HomeEntertainmentFilmHawkeye ဇာတ်လမ်းတွဲထဲမှာ ပြန်လည်ပါဝင်လာနိုင်တဲ့ S.H.I.E.L.D. အဖွဲ့အစည်း

Hawkeye ဇာတ်လမ်းတွဲထဲမှာ ပြန်လည်ပါဝင်လာနိုင်တဲ့ S.H.I.E.L.D. အဖွဲ့အစည်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Hawkeye ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်အချို့ဟာ ဒီဇာတ်လမ်းတွဲထဲမှာ S.H.I.E.L.D. အဖွဲ့အစည်း ပြန်လည်ပါဝင်လာနိုင်တဲ့ အကြောင်းကို အရိပ်အမြွက် ဖော်ပြသွားခဲ့ပါတယ်။ ကောမစ်ပရိသတ်တွေ အများစုကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Kate Bishop နေရာမှာ Hailee Steinfeld က သရုပ်ဆောင်သွားမယ် ဆိုပြီးအရင်ကတည်းက ခန့်မှန်းခဲ့ကြသလို Lucky ဆိုတဲ့ခွေးလေးလည်း ပါဝင်လာမယ်လို့ ပြောခဲ့ကြပါတယ်။

photo via aw_hawkeye/twitter

အဲ့ဒီခန့်မှန်းချက်တွေကတော့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေ ထွက်ပေါ်လာတဲ့အချိန်မှာ အတည်ပြုသား ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အရင်ရက်တွေက ထွက်လာခဲ့တဲ့ ပုံရိပ်တစ်ချို့မှာတော့ အသေးစိတ်အချက်အလက်လေးတွေကို ထည့်သွင်းထားခဲ့ပါတယ်။ ဥပမာပြောရရင် ဒီဇာတ်လမ်းတွဲဟာ ၂၀၂၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတယ် ဆိုတာကို ရိုက်ကွင်းပေါ်က ဓာတ်ပုံထဲမှာ ပါဝင်တဲ့ ပိုစတာတစ်ခုကြောင့် သိခဲ့ရသလိုပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာ S.H.I.E.L.D. အဖွဲ့အစည်း ပြန်လည်ပါဝင်လာနိုင်ပါတယ်လို့ ပြောရတဲ့အကြောင်းကလည်း အပေါ်မှာ ဖော်ပြခဲ့သလို အသေးစိတ်အချက်လေး တစ်ခုကြောင့် ဖြစ်ပါတယ်။ အဲ့ဒါကတော့ Clint ၊ Kate နဲ့ Lucky တို့ဟာ လမ်းလျှောက်နေတဲ့ ပုံထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတိုင်းကြည့်ရင်တော့ ဘာမှမထူးခြားပေမယ့်လည်း သေချာ zoom ဆွဲကြည့်မှသာ သတိထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Clint ရဲ့ မြားထည့်တဲ့ ဘူးရဲ့ အောက်ပိုင်းနားလေးမှာ S.H.I.E.L.D. အဖွဲ့အစည်းရဲ့ တံဆိပ်ကို တစ်စွန်းတစ်စ မြင်နေရပါတယ်။ အဲ့ဒီအချက်ကိုတော့ Twitter ပေါ်က aw_hawkeye ဆိုတဲ့ အကောင့်က သတိထားမိခဲ့တာ ဖြစ်ပါတယ်။

photo via aw_hawkeye/twitter

ဒီလိုအသေးစိတ် အချက်လေးတစ်ခုကလည်း ဇာတ်လမ်းအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဖြစ်နိုင်တာကတော့ Clint ရဲ့ နောက်ကြောင်းကို ပြန်ပြတဲ့အချိန်မှာ အရင်က S.H.I.E.L.D. အဖွဲ့ရဲ့လူတွေ ပြန်လည်ပါဝင်လာတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Agents of SHIELD ဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့နှစ်က ဇာတ်သိမ်းသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ တစ်ချို့ပရိသတ်တွေကတော့ Agents of SHIELD နဲ့ Hawkeye ဇာတ်လမ်းတွဲတို့ကို ဆက်စပ်သွားဖို့အတွက် မျှော်လင့်နေကြပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Hawkeye ဇာတ္လမ္းတြဲရဲ႕ ႐ိုက္ကြင္းေပၚက ပုံရိပ္အခ်ိဳ႕ဟာ ဒီဇာတ္လမ္းတြဲထဲမွာ S.H.I.E.L.D. အဖြဲ႕အစည္း ျပန္လည္ပါဝင္လာႏိုင္တဲ့ အေၾကာင္းကို အရိပ္အႁမြက္ ေဖာ္ျပသြားခဲ့ပါတယ္။ ေကာမစ္ပရိသတ္ေတြ အမ်ားစုကေတာ့ ဒီဇာတ္လမ္းတြဲထဲမွာ Kate Bishop ေနရာမွာ Hailee Steinfeld က သ႐ုပ္ေဆာင္သြားမယ္ ဆိုၿပီးအရင္ကတည္းက ခန႔္မွန္းခဲ့ၾကသလို Lucky ဆိုတဲ့ေခြးေလးလည္း ပါဝင္လာမယ္လို႔ ေျပာခဲ့ၾကပါတယ္။

photo via aw_hawkeye/twitter

အဲ့ဒီခန႔္မွန္းခ်က္ေတြကေတာ့ ႐ိုက္ကြင္းေပၚက ပုံရိပ္ေတြ ထြက္ေပၚလာတဲ့အခ်ိန္မွာ အတည္ျပဳသား ျဖစ္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း အရင္ရက္ေတြက ထြက္လာခဲ့တဲ့ ပုံရိပ္တစ္ခ်ိဳ႕မွာေတာ့ အေသးစိတ္အခ်က္အလက္ေလးေတြကို ထည့္သြင္းထားခဲ့ပါတယ္။ ဥပမာေျပာရရင္ ဒီဇာတ္လမ္းတြဲဟာ ၂၀၂၅ ခုႏွစ္မွာ ဇာတ္အိမ္တည္ထားတယ္ ဆိုတာကို ႐ိုက္ကြင္းေပၚက ဓာတ္ပုံထဲမွာ ပါဝင္တဲ့ ပိုစတာတစ္ခုေၾကာင့္ သိခဲ့ရသလိုပဲ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲထဲမွာ S.H.I.E.L.D. အဖြဲ႕အစည္း ျပန္လည္ပါဝင္လာႏိုင္ပါတယ္လို႔ ေျပာရတဲ့အေၾကာင္းကလည္း အေပၚမွာ ေဖာ္ျပခဲ့သလို အေသးစိတ္အခ်က္ေလး တစ္ခုေၾကာင့္ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ Clint ၊ Kate နဲ႔ Lucky တို႔ဟာ လမ္းေလွ်ာက္ေနတဲ့ ပုံထဲမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ဒီအတိုင္းၾကည့္ရင္ေတာ့ ဘာမွမထူးျခားေပမယ့္လည္း ေသခ်ာ zoom ဆြဲၾကည့္မွသာ သတိထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ Clint ရဲ႕ ျမားထည့္တဲ့ ဘူးရဲ႕ ေအာက္ပိုင္းနားေလးမွာ S.H.I.E.L.D. အဖြဲ႕အစည္းရဲ႕ တံဆိပ္ကို တစ္စြန္းတစ္စ ျမင္ေနရပါတယ္။ အဲ့ဒီအခ်က္ကိုေတာ့ Twitter ေပၚက aw_hawkeye ဆိုတဲ့ အေကာင့္က သတိမိထားခဲ့တာ ျဖစ္ပါတယ္။

photo via aw_hawkeye/twitter

ဒီလိုအေသးစိတ္ အခ်က္ေလးတစ္ခုကလည္း ဇာတ္လမ္းအတြက္ ႀကီးမားတဲ့ အေျပာင္းအလဲတစ္ခု ျဖစ္လာႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ျဖစ္ႏိုင္တာကေတာ့ Clint ရဲ႕ ေနာက္ေၾကာင္းကို ျပန္ျပတဲ့အခ်ိန္မွာ အရင္က S.H.I.E.L.D. အဖြဲ႕ရဲ႕လူေတြ ျပန္လည္ပါဝင္လာတာ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ Agents of SHIELD ဇာတ္လမ္းတြဲဟာ ၿပီးခဲ့တဲ့ႏွစ္က ဇာတ္သိမ္းသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ တစ္ခ်ိဳ႕ပရိသတ္ေတြကေတာ့ Agents of SHIELD နဲ႔ Hawkeye ဇာတ္လမ္းတြဲတို႔ကို ဆက္စပ္သြားဖို႔အတြက္ ေမွ်ာ္လင့္ေနၾကပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular