HomeEntertainmentFilmShe-Hulk: Attorney at Law ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်တဲ့ Megan Thee Stallion

She-Hulk: Attorney at Law ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်တဲ့ Megan Thee Stallion

အဆိုတော် Megan Thee Stallion ကတော့ She-Hulk: Attorney at Law ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်တယ်လို့ အင်တာဗျူးတစ်ခုမှာ အရိပ်အမြွက် ပြောပြသွားပါတယ်။ She-Hulk ဇာတ်လမ်းတွဲကတော့ ပြီးခဲ့တဲ့ (၁၈)ရက်နေ့မှာ Disney+ ကနေ စတင်ပြသခဲ့ပြီး လောလောဆယ်မှာတော့ အပိုင်းနှစ်ပိုင်းပဲ ထွက်ရှိပါသေးတယ်။ ဒီနှစ်ပိုင်းထဲမှာတော့ Jennifer Walters ဟာ She-Hulk ဘယ်လို ဖြစ်လာတယ်ဆိုတာနဲ့ ကမ္ဘာကြီးက သူမကို She-Hulk မှန်း သိသွားတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလည်းဆိုတာ ဖော်ပြထားပါတယ်။

photo via theestallion/instagram

She-Hulk နေရာမှာတော့ Tatiana Maslany က ပါဝင်ထားပြီး Mark Ruffalo ၊ Ginger Gonzaga ၊ Jameela Jamil ၊ Josh Segarra ၊ Jon Bass နဲ့ Renee Elise Goldsberry တို့ ပါဝင်ထားကြပါတယ်။ ဒါ့အပြင် MCU ရဲ့ နာမည်ကြီး ဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ထားတဲ့ Benedict Wong ၊ Tim Roth နဲ့ Charlie Cox တို့လည်း ပါဝင်လာဦးမှာဖြစ်တဲ့အပြင် နောက်ထပ် နာမည်ကြီး ဆယ်လီတစ်ယောက်လည်း ထပ်မံပါဝင်လာဦးမယ်လို့ သတင်းထွက်နေပါတယ်။

The Cut နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Megan Thee Stallion ဟာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပြောသွားပါတယ်။

“queen latifah နဲ့ ice cube တို့လို လူတွေကို ကြည့်လိုက်ရင် ဂီတထက်ပိုတဲ့ ဖန်တီးမှုတွေ ပြုလုပ်ဖို့ စိတ်ကူးစိတ်သန်း ရစေပါတယ်။ ကျွန်မက သရုပ်ဆောင်ချည်းပဲ လုပ်မှာလည်း မဟုတ်ပါဘူး။ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေပါ ဖြစ်လာမယ်လို့ ထင်ပါတယ် …”

photo via screenrant

ပြီးခဲ့တဲ့နှစ်တုန်းကလည်း Megan Thee Stallion ဟာ She-Hulk ဇာတ်လမ်းတွဲထဲက အပိုင်းအများစုမှာ ပါဝင်သွားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာတော့ စတန့်သမားတစ်ယောက်ဟာ Megan Thee Stallion နေရာက ပါဝင်ခဲ့တယ်လို့ ပြောလိုက်တာကြောင့် သူမရဲ့ဇာတ်ကောင်ဟာ အက်ရှင်ဇာတ်ဝင်ခန်းတွေမှာလည်း ပါဝင်သွားမယ်လို့ ခန့်မှန်းရပါတယ်။ သို့သော်လည်း လောလောဆယ်အထိတော့ Disney နဲ့ Marvel တို့ဟာ ဒီအချက်နဲ့ ပတ်သက်ပြီး တရားဝင်မှတ်ချက် မပေးသေးပါဘူး။ သို့ပေမယ့်လည်း Megan Thee Stallion ကတော့ သေချာပေါက်နီးပါး ပါဝင်လာနိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular