HomeEntertainmentFilmFury of the Gods လို့ အမည်ပေးထားတဲ့ Shazam ရဲ့ ဒုတိယမြောက်ရုပ်ရှင်

Fury of the Gods လို့ အမည်ပေးထားတဲ့ Shazam ရဲ့ ဒုတိယမြောက်ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သိပ်မကြာခင်တုန်းက ပြုလုပ်ခဲ့တဲ့ DC FanDome ပွဲဟာ DC ပရိသတ်တွေအတွက် သတင်းကောင်းတွေအများကြီးကို သယ်ဆောင်လာခဲ့ပါတယ်။ အဲ့ဒီပွဲထဲမှာပဲ အသစ်ထွက်လာမယ့်ဇာတ်ကားတွေနဲ့ ဂိမ်းတွေကို ပြသခဲ့ပြီး ရုပ်ရှင်ထွေလာအသစ်တွေပါ ထွက်လာခဲ့ပါတယ်။

အဲ့ဒီသတင်းကောင်းတွေထဲက တစ်ခုကတော့ Shazam ဒုတိယမြောက်ကား ထွက်လာမယ်ဆိုပြီးတော့ ကြေငြာခဲ့တာလည်း ပါပါတယ်။ Levi နဲ့ ဒါရိုက်တာ David F. Sandberg တို့ဟာ အဲ့ဒီပွဲဟာ Shazam ရဲ့ဒုတိယမြောက်ဇာတ်ကားရဲ့နာမည်ဟာ Fury of the Gods ဆိုပြီးတော့ ကြေငြာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒုတိယမြောက်ဇာတ်ကား ထွက်လာမယ်ဆိုတာကို သိလိုက်ရတဲ့အပြင် ဇာတ်ကားရဲ့နာမည်ကိုပါ သိခွင့်ရခဲ့ပါတယ်။

photo via screenrant

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ David F. Sandberg ဟာရိုက်ကူးမှာဖြစ်ပြီးတော့ Henry Gayden ကရေးသားထားပါတယ်။ သရုပ်ဆောင်တွေကတော့ Zachary Levi ၊ Marta Milans နဲ့Jack Dylan Grazer တို့အပြင် တစ်ခြား သရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့မေလထဲမှာပဲ Fury of the Gods အတွက် ဇာတ်ညွန်းကို ရေးနေခဲ့ပါပြီဆိုပြီးတော့ Levi ကပြောခဲ့ပါသေးတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ဒီကားဟာ ၂၀၂၂ ခုနှစ် ဧပြီလထဲမှာ ထွက်ရှိမှာဖြစ်ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုက်ကူးရေးတွေရော ထုတ်လုပ်ရေးတွေပါ ရပ်နားခဲ့ရတာကြောင့် အခုချိန်မှာတော့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ Black Adam ရုပ်ရှင်ဟာလည်း ၂၀၂၁ ခုနှစ်မှာ ထွက်ရှိလာမှာ ဖြစ်တာကြောင့် Shazam ရဲ့ဒုတိယကားထဲမှာတော့ သူတို့နှစ်ယောက်လုံးကို မြင်တွေ့ရမယ်လို့ ထင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

သိပ္မၾကာခင္တုန္းက ျပဳလုပ္ခဲ့တဲ့ DC FanDome ပြဲဟာ DC ပရိသတ္ေတြအတြက္ သတင္းေကာင္းေတြအမ်ားႀကီးကို သယ္ေဆာင္လာခဲ့ပါတယ္။ အဲ့ဒီပြဲထဲမွာပဲ အသစ္ထြက္လာမယ့္ဇာတ္ကားေတြနဲ႔ ဂိမ္းေတြကို ျပသခဲ့ၿပီး ႐ုပ္ရွင္ေထြလာအသစ္ေတြပါ ထြက္လာခဲ့ပါတယ္။

အဲ့ဒီသတင္းေကာင္းေတြထဲက တစ္ခုကေတာ့ Shazam ဒုတိယေျမာက္ကား ထြက္လာမယ္ဆိုၿပီးေတာ့ ေၾကျငာခဲ့တာလည္း ပါပါတယ္။ Levi နဲ႔ ဒါ႐ိုက္တာ David F. Sandberg တို႔ဟာ အဲ့ဒီပြဲဟာ Shazam ရဲ႕ဒုတိယေျမာက္ဇာတ္ကားရဲ႕နာမည္ဟာ Fury Of God ဆိုၿပီးေတာ့ ေၾကျငာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒုတိယေျမာက္ဇာတ္ကား ထြက္လာမယ္ဆိုတာကို သိလိုက္ရတဲ့အျပင္ ဇာတ္ကားရဲ႕နာမည္ကိုပါ သိခြင့္ရခဲ့ပါတယ္။

photo via screenrant

ဒီဇာတ္ကားကိုေတာ့ ဒါ႐ိုက္တာ David F. Sandberg ဟာ႐ိုက္ကူးမွာျဖစ္ၿပီးေတာ့ Henry Gayden ကေရးသားထားပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Zachary Levi ၊ Marta Milans နဲ႔Jack Dylan Grazer တို႔အျပင္ တစ္ျခား သ႐ုပ္ေဆာင္ေတြလည္း ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ဒီႏွစ္ရဲ႕ေမလထဲမွာပဲ Fury Of God အတြက္ ဇာတ္ၫြန္းကို ေရးေနခဲ့ပါၿပီဆိုၿပီးေတာ့ Levi ကေျပာခဲ့ပါေသးတယ္။ ပုံမွန္အတိုင္းဆိုရင္ေတာ့ ဒီကားဟာ ၂၀၂၂ ခုႏွစ္ ဧၿပီလထဲမွာ ထြက္ရွိမွာျဖစ္ေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ိုက္ကူးေရးေတြေရာ ထုတ္လုပ္ေရးေတြပါ ရပ္နားခဲ့ရတာေၾကာင့္ အခုခ်ိန္မွာေတာ့ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလကို ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ Black Adam ႐ုပ္ရွင္ဟာလည္း ၂၀၂၁ ခုႏွစ္မွာ ထြက္ရွိလာမွာ ျဖစ္တာေၾကာင့္ Shazam ရဲ႕ဒုတိယကားထဲမွာေတာ့ သူတို႔ႏွစ္ေယာက္လုံးကို ျမင္ေတြ႕ရမယ္လို႔ ထင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular