HomeCelebs Update NewsInternationalဂေးလို့သမုတ်ကြတဲ့ ကောလာဟလတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုတဲ့ Shawn Mendes 

ဂေးလို့သမုတ်ကြတဲ့ ကောလာဟလတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုတဲ့ Shawn Mendes 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော် Shawn Mendes ဟာ ဂေးတစ်ယောက် ဖြစ်နေတယ်ဆိုတဲ့ ဝိုင်းဝန်းစွပ်စွဲမှုတွေကို နှစ်ပေါင်းများစွာ ခံခဲ့ရသူ ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ သူဟာ အများက စွပ်စွဲနေသလို ဂေးတစ်ယောက် မဟုတ်ပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပူပူနွေးနွေး ပြုလုပ်ထားတဲ့ အင်တာဗျူးအသစ်ထဲမှာတော့ သူ့ရဲ့လိင်စိတ် တိမ်းညွတ်မှုအပေါ် အများရဲ့ထင်မြင်ချက်တွေကို ဂရုမစိုက်ပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်ရတဲ့အကြောင်း ပြောပြထားပါတယ်။

အသက်(၂၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Shawn Mendes ဂေးတစ်ယောက် ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလကို ၂၀၁၆ခုနှစ်က စတင်ပြီး ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို မေးလာတိုင်း “မဟုတ်ပါဘူး” လို့ ပြန်ဖြေခဲ့ပေမယ့် ဒီကောလာဟလ တိမ်တိုက်ကြီးကိုတော့ ရှင်းလင်းသွားအောင် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

Photo: shawnmendes/ Instagram

ဒီဇင်ဘာလ(၉)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ယခုအင်တာဗျူးမှာလည်း တူညီတဲ့ အဖြေကိုပဲ ပေးခဲ့ပေမယ့် ယခင်ကနဲ့ မတူတာဆိုလို့ Camila Cabello နဲ့ ပျော်ရွှင်တဲ့ အချစ်ရေးမှာ ပျော်ဝင်နေတာ တစ်ခုပါပဲ။

Shawn ရဲ့ လိင်စိတ်တိမ်းညွတ်မှုနဲ့ ပတ်သက်ပြီး ထွက်ရှိလာတဲ့ ကောလာဟလကနေ ပေါက်ပွားလာတဲ့ နောက်ထပ် စွပ်စွဲမှုတစ်ခုကတော့ Shawn ဟာ Camila ကို ကာဗာယူပြီး တွဲနေတယ်ဆိုတာပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းခံရတဲ့အခါမှာတော့ “ကျွန်တော်က ဂေးပါဆိုပြီး တရားဝင် ဝန်ခံလာမှာကို အသေအလဲ စောင့်ဆိုင်းနေတဲ့လူတွေ ရှိတယ်။ ပြောရရင် ဒါကြီးက အဓိပ္ပာယ် မရှိပါဘူးဗျာ … ” လို့ The Guardian နဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

Photo: shawnmendes/ Instagram

“ကျွန်တော့်အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဗျာ။ ဘာလို့လည်းဆိုတော့ တကယ် ဂေးနေပြီး တရားဝင် ဝန်မခံရသေးတဲ့ ကျွန်တော့်အသိတွေ ရှိတယ်။ အဲ့တော့ ဒီလိုစေ့ဆော်မှုတွေကြောင့် သူတို့တွေ ဘယ်လိုခံစားရတယ်ဆိုတာ ကျွန်တော်သိတယ်။ တကယ်ဆိုရင် ဒီသောက်ကိစ္စတစ်ခုတည်းကိုပဲ လူတွေက လိုက်စိတ်ဝင်စားနေစရာအကြောင်းမှ မရှိတာဗျာ။ ကိုယ်နဲ့မဆိုင်တာ။ အနေသာကြီးပဲ … ” လို့ Shawn က ဆိုပါတယ်။

ဒီကောလာဟလကတော့ ၂၀၁၆ခုနှစ်က စတင်ထွက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီ့တုန်းကလည်း Shawn ဟာ သူ့ရဲ့ snapchat အကောင့်ကနေ ဂေးမဟုတ်ကြောင်း ရှင်းပြခဲ့ပါသေးတယ်။ သို့ပေမယ့် အချို့ကတော့ သူ့ရဲ့ပုံစံကိုက ဂေးလိုမျိုး ဖြစ်နေတယ်လို့ ထပ်မံစွပ်စွဲခဲ့ကြပြန်ပါတယ်။

Photo: shawnmendes/ Instagram

၂၀၁၈ခုနှစ်က Rolling Stone မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ဒီကိစ္စကို ထပ်ပြောသွားခဲ့ပါသေးတယ်။ “ကျွန်တော့်အထင်တော့ ခင်ဗျားတို့တွေ သောက်ရမ်း ကံကောင်းတယ်ဗျာ။ ကျွန်တော်က ဂေးလည်း မဟုတ်သလို ဝန်ခံရမှာကို ကြောက်နေတာလည်း မဟုတ်လို့ပဲ …” လို့ Shawn က ဆိုခဲ့ပါတယ်။

ဒါ့အပြင် လူပေါင်းများစွာဟာ Shawn ကို မိန်းမဆန်ပြီး နွဲ့တယ်လို့ ပြောခဲ့ကြပါသေးတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း သူ့ဘက်က ပြန်ပြောထားပါသေးတယ်။ “အဲ့ဒါကပဲ လူတွေက တစ်နည်းတစ်ဖုံနဲ့ သတ်နေတာဗျ။ အဲ့ဒါတွေက သိပ်အထိခိုက်လွယ်တာ။ ခင်ဗျားတို့ ကျွန်တော့်သီချင်းတွေ ကြိုက်ကြလား။ ကျွန်တော့်ကိုရော ကြိုက်ကြလား။ ကျွန်တော်က ဂေးဟုတ်မဟုတ်ဆိုတာရော ဘယ်သူ့ရဲ့အရေးလဲ? ကျွန်တော်က နည်းနည်း နုနုရွရွ ဖြစ်ချင်ဖြစ်နေမယ်ဗျာ။ ဒါပေမယ့် အဲ့ဒါကိုက ကျွန်တော့်ပုံစံလေ … ” လို့ ဆိုထားပါတယ်။

Photo: shawnmendes/ Instagram

လက်ရှိမှာတော့ Shawn ဟာ သူ့ရဲ့ကာလရှည်ကြာ သူငယ်ချင်းဖြစ်ခဲ့တဲ့ Camila Cabello နဲ့ ဇူလိုင်လတည်းက တွဲနေပါတယ်။ သူတို့အတွဲဟာ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင်လ(၄)ရက်နေ့မှာ ချစ်သူတွေပုံစံနဲ့ မတွေ့ရသေးခင်မှာပဲ ချစ်နေကြကြောင်း အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကိုဗစ်ကာလတစ်လျှောက်မှာ မိုင်ယာမီက Camila ရဲ့ မိဘတွေအိမ်မှာ အတူတူ ကွာရန်တင်း နေနေခဲ့ကြပြီး လက်ရှိမှာတော့ နှစ်ယောက်အတူ နေထိုင်ဖို့ အိမ်တစ်လုံးကို အဲ့ဒီ့နေရာတစ်ဝိုက်မှာပဲ ရှာဖွေနေကြတယ်လို့ သိရပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ Shawn Mendes ဟာ ေဂးတစ္ေယာက္ ျဖစ္ေနတယ္ဆိုတဲ့ ဝိုင္းဝန္းစြပ္စြဲမႈေတြကို ႏွစ္ေပါင္းမ်ားစြာ ခံခဲ့ရသူ ျဖစ္ပါတယ္။ တကယ္တမ္းမွာေတာ့ သူဟာ အမ်ားက စြပ္စြဲေနသလို ေဂးတစ္ေယာက္ မဟုတ္ပါဘူး။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ပူပူေႏြးေႏြး ျပဳလုပ္ထားတဲ့ အင္တာဗ်ဴးအသစ္ထဲမွာေတာ့ သူ႔ရဲ႕လိင္စိတ္ တိမ္းၫြတ္မႈအေပၚ အမ်ားရဲ႕ထင္ျမင္ခ်က္ေတြကို ဂ႐ုမစိုက္ေပမယ့္ စိတ္အေႏွာင့္အယွက္ေတာ့ ျဖစ္ရတဲ့အေၾကာင္း ေျပာျပထားပါတယ္။

အသက္(၂၂)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Shawn Mendes ေဂးတစ္ေယာက္ ျဖစ္ေနတယ္ဆိုတဲ့ ေကာလာဟလကို ၂၀၁၆ခုႏွစ္က စတင္ၿပီး ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ ဒီေမးခြန္းကို ေမးလာတိုင္း “မဟုတ္ပါဘူး” လို႔ ျပန္ေျဖခဲ့ေပမယ့္ ဒီေကာလာဟလ တိမ္တိုက္ႀကီးကိုေတာ့ ရွင္းလင္းသြားေအာင္ ေျဖရွင္းႏိုင္ျခင္း မရွိခဲ့ပါဘူး။

Photo: shawnmendes/ Instagram

ဒီဇင္ဘာလ(၉)ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ ယခုအင္တာဗ်ဴးမွာလည္း တူညီတဲ့ အေျဖကိုပဲ ေပးခဲ့ေပမယ့္ ယခင္ကနဲ႔ မတူတာဆိုလို႔ Camila Cabello နဲ႔ ေပ်ာ္႐ႊင္တဲ့ အခ်စ္ေရးမွာ ေပ်ာ္ဝင္ေနတာ တစ္ခုပါပဲ။

Shawn ရဲ႕ လိင္စိတ္တိမ္းၫြတ္မႈနဲ႔ ပတ္သက္ၿပီး ထြက္ရွိလာတဲ့ ေကာလာဟလကေန ေပါက္ပြားလာတဲ့ ေနာက္ထပ္ စြပ္စြဲမႈတစ္ခုကေတာ့ Shawn ဟာ Camila ကို ကာဗာယူၿပီး တြဲေနတယ္ဆိုတာပါပဲ။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ေမးျမန္းခံရတဲ့အခါမွာေတာ့ “ကြၽန္ေတာ္က ေဂးပါဆိုၿပီး တရားဝင္ ဝန္ခံလာမွာကို အေသအလဲ ေစာင့္ဆိုင္းေနတဲ့လူေတြ ရွိတယ္။ ေျပာရရင္ ဒါႀကီးက အဓိပၸာယ္ မရွိပါဘူးဗ်ာ … ” လို႔ The Guardian နဲ႔ အင္တာဗ်ဴးမွာ ေျဖဆိုထားပါတယ္။

Photo: shawnmendes/ Instagram

“ကြၽန္ေတာ့္အတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္ရတယ္ဗ်ာ။ ဘာလို႔လည္းဆိုေတာ့ တကယ္ ေဂးေနၿပီး တရားဝင္ ဝန္မခံရေသးတဲ့ ကြၽန္ေတာ့္အသိေတြ ရွိတယ္။ အဲ့ေတာ့ ဒီလိုေစ့ေဆာ္မႈေတြေၾကာင့္ သူတို႔ေတြ ဘယ္လိုခံစားရတယ္ဆိုတာ ကြၽန္ေတာ္သိတယ္။ တကယ္ဆိုရင္ ဒီေသာက္ကိစၥတစ္ခုတည္းကိုပဲ လူေတြက လိုက္စိတ္ဝင္စားေနစရာအေၾကာင္းမွ မရွိတာဗ်ာ။ ကိုယ္နဲ႔မဆိုင္တာ။ အေနသာႀကီးပဲ … ” လို႔ Shawn က ဆိုပါတယ္။

ဒီေကာလာဟလကေတာ့ ၂၀၁၆ခုႏွစ္က စတင္ထြက္ရွိလာခဲ့တာျဖစ္ၿပီး အဲ့ဒီ့တုန္းကလည္း Shawn ဟာ သူ႔ရဲ႕ snapchat အေကာင့္ကေန ေဂးမဟုတ္ေၾကာင္း ရွင္းျပခဲ့ပါေသးတယ္။ သို႔ေပမယ့္ အခ်ိဳ႕ကေတာ့ သူ႔ရဲ႕ပုံစံကိုက ေဂးလိုမ်ိဳး ျဖစ္ေနတယ္လို႔ ထပ္မံစြပ္စြဲခဲ့ၾကျပန္ပါတယ္။

Photo: shawnmendes/ Instagram

၂၀၁၈ခုႏွစ္က Rolling Stone မဂၢဇင္းနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာလည္း ဒီကိစၥကို ထပ္ေျပာသြားခဲ့ပါေသးတယ္။ “ကြၽန္ေတာ့္အထင္ေတာ့ ခင္ဗ်ားတို႔ေတြ ေသာက္ရမ္း ကံေကာင္းတယ္ဗ်ာ။ ကြၽန္ေတာ္က ေဂးလည္း မဟုတ္သလို ဝန္ခံရမွာကို ေၾကာက္ေနတာလည္း မဟုတ္လို႔ပဲ …” လို႔ Shawn က ဆိုခဲ့ပါတယ္။

ဒါ့အျပင္ လူေပါင္းမ်ားစြာဟာ Shawn ကို မိန္းမဆန္ၿပီး ႏြဲ႕တယ္လို႔ ေျပာခဲ့ၾကပါေသးတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း သူ႔ဘက္က ျပန္ေျပာထားပါေသးတယ္။ “အဲ့ဒါကပဲ လူေတြက တစ္နည္းတစ္ဖုံနဲ႔ သတ္ေနတာဗ်။ အဲ့ဒါေတြက သိပ္အထိခိုက္လြယ္တာ။ ခင္ဗ်ားတို႔ ကြၽန္ေတာ့္သီခ်င္းေတြ ႀကိဳက္ၾကလား။ ကြၽန္ေတာ့္ကိုေရာ ႀကိဳက္ၾကလား။ ကြၽန္ေတာ္က ေဂးဟုတ္မဟုတ္ဆိုတာေရာ ဘယ္သူ႔ရဲ႕အေရးလဲ? ကြၽန္ေတာ္က နည္းနည္း ႏုႏု႐ြ႐ြ ျဖစ္ခ်င္ျဖစ္ေနမယ္ဗ်ာ။ ဒါေပမယ့္ အဲ့ဒါကိုက ကြၽန္ေတာ့္ပုံစံေလ … ” လို႔ ဆိုထားပါတယ္။

Photo: shawnmendes/ Instagram

လက္ရွိမွာေတာ့ Shawn ဟာ သူ႔ရဲ႕ကာလရွည္ၾကာ သူငယ္ခ်င္းျဖစ္ခဲ့တဲ့ Camila Cabello နဲ႔ ဇူလိုင္လတည္းက တြဲေနပါတယ္။ သူတို႔အတြဲဟာ အေမရိကန္ႏိုင္ငံရဲ႕ လြတ္လပ္ေရးေန႔ျဖစ္တဲ့ ဇူလိုင္လ(၄)ရက္ေန႔မွာ ခ်စ္သူေတြပုံစံနဲ႔ မေတြ႕ရေသးခင္မွာပဲ ခ်စ္ေနၾကေၾကာင္း အတည္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ကိုဗစ္ကာလတစ္ေလွ်ာက္မွာ မိုင္ယာမီက Camila ရဲ႕ မိဘေတြအိမ္မွာ အတူတူ ကြာရန္တင္း ေနေနခဲ့ၾကၿပီး လက္ရွိမွာေတာ့ ႏွစ္ေယာက္အတူ ေနထိုင္ဖို႔ အိမ္တစ္လုံးကို အဲ့ဒီ့ေနရာတစ္ဝိုက္မွာပဲ ရွာေဖြေနၾကတယ္လို႔ သိရပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular