HomeEntertainmentFilmဗီလိန်အသစ်သုံးယောက် ပါဝင်လာမယ့် Shazam! Fury of the Gods

ဗီလိန်အသစ်သုံးယောက် ပါဝင်လာမယ့် Shazam! Fury of the Gods

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Shazam! Fury of the Gods ထဲမှာ ဗီလိန်အသစ်သုံးယောက် ပါဝင်လာမယ်လို့ သိရပါတယ်။ အဲ့ဒီဗီလိန်သုံးယောက်ကတော့ ညီအစ်မသုံးယောက် ဖြစ်ပြီး အရင်က Live Action တွေထဲမှာ မပါဝင်ဖူးသေးပါဘူး။

Shazam ပထမဆုံး ရုပ်ရှင်ဟာ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့ပြီး အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒုတိယမြောက်ကားကိုတော့ ၂၀၂၂ခုနှစ် ဧပြီလမှာ ထွက်ရှိမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တဖြည်းဖြည်းနဲ့ နောက်ဆုတ်သွားရပြီး နောက်ဆုံးမှာတော့ ၂၀၂၃ခုနှစ်ထိ ရွှေ့သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မူလက Shazam! Fury of the Gods နဲ့ ပတ်သက်ပြီး ဘာမှမသိခဲ့ရပေမယ့်လည်း အခုဆိုရင်တော့ ဗီလိန်နဲ့ပတ်သက်တဲ့ အကြောင်းအရာ အနည်းငယ်ကို သိခွင့်ရခဲ့ပါပြီ။

photo via screenrant

ဒါ့အပြင် The Illuminerdi သတင်းဌာနရဲ့ ဖော်ပြချက်အရ Shazam! Fury of the Gods ထဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင်စာရင်းထဲမှာ ထူးဆန်းတဲ့ ညီအစ်မသုံးယောက် ပါဝင်နေတယ်လို့ သိရပါတယ်။ ဖြစ်နိုင်ချေများတာကတော့ သူတို့ဟာ ဒီဇာတ်လမ်းထဲမှာ Shazam Family ရင်ဆိုင်ရမယ့် ဗီလိန်တွေ ဖြစ်သွားဖို့ များပါတယ်။ အဲ့ဒီသရုပ်ဆောင် စာရင်းထဲမှာတော့ ညီအစ်မတွေလို့ပဲ ဖော်ပြထားပြီး တစ်ခြားအသေးစိတ် အချက်အလက်တွေတော့ မပါဝင်ပါဘူး။

ဒါပေမယ့်လည်း အဲ့ဒီညီအစ်မသုံးယောက်ရဲ့ အသက်အရွယ်တွေနဲ့ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေကိုတော့ သိခဲ့ရပါတယ်။ အငယ်ဆုံးကတော့ (၁၇)နှစ် ပတ်ဝန်းကျင်လောက် ဖြစ်ပြီး အလတ်ကတော့ လေးဆယ်ပတ်ဝန်းကျင်နဲ့ အကြီးဆုံးကတော့ ငါးဆယ်ပတ်ဝန်းကျင်လောက်လို့ သိရပါတယ်။ အငယ်ဆုံးနေရာမှာတော့ Zendaya က သရုပ်ဆောင်သွားမှာ ဖြစ်ပြီး အလတ်နေရာမှာတော့ Halle Berry နဲ့ အကြီးဆုံးနေရာမှာတော့ Helen Mirren တို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် DC FanDome တုန်းကလည်း ဒီဇာတ်လမ်းထဲမှာ ပရိသတ်တွေ မမျှော်လင့်ထားတဲ့ ဗီလိန်မျိူး ပါဝင်သွားမယ်လို့ ပြောခဲ့တာ ရှိပါတယ်။

photo via screenrant

ဒါကြောင့် အဲ့ဒီမမျှော်လင့်ထားတဲ့ ဗီလိန်ဆိုတာဟာ သူတို့ ညီအစ်မသုံးယောက် ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ကောမစ်ထဲမှာ Three Faces of Evil ဆိုတဲ့ ခေါင်းသုံးလုံးနဲ့ နဂါးလို ဗီလိန် ပါဝင်တာကြောင့်ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဒါတွေအကုန်လုံးဟာ ခန့်မှန်းချေတွေပဲ ဖြစ်ပြီး အတည်ပြုထားတာ မဟုတ်တာကြောင့် နောက်ပိုင်းမှာ ပြောင်းလဲမှုတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း အခုပြောခဲ့သလို Three Faces of Evil သာ တကယ်ပါဝင်လာမယ် ဆိုရင်တော့ Shazam! Fury of the Gods ဟာ ပထမဇာတ်ကားထက် ပိုပြီးတော့ အောင်မြင်လာနိုင်ချေ ရှိသလို ပရိသတ်တွေလည်း အတော်လေး စိတ်ကျေနပ်သွားမယ်လို့ ထင်မိပါတယ်။

Legos

Source: screenrant

(Zawgyi Version)

Shazam! Fury of the Gods ထဲမွာ ဗီလိန္အသစ္သုံးေယာက္ ပါဝင္လာမယ္လို႔ သိရပါတယ္။ အဲ့ဒီဗီလိန္သုံးေယာက္ကေတာ့ ညီအစ္မသုံးေယာက္ ျဖစ္ၿပီး အရင္က Live Action ေတြထဲမွာ မပါဝင္ဖူးေသးပါဘူး။

Shazam ပထမဆုံး ႐ုပ္ရွင္ဟာ ၂၀၁၉ခုႏွစ္က ထြက္ရွိခဲ့ၿပီး ေအာင္ျမင္သင့္သေလာက္ ေအာင္ျမင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ဒုတိယေျမာက္ကားကိုေတာ့ ၂၀၂၂ခုႏွစ္ ဧၿပီလမွာ ထြက္ရွိမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တျဖည္းျဖည္းနဲ႔ ေနာက္ဆုတ္သြားရၿပီး ေနာက္ဆုံးမွာေတာ့ ၂၀၂၃ခုႏွစ္ထိ ေ႐ႊ႕သြားၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ မူလက Shazam! Fury of the Gods နဲ႔ ပတ္သက္ၿပီး ဘာမွမသိခဲ့ရေပမယ့္လည္း အခုဆိုရင္ေတာ့ ဗီလိန္နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာ အနည္းငယ္ကို သိခြင့္ရခဲ့ပါၿပီ။

photo via screenrant

ဒါ့အျပင္ The Illuminerdi သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Shazam! Fury of the Gods ထဲမွာ ပါဝင္သြားမယ့္ သ႐ုပ္ေဆာင္စာရင္းထဲမွာ ထူးဆန္းတဲ့ ညီအစ္မသုံးေယာက္ ပါဝင္ေနတယ္လို႔ သိရပါတယ္။ ျဖစ္ႏိုင္ေခ်မ်ားတာကေတာ့ သူတို႔ဟာ ဒီဇာတ္လမ္းထဲမွာ Shazam Family ရင္ဆိုင္ရမယ့္ ဗီလိန္ေတြ ျဖစ္သြားဖို႔ မ်ားပါတယ္။ အဲ့ဒီသ႐ုပ္ေဆာင္ စာရင္းထဲမွာေတာ့ ညီအစ္မေတြလို႔ပဲ ေဖာ္ျပထားၿပီး တစ္ျခားအေသးစိတ္ အခ်က္အလက္ေတြေတာ့ မပါဝင္ပါဘူး။

ဒါေပမယ့္လည္း အဲ့ဒီညီအစ္မသုံးေယာက္ရဲ႕ အသက္အ႐ြယ္ေတြနဲ႔ ပါဝင္သ႐ုပ္ေဆာင္မယ့္ သ႐ုပ္ေဆာင္ေတြကိုေတာ့ သိခဲ့ရပါတယ္။ အငယ္ဆုံးကေတာ့ (၁၇)ႏွစ္ ပတ္ဝန္းက်င္ေလာက္ ျဖစ္ၿပီး အလတ္ကေတာ့ ေလးဆယ္ပတ္ဝန္းက်င္နဲ႔ အႀကီးဆုံးကေတာ့ ငါးဆယ္ပတ္ဝန္းက်င္ေလာက္လို႔ သိရပါတယ္။ အငယ္ဆုံးေနရာမွာေတာ့ Zendaya က သ႐ုပ္ေဆာင္သြားမွာ ျဖစ္ၿပီး အလတ္ေနရာမွာေတာ့ Halle Berry နဲ႔ အႀကီးဆုံးေနရာမွာေတာ့ Helen Mirren တို႔က ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ DC FanDome တုန္းကလည္း ဒီဇာတ္လမ္းထဲမွာ ပရိသတ္ေတြ မေမွ်ာ္လင့္ထားတဲ့ ဗီလိန္မ်ိဴး ပါဝင္သြားမယ္လို႔ ေျပာခဲ့တာ ရွိပါတယ္။

photo via screenrant

ဒါေၾကာင့္ အဲ့ဒီမေမွ်ာ္လင့္ထားတဲ့ ဗီလိန္ဆိုတာဟာ သူတို႔ ညီအစ္မသုံးေယာက္ ျဖစ္ႏိုင္ပါတယ္။ အေၾကာင္းကေတာ့ ေကာမစ္ထဲမွာ Three Faces of Evil ဆိုတဲ့ ေခါင္းသုံးလုံးနဲ႔ နဂါးလို ဗီလိန္ ပါဝင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဒါေတြအကုန္လုံးဟာ ခန႔္မွန္းေခ်ေတြပဲ ျဖစ္ၿပီး အတည္ျပဳထားတာ မဟုတ္တာေၾကာင့္ ေနာက္ပိုင္းမွာ ေျပာင္းလဲမႈေတြလည္း ရွိေကာင္းရွိႏိုင္ပါတယ္။ ဒါေပမယ့္လည္း အခုေျပာခဲ့သလို Three Faces of Evil သာ တကယ္ပါဝင္လာမယ္ ဆိုရင္ေတာ့ Shazam! Fury of the Gods ဟာ ပထမဇာတ္ကားထက္ ပိုၿပီးေတာ့ ေအာင္ျမင္လာႏိုင္ေခ် ရွိသလို ပရိသတ္ေတြလည္း အေတာ္ေလး စိတ္ေက်နပ္သြားမယ္လို႔ ထင္မိပါတယ္။

Legos

Source: screenrant

RELATED ARTICLES

Most Popular