HomeCelebs Update NewsInternationalShawn Mendes အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် Netflix မှာ ပြသသွားမည် 

Shawn Mendes အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် Netflix မှာ ပြသသွားမည် 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော် Shawn Mendes ရဲ့ ဘဝအကြောင်းကို တစေ့တစောင်း ကြည့်ရှုခံစားရမယ့် မှတ်တမ်းရုပ်ရှင်တစ်ခုကို Netflix မှာ ပြသတော့မှာ ဖြစ်ပါတယ်။

In Wonder လို့ အမည်ပေးထားတဲ့ အဆိုပါမှတ်တမ်းရုပ်ရှင်မှာတော့ Shawn Mendes ရဲ့ဘဝအကြောင်းအပြင် လွန်ခဲ့နှစ်ပိုင်းတွေကစလို့ ပိုမိုအောင်မြင်တဲ့ စတားတစ်ယောက်ဘဝကို ရောက်ရှိလာခဲ့တဲ့ သူ့ရဲ့ဂီတခရီးလမ်းကိုပါ တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။

Photo: shawnmendes/ Instagram

ဒီမှတ်တမ်းရုပ်ရှင် ထွက်ရှိမယ့်အကြောင်းကိုတော့ မနေ့က အင်္ဂါနေ့က ကြေညာခဲ့တာဖြစ်ပြီး “ဒီမှတ်တမ်းရုပ်ရှင်ကို လုပ်နေခဲ့တာ ကြာပါပြီ။ နောက်ဆုံးတော့ အားလုံးဆီကို မျှဝေခွင့်ရတော့မယ်ဆိုလို့ သိပ်ကိုစိတ်လှုပ်ရှားရပါတယ်… ” လို့ Shawn Mendes ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

In Wonder မှတ်တမ်းရုပ်ရှင်ကိုတော့ The Weeknd ၊ Lorde ၊ Sam Smith တို့နဲ့ အတူတွဲလုပ်ဖူးတဲ့ music video director Grant Singer က တာဝန်ယူ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ထုတ်လုပ်ရေးအပိုင်းကိုတော့ Shawn Mendes နဲ့အတူ သူ့ရဲ့မန်နေဂျာ Andrew Gertler နဲ့ Ben Winston တို့က တာဝန်ယူထားတာ ဖြစ်ပါတယ်။

Photo: shawnmendes/ Instagram

ဒီမှတ်တမ်းရုပ်ရှင်ရဲ့ အမည်ဟာ  မကြာခင်မှာ ထွက်ရှိလာတော့မယ့် Shawn ရဲ့ တေးအယ်လ်ဘမ် Wonder ကနေ ယူထားတာဖြစ်ပြီး ဒီတေးအယ်လ်ဘမ်ကတော့ ဒီဇင်ဘာလ(၄)ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ Netflix က ထုတ်လွှင့်ပြသမယ့် In Wonder မှတ်တမ်းရုပ်ရှင်ကတော့ နိုဝင်ဘာလ(၂၃)ရက်နေ့မှာ စတင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ Shawn Mendes ရဲ႕ ဘဝအေၾကာင္းကို တေစ့တေစာင္း ၾကည့္ရႈခံစားရမယ့္ မွတ္တမ္း႐ုပ္ရွင္တစ္ခုကို Netflix မွာ ျပသေတာ့မွာ ျဖစ္ပါတယ္။

In Wonder လို႔ အမည္ေပးထားတဲ့ အဆိုပါမွတ္တမ္း႐ုပ္ရွင္မွာေတာ့ Shawn Mendes ရဲ႕ဘဝအေၾကာင္းအျပင္ လြန္ခဲ့ႏွစ္ပိုင္းေတြကစလို႔ ပိုမိုေအာင္ျမင္တဲ့ စတားတစ္ေယာက္ဘဝကို ေရာက္ရွိလာခဲ့တဲ့ သူ႔ရဲ႕ဂီတခရီးလမ္းကိုပါ ေတြ႕ျမင္ခံစားရမွာ ျဖစ္ပါတယ္။

Photo: shawnmendes/ Instagram

ဒီမွတ္တမ္း႐ုပ္ရွင္ ထြက္ရွိမယ့္အေၾကာင္းကိုေတာ့ မေန႔က အဂၤါေန႔က ေၾကညာခဲ့တာျဖစ္ၿပီး “ဒီမွတ္တမ္း႐ုပ္ရွင္ကို လုပ္ေနခဲ့တာ ၾကာပါၿပီ။ ေနာက္ဆုံးေတာ့ အားလုံးဆီကို မွ်ေဝခြင့္ရေတာ့မယ္ဆိုလို႔ သိပ္ကိုစိတ္လႈပ္ရွားရပါတယ္… ” လို႔ Shawn Mendes ရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေရးသားထားတာ ေတြ႕ရပါတယ္။

In Wonder မွတ္တမ္း႐ုပ္ရွင္ကိုေတာ့ The Weeknd ၊ Lorde ၊ Sam Smith တို႔နဲ႔ အတူတြဲလုပ္ဖူးတဲ့ music video director Grant Singer က တာဝန္ယူ ဖန္တီးေပးထားတာ ျဖစ္ပါတယ္။ ထုတ္လုပ္ေရးအပိုင္းကိုေတာ့ Shawn Mendes နဲ႔အတူ သူ႔ရဲ႕မန္ေနဂ်ာ Andrew Gertler နဲ႔ Ben Winston တို႔က တာဝန္ယူထားတာ ျဖစ္ပါတယ္။

Photo: shawnmendes/ Instagram

ဒီမွတ္တမ္း႐ုပ္ရွင္ရဲ႕ အမည္ဟာ  မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ Shawn ရဲ႕ ေတးအယ္လ္ဘမ္ Wonder ကေန ယူထားတာျဖစ္ၿပီး ဒီေတးအယ္လ္ဘမ္ကေတာ့ ဒီဇင္ဘာလ(၄)ရက္ေန႔မွာ ထြက္ရွိမွာ ျဖစ္ပါတယ္။ Netflix က ထုတ္လႊင့္ျပသမယ့္ In Wonder မွတ္တမ္း႐ုပ္ရွင္ကေတာ့ ႏိုဝင္ဘာလ(၂၃)ရက္ေန႔မွာ စတင္ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

Glasgow

Source: people

 

RELATED ARTICLES

Most Popular