HomeEntertainmentFilmShang-Chi 2 အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဆိုတဲ့ Marvel

Shang-Chi 2 အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဆိုတဲ့ Marvel

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ဟာ မကြာသေးခင်ကပဲ Shang-Chi 2 အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း Disney စတူဒီယိုက တရားဝင် ကြေညာသွားပါတယ်။

ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ဖြစ်ပျက်ခဲ့အပြီးမှာတော့ Shang-Chi and the Legend of Ten Rings ဟာ စက်တင်ဘာလ အစောပိုင်းမှာ ရုံတင်ပြသနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ပရိသတ်တွေအတွက် စိတ်ကျေနပ်မှု ပေးနိုင်ခဲ့သလို ရုပ်ရှင်အသစ်တွေ နည်းပါးနေတဲ့ ကိုဗစ်ကာလအတွင်းမှာ ဖြစ်တာကြောင့် ပိုပြီးတော့ အောင်မြင်ခဲ့ပါတယ်။

photo via screenrant

Shang-Chi နေရာမှာတော့ Simu-Liu က ပါဝင်သရုပ်ဆောင်ထားပြီး Awkwafina ၊ Meng’er Zhang ၊ Fala Chen နဲ့ Michelle Yeoh တို့လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Shang-Chi ဟာ Ten Rings အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်သူ Wenwu ရဲ့ သားဖြစ်ပြီး Wenwu ဟာ Shang-Chi ကို ငယ်ဘဝကတည်းက ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသမား ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Shang-Chi ဟာ မကောင်းတဲ့ လုပ်ရပ်တွေနဲ့ သူ့အဖေဆီကနေ လွတ်မြောက်ချင်တာကြောင့် ထွက်ပြေးလာခဲ့ပြီး ဆယ်နှစ်ကြာတဲ့အချိန်မှာတော့ ဖခင်ဖြစ်သူ Wenwu ဟာ သူ့ဆီကို ပြန်လည် ရောက်ရှိလာပါတော့တယ်။

ပရိသတ်တွေကလည်း Shang-Chi and the Legend of Ten Rings ကို ကြည့်ရှုပြီးကတည်းက Sequel ထွက်လာဦးမယ်ဆိုတာ သိပြီးသား ဖြစ်ပေမယ့် အခုဆိုရင်တော့ Disney ဟာ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ပထမရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Destin Daniel Cretton ကလည်း Marvel စတူဒီယိုနဲ့ နှစ်ရှည် စာချုပ်ချုပ်ဆိုထားပါတယ်။ ဒုတိယမြောက်ရုပ်ရှင်ကိုလည်း သူကပဲ ဆက်လက် ရိုက်ကူးသွားမှာ ဖြစ်ပြီး ဇာတ်ညွှန်းလည်း ရေးသားသွားမယ်လို့ Disney က အတည်ပြုထားပါတယ်။ ဒါတင်မကသေးဘဲ ဒါရိုက်တာ Destin Daniel Cretton ဟာ Marvel စတူဒီယိုအတွက် အမည်မသိရသေးတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖန်တီးပေးသွားဦးမယ်လို့ သိရပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Shang-Chi နဲ့ Katy တို့နှစ်ယောက်ဟာ တွဲသွားကြပြီး Wong နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Avengers အဖွဲ့ဝင်တွေဖြစ်တဲ့ Wong ၊ Captain Marvel နဲ့ Bruce Banner တို့ဟာ Ten Rings ရဲ့ Origin ကို ရှာဖွေလို့မရ ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီ Credit-Scene တစ်ခုတည်းနဲ့တင် Shang-Chi ဟာ MCU ထဲမှာ အနာဂတ်တွေများစွာ ရှိနေသေးတယ်ဆိုတာ သိသာပါတယ်။ ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် Sequel ကလည်း ဒါရိုက်တာ တစ်ယောက်တည်းကပဲ ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်တာကြောင့် ဒီရုပ်ရှင်နှစ်ကားဟာ ပိုပြီးတော့ ဆက်စပ်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Marvel ဟာ မၾကာေသးခင္ကပဲ Shang-Chi 2 အတြက္ ျပင္ဆင္မွုေတြ ျပဳလုပ္ေနၿပီ ျဖစ္ေၾကာင္း Disney စတူဒီယိုက တရားဝင္ ေၾကညာသြားပါတယ္။

ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမွုေတြ ျဖစ္ပ်က္ခဲ့အၿပီးမွာေတာ့ Shang-Chi and the Legend of Ten Rings ဟာ စက္တင္ဘာလ အေစာပိုင္းမွာ ႐ုံတင္ျပသနိုင္ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ဟာလည္း ပရိသတ္ေတြအတြက္ စိတ္ေက်နပ္မွု ေပးနိုင္ခဲ့သလို ႐ုပ္ရွင္အသစ္ေတြ နည္းပါးေနတဲ့ ကိုဗစ္ကာလအတြင္းမွာ ျဖစ္တာေၾကာင့္ ပိုၿပီးေတာ့ ေအာင္ျမင္ခဲ့ပါတယ္။

photo via screenrant

Shang-Chi ေနရာမွာေတာ့ Simu-Liu က ပါဝင္သ႐ုပ္ေဆာင္ထားၿပီး Awkwafina ၊ Meng’er Zhang ၊ Fala Chen နဲ႔ Michelle Yeoh တို႔လည္း ပါဝင္ထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Shang-Chi ဟာ Ten Rings အဖြဲ႕အစည္းရဲ့ ေခါင္းေဆာင္ျဖစ္သူ Wenwu ရဲ့ သားျဖစ္ၿပီး Wenwu ဟာ Shang-Chi ကို ငယ္ဘဝကတည္းက ကၽြမ္းက်င္တဲ့ တိုက္ခိုက္ေရးသမား ျဖစ္လာေအာင္ ေလ့က်င့္ေပးခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ Shang-Chi ဟာ မေကာင္းတဲ့ လုပ္ရပ္ေတြနဲ႔ သူ႔အေဖဆီကေန လြတ္ေျမာက္ခ်င္တာေၾကာင့္ ထြက္ေျပးလာခဲ့ၿပီး ဆယ္ႏွစ္ၾကာတဲ့အခ်ိန္မွာေတာ့ ဖခင္ျဖစ္သူ Wenwu ဟာ သူ႔ဆီကို ျပန္လည္ ေရာက္ရွိလာပါေတာ့တယ္။

ပရိသတ္ေတြကလည္း Shang-Chi and the Legend of Ten Rings ကို ၾကည့္ရွုၿပီးကတည္းက Sequel ထြက္လာဦးမယ္ဆိုတာ သိၿပီးသား ျဖစ္ေပမယ့္ အခုဆိုရင္ေတာ့ Disney ဟာ တရားဝင္ ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ ပထမ႐ုပ္ရွင္ကို ရိုက္ကူးခဲ့တဲ့ ဒါရိုက္တာ Destin Daniel Cretton ကလည္း Marvel စတူဒီယိုနဲ႔ ႏွစ္ရွည္ စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။ ဒုတိယေျမာက္႐ုပ္ရွင္ကိုလည္း သူကပဲ ဆက္လက္ ရိုက္ကူးသြားမွာ ျဖစ္ၿပီး ဇာတ္ညႊန္းလည္း ေရးသားသြားမယ္လို႔ Disney က အတည္ျပဳထားပါတယ္။ ဒါတင္မကေသးဘဲ ဒါရိုက္တာ Destin Daniel Cretton ဟာ Marvel စတူဒီယိုအတြက္ အမည္မသိရေသးတဲ့ ဇာတ္လမ္းတြဲတစ္ခုလည္း ဖန္တီးေပးသြားဦးမယ္လို႔ သိရပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ရဲ့ အဆုံးသတ္မွာေတာ့ Shang-Chi နဲ႔ Katy တို႔ႏွစ္ေယာက္ဟာ တြဲသြားၾကၿပီး Wong နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Avengers အဖြဲ႕ဝင္ေတြျဖစ္တဲ့ Wong ၊ Captain Marvel နဲ႔ Bruce Banner တို႔ဟာ Ten Rings ရဲ့ Origin ကို ရွာေဖြလို႔မရ ျဖစ္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီ Credit-Scene တစ္ခုတည္းနဲ႔တင္ Shang-Chi ဟာ MCU ထဲမွာ အနာဂတ္ေတြမ်ားစြာ ရွိေနေသးတယ္ဆိုတာ သိသာပါတယ္။ ဒါ့အျပင္ အသစ္ထြက္ရွိလာမယ့္ Sequel ကလည္း ဒါရိုက္တာ တစ္ေယာက္တည္းကပဲ ျပန္လည္ရိုက္ကူးသြားမွာ ျဖစ္တာေၾကာင့္ ဒီ႐ုပ္ရွင္ႏွစ္ကားဟာ ပိုၿပီးေတာ့ ဆက္စပ္မွုေတြ ရွိလာမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular