HomeCelebs Update NewsInternationalSherlock စီးရီးထဲက သရုပ်ဆောင်မင်းသမီးကြီး Una Stubbs ကွယ်လွန်

Sherlock စီးရီးထဲက သရုပ်ဆောင်မင်းသမီးကြီး Una Stubbs ကွယ်လွန်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဗြိတိန်မင်းသမီးကြီး Una Stubbs ဟာ အသက်(၈၄)နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ စီးရီးတွေထဲက နာမည်ကြီး ဇာတ်လမ်းတွဲတွေကတော့ Sherlock ၊ EastEnders နဲ့ Till Death Do Us Apart တို့ ဖြစ်ပါတယ်။

မင်းသမီးကြီးဟာ မနေ့က ကြာသပတေးနေ့မှာပဲ နာမကျန်းမှုကြောင့် ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သူမရဲ့ကိုယ်စားလှယ်က BBC သတင်းဌာနကို ပြောကြားလာတာ ဖြစ်ပါတယ်။

Photo via IMDb

“မေမေဟာ အက်ဒင်ဘာ့ဂ်က နေအိမ်မှာပဲ ချစ်ခင်ရသူတွေကြားမှာ တိတ်ဆိတ် အေးချမ်းစွာပဲ ကွယ်လွန်သွားခဲ့တာပါ။ အခုလို အခက်ခဲဆုံးနဲ့ စိတ်အပင်ပန်းရဆုံးအချိန်မှာ မိသားစုအတွက် privacy ထားပေးကြဖို့ တောင်းဆိုပါတယ် … ” လို့ မိသားစုဝင်တွေက ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

Photo via IMDb

မင်းသမီးကြီးဟာ သရုပ်ဆောင်သက်တမ်း နှစ်ငါးဆယ်ကျော် ရှိခဲ့ပြီး ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာပရိသတ်တွေ နှစ်သက်ကြတဲ့ Sherlock ဇာတ်လမ်းတွဲထဲမှာလည်း မင်းသား Benedict Cumberbatch ၊ Martin Freeman တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ သူမ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်ကတော့ စုံထောက်ကျော် Sherlock Holmes ရဲ့ မြေပိုင်ရှင် အမျိုးသမီးကြီး Mrs. Hudson နေရာက ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

ၿဗိတိန္မင္းသမီးႀကီး Una Stubbs ဟာ အသက္(၈၄)ႏွစ္အ႐ြယ္မွာပဲ ကြယ္လြန္သြားခဲ့ၿပီလို႔ သိရပါတယ္။ သူမ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ စီးရီးေတြထဲက နာမည္ႀကီး ဇာတ္လမ္းတြဲေတြကေတာ့ Sherlock ၊ EastEnders နဲ႔ Till Death Do Us Apart တို႔ ျဖစ္ပါတယ္။

မင္းသမီးႀကီးဟာ မေန႔က ၾကာသပေတးေန႔မွာပဲ နာမက်န္းမႈေၾကာင့္ ကြယ္လြန္သြားခဲ့တာ ျဖစ္တယ္လို႔ သူမရဲ႕ကိုယ္စားလွယ္က BBC သတင္းဌာနကို ေျပာၾကားလာတာ ျဖစ္ပါတယ္။

Photo via IMDb

“ေမေမဟာ အက္ဒင္ဘာ့ဂ္က ေနအိမ္မွာပဲ ခ်စ္ခင္ရသူေတြၾကားမွာ တိတ္ဆိတ္ ေအးခ်မ္းစြာပဲ ကြယ္လြန္သြားခဲ့တာပါ။ အခုလို အခက္ခဲဆုံးနဲ႔ စိတ္အပင္ပန္းရဆုံးအခ်ိန္မွာ မိသားစုအတြက္ privacy ထားေပးၾကဖို႔ ေတာင္းဆိုပါတယ္ … ” လို႔ မိသားစုဝင္ေတြက ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ထားပါတယ္။

Photo via IMDb

မင္းသမီးႀကီးဟာ သ႐ုပ္ေဆာင္သက္တမ္း ႏွစ္ငါးဆယ္ေက်ာ္ ရွိခဲ့ၿပီး ဇာတ္လမ္းတြဲေပါင္းမ်ားစြာမွာ ပါဝင္ခဲ့သူ ျဖစ္ပါတယ္။ ျမန္မာပရိသတ္ေတြ ႏွစ္သက္ၾကတဲ့ Sherlock ဇာတ္လမ္းတြဲထဲမွာလည္း မင္းသား Benedict Cumberbatch ၊ Martin Freeman တို႔နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ သူမ သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္႐ုပ္ကေတာ့ စုံေထာက္ေက်ာ္ Sherlock Holmes ရဲ႕ ေျမပိုင္ရွင္ အမ်ိဳးသမီးႀကီး Mrs. Hudson ေနရာက ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular