HomeCharacterShe-Hulk အကြောင်း သင်မသိလောက်သေးတဲ့ အချက်များ

She-Hulk အကြောင်း သင်မသိလောက်သေးတဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

She-Hulk ကတော့ ၁၉၈၀ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Savage She-Hulk #1 ဆိုတဲ့ ကောမစ်ထဲမှာ ပထမဆုံး Marvel ကောမစ်လောကထဲကို ဝင်လာခဲ့ပါတယ်။ သူမရဲ့ နာမည်အရင်းကတော့ Jennifer Walters ဖြစ်ပြီး Bruce Banner ရဲ့ ဝမ်းကွဲ ဖြစ်ပါတယ်။ Marvel ကောမစ် ပရိသတ်တွေဟာ သူမကို Live-Action အနေနဲ့ မြင်ချင်ခဲ့တာ ကြာပြီ ဖြစ်ပြီးတော့ အခုချိန်မှာတော့ သူမရဲ့ ဇာတ်လမ်းတွဲကို Disney+ မှာ ပြသသွားဖို့ အစီအစဉ်ရှိပါတယ်ဆိုပြီးတော့ တရားဝင်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Live Action မကြည့်ရသေးခင်အချိန်မှာ သူမရဲ့အကြောင်း အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။

သူမရဲ့ origin
photo via screenrant

Jennifer ဟာ အစတုန်းက သာမန်လူသားတစ်ယောက်ပဲ ဖြစ်ပြီး နောက်ပိုင်းမှသာ သွေးသွင်းမှုတစ်ခုကြောင့် She-Hulk အဖြစ်‌ ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအပြည့်အစုံကတော့ Jennifer ရဲ့အဖေဖြစ်ပြီး ရဲမှုးတစ်ယောက်ဖြစ်သူ Morris Walters ဟာ ဒုစရိုက်ခေါင်းဆောင် Nicholas Trask ကို ဖမ်းဖို့အတွက် ကြိုးစားရကာနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Nicholas ရဲ့လူတစ်ယောက်ဟာ သူ့ကို သစ္စာဖောက်ပြီး ရဲတွေကို သက်သေပေးဖို့အတွက် ကြိုးစားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Jennifer ဟာ သူ့ကို ကာကွယ်ပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။

အဲ့ဒီနောက်မှာတော့ Nicholas ဟာ Jennifer ကိုရှင်းပစ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အဲ့ဒီအချိန်မှာ Bruce ဟာ သူတို့မြို့ကို ရောက်နေပြီး Jennifer ရဲ့အသက်ကို ကယ်တင်ဖို့အတွက် သူ့ရဲ့သွေးတွေ သွင်းပေးခဲ့ပါတယ်။ Nicholas ဟာ ပထမတစ်ခေါက်မှာ မအောင်မြင်ခဲ့တာကြောင့် Jennifer ကို အပြီးရှင်းပစ်ဖို့အတွက် သူ့ရဲ့လူတစ်ချို့ကို လွှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာပဲ Jennifer ဟာ Bruce ရဲ့သွေးတွေကြောင့် Hulk လိုမျိူး စွမ်းအားတွေကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမကို ရှင်းပစ်ဖို့ရောက်လာတဲ့သူတွေကို သူမကိုယ်တိုင်ပဲ ဖမ်းချုပ်ခဲ့ပြီး ရဲလက်ကို အပ်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ Jennifer ဟာ She-Hulk ဖြစ်လာခဲ့ပါတယ်။

သူမဟာ တရားဥပဒေဘွဲ့ရထားတဲ့ ရှေ့နေတစ်ယောက် ဖြစ်ပါတယ်။
photo via screenrant

Jennifer ဟာလည်း Bruce လိုပဲ Avengers အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီးတော့ ရှေ့နေတစ်ယောက်လည်း ဖြစ်ပါတယ်။ Bruce ထက် ပိုပြီးတော့ သာတဲ့အချက်တစ်ချက်ကတော့ သူမဟာ She-Hulk ပုံစံအဖြစ် ပြောင်းလဲနေရင်တောင် သူ့ကိုယ်သူ အပြည့်အဝ ထိန်းချုပ်နိုင်တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် She-Hulk အဖြစ် ပြောင်းလဲထားတဲ့ အချိန်ဆိုရင် သူ့ကိုယ်သူ ပိုပြီးတော့ ယုံကြည်မှုရှိတာကြောင့် ရှေ့နေတစ်ယောက်အနေနဲ့ တရားခွင်ကို သွားတဲ့အချိန်မှာတောင် She-Hulk ပုံစံနဲ့ သွားလေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ သူမဟာ အမြဲတမ်း She-Hulk ပုံစံ ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမရဲ့ ဇာတ်လမ်းတွေဟာ တိုက်ခိုက်နေတာတွေ ပါဝင်တာမဟုတ်ဘဲ တရားရင်ဆိုင်တဲ့ ပုံစံတေွနဲ့ မှုခင်းပုံစံတွေလည်း ပါဝင်တာကြောင့် Daredevil ရဲ့ကောမစ်ပုံစံတွေနဲ့ အနည်းဆင်တူပါတယ်။

မီးခိုးရောင် She-Hulk
photo via screenrant

Bruce ကို စတင်ဖန်တီးခဲ့တဲ့ အချိန်တုန်းက အစိမ်းရောင်မဟုတ်ဘဲ မီးခိုးရောင်အဖြစ် ဖန်တီးခဲ့တာ ဖြစ်ပြီး ထုတ်လုပ်တဲ့နေရာမှာ အခက်အခဲတွေ ရှိတာကြောင့် နောက်ပိုင်းမှာ အစိမ်းရောင်အဖြစ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ထုတ်လုပ်မှုပိုင်းမှာ အခက်အခဲမရှိတော့တဲ့အချိန်မှာ မီးခိုးရောင် Hulk ပုံစံကို ပြန်လည်ဖန်တီးခဲ့ကြပါတယ်။ ဒါ့အပြင် Jennifer ဟာလည်း Bruce လိုမျိူး မီးခိုးရောင် She-Hulk ဖြစ်ခဲ့ဖူးတဲ့အချိန်တွေ ရှိပါတယ်။

အဲ့ဒါကတော့ Sensational She-Hulk #15 ဆိုတဲ့ ကောမစ်ထဲမှာ Jennifer ကို ပထမဆုံးအကြိမ် မီးခိုးရောင် She-Hulk အဖြစ် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့လိုမျိူး မီးခိုးရောင် ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းကတော့ သူမဟာ အရမ်းကို ဒေါသထွက်လာတာကြောင့် ဖြစ်ပြီး အဲ့လိုမျိူး မီးခိုးရောင် She-Hulk ဖြစ်နေတဲ့အချိန်မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပါဘူး။ ဒါ့အပြင် အဲ့ဒီပုံစံမှာဆိုရင် Bruce ကနေ Hulk အဖြစ် ပြောင်းလဲသွားသလို ပိုပြီးတော့ ခွန်အားတွေ ကြီးမားလာပေမယ့် စကားတော့ ကောင်းကောင်း မပြောတတ်တော့ပါဘူး။

သူမဟာ ခန္ဓာကိုယ်ချင်း ပြောင်းလဲနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။
photo via screenrant

ဒီအစွမ်းကတော့ သူမရဲ့ မူလစွမ်းအားတစ်ခု မဟုတ်ဘဲ နောက်ပိုင်းမှသာ Ovoid လို့ခေါ်တဲ့ ဂြိုဟ်သားမျိူးနွယ်ဆီကနေ သင်ယူခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ Ovoid သင်ပေးခဲ့တာက စိတ်ချင်းပြောင်းလဲတဲ့ စွမ်းအားဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ သူ့ရဲ့အတွင်းရေးမှုး Weezi နဲ့ စိတ်ချင်းလဲဖို့ ပြုလုပ်ခဲ့တဲ့အချိန်မှာ အမှားအယွင်း ဖြစ်ပြီး စိတ်ချင်းမလဲဘဲ ခန္ဓာကိုယ်ချင်း လဲသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Weezi ဟာ She-Hulk ရဲ့စွမ်းအားတွေကို ရရှိသွားပြီး Jennifer ကတော့ ဘာစွမ်းအားမှမရှိတော့ဘဲ ပုံမှန်ခန္ဓာကိုယ် ဖြစ်သွားပါတယ်။ အဲ့ဒီနောက်မှာတော့ Weezi ဟာ ပြန်လည်မလဲချင်တော့တာကြောင့် သူမဟာ ဘာစွမ်းအားမှမရှိဘဲ အချိန်ကြာကြာ နေခဲ့ရပါတယ်။

She-Hulk ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။
photo via screenrant

She-Hulk အနေနဲ့ နေထိုင်ခဲ့တဲ့ သူတွေထဲမှာ Jennifer တစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး။ Red Hulk ပေါ်လာပြီး နောက်ပိုင်းမှာတော့ သိပ်မကြာခင်မှာဘဲ Red She-Hulk ဆိုပြီး ပေါ်လာခဲ့ပါတယ်။ Red She-Hulk ကတော့ Betty Ross ဖြစ်ပြီးတော့ ဗိုလ်ကြီး Thunderbolt Ross ရဲ့ သမီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူမဟာ တဖြည်းဖြည်းနဲ့ စွမ်းအားတွေ လျှော့နည်းလာခဲ့ပါတယ်။ နောက်ထပ် She-Hulk ဗားရှင်းတစ်ခုလည်း ရှိသေးပြီးတော့ အဲ့ဒီတစ်ယောက်ကတော့ Bruce ရဲ့ အနာဂတ်က သမီးဖြစ်သူ Lyra ဖြစ်ပါတယ်။ Lyra ကတော့ She-Hulk ဖြစ်လာဖို့အတွက် အတိတ်ကို အချိန်ခရီးသွားခဲ့တာ ဖြစ်ပါတယ်။ ထူးဆန်းတာ တစ်ခုကတော့ သူမဟာ ဒေါသလာရင် ပုံမှန်လူအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး ပုံမှန်စိတ်အခြေအနေ ဖြစ်နေမှသာ She-Hulk ဖြစ်နေတာ ဖြစ်ပါတယ်။

A-Force အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ခဲ့ဖူးပါတယ်။
photo via screenrant

၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Secret Wars ဆိုတဲ့ ကောမစ်စီးရီးထဲမှာတော့ Marvel ရဲ့အဓိက universe နဲ့ တစ်ခြား universe တွေဟာ ပေါင်းစပ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Avengers ရဲ့ မိန်းကလေး အဖွဲ့ဝင်တွေပဲ စုစည်းထားတဲ့ A-Force ဆိုတဲ့ အဖွဲ့ဟာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့ဒီအဖွဲ့ဝင်တွေကတော့ Captain Marvel ၊ Medusa ၊ Dazzler ၊ Nico Minoru တို့ပါဝင်ပြီးတော့ She-Hulk ကတော့ နောက်ပိုင်းမှာ အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

Fantastic Four နဲ့ Future Foundation တို့ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပါသေးတယ်။
photo via screenrant

သူမဟာ Avengers အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ၁၉၈၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ Secret Wars ဇာတ်လမ်း ဖြစ်လာခဲ့ပါတယ်။ အကြောင်းတစ်ခုခုကြောင့် The Thing ဟာ Fantastic Four အဖွဲ့ထဲက ခဏတာ ထွက်ခွာသွားပါတယ်။ အဲ့ဒါကြောင့်ပဲ နေရာလွတ်ပေါ်လာကာ She-Hulk ဟာ The Thing နေရာမှာ ဝင်ရောက်လာခဲ့ပါတယ်။ သူမဟာ Fantastic Four ရဲ့ အားထားရတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့တဲ့အပြင် Scott Lang နဲ့အတူ Future Foundation အဖွဲ့မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

She-Hulk ကေတာ့ ၁၉၈၀ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ Savage She-Hulk #1 ဆိုတဲ့ ေကာမစ္ထဲမွာ ပထမဆုံး Marvel ေကာမစ္ေလာကထဲကို ဝင္လာခဲ့ပါတယ္။ သူမရဲ႕ နာမည္အရင္းကေတာ့ Jennifer Walters ျဖစ္ၿပီး Bruce Banner ရဲ႕ ဝမ္းကြဲ ျဖစ္ပါတယ္။ Marvel ေကာမစ္ ပရိသတ္ေတြဟာ သူမကို Live-Action အေနနဲ႔ ျမင္ခ်င္ခဲ့တာ ၾကာၿပီ ျဖစ္ၿပီးေတာ့ အခုခ်ိန္မွာေတာ့ သူမရဲ႕ ဇာတ္လမ္းတြဲကို Disney+ မွာ ျပသသြားဖို႔ အစီအစဥ္ရွိပါတယ္ဆိုၿပီးေတာ့ တရားဝင္ေၾကျငာလိုက္ၿပီ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Live Action မၾကည့္ရေသးခင္အခ်ိန္မွာ သူမရဲ႕အေၾကာင္း အနည္းငယ္ကို ေဖာ္ျပေပးခ်င္ပါတယ္။

သူမရဲ႕ origin
photo via screenrant

Jennifer ဟာ အစတုန္းက သာမန္လူသားတစ္ေယာက္ပဲ ျဖစ္ၿပီး ေနာက္ပိုင္းမွသာ ေသြးသြင္းမႈတစ္ခုေၾကာင့္ She-Hulk အျဖစ္‌ ေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းအျပည့္အစုံကေတာ့ Jennifer ရဲ႕အေဖျဖစ္ၿပီး ရဲမႈးတစ္ေယာက္ျဖစ္သူ Morris Walters ဟာ ဒုစ႐ိုက္ေခါင္းေဆာင္ Nicholas Trask ကို ဖမ္းဖို႔အတြက္ ႀကိဳးစားရကာေန စတင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Nicholas ရဲ႕လူတစ္ေယာက္ဟာ သူ႔ကို သစၥာေဖာက္ၿပီး ရဲေတြကို သက္ေသေပးဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Jennifer ဟာ သူ႔ကို ကာကြယ္ေပးဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားေနပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Nicholas ဟာ Jennifer ကိုရွင္းပစ္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ ကံေကာင္းစြာနဲ႔ပဲ အဲ့ဒီအခ်ိန္မွာ Bruce ဟာ သူတို႔ၿမိဳ႕ကို ေရာက္ေနၿပီး Jennifer ရဲ႕အသက္ကို ကယ္တင္ဖို႔အတြက္ သူ႔ရဲ႕ေသြးေတြ သြင္းေပးခဲ့ပါတယ္။ Nicholas ဟာ ပထမတစ္ေခါက္မွာ မေအာင္ျမင္ခဲ့တာေၾကာင့္ Jennifer ကို အၿပီးရွင္းပစ္ဖို႔အတြက္ သူ႔ရဲ႕လူတစ္ခ်ိဳ႕ကို လႊတ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္မွာပဲ Jennifer ဟာ Bruce ရဲ႕ေသြးေတြေၾကာင့္ Hulk လိုမ်ိဴး စြမ္းအားေတြကို ပိုင္ဆိုင္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမကို ရွင္းပစ္ဖို႔ေရာက္လာတဲ့သူေတြကို သူမကိုယ္တိုင္ပဲ ဖမ္းခ်ဳပ္ခဲ့ၿပီး ရဲလက္ကို အပ္ခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ေၾကာင့္ပဲ Jennifer ဟာ She-Hulk ျဖစ္လာခဲ့ပါတယ္။

သူမဟာ တရားဥပေဒဘြဲ႕ရထားတဲ့ ေရွ႕ေနတစ္ေယာက္ ျဖစ္ပါတယ္။
photo via screenrant

Jennifer ဟာလည္း Bruce လိုပဲ Avengers အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ၿပီးေတာ့ ေရွ႕ေနတစ္ေယာက္လည္း ျဖစ္ပါတယ္။ Bruce ထက္ ပိုၿပီးေတာ့ သာတဲ့အခ်က္တစ္ခ်က္ကေတာ့ သူမဟာ She-Hulk ပုံစံအျဖစ္ ေျပာင္းလဲေနရင္ေတာင္ သူ႔ကိုယ္သူ အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္တာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ She-Hulk အျဖစ္ ေျပာင္းလဲထားတဲ့ အခ်ိန္ဆိုရင္ သူ႔ကိုယ္သူ ပိုၿပီးေတာ့ ယုံၾကည္မႈရွိတာေၾကာင့္ ေရွ႕ေနတစ္ေယာက္အေနနဲ႔ တရားခြင္ကို သြားတဲ့အခ်ိန္မွာေတာင္ She-Hulk ပုံစံနဲ႔ သြားေလ့ရွိပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူမဟာ အၿမဲတမ္း She-Hulk ပုံစံ ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမရဲ႕ ဇာတ္လမ္းေတြဟာ တိုက္ခိုက္ေနတာေတြ ပါဝင္တာမဟုတ္ဘဲ တရားရင္ဆိုင္တဲ့ ပုံစံေတြနဲ႔ မႈခင္းပုံစံေတြလည္း ပါဝင္တာေၾကာင့္ Daredevil ရဲ႕ေကာမစ္ပုံစံေတြနဲ႔ အနည္းဆင္တူပါတယ္။

မီးခိုးေရာင္ She-Hulk
photo via screenrant

Bruce ကို စတင္ဖန္တီးခဲ့တဲ့ အခ်ိန္တုန္းက အစိမ္းေရာင္မဟုတ္ဘဲ မီးခိုးေရာင္အျဖစ္ ဖန္တီးခဲ့တာ ျဖစ္ၿပီး ထုတ္လုပ္တဲ့ေနရာမွာ အခက္အခဲေတြ ရွိတာေၾကာင့္ ေနာက္ပိုင္းမွာ အစိမ္းေရာင္အျဖစ္ ေျပာင္းလဲလိုက္တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ထုတ္လုပ္မႈပိုင္းမွာ အခက္အခဲမရွိေတာ့တဲ့အခ်ိန္မွာ မီးခိုးေရာင္ Hulk ပုံစံကို ျပန္လည္ဖန္တီးခဲ့ၾကပါတယ္။ ဒါ့အျပင္ Jennifer ဟာလည္း Bruce လိုမ်ိဴး မီးခိုးေရာင္ She-Hulk ျဖစ္ခဲ့ဖူးတဲ့အခ်ိန္ေတြ ရွိပါတယ္။

အဲ့ဒါကေတာ့ Sensational She-Hulk #15 ဆိုတဲ့ ေကာမစ္ထဲမွာ Jennifer ကို ပထမဆုံးအႀကိမ္ မီးခိုးေရာင္ She-Hulk အျဖစ္ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ အဲ့လိုမ်ိဴး မီးခိုးေရာင္ ေျပာင္းလဲသြားရတဲ့ အေၾကာင္းအရင္းကေတာ့ သူမဟာ အရမ္းကို ေဒါသထြက္လာတာေၾကာင့္ ျဖစ္ၿပီး အဲ့လိုမ်ိဴး မီးခိုးေရာင္ She-Hulk ျဖစ္ေနတဲ့အခ်ိန္မွာ သူ႔ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ပါဘူး။ ဒါ့အျပင္ အဲ့ဒီပုံစံမွာဆိုရင္ Bruce ကေန Hulk အျဖစ္ ေျပာင္းလဲသြားသလို ပိုၿပီးေတာ့ ခြန္အားေတြ ႀကီးမားလာေပမယ့္ စကားေတာ့ ေကာင္းေကာင္း မေျပာတတ္ေတာ့ပါဘူး။

သူမဟာ ခႏၶာကိုယ္ခ်င္း ေျပာင္းလဲႏိုင္တဲ့ အစြမ္းလည္း ရွိပါတယ္။
photo via screenrant

ဒီအစြမ္းကေတာ့ သူမရဲ႕ မူလစြမ္းအားတစ္ခု မဟုတ္ဘဲ ေနာက္ပိုင္းမွသာ Ovoid လို႔ေခၚတဲ့ ၿဂိဳဟ္သားမ်ိဴးႏြယ္ဆီကေန သင္ယူခဲ့တာ ျဖစ္ပါတယ္။ တကယ္ေတာ့ Ovoid သင္ေပးခဲ့တာက စိတ္ခ်င္းေျပာင္းလဲတဲ့ စြမ္းအားျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ သူ႔ရဲ႕အတြင္းေရးမႈး Weezi နဲ႔ စိတ္ခ်င္းလဲဖို႔ ျပဳလုပ္ခဲ့တဲ့အခ်ိန္မွာ အမွားအယြင္း ျဖစ္ၿပီး စိတ္ခ်င္းမလဲဘဲ ခႏၶာကိုယ္ခ်င္း လဲသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Weezi ဟာ She-Hulk ရဲ႕စြမ္းအားေတြကို ရရွိသြားၿပီး Jennifer ကေတာ့ ဘာစြမ္းအားမွမရွိေတာ့ဘဲ ပုံမွန္ခႏၶာကိုယ္ ျဖစ္သြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Weezi ဟာ ျပန္လည္မလဲခ်င္ေတာ့တာေၾကာင့္ သူမဟာ ဘာစြမ္းအားမွမရွိဘဲ အခ်ိန္ၾကာၾကာ ေနခဲ့ရပါတယ္။

She-Hulk ဟာ တစ္ေယာက္တည္း မဟုတ္ပါဘူး။
photo via screenrant

She-Hulk အေနနဲ႔ ေနထိုင္ခဲ့တဲ့ သူေတြထဲမွာ Jennifer တစ္ေယာက္တည္း ရွိတာ မဟုတ္ပါဘူး။ Red Hulk ေပၚလာၿပီး ေနာက္ပိုင္းမွာေတာ့ သိပ္မၾကာခင္မွာဘဲ Red She-Hulk ဆိုၿပီး ေပၚလာခဲ့ပါတယ္။ Red She-Hulk ကေတာ့ Betty Ross ျဖစ္ၿပီးေတာ့ ဗိုလ္ႀကီး Thunderbolt Ross ရဲ႕ သမီး ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူမဟာ တျဖည္းျဖည္းနဲ႔ စြမ္းအားေတြ ေလွ်ာ့နည္းလာခဲ့ပါတယ္။ ေနာက္ထပ္ She-Hulk ဗားရွင္းတစ္ခုလည္း ရွိေသးၿပီးေတာ့ အဲ့ဒီတစ္ေယာက္ကေတာ့ Bruce ရဲ႕ အနာဂတ္က သမီးျဖစ္သူ Lyra ျဖစ္ပါတယ္။ Lyra ကေတာ့ She-Hulk ျဖစ္လာဖို႔အတြက္ အတိတ္ကို အခ်ိန္ခရီးသြားခဲ့တာ ျဖစ္ပါတယ္။ ထူးဆန္းတာ တစ္ခုကေတာ့ သူမဟာ ေဒါသလာရင္ ပုံမွန္လူအျဖစ္ ျပန္လည္ေျပာင္းလဲသြားၿပီး ပုံမွန္စိတ္အေျခအေန ျဖစ္ေနမွသာ She-Hulk ျဖစ္ေနတာ ျဖစ္ပါတယ္။

A-Force အဖြဲ႕ရဲ႕ ေခါင္းေဆာင္လည္း ျဖစ္ခဲ့ဖူးပါတယ္။
photo via screenrant

၂၀၁၅ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ Secret Wars ဆိုတဲ့ ေကာမစ္စီးရီးထဲမွာေတာ့ Marvel ရဲ႕အဓိက universe နဲ႔ တစ္ျခား universe ေတြဟာ ေပါင္းစပ္သြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Avengers ရဲ႕ မိန္းကေလး အဖြဲ႕ဝင္ေတြပဲ စုစည္းထားတဲ့ A-Force ဆိုတဲ့ အဖြဲ႕ဟာ ေပၚေပါက္လာခဲ့ပါတယ္။ အဲ့ဒီအဖြဲ႕ဝင္ေတြကေတာ့ Captain Marvel ၊ Medusa ၊ Dazzler ၊ Nico Minoru တို႔ပါဝင္ၿပီးေတာ့ She-Hulk ကေတာ့ ေနာက္ပိုင္းမွာ အဲ့ဒီအဖြဲ႕ရဲ႕ ေခါင္းေဆာင္ ျဖစ္လာခဲ့ပါတယ္။

Fantastic Four နဲ႔ Future Foundation တို႔ရဲ႕ အဖြဲ႕ဝင္လည္း ျဖစ္ခဲ့ပါေသးတယ္။
photo via screenrant

သူမဟာ Avengers အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့ၿပီး ေနာက္ပိုင္းမွာ ၁၉၈၄ ခုႏွစ္မွာ ျဖစ္ခဲ့တဲ့ Secret Wars ဇာတ္လမ္း ျဖစ္လာခဲ့ပါတယ္။ အေၾကာင္းတစ္ခုခုေၾကာင့္ The Thing ဟာ Fantastic Four အဖြဲ႕ထဲက ခဏတာ ထြက္ခြာသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေနရာလြတ္ေပၚလာကာ She-Hulk ဟာ The Thing ေနရာမွာ ဝင္ေရာက္လာခဲ့ပါတယ္။ သူမဟာ Fantastic Four ရဲ႕ အားထားရတဲ့ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာခဲ့တဲ့အျပင္ Scott Lang နဲ႔အတူ Future Foundation အဖြဲ႕မွာလည္း ပါဝင္ခဲ့ဖူးပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular