HomeEntertainmentFilmShe-Hulk အပိုင်း(၄)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

She-Hulk အပိုင်း(၄)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

She-Hulk: Attorney at Law ဇာတ်လမ်းတွဲရဲ့ အပိုင်း(၄)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ Jennifer Walters ဟာ Wong ရဲ့အမှုကို လိုက်ပေးနေရင်း ဒိတ်လုပ်ဖို့ ကြိုးစားနေတာကို တွေ့ခဲ့ရပါတယ်။ ထူးခြားတဲ့ အချက်ကတော့ Donny Blaze ကလည်း ဒီအပိုင်းထဲမှာ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ She-Hulk အပိုင်း(၄)ထဲက စိတ်ဝင်စားစရာအချက်တွေနဲ့ Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Donny Blaze

photo via screenrant

ပြီးခဲ့တဲ့ အပိုင်းထဲမှာတော့ Donny Blaze ဆိုတဲ့ နာမည်နဲ့ Easter Egg ထည့်သွင်းထားပြီး ဒီအပိုင်းထဲမှာတော့ Donny Blaze က ဘယ်သူလည်းဆိုတာ တွေ့ခဲ့ရပြီ ဖြစ်ပါတယ်။ Donny Blaze ဆိုတာကတော့ Ghost Rider ရဲ့ နာမည် ဖြစ်တာကြောင့် ပရိသတ်တွေဟာ Ghost Rider ကို မြင်တွေ့ရတော့မှာလားဆိုပြီး စိတ်လှုပ်ရှားနေကြပါတယ်။ ဒါပေမယ့်လည်း ဒီအပိုင်းထဲမှာတော့ Donny Blaze ဟာ သာမန် မျက်လှည့်ပညာရှင်တစ်ယောက် ဖြစ်ပြီး Kamar-Taj မှာ ခဏတာ မှော်ပညာကို သင်ယူဖူးခဲ့တယ်လို့ ပြသွားပါတယ်။ ဒါ့အပြင် သူဟာ Kamar-Taj ကနေ Sling Ring ကိုလည်း ယူလာခဲ့ပါသေးတယ်။

(2) Mephisto

photo via screenrant

Donny Blaze ဟာ Madisynn ဆိုတဲ့ အမျိူးသမီးတစ်ယောက်ကို အခြားလောကတစ်ခုဆီ ပို့ဆောင်ခဲ့ပြီး သူမရဲ့ ပြောစကားအရ ဆိုရင်တော့ အဲဒီနေရာဟာ Marvel ရဲ့ Hell ဖြစ်နေနိုင်ပါတယ်။ အဲဒီနေရာမှာတော့ သူမဟာ စကားပြောတဲ့ ဆိတ်နဲ့ တွေ့ခဲ့ပြီး ချော်ရည်ကန်ထဲက လွတ်မြောက်အောင် သွေးခြောက်စက်နဲ့ အလဲအလှယ် လုပ်ခဲ့တယ်လို့ ပြောပါတယ်။

Madisynn ကတော့ သူ့ရဲ့နာမည်က Jake လို့ ပြောခဲ့ပေမယ့်လည်း အဲဒီအချိန်မှာတော့ သူမဟာ မူးနေတာကြောင့် အမှတ်မှားနေတာလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ Mephisto ကို Jack လို့လည်း ခေါ်ဆိုတာကြောင့်ပါပဲ။ WandaVision ပြီးကတည်းက Mephisto ဟာ နောက်ကွယ်က ပါဝင်နေတယ်ဆိုတဲ့ ပရိသတ်တွေရဲ့ သီအိုရီဟာ မှန်နေမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(3) The Book of Vishanti

photo via screenrant

Wong ဟာ Donny Blaze ကို မှော်ပညာ အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဖို့ Jennifer Walters ဆီကို ရောက်လာတဲ့ အချိန်မှာတော့ Jennifer ဟာ ဒီကိစ္စတွေကို စာအုပ်ကြီးအတိုင်း ပြုလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Wong ဟာ Book of Vishanti ကို Mention ပြုလုပ်ခဲ့ပါတယ်။ Doctor Strange in the Multiverse of Madness ထဲမှာတော့ Book of Vishanti ဟာ ဖျက်ဆီးခံခဲ့ရတာကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

(4) ကောမစ် Easter Egg များ

photo via screenrant

ဒီအပိုင်းထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Jennifer Walters ဟာ သူမရဲ့တစ်နေ့တာ ပြုလုပ်ရမယ့် အလုပ်စာရင်းကို ကြည့်ရှုနေပြီး အဲဒီစာရင်းထဲမှာတော့ Easter Egg တွေ ပါဝင်နေပါတယ်။ A File Discovery Request for Kraft v Soule ဆိုတာကတော့ She-Hulk ကောမစ်ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ David Anthony Kraft နဲ့ Charles Soule တို့ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဒါ့အပြင် Charles Soule ဟာလည်း အစတုန်းက ရှေ့နေတစ်ယောက်လည်း ဖြစ်ပါတယ်။ Follow-Up Action on Jensen Class-Action ဆိုတာကတော့ Comic Book Inker ဖြစ်တဲ့ Klaus Jensen ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ Compile Disposition for Lee v Byrne ကတော့ She-Hulk ကို ဖန်တီးခဲ့တဲ့ Stan Lee နဲ့ She-Hulk ကောမစ်အများစုရဲ့ ဇာတ်လမ်းရေးသားသူနဲ့ ပုံဆွဲသူဖြစ်တဲ့ John Byrne တို့ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။

(5) Christine Palmer ရဲ့ မင်္ဂလာဆောင်

photo via screenrant

ဒီအပိုင်းရဲ့ Credit Scene ထဲမှာတော့ Wong ဟာ Madisynn နဲ့အတူ This is Us ဇာတ်လမ်းတွဲကို ကြည့်နေတာ တွေ့ခဲ့ရပါတယ်။ Madisynn ဟာ Hell Dimension ထဲက Being တစ်ခုနဲ့ အပေးအယူလုပ်ခဲ့တာကြောင့် Wong ဟာ သူမကို စောင့်ကြည့်နေတာ ဖြစ်နိုင်သလို ဒီအတိုင်း Madisynn နဲ့အတူ အချိန်တွေ ကုန်ဆုံးရတာကို သဘောကျလို့လည်း ဖြစ်နိုင်ပါတယ်။ အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ Wong ဟာ Vodka နဲ့ Yak Milk အကြောင်းကို ပြောပြခဲ့ပြီး မင်္ဂလာဆောင်တုန်းက ကျန်သေးတာတွေ ရှိနိုင်သေးတယ်လို့ ပြောသွားပါတယ်။ Wong ပြောတဲ့ မင်္ဂလာဆောင် ဆိုတာကတော့ Christine Palmer ရဲ့ မင်္ဂလာဆောင်ကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular