HomeEntertainmentFilmShe-Hulk အပိုင်း(၅)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

She-Hulk အပိုင်း(၅)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

She-Hulk: Attorney at Law ဇာတ်လမ်းတွဲရဲ့ ငါးပိုင်းမြောက်ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ Jennifer Walters ဟာ Titania နဲ့ တရားခွင်မှာ ရင်ဆိုင်ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီအပိုင်းထဲမှာတော့ လူတွေ သိပ်သတိမထားမိလိုက်တဲ့ Easter Egg တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အပိုင်း(၅)ထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) She-Hulk နာမည်

photo via screenrant

ဒီအပိုင်းထဲမှာတော့ Jennifer Walters နဲ့ Titania တို့ဟာ She-Hulk နာမည်ကို ရရှိဖို့ တရားရင်ဆိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီလိုကိစ္စမျိူးဟာ အပြင်မှာလည်း တကယ် ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၈၀ ခုနှစ်တုန်းက CBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ The Incredible Hulk ဇာတ်လမ်းတွဲ အောင်မြင်သွားတဲ့နောက်မှာတော့ CBS ရုပ်သံလိုင်းဟာ She-Hulk ဆိုတဲ့ Spin-Off ထပ်မံဖန်တီးသွားမှာကို Marvel က စိုးရိမ်ခဲ့ပါတယ်။

အကြောင်းကတော့ အဲဒီအချိန်တုန်းက Marvel ဟာ She-Hulk ကို မဖန်တီးရသေးဘဲ CBS ရုပ်သံလိုင်းကသာ ဒီဇာတ်ကောင်ကို အရင်ဖန်တီးလိုက်ရင် CBS ရုပ်သံလိုင်းဟာ She-Hulk ရဲ့ မူပိုင်ခွင့်ကို ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Marvel ဟာ ၁၉၈၀ ခုနှစ်မှာပဲ She-Hulk ဇာတ်ကောင်ကို မြန်မြန်ဆန်ဆန် ဖန်တီးခဲ့ပြီး မူပိုင်ခွင့်တင်ခဲ့ပါတယ်။

(2) Alonzo

photo via screenrant

ဒီအပိုင်းထဲမှာတော့ Alonzo ဆိုတဲ့ နာမည်ကိုလည်း Mention သွားပါတယ်။ Marvel ကတော့ သူတို့ရဲ့ပရောဂျက်တွေမှာ ဒီပရောဂျက်တွေ အထမြောက်လာအောင် ဖန်တီးခဲ့ကြသူတွေရဲ့ အမည်တွေကို Easter Egg ပုံစံမျိူး ထည့်သွင်းလေ့ ရှိပါတယ်။ ဒါကြောင့်ပဲ Alonzo ဆိုတဲ့ နာမည်ကတော့ Marvel စတူဒီယိုရဲ့ Physical ၊ Post Production ၊ VFX နဲ့ Animation ရဲ့ ဥက္ကဌဖြစ်တဲ့ Victoria Alonso ကို ရည်ညွှန်းထားတာ ဖြစ်နိုင်ပါတယ်။

(3) Mallory Book

photo via screenrant

ဒီအပိုင်းထဲမှာတော့ Titania နဲ့ တရားရင်ဆိုင်ရတဲ့အချိန်မှာ Jennifer Walters ဟာ သူမရဲ့ရှေ့နေအဖြစ် Mallory Book ကို ငှားရမ်းခဲ့ပါတယ်။ Mallory Book နေရာမှာတော့ Renee Elise Goldsberry က သရုပ်ဆောင်ထားပါတယ်။ Mallory Book ကတော့ ကောမစ်ထဲက ဇာတ်ကောင်ပဲ ဖြစ်ပြီး သူမဟာ Jennifer ရဲ့ ပြိုင်ဘက်တစ်ယောက်လည်း ဖြစ်ပြီး နောက်ပိုင်းမှာတော့ သူမရဲ့ အထက်လူကြီးတောင် ဖြစ်သွားပါတယ်။

(4) Incredibles Easter Egg

photo via screenrant

ဒီအပိုင်းထဲမှာ Jennifer Walters ကို ဝတ်စုံချုပ်ပေးခဲ့တဲ့ Luke Jacobson ကတော့ The Incredibles ထဲက ဝတ်စုံဒီဇိုင်းနာရဲ့ ပုံစံနဲ့ အတော်လေး ဆင်တူနေတာကို တွေ့ခဲ့ရပါတယ်။ Luke ဟာ ကောမစ်ထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် စာတန်းထိုးတဲ့ အချိန်မှာတော့ သူ့ရဲ့လက်ထောက်ကို Eugene Patilio လို့ ဖော်ပြထားပါသေးတယ်။ ကောမစ်ထဲမှာတော့ Eugene Patilio ဟာ Frog-Man ဆိုတဲ့ စူပါဟီးရိုး ဖြစ်လာခဲ့ပါတယ်။

(5) Batman Forever ထဲက Batman ဝတ်စုံကို လှောင်ပြောင်ခဲ့တဲ့ MCU

photo via screenrant

Luke Jacobson ရဲ့ စတူဒီယိုထဲမှာတော့ ဝတ်စုံအများအပြားကို မြင်တွေ့ခဲ့ရပြီး အဲဒီထဲမှာတော့ အမည်းရောင် Bodysuit တစ်ခုကို တွေ့ခဲ့ရပါတယ်။ Luke ဟာ စကားပြောနေရင်း အဲဒီ Bodysuit ကို လက်နဲ့ ဆော့ကစားနေပါသေးတယ်။ သေချာကြည့်လိုက်ရင်တော့ အဲဒီ Bodysuit မှာ နို့သီးခေါင်းလေးတွေ ပါဝင်နေတာကို မြင်တွေ့ရပါတယ်။ ဒီအချက်ကတော့ Batman Forever ထဲက နို့သီးခေါင်းလေးတွေ ပါဝင်တဲ့ ဝတ်စုံကို လှောင်ပြောင်ထားတာ ဖြစ်ပါတယ်။

(6) She-Hulk ရဲ့ အဝတ်အစား ပြဿနာ

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ She-Hulk ဟာ အရွယ်အစား ပြောင်းလဲနေတာကြောင့် အဝတ်အစား ဝတ်တဲ့အချိန်မှာ ဒုက္ခရောက်နေပါတယ်။ ကောမစ်ထဲမှာတော့ Fantastic Four ထဲက Mr. Fantastic ဟာ “Unstable Molecules” လို့ခေါ်တဲ့ အရာကို တီထွင်ခဲ့ပါတယ်။ “Unstable Molecules” ကတော့ ဝတ်ဆင်သူရဲ့ အရွယ်အစားပေါ် မူတည်ပြီး ကျုံ့နိုင်ဆန့်နိုင်တဲ့ အဝတ်အစားပဲ ဖြစ်ပြီး ကောမစ်ထဲက စူပါဟီးရိုးအများစု အသုံးပြုကြပါတယ်။

(7) Daredevil

photo via screenrant

ဒီအပိုင်းထဲမှာတော့ Daredevil မပါဝင်ခဲ့ပေမယ့်လည်း Daredevil ကို Tease သွားတဲ့ ဇာတ်ဝင်ခန်းတစ်ခုတော့ ပါဝင်ခဲ့ပါတယ်။ အဲဒါကတော့ Luke ရဲ့ ဝန်ထမ်းတစ်ယောက်ဟာ ခေါင်းစွပ်တစ်ခုကို ခုံပေါ်တင်ထားပြီး Luke ဟာ အဲဒီခေါင်းစွပ် ထည့်ထားတဲ့ဘူးကို သေချာပိတ်လိုက်တာကို တွေ့ရပါတယ်။ အဲဒီခေါင်းစွပ်ကတော့ Daredevil ရဲ့ ခေါင်းစွပ်ပဲ ဖြစ်ပြီး ထွေလာထဲမှာ မြင်တွေ့ခဲ့ရသလို ရွှေရောင်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

(8) စာတန်းထိုးတဲ့ ဇာတ်ဝင်ခန်းမှာ ပါဝင်နေတဲ့ Easter Egg များ

photo via screenrant

ဒီအပိုင်းရဲ့ စာတန်းထိုးတဲ့ အချိန်မှာတော့ Marvel ဇာတ်ကောင်တွေအများစုနဲ့ ပတ်သက်တဲ့ Merchandise တွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီ Merchandise တွေထဲမှာတော့ MCU ထဲကို ရောက်မလာသေးတဲ့ ဟီးရိုးတွေလည်း ပါဝင်နေပါတယ်။ အပေါ်က ပုံထဲမှာတော့ စူပါဟီးရိုးဖိနပ်တွေများစွာ ပါဝင်နေပြီး အဲဒီထဲမှာတော့ Doctor Strange ၊ Falcon ၊ Doctor Doom ၊ Carol Danvers ရဲ့ Captain America သို့မဟုတ် America Chavez ၊ Nova ၊ Captain Marvel ၊ The Thing ၊ Deadpool ၊ Green Goblin ၊ Kree Captain Marvel နဲ့ X-Men ထဲက Cyclops တို့လည်း ပါဝင်နေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular