HomeCelebs Update NewsInternationalCamila နဲ႔ေကာလာဟလကို အေမးခံရလို႔ ရွက္ေသြးျဖာသြားတဲ့ Shawn Mendes

Camila နဲ႔ေကာလာဟလကို အေမးခံရလို႔ ရွက္ေသြးျဖာသြားတဲ့ Shawn Mendes

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

အသက္(၂၀)အရြယ္ရိွၿပီျဖစ္တဲ့ Shawn Mendes ဟာ သူနဲ႔အနီးကပ္ဆုံးေသာ အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ အသက္(၂၂)ႏွစ္အရြယ္ Camila Cabello နဲ႔ ပတ္သက္လို႔ လတ္တေလာ ထြက္ေနတဲ့ ေကာလာဟလအေၾကာင္း အေမးခံရတဲ့အခါမွာ ရွက္သြားတာ ျဖစ္ပါတယ္။

Shawn ဟာ ဇူလိုင္လ(၂၂)ရက္ေန႔မွာ ျပဳလုပ္မယ့္ သူ႔ရဲ႕ေဖ်ာ္ေျဖပြဲ မတိုင္ခင္ ပရိသတ္ေတြနဲ႔ အေမးအေျဖက႑ေလးတစ္ခုကို Dallas ၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီ့အခမ္းအနားေလးမွာပဲ ပရိသတ္ထဲက မိန္းကေလးတစ္ေယာက္က လက္ရိွ ပြက္ေလာရိုက္ေနတဲ့ ေကာလာဟလကို ေမးလိုက္တာပါ။

“အေျဖကိုေတာ့ သိေနသလိုလိုပါပဲ။ ဒါေပမယ့္ ရွင္နဲ႔ Camila ရဲ႕ၾကားမွာ ဘာေတြျဖစ္ေနတာလဲ” လို႔ ေမးလိုက္တဲ့အခါ ပရိသတ္ေတြကလည္း ၀ိုင္းၿပီးေကာင္းခ်ီးၾသဘာေပးၾကပါတယ္။ သို႔ေပမယ့္ Shawn ကေတာ့ ပါးစပ္ႀကီး အၿဖဲသားနဲ႔ ၿပံဳးၿပီး ခဏေလာက္ ရွက္သြားၿပီးမွ ေမးခြန္းကို မေျဖဘဲ ေက်ာ္သြားခဲ့ပါတယ္။


Shawn ဟာ အဲ့ဒီ့ေမးခြန္းေၾကာင့္ တုံ႔ဆိုင္းၿပီး အလစ္အငိုက္မိသြားတယ္ဆိုေပမယ့္ ဒီလိုအေမးခံရတာဟာ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ ဇူလိုင္လ(၆)ရက္ေန႔က ေလာ့စ္အိန္ဂ်လိစ့္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ အလားတူ အေမးအေျဖက႑မွာလည္း Camila နဲ႔ တြဲေနတာလားဆိုၿပီး အေမးခံခဲ့ရေပမယ့္ “မဟုတ္ပါဘူး”လို႔ပဲ ေခါင္းခါျပခဲ့ၿပီး အေသးစိတ္ကိုေတာ့ ေျဖမသြားခဲ့ပါဘူး။

Photo: YouTube

ဒီလို ဘူးခါၿပီး ျငင္းေနေပမယ့္ သူတို႔ႏွစ္ေယာက္ရဲ႕ ေပ်ာ္ရႊင္ၾကည္ႏူး တစ္တီတူးေနတဲ့ ပုံရိပ္မ်ားကေတာ့ အင္တာနက္တစ္ခြင္မွာ ပ်ံ႕ႏွံ႕လ်က္ ရိွေနပါတယ္။ ႏွစ္ေယာက္သား လက္ခ်င္းခ်ိတ္ၿပီး အတြဲေတြလိုပဲ လမ္းမေပၚမွာ ေလွ်ာက္သြားေနခဲ့သလို ပါပါရာဇီေတြရဲ႕ ရိုက္ခ်က္ေတြအရ နမ္းေနတဲ့ပုံေတြကိုပါ ေတြ႕ခဲ့ၾကရပါေသးတယ္။ ပရိသတ္ေတြၾကားက snap မိထားတဲ့ ပုံရိပ္ေတြအရလည္း သူတို႔ႏွစ္ေယာက္ၾကားမွာ သူငယ္ခ်င္းထက္ပိုတဲ့ အရာတစ္ခုခုက ျဖစ္ေနတဲ့သေဘာမ်ိဳး သြားေတြ႕ရပါတယ္။

Photo: YouTube

Shawn နဲ႔ Camila တို႔ဟာ သူငယ္ခ်င္းျဖစ္ေနၾကတာေတာ့ ၾကာခဲ့ပါၿပီ။ သို႔ေပမယ့္ ဇြန္လ (၂၁)ရက္ေန႔က ထြက္ရိွခဲ့တဲ့ “Señorita” MV ကို စုံတြဲသီဆိုဖန္တီး၊ ရိုက္ကူးအၿပီးမွာေတာ့ ႏွစ္ေယာက္အတူတူ တြဲေတြ႕ရတာေတြ ပိုမ်ားလာတာပါ။ ဒီလို ႏွစ္ေယာက္အတူ တပူးတြဲတြဲ ေတြ႕ရတာကလည္း Camila နဲ႔ သူ႔ရဲ႕အခ်ိန္အတန္ၾကာ တြဲခဲ့ၿပီးတဲ့ ခ်စ္သူ Matthew Hussey တို႔ လမ္းခြဲလိုက္ၾကၿပီဆိုတဲ့ သတင္းထြက္လာၿပီးေနာက္မွာ ျဖစ္ပါတယ္။

ဒီအဆိုေတာ္ႏွစ္ေယာက္ၾကားမွာ တကယ္တမ္း ဘာေတြျဖစ္ေနလည္းဆိုတာကေတာ့ အခ်ိန္က ေျပာျပေပးသြားမယ္လို႔ ယုံၾကည္ရပါတယ္။

Xei

Ref: hollywoodlife

(Unicode Version)

အသက်(၂၀)အရွယ်ရှိပြီဖြစ်တဲ့ Shawn Mendes ဟာ သူနဲ့အနီးကပ်ဆုံးသော အမျိုးသမီးတစ်ဦးဖြစ်တဲ့ အသက်(၂၂)နှစ်အရွယ် Camila Cabello နဲ့ ပတ်သက်လို့ လတ်တလော ထွက်နေတဲ့ ကောလာဟလအကြောင်း အမေးခံရတဲ့အခါမှာ ရှက်သွားတာ ဖြစ်ပါတယ်။

Shawn ဟာ ဇူလိုင်လ(၂၂)ရက်နေ့မှာ ပြုလုပ်မယ့် သူ့ရဲ့ဖျော်ဖြေပွဲ မတိုင်ခင် ပရိသတ်တွေနဲ့ အမေးအဖြေကဏ္ဍလေးတစ်ခုကို Dallas မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ့အခမ်းအနားလေးမှာပဲ ပရိသတ်ထဲက မိန်းကလေးတစ်ယောက်က လက်ရှိ ပွက်လောရိုက်နေတဲ့ ကောလာဟလကို မေးလိုက်တာပါ။

“အဖြေကိုတော့ သိနေသလိုလိုပါပဲ။ ဒါပေမယ့် ရှင်နဲ့ Camila ရဲ့ကြားမှာ ဘာတွေဖြစ်နေတာလဲ” လို့ မေးလိုက်တဲ့အခါ ပရိသတ်တွေကလည်း ၀ိုင်းပြီးကောင်းချီးသြဘာပေးကြပါတယ်။ သို့ပေမယ့် Shawn ကတော့ ပါးစပ်ကြီး အဖြဲသားနဲ့ ပြုံးပြီး ခဏလောက် ရှက်သွားပြီးမှ မေးခွန်းကို မဖြေဘဲ ကျော်သွားခဲ့ပါတယ်။


Shawn ဟာ အဲ့ဒီ့မေးခွန်းကြောင့် တုံ့ဆိုင်းပြီး အလစ်အငိုက်မိသွားတယ်ဆိုပေမယ့် ဒီလိုအမေးခံရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဇူလိုင်လ(၆)ရက်နေ့က လော့စ်အိန်ဂျလိစ့်မြို့မှာ ပြုလုပ်ခဲ့တဲ့ အလားတူ အမေးအဖြေကဏ္ဍမှာလည်း Camila နဲ့ တွဲနေတာလားဆိုပြီး အမေးခံခဲ့ရပေမယ့် “မဟုတ်ပါဘူး”လို့ပဲ ခေါင်းခါပြခဲ့ပြီး အသေးစိတ်ကိုတော့ ဖြေမသွားခဲ့ပါဘူး။

Photo: YouTube

ဒီလို ဘူးခါပြီး ငြင်းနေပေမယ့် သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူး တစ်တီတူးနေတဲ့ ပုံရိပ်များကတော့ အင်တာနက်တစ်ခွင်မှာ ပျံ့နှံ့လျက် ရှိနေပါတယ်။ နှစ်ယောက်သား လက်ချင်းချိတ်ပြီး အတွဲတွေလိုပဲ လမ်းမပေါ်မှာ လျှောက်သွားနေခဲ့သလို ပါပါရာဇီတွေရဲ့ ရိုက်ချက်တွေအရ နမ်းနေတဲ့ပုံတွေကိုပါ တွေ့ခဲ့ကြရပါသေးတယ်။ ပရိသတ်တွေကြားက snap မိထားတဲ့ ပုံရိပ်တွေအရလည်း သူတို့နှစ်ယောက်ကြားမှာ သူငယ်ချင်းထက်ပိုတဲ့ အရာတစ်ခုခုက ဖြစ်နေတဲ့သဘောမျိုး သွားတွေ့ရပါတယ်။

Photo: YouTube

Shawn နဲ့ Camila တို့ဟာ သူငယ်ချင်းဖြစ်နေကြတာတော့ ကြာခဲ့ပါပြီ။ သို့ပေမယ့် ဇွန်လ (၂၁)ရက်နေ့က ထွက်ရှိခဲ့တဲ့ “Señorita” MV ကို စုံတွဲသီဆိုဖန်တီး၊ ရိုက်ကူးအပြီးမှာတော့ နှစ်ယောက်အတူတူ တွဲတွေ့ရတာတွေ ပိုများလာတာပါ။ ဒီလို နှစ်ယောက်အတူ တပူးတွဲတွဲ တွေ့ရတာကလည်း Camila နဲ့ သူ့ရဲ့အချိန်အတန်ကြာ တွဲခဲ့ပြီးတဲ့ ချစ်သူ Matthew Hussey တို့ လမ်းခွဲလိုက်ကြပြီဆိုတဲ့ သတင်းထွက်လာပြီးနောက်မှာ ဖြစ်ပါတယ်။

ဒီအဆိုတော်နှစ်ယောက်ကြားမှာ တကယ်တမ်း ဘာတွေဖြစ်နေလည်းဆိုတာကတော့ အချိန်က ပြောပြပေးသွားမယ်လို့ ယုံကြည်ရပါတယ်။

Xei

Ref: hollywoodlife

 

RELATED ARTICLES

Most Popular