HomeEntertainmentFilmShe-Hulk ဇာတ်လမ်းတွဲ အပိုင်း(၁)ထဲက ယာဉ်ပျံကြီးဟာ ဘာကြီးလဲ?

She-Hulk ဇာတ်လမ်းတွဲ အပိုင်း(၁)ထဲက ယာဉ်ပျံကြီးဟာ ဘာကြီးလဲ?

ယခုအချိန်မှာတော့ She-Hulk: Attorney at Law ဇာတ်လမ်းတွဲကို Disney+ မှာ ကြည့်ရှုနိုင်ပြီ ဖြစ်ပြီး အပိုင်း(၁)ထဲမှာတော့ She-Hulk ရဲ့ Origin ကို မြင်တွေ့ခဲ့ရပါတယ်။ Jennifer Walters ဟာ အစတုန်းကတော့ သာမန်ရှေ့နေတစ်ယောက် ဖြစ်ပေမယ့် တစ်ရက်မှာတော့ သူမဟာ Bruce နဲ့အတူ ခရီးသွားနေရင်း အာကာသယာဉ်တစ်စီးက ရုတ်တရက် သူတို့ရှေ့မှာ ပေါ်လာတာကြောင့် ကားမှောက်သွားပါတယ်။

ဒီမှာတင် ပွန်းပဲ့ဒဏ်ရာတွေ ရရှိသွားပြီး Bruce ရဲ့သွေးတွေက Jennifer ရဲ့ခန္ဓာကိုယ်ထဲ ဝင်သွားတာကြောင့် သူမဟာ She-Hulk အဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီယာဉ်ပျံကြီးက ဘာလည်းဆိုတာကိုတော့ အပိုင်း(၁)ထဲမှာ ပြသမသွားပါဘူး။

photo via screenrant

Bruce ရဲ့ ပြောစကားအရ အဲဒီယာဉ်ပျံဟာ Sakaar ဂြိုဟ်ပေါ်က ယာဉ်ပျံ ဖြစ်တယ်လို့ သိရပါတယ်။ Sakaar ဂြိုဟ်ကတော့ Thor: Ragnarok ထဲမှာ Hulk နဲ့ Thor တို့ ရောက်ရှိသွားကြတဲ့ ဂြိုဟ်ပဲ ဖြစ်ပါတယ်။ Ragnarok ထဲမှာတော့ Hulk ဟာ Sakaar ဂြိုဟ်ရဲ့ချန်ပီယံ ဖြစ်နေတယ် ဆိုတာကလွဲရင် တခြားအကြောင်းအရာတွေကို မဖော်ပြထားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းတွဲထဲမှာ ဒီယာဉ်ပျံ ပါဝင်လာတာကတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ World War Hulk ရုပ်ရှင်ကို အရိပ်အမြွက် ဖော်ပြထားတာ ဖြစ်နိုင်ပါတယ်။

ကောမစ်ထဲမှာတော့ Hulk ဟာ Sakaar ဂြိုဟ်ပေါ်မှာ Caiera ဆိုတဲ့ အမျိူးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်သွားပြီး Skaar ဆိုတဲ့ သားတစ်ယောက် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း Hulk ကတော့ Skaar ရှိနေမှန်း လုံးဝမသိခဲ့ပါဘူး။ Caiera သေဆုံးသွားပြီး နောက်မှာတော့ Hulk ဟာ Avengers တွေကို တိုက်ခိုက်ဖို့အတွက် Sakaar ဂြိုဟ်ကနေ ထွက်ခွာလာခဲ့ပါတယ်။ Hulk ထွက်ခွာသွားပြီး နောက်မှာတော့ Skaar ဟာ ပိုးအိမ်လိုအရာကနေ မွေးဖွားလာပြီး Hulk ရဲ့နောက်ကို လိုက်သွားခဲ့ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ အဲဒီယာဉ်ပျံဟာ သတင်းစကားတစ်ခုခု ပြောချင်နေတယ်လို့ Bruce က ဆိုပါတယ်။ ဒါကြောင့်ပဲ အဲဒီယာဉ်ပျံဟာ Sakaar ဂြိုဟ်ပေါ်မှာ Hulk ရဲ့ သားဖြစ်သူ Skaar ရှိနေတယ်လို့ ပြောချင်တာ ဖြစ်နိုင်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာသာ Skaar ပါဝင်လာမယ် ဆိုရင်တော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ World War Hulk ရုပ်ရှင်ကို ကြည့်ရှုရဖို့ သေချာသလောက် ရှိနေပါပြီ။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း World War Hulk ရုပ်ရှင် ထွက်လာမယ်လို့ သတင်းထွက်ခဲ့သေးတာကြောင့် ဒီအချက်က မှန်မမှန်ဆိုတာကိုတော့ မကြာခင်မှာ သိရတော့မှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular