဖန္တီးထားတဲ့ စိတ္ကူးယဥ္ပြဲေတာ္တစ္ခု ျဖစ္ေနႏိုင္ပါတယ္။ ေထြလာမွာ ျမင္ေတြ႕ခဲ့ရသေလာက္ ဆိုရင္ေတာ့ ဒီမီးအိမ္ပြဲေတာ္ဟာ Shangyuan ပြဲေတာ္နဲ႔ အေတာ္ေလး ဆင္တူပါတယ္။ ဒီပြဲေတာ္ရဲ႕ အႏွစ္သာရကေတာ့ မီးအိမ္ေတြကို လႊတ္လိုက္တာနဲ႔ လူတစ္ေယာက္ရဲ႕ အတိတ္ကေန လြတ္ေျမာက္သြားမယ္ဆိုတဲ့ အယူအဆရွိပါတယ္။ Shang-Chi ကလည္း ဒီကြၽန္းကို ေရာက္လာတဲ့အခ်ိန္မွာ သူ႔အေဖရဲ႕ေလာင္းရိပ္ေအာက္က လြတ္ေျမာက္လာတဲ့အခ်ိန္ ျဖစ္ပါတယ္။

(14) Water Shrine
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Mandarin ဟာ Shang-Chi နဲ႔ အေပါင္းအပါေတြကို တားဆီးဖို႔အတြက္ ေရဂိတ္ႀကီးကို ဖြင့္ခ်လိုက္တာ ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ေရေတြဟာ ကမာၻေျမဆြဲအား မရွိသလိုမ်ိဴး ေလေပၚမွာ ေမ်ာေနတာကို ေတြ႕ရပါတယ္။ Shang-Chi ဟာ ငယ္ဘဝတုန္းက သူ႔အေမနဲ႔အတူ အဲ့ဒီေရေတြ ထြက္လာတဲ့ ဂိတ္ႀကီးရဲ႕ေရွ႕မွာ ေလ့က်င့္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ပဲ Shang-Chi ဟာ Chi ကိုအသုံးျပဳၿပီး အဲ့ဒီေရေတြကို ထိန္းခ်ဳပ္သြားတယ္လို႔ ယူဆႏိုင္ပါတယ္။ ဒါေပမယ့္လည္း Shang-Chi ဟာ Chi ကို ကြၽမ္းက်င္ဖို႔အတြက္ အခ်ိန္တစ္ခုေတာ့ ေပးဆပ္ရမွာပါ။

(15) Mandarin ရဲ႕ ေတာအုပ္ထဲက တိုက္ပြဲ
photo via screenrant

ဒီေထြလာထဲက ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ အျဖဴေရာင္ဝတ္စုံနဲ႔ Mandarin ဟာ အမ်ိဴးသမီးတစ္ေယာက္နဲ႔ ေတာအုပ္ထဲမွာ တိုက္ခိုက္ေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအမ်ိဴးသမီးကိုေတာ့ အေနာက္ကပဲ ျပသသြားတာေၾကာင့္ ဘယ္သူမွန္းေတာ့ ေသခ်ာမသိရေသးပါဘူး။

(16) အသက္ဝင္လာတဲ့ ျခေသၤ့႐ုပ္ႀကီး
photo via screenrant

အဲ့ဒီေနာက္မွာေတာ့ Ten Rings အဖြဲ႕အစည္းက လူတခ်ိဳ႕ဟာ ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနတာကို ျမင္ေတြ႕ခဲ့ရၿပီး ျခေသၤ့ႀကီး တစ္ေကာင္ကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီျခေသၤ့ႀကီးကေတာ့ တ႐ုတ္ဘုန္းႀကီးေက်ာင္းေတြမွာရွိတဲ့ ျခေသၤ့႐ုပ္ႀကီးနဲ႔ ဆင္တူၿပီး အဲ့ဒီျခေသၤ့႐ုပ္ႀကီးကို ဘယ္သူက ဘယ္လိုမ်ိဴး အသက္သြင္းလိုက္လည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။

(17) ေမာင္ႏွမႏွစ္ေယာက္ရဲ႕ တိုက္ပြဲ
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ ဇာတ္ေကာင္အခ်ိဳ႕ဟာ သူတို႔တတ္ေျမာက္ထားတဲ့ တိုက္ခိုက္နည္းပညာေတြကို အသုံးျပဳၿပီး သံေလွာင္အိမ္ထဲမွာ တိုက္ခိုက္ရမယ့္ ၿပိဳင္ပြဲ ပါဝင္လာမယ္လို႔ အတည္ျပဳသြားၿပီ ျဖစ္ပါတယ္။ အဲ့ဒီၿပိဳင္ပြဲထဲက တစ္ပြဲမွာေတာ့ Shang-Chi ဟာ သူ႔ရဲ႕ ညီမျဖစ္သူ Xialing နဲ႔ ရင္ဆိုင္တိုက္ခိုက္ရမယ္ဆိုတာကို ေထြလာထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ Shang-Chi ဟာ သူ႔ရဲ႕အိမ္က ထြက္လာၿပီးကတည္းက Xialing နဲ႔ ဆယ္ႏွစ္တာေလာက္ ေဝးကြာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Xialing ကေတာ့ Mandarin ကို အႏိုင္ယူဖို႔အတြက္ Shang-Chi နဲ႔ ပူးေပါင္းေနတာကို ေတြ႕ရပါတယ္။

(18) ေရနဂါး
photo via screenrant

ဒီေထြလာထဲက လူတိုင္း သတိထားမိခဲ့ၾကတဲ့ ေနရာတစ္ခုကေတာ့ ေရေအာက္ထဲကို ေရာက္ေနတဲ့ Shang-Chi နဲ႔ ေရနဂါးလို သတၱဝါႀကီးကို ျမင္ေတြ႕ခဲ့ရတဲ့ ဇာတ္ဝင္ခန္းပဲ ျဖစ္ပါတယ္။ ပရိသတ္အမ်ားစုကေတာ့ အဲ့ဒီေရနဂါးႀကီးဟာ Marvel ေကာမစ္ထဲက ဇာတ္ေကာင္ျဖစ္တဲ့ Fin Fang Foom လို႔ ယူဆေနၾကပါတယ္။

ေကာမစ္ထဲမွာေတာ့ Mandarin ဟာ Ten Rings ကို ရယူခဲ့တဲ့အခ်ိန္မွာ Fin Fang Foom ကို ႏိူးထလာေစခဲ့ပါတယ္။ Shang-Chi နဲ႔ ပတ္သက္တဲ့ Merchandise ေတြကို ထုတ္လုပ္တဲ့အခ်ိန္မွာေတာ့ အဲ့ဒီေရနဂါးႀကီးကို “The Great Protector” လို႔ ေဖာ္ျပခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Shang-Chi စြမ္းအားေတြ ရရွိလာရတဲ့ အေၾကာင္းရင္းကေတာ့ အဲ့ဒီနဂါးႀကီးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

(19) ေနာက္ဆုံး တိုက္ပြဲ
photo via screenrant

ဒီေထြလာထဲက ေနာက္ထပ္ အမွတ္ရစရာေကာင္းတဲ့ ဇာတ္ဝင္ခန္းတစ္ခုကေတာ့ အေဖနဲ႔သားျဖစ္သူ Mandarin နဲ႔ Shang-Chi တို႔ တိုက္ခိုက္ေနၾကတဲ့ ဇာတ္ဝင္ခန္းပဲ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Shang-Chi ဟာ သူ႔ရဲ႕ Chi ကို အသုံးျပဳၿပီး Mandarin လက္ထဲက Ring ေတြကို လုယူဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။

ဒီ Ring ေတြကလည္း Mjolnir လိုပဲ သူတို႔ထိုက္တန္တယ္လို႔ ယူဆသူပဲ ကိုင္ေဆာင္ႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ဟာ Shang-Chi ရဲ႕ ပထမဆုံး ပြဲဦးထြက္႐ုပ္ရွင္ ျဖစ္တာေၾကာင့္ Mandarin ကို အႏိုင္မယူႏိုင္ရင္ေတာင္မွ Ten Rings ကို ရရွိသြားႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ ေနာက္ထပ္ ထြက္ရွိလာမယ့္ Shang-Chi ႐ုပ္ရွင္ေတြထဲမွာေတာ့ သူ႔ကို Ten Rings နဲ႔အတူ ျမင္ေတြ႕ရႏိုင္ေခ် ရွိပါတယ္။

(20) Abomination Vs Wong?
photo via screenrant

ဒီေထြလာထဲက လူစိတ္ဝင္စားမႈအရွိဆုံး ဇာတ္ဝင္ခန္းကို ျပပါဆိုရင္ေတာ့ ဒီဇာတ္ဝင္ခန္းပဲ ျဖစ္ေနပါလိမ့္မယ္။ အေပၚမွာေဖာ္ျပခဲ့တဲ့ သံေလွာင္အိမ္ထဲက တိုက္ပြဲတစ္ခုမွာေတာ့ ၂၀၀၈ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Incredible Hulk ထဲက ဗီလိန္ျဖစ္သူ Abomination ကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္လည္း ဒီေထြလာထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ Abomination ဟာ ေနာက္ဆုံးျမင္ခဲ့ရတဲ့ ပုံစံနဲ႔ေတာ့ အနည္းငယ္ ေျပာင္းလဲသြားပါတယ္။ Incredible Hulk ထဲမွာေတာ့ Abomination ဟာ Hulk နဲ႔ တိုက္ခိုက္ၿပီး ေသဆုံးမသြားေပမယ့္လည္း အခ်ိန္အၾကာႀကီး MCU က ေပ်ာက္ကြယ္ေနခဲ့ပါတယ္။ ဒီေထြလာအရ ဆိုရင္ေတာ့ Abomination ဟာ လူမသိသူမသိ‌ ေနထိုင္ၿပီး ဒီလိုတိုက္ပြဲေတြကို တိုက္ခိုက္ကာ အသက္ေမြးေၾကာင္း လုပ္ေနတယ္လို႔ ယူဆႏိုင္ပါတယ္။

Abomination နဲ႔ တိုက္ခိုက္ရမယ့္သူကေတာ့ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသားျဖစ္သူ Wong ပဲ ျဖစ္ပါတယ္။ Wong ဟာ Doctor Strange ရဲ႕ တြဲဖက္တစ္ေယာက္ ျဖစ္ၿပီး Wong ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူျဖစ္တဲ့ Benedict Wong ကိုေတာ့ Shang-Chi ႐ုပ္ရွင္႐ိုက္ကြင္းေပၚမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ သိထားရသေလာက္ဆိုရင္ Wong ဟာ အခုလိုမ်ိဴး တိုက္ပြဲေတြမွာ ယွဥ္ၿပိဳင္ေလ့ရွိသူ မဟုတ္ပါဘူး။ ဒါေၾကာင့္ Wong က ဘာေၾကာင့္ ဒီတိုက္ပြဲထဲကို ေရာက္ေနတာလည္းဆိုတာ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီၿပိဳင္ပြဲေတြကို က်င္းပတဲ့ေနရာကေတာ့ The Falcon and the Winter Soldier ထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ Madripoor ၿမိဳ႕ ျဖစ္ေနႏိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular