HomeCelebs Update NewsInternationalDoja Cat ရဲ့သီချင်းသစ်နဲ့ ကကွက်တွေ ထုတ်ပြထားတဲ့ Shiloh Jolie-Pitt

Doja Cat ရဲ့သီချင်းသစ်နဲ့ ကကွက်တွေ ထုတ်ပြထားတဲ့ Shiloh Jolie-Pitt

Angelina Jolie နဲ့ Brad Pitt တို့ရဲ့သမီးလေး ဖြစ်တဲ့ Shiloh Jolie-Pitt ကတော့ မိဘတွေလို သရုပ်ဆောင်ဝါသနာမပါဘဲ အကဘက်မှာ အားသန်နေပါတယ်။ Shiloh ဟာ လော့စ်အိန်ဂျလိစ်က သူမရဲ့သူငယ်ချင်းတွေနဲ့အတူ အကပညာကို စိတ်ပါလက်ပါ လေ့ကျင့်သင်ယူနေသူ ဖြစ်ပါတယ်။ အခုလည်း Doja Cat ရဲ့သီချင်းသစ်တစ်ပုဒ်နဲ့ Millennium Dance Complex မှာ တခြားအကသမားတွေနဲ့အတူ ကထားတာ တွေ့ရပါတယ်။

ဒီအကဗွီဒီယိုကတော့ ကကွက်ပညာရှင် Hamilton Evans ရဲ့ YouTube Channel မှာ တင်ပေးထားတာ ဖြစ်ပြီး ကြာမြင့်ချိန် (၇)မိနစ်ကျော် ရှိပါတယ်။ Millennium Dance Complex က အကအဖွဲ့တွေဟာ ကကွက်ပညာရှင် Hamilton Evans ရဲ့ ကကွက်တွေကို ပြန်လည် ကပြထားကြတာ ဖြစ်ပါတယ်။ အကအတွက် အသုံးပြုထားတဲ့ သီချင်းကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် Elvis ရုပ်ရှင်ထဲက ဇာတ်ဝင်တေး Vegas ဖြစ်ပါတယ်။ သီဆိုထားသူကတော့ Doja Cat ဖြစ်ပါတယ်။

Photo Credit: Hamilton Evans/ YouTube

အသက်(၁၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Shiloh ကတော့ ဒီဗွီဒီယိုထဲမှာ သူမရဲ့အဖွဲ့ဝင်နှစ်ယောက်နဲ့အတူ အကစွမ်းရည်တွေကို ပြသထားပါတယ်။ သုံးယောက်အဖွဲ့ထဲမှာ အလယ်မှာနေပြီး ကထားတဲ့ Shiloh ကတော့ ရိုးရှင်းတဲ့ ဖက်ရှင်ကိုပဲ ဝတ်ဆင်ထားပါတယ်။ အနက်ရောင် Beatles တီရှပ်နဲ့အတူ ဘောင်းဘီအပွတစ်ထည်ကို ဝတ်ဆင်ကာ ဆံပင်တွေကိုတော့ စုထုံးထားပါတယ်။

ဒီအကဗွီဒီယိုကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပြီး Jolie နဲ့ Brad Pitt ရဲ့ပရိသတ်တွေကလည်း Shiloh ရဲ့ အကစွမ်းရည်ကို ချီးကျူး အားပေးနေကြပါတယ်။ Shiloh ကတော့ သူမ ကလေးဘဝတုန်းက တချို့သော ပရောဂျက်တွေမှာ မိခင်ဖြစ်သူ Jolie နဲ့အတူ ပါဝင်ခဲ့ဖူးတာ ရှိပေမယ့် ယခုအရွယ်ရောက်လာတဲ့ အချိန်မှာတော့ သရုပ်ဆောင်အလုပ်ကို စိတ်ဝင်စားဟန် မရှိပါဘူး။ သို့သော်လည်း သူမ ဝါသနာပါတဲ့ အကပညာရပ်ကိုတော့ လေ့ကျင့် သင်ယူနေတာ ဖြစ်ပါတယ်။

Shiloh ကတော့ Jolie နဲ့ Brad Pitt တို့ရဲ့ သွေးသားအရင်း ကလေးသုံးယောက်ထဲက အကြီးဆုံး ဖြစ်ပါတယ်။ Jolie ရဲ့ သားသမီးအရင်း သုံးယောက်ကတော့ အသက်(၁၆)နှစ်အရွယ် Shiloh Jolie-Pitt ၊ အသက်(၁၃)နှစ်အရွယ် အမွှာနှစ်ယောက်ဖြစ်တဲ့ Vivienne Jolie-Pitt နဲ့ Knox Leon Jolie-Pitt တို့ပဲ ဖြစ်ပါတယ်။

ကျန်ကလေးသုံးယောက်ကတော့ Jolie ရဲ့မွေးစားကလေးတွေပဲ ဖြစ်ပါတယ်။ အကြီးဆုံးကတော့ Maddox Jolie-Pitt ဖြစ်ပြီး အသက်(၂၀)နှစ် ရှိနေပါပြီ။ နောက်တစ်ယောက်ကတော့ Pax Jolie-Pitt ဖြစ်ပြီး အသက်(၁၈)နှစ် ရှိပြီဖြစ်ကာ Zahara Jolie-Pitt ကတော့ အသက်(၁၇)နှစ် ရှိနေပါပြီ။

Vancouver

Source: people

RELATED ARTICLES

Most Popular