HomeEntertainmentFilmTV Spot အသစ် ထွက်ရှိလာတဲ့ She-Hulk ဇာတ်လမ်းတွဲ

TV Spot အသစ် ထွက်ရှိလာတဲ့ She-Hulk ဇာတ်လမ်းတွဲ

She-Hulk: Attorney at Law ဇာတ်လမ်းတွဲကတော့ လာမယ့် ဩဂုတ်လ (၁၈)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Bruce Banner ရဲ့ ဝမ်းကွဲတော်စပ်သူ Jennifer Walters ရဲ့အကြောင်းကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ သူမဟာ အစိုးရရှေ့နေတစ်ယောက် ဖြစ်ပြီး ကောမစ်ထဲမှာတော့ မတော်တဆမှုတစ်ခုကြောင့် Bruce ရဲ့ သွေးကို လက်ခံပြီးနောက်မှာ She-Hulk အဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Bruce Banner  နဲ့ Abomination တို့ ပြန်လည်ပါဝင်လာတာကြောင့် ပရိသတ်တွေကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Incredible Hulk ဇာတ်လမ်းနဲ့ ဘယ်လို ဆက်စပ်သွားမလည်းဆိုတာကို သိချင်နေကြပါတယ်။ ဒါ့အပြင် ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Daredevil ကိုလည်း ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ရမှာ ဖြစ်ပြီး သူဟာ Cameo သက်သက် ပါဝင်လာမှာ မဟုတ်ဘဲ အရေးပါတဲ့ ဇာတ်ကောင်နေရာက ပါဝင်လာမယ်လို့လည်း သိရပါတယ်။

မကြာသေးခင်ကပဲ Marvel စတူဒီယိုဟာ She-Hulk: Attorney at Law ဇာတ်လမ်းတွဲအတွက် TV Spot အသစ်ကို ထုတ်ပေးလိုက်ပါတယ်။ ဒီ TV Spot ထဲမှာတော့ Daredevil ရဲ့ ဝတ်စုံအသစ်ကို မြင်တွေ့ခဲ့ရပြီး Wong လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကောမစ်ထဲက She-Hulk ရဲ့ ဗီလိန်ဖြစ်တဲ့ Tatiana နဲ့ တိုက်ခိုက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

ဒီဇာတ်လမ်းတွဲကလည်း MCU ရဲ့ ထုံးစံအတိုင်းပဲ ဟာသတွေ ရောနှောထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကိုတော့ Bruce က She-Hulk ကို လေ့ကျင့်ပေးနေတဲ့ အချိန်အများစုမှာ မြင်တွေ့ရမယ်လို့ ထင်ပါတယ်။ လောလောဆယ်အထိတော့ ဒီဇာတ်လမ်းတွဲထဲမှာ She-Hulk ရဲ့ Origin ကို မြင်တွေ့ရမယ်ဆိုတာကလွဲရင် တခြားအချက်တွေကို မသိရသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular