HomeCharacterShe-Hulk ဇာတ်လမ်းတွဲမှာ ပြောသွားတဲ့ Intelligencia အဖွဲ့အကြောင်း စိတ်ဝင်စားစရာများ

She-Hulk ဇာတ်လမ်းတွဲမှာ ပြောသွားတဲ့ Intelligencia အဖွဲ့အကြောင်း စိတ်ဝင်စားစရာများ

မကြာခင်တုန်းက ထွက်ရှိခဲ့တဲ့ She-Hulk: Attorney at Law ဇာတ်လမ်းတွဲရဲ့ အပိုင်း(၆)ထဲမှာတော့ Intelligencia Website ဆိုပြီး ပြောသွားပါတယ်။ Intelligencia ကတော့ ကောမစ်ထဲက စူပါဗီလိန်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ကောမစ်ထဲက Intelligencia အဖွဲ့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာတွေကို ဖော်ပြပေးချင်ပါတယ်။

Intelligencia ကို စတင်ဖွဲ့စည်းခဲ့သူကတော့ The Leader ပဲ ဖြစ်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Intelligencia အဖွဲ့ကို စတင်ဖွဲ့စည်းသူဟာ The Leader လို့ခေါ်ကြတဲ့ Dr. Samuel Sterns ပဲ ဖြစ်ပါတယ်။ The Leader ဟာ အဖွဲ့ဝင်တွေ တစ်ယောက်ချင်းစီကို စုဆောင်းခဲ့ပြီး ဉာဏ်ရည်အကောင်းဆုံးလို့ ယူဆတဲ့သူတွေကိုပဲ အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ Intelligencia ကတော့ တခြားအဖွဲ့အစည်းတွေလိုပဲ ဗီလိန်တွေ အချင်းချင်း သတင်းအချက်အလက် ဖလှယ်ဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ The Leader ဟာ Hulk နဲ့ တိုက်ခိုက်တိုင်း ရှုံးနိမ့်နေတာကြောင့် ဒီအဖွဲ့အစည်းကို ဖွဲ့စည်းလိုက်တာဟာ Hulk ကို အနိုင်ယူဖို့ အကူအညီ ဖြစ်လိမ့်မယ်လို့ ယူဆထားပါတယ်။ MCU ထဲမှာတော့ အသစ်ထွက်ရှိလာမယ့် Captain America: New World Order ထဲမှာ Dr. Samuel Sterns ပါဝင်လာမယ်လို့ အတည်ပြုထားတာကြောင့် ဒီအဖွဲ့ကိုတော့ မကြာခင်မှာ မြင်ရနိုင်ချေ ရှိပါတယ်။

Intelligencia ရဲ့ ပထမဆုံးမစ်ရှင်

photo via screenrant

The Leader ကတော့ Intelligencia အဖွဲ့ကို သူနဲ့ ဉာဏ်ရည်ချင်း ယှဉ်နိုင်သူတွေကိုပဲ ထည့်သွင်းထားတာ ဖြစ်သလို သူတို့လောက် ဉာဏ်ရည်မကောင်းတဲ့သူတွေဟာ အသိပညာတွေနဲ့ မထိုက်တန်ဘူးလို့ ယူဆထားသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ ပထမဆုံး မစ်ရှင်အဖြစ် Library of Alexandria မှာ ရှိသမျှ အသိပညာတွေကို ခိုးယူခဲ့ပါတယ်။

အကြောင်းကတော့ ကမ္ဘာပေါ်က လူအများစုဟာ ဒီအသိပညာတွေနဲ့ မထိုက်တန်ဘူးလို့ The Leader က ယူဆတာကြောင့် ဖြစ်ပါတယ်။ ဒီ Library ထဲက အသိပညာတွေကို ရှာဖွေရင်း သူတို့ဟာ တခြား Super Being တွေ ဖွက်ထားတဲ့ အသိပညာတွေကိုပါ လိုက်လံရှာဖွေခဲ့ပါတယ်။ ဒါ့အပြင် Eternal တွေဟာ ဒီ Library ရဲ့ အသိပညာအများစုကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားတာကြောင့် သူတို့ဟာ Eternal တွေဆီကလည်း ခိုးယူခဲ့ပါသေးတယ်။

အဖွဲ့ဝင်များ

photo via screenrant

ကောမစ်ထဲက Intelligencia အဖွဲ့ကတော့ နာမည်ကြီးဗီလိန်တွေ ပူးပေါင်းဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်။ အဖွဲ့ကိုတော့ The Leader က ဦးဆောင်ပြီး Doctor Doom ၊ M.O.D.O.K. ၊ The Wizard ၊ Egghead နဲ့ The Thinker တို့အပြင် တခြားဗီလိန်တွေလည်း ပါဝင်ပါသေးတယ်။ MCU ထဲမှာ Intelligencia အဖွဲ့ကို မြင်တွေ့ရမယ် ဆိုရင်တော့ ကောမစ်ထဲက မူလအဖွဲ့ဝင်တွေအားလုံး မပါဝင်လောက်ပေမယ့်လည်း M.O.D.O.K. တို့လို ဇာတ်ကောင်တွေကတော့ ပရောဂျက်အသစ်တွေမှာ ပါဝင်လာဖို့ အတည်ပြုထားပါတယ်။

Latveria နိုင်ငံမှာ အခြေစိုက်စခန်း ရှိပါတယ်။

photo via screenrant

အဓိကအဖွဲ့ဝင်တွေ ရရှိသွားပြီး နောက်မှာတော့ The Leader ဟာ သူတို့အဖွဲ့အတွက် အခြေစိုက်ဖို့ စခန်းတစ်ခု လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ရဲ့စခန်းအတွက် အကြုံပြုချက်တွေများစွာ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးမှာတော့ ဥရောပအရှေ့ပိုင်းမှာ ရှိတဲ့ Latveria နိုင်ငံမှာ အခြေစိုက်စခန်း ပြုလုပ်ခဲ့ပါတယ်။ Latveria နိုင်ငံကတော့ Doctor Doom အုပ်ချုပ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

Atlantis နဲ့ Wakanda နိုင်ငံထဲကို ခိုးဝင်ခဲ့ပါတယ်။

photo via screenrant

Intelligencia အဖွဲ့ဟာ Library of Alexandria ရဲ့ အသိပညာတွေကို ရှာဖွေနေရင်း ဝင်ရောက်ဖို့ အခက်ခဲဆုံး နိုင်ငံနှစ်ခုထဲကို ခိုးဝင်ခဲ့ကြပါတယ်။ အကြောင်းကတော့ Library of Alexandria ရဲ့ နောက်ဆုံးလိုအပ်နေတဲ့ အပိုင်းအစနှစ်ခုဟာ ဒီနှစ်နိုင်ငံမှာ ရှိနေကြတာကြောင့် ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Black Panther: Wakanda Forever ထဲမှာတော့ Wakanda နဲ့ Atlantis နှစ်နိုင်ငံလုံး ပါဝင်လာမှာ ဖြစ်တာကြောင့် ဒီအဖြစ်အပျက်ဟာ Black Panther 2 ရဲ့ ဇာတ်လမ်း တစိတ်တပိုင်းလည်း ဖြစ်နေနိုင်ပါတယ်။

သစ္စာဖောက်ခဲ့တဲ့ Doctor Doom

photo via screenrant

Doctor Doom ဟာ Intelligencia အဖွဲ့ဝင် ဖြစ်ပေမယ့်လည်း နောက်ဆုံးမှာတော့ ဒီအဖွဲ့ကို သစ္စာဖောက်ခဲ့ပါတယ်။ သူတို့ဟာ Library of Alexandria ရဲ့ အစိတ်အပိုင်းအားလုံးကို ရရှိသွားတဲ့အချိန်မှာ Doctor Doom ရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့အချင်းချင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး Doctor Doom ဟာ Intelligencia အဖွဲ့ကို Latveria နိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

Intelligencia အဖွဲ့အသစ်

photo via screenrant

Intelligencia အဖွဲ့ဟာ Doctor Doom ကို ရှုံးနိမ့်ပြီးနောက်မှာတော့ အဖွဲ့ဝင်တွေဟာ တကွဲတပြားစီ ဖြစ်သွားကြပါတယ်။ အဲဒီနောက်မှာတော့ M.O.D.O.K. ဟာ အဖွဲ့ဝင်တွေကို ပြန်လည်စုစည်းခဲ့ပြီး သူတို့အပေါ် ထိခိုက်ခဲ့သူတွေအားလုံးကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့အပြင် General Ross ကိုယ်တိုင်က ဒီအဖွဲ့အတွက် အဖွဲ့ဝင်အသစ်တွေလည်း ရှာပေးခဲ့ပါတယ်။ အဲဒီအဖွဲ့ဝင်အသစ်တွေကတော့ Red She-Hulk နဲ့ Lyra တို့ပဲ ဖြစ်ပါတယ်။

အဲဒီအချိန်မှာတော့ The Leader ဟာ ဒီအဖွဲ့ရဲ့ခေါင်းဆောင် မဟုတ်တော့တာကြောင့် The Leader ရဲ့ အကြံပေးစကားကို နားမထောင်တော့ဘဲ M.O.D.O.K. နဲ့ တခြားအဖွဲ့ဝင်တွေဟာ Bruce Banner ကို တိုက်ခိုက်ခဲ့ကြပါတယ်။ အစမှာတော့ သူတို့အဖွဲ့ဟာ အနိုင်ရနေပေမယ့်လည်း Bruce Banner ရဲ့ ကိုယ်ထဲမှာရှိတဲ့ Hulk ကို မတော်တဆ နှိုးမိသွားပါတယ်။ အဲဒီအချိန်မှာတော့ Hulk ဟာ သူတို့အားလုံးကို လျင်လျင်မြန်မြန်ပဲ အနိုင်ယူခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular