HomeCharacterShe-Hulk ဇာတ်လမ်းတွဲရဲ့ ဗီလိန်ဖြစ်တဲ့ Titania ရဲ့ ကောမစ် Origin နဲ့စွမ်းအားများ

She-Hulk ဇာတ်လမ်းတွဲရဲ့ ဗီလိန်ဖြစ်တဲ့ Titania ရဲ့ ကောမစ် Origin နဲ့စွမ်းအားများ

She-Hulk ဇာတ်လမ်းတွဲကတော့ အပိုင်း(၁) စတင်ထွက်ရှိထားပြီး ဒီအပိုင်းထဲမှာတော့ Jennifer Walters ဟာ ဘယ်လိုကြောင့် She-Hulk ဖြစ်လာတဲ့အကြောင်းကို ပြထားပါတယ်။ ဒါ့အပြင် ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ Jennifer ဟာ တရားခွင်မှာ စကားပြောရတော့မယ့်အချိန်မှာ အမျိူးသမီးတစ်ယောက်ဟာ နံရံကိုဖောက်ခွဲပြီး ဝင်လာပါတယ်။ အဲဒီအမျိူးသမီးကတော့ ကောမစ်ထဲက She-Hulk ရဲ့ ဗီလိန်တစ်ယောက် ဖြစ်ပြီး Titania လို့ ခေါ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ MCU ပရိသတ်တွေအတွက် Titania ရဲ့ ကောမစ် Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

Titania ကတော့ ၁၉၈၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marvel Super Heroes Secret Wars #3 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ သူမဟာ Colorado ပြည်နယ်မှာ နေထိုင်တဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပြီး ငယ်ငယ်ကတည်းက လူကောင်သေးတာကြောင့် မကြာခဏ အနိုင်ကျင့်ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ အချစ်ခံရပြီး သန်မာချင်တာကြောင့် စူပါဟီးရိုးတစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။

photo via screenrant

သူမရဲ့ နာမည်အရင်းကတော့ Mary MacPherran ဖြစ်ပါတယ်။ သူမဟာ လူတွေကြားထဲမှာ အချစ်ခံချင်တာကြောင့် သူ့ကိုယ်သူ Spider-Woman လို့တောင် လိမ်ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း Secret Wars ရဲ့ အစမှာ တကယ့် Spider-Woman က Mary နဲ့ သူငယ်ချင်းတွေကို ကယ်တင်ခဲ့တာကြောင့် သူမရဲ့အလိမ်တွေ ပေါ်သွားပါတယ်။ အဲဒီနောက်မှာ‌တော့ Doctor Doom ဟာ Mary ကို ရှာတွေ့သွားပြီး သူ့အပေါ်မှာ သစ္စာရှိမယ်ဆိုရင် စွမ်းအားတွေ ရရှိမယ်လို့ ပြောလိုက်ပါတယ်။

Doctor Doom ကတော့ ဂြိုဟ်သားနည်းပညာတွေကို အသုံးပြုပြီး Mary ကို Meta-Human စွမ်းရည်တွေ ရရှိလာအောင် လုပ်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမဟာ ပိုပြီးအရည်ရှည်လာသလို ပိုပြီးလည်း သန်မာလာတဲ့အပြင် သူ့ကိုယ်သူလည်း ယုံကြည်မှုတွေ တိုးပွားလာပါတယ်။ သူမရဲ့ စွမ်းအားတွေကတော့ Superhuman Strength ၊ Stamina နဲ့ Durability တို့ ဖြစ်ပြီး အလေးချိန် တန်(၁၀၀)လောက်ကို မ,နိုင်တဲ့အထိ သန်မာသွားပါတယ်။

photo via screenrant

Secret Wars အတွင်းမှာတော့ Titania ဟာ Doctor Doom အတွက် တိုက်ခိုက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း Marvel ကောမစ်ရဲ့ နာမည်ကြီးဗီလိန်တွေနဲ့ ပူးပေါင်းခဲ့ဖူးပါသေးတယ်။ ယခုအချိန်အထိတော့ MCU ထဲမှာ Doctor Doom မပါဝင်သေးတာကြောင့် MCU ကတော့ သူမရဲ့ Origin ကို ပြောင်းလဲမှုတွေ ပြုလုပ်သွားပါလိမ့်မယ်။ Titania ဟာ စွမ်းအားတွေ ရရှိလာပြီး မကြာခင်မှာပဲ She-Hulk နဲ့ ပြိုင်ဘက်တွေ ဖြစ်လာပါတယ်။ Titania အနေနဲ့ စွမ်းအားရပြီးပြီးချင်း ပထမဆုံး တိုက်ခိုက်ခဲ့တဲ့သူကလည်း She-Hulk ပဲ ဖြစ်ပါတယ်။

photo via screenrant

အဲဒီတိုက်ပွဲမှာတော့ Titania ဟာ ရှုံးနိမ့်သွားခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာတော့ သူမဟာ Spider-Man နဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Titania ဟာ She-Hulk ရဲ့ Attention ကို ရရှိဖို့အတွက် Washington DC မြို့ကို ဖျက်ဆီးခဲ့ပြီး သူတို့နှစ်ယောက် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေထဲမှာတော့ She-Hulk ဟာ ထပ်ခါထပ်ခါပဲ Titiana ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ Titania ဟာ She-Hulk ကို မတိုက်ခိုက်တော့ပါဘူးလို့ ကတိပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကတိဟာ ကြာကြာမခံဘဲ Titania ရဲ့ ဒုစရိုက်မှုတွေကြောင့် She-Hulk နဲ့ ထပ်မံတိုက်ခိုက်ရပါတော့တယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular