HomeEntertainmentFilmမင်းသမီးချော Shin Min-ah ရဲ့ အကောင်းဆုံး ဒရာမာစီးရီး(၅)ခု

မင်းသမီးချော Shin Min-ah ရဲ့ အကောင်းဆုံး ဒရာမာစီးရီး(၅)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချော Shin Min-ah ဟာ ကိုရီးယားဒရာမာလောကရဲ့ အသည်းစွဲမင်းသမီးတစ်လက် ဖြစ်သလို မြန်မာပရိသတ်ကြားမှာလည်း နေရာတစ်ခုရရှိထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သူမရဲ့ အနုပညာလမ်းကြောင်းအစဟာ မော်ဒယ်လ်ဖြစ်ခဲ့ပြီး music video တွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ဒရာမာလောကဘက်ကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံးသော ပွဲဦးထွက် ဒရာမာကတော့ Stairway to Heaven စီးရီးရဲ့ prequel ဖြစ်တဲ့ Beautiful Days ဆိုတဲ့ ဒရာမာစီးရီး ဖြစ်ပါတယ်။

ထူးခြားတဲ့ ရုပ်သွင်ဟန်ပန်နဲ့ ပရိသတ်ကို ဆွဲငြိသွားအောင် ညှို့ယူနိုင်တဲ့ အလှပိုင်ရှင် Shin Min-ah ရဲ့ ဒရာမာစီးရီးတွေထဲက မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဒရာမာ(၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။

My Girlfriend is a Gumiho
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 7.8 ရရှိထားတဲ့ အချစ်ဟာသအမျိုးအစား စီးရီးလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စာလုပ်ရမှာပျင်းတဲ့ ကောင်လေးတစ်ယောက်ဟာ ဘော်ဒါကျောင်းကနေ ထွက်ပြေးရင်း တစ်ခါမှမရောက်ဖူးတဲ့ နေရာဒေသတစ်ခုကို ရောက်ရှိသွားခဲ့ရာက စပါတယ်။ ဒီလိုနဲ့ အဲ့ဒီ့ကောင်လေးဟာ နှစ်ပေါင်းများစွာ ချုပ်လှောင်ထားတဲ့ Gumiho လို့ခေါ်တဲ့ အမြီးကိုးချောင်း မြေခွေးမလေးကို မထင်မှတ်ဘဲနဲ့  လွှတ်ပေးလိုက်မိပါတယ်။

အံ့အားသင့်သွားတဲ့ ကောင်လေးဟာ ကြောက်လန့်ပြီး ထွက်ပြေးရင်း သူ့ကိုယ်သူ ဒဏ်ရာရအောင် လုပ်မိသွားပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီမြေခွေးမလေးကပဲ သူ့ကို ကယ်တင်ခဲ့ပြီးတော့ သူ့အနားမှာ နေခွင့်ကို တောင်းဆိုလာတဲ့အခါမှာတော့……။ မင်းသမီးချော Shin Min-ah က အမြီးကိုးချောင်းမြေခွေးမလေးအဖြစ် သရုပ်ဆောင်ထားပြီး Lee Seung-gi က ကောင်လေးနေရာမှာ သရုပ်ဆောင်ထားပါတယ်။

Arang and the Magistrate 
Photo: mydramalist

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိထားပြီး IMDb 7.5 ရရှိထားတဲ့ အက်ရှင်ဟာသ အမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Shin Min-ah ဟာ ဂျိုဆွန်းခေတ်က ဝိဉာဉ်သရဲမလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်ဖက်မှာတော့ မင်းသားချော Lee Joon-gi က ဝိဉာဉ် သရဲတစ္ဆေတွေကို မြင်နိုင်တဲ့ အစိုးရအရာရှိတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

သူမရဲ့ အတိတ်အကြောင်းနဲ့ လူဘဝက နာမည်ကိုလည်း မမှတ်မိတဲ့ ဝိဉာဉ်မလေးဟာ ဝိဉာဉ်တွေကို မြင်တွေ့နိုင်တဲ့ အရာရှိကြီးကို တောင်းပန်ပြီး သူမကို သတ်သွားတဲ့ တရားခံကို ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သို့ပေမယ့် တစ်ဖက်က အရာရှိကြီးက ငြင်းဆိုနေတဲ့အခါမှာတော့ သူမ လိုချင်တာကို မဖြစ်မနေ လုပ်ပေးလာအောင်လို့ ကြိုးစားရပါတော့တယ်။

Oh My Venus
Photo: mydramalist

ဒီစီးရီးလေးကတော့ ၂၀၁၅ခုနှစ်မှာ ထွက်ရှိထားပြီး ဒရာမာပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိခဲ့တဲ့ ဒရာမာလေးလည်း ဖြစ်ပါတယ်။  IMDb 7.8 ရရှိထားတဲ့ ရိုမန့်စ်ဒရာမာ အမျိုးအစားဖြစ်လို့ ရိုမန့်တစ်ဆန်တာလေးတွေမှာ ကြည့်ချင်သူတွေအတွက် အံကိုက်ပါပဲ။

တစ်ချိန်က ဒယ်ဂူမြို့ရဲ့ အလှနတ်ဘုရားမအဖြစ် ကျော်ကြားခဲ့တဲ့ ကောင်မလေးတစ်ယောက်ဟာ အလုပ်ကိုပဲ အာရုံစိုက်နေခဲ့တဲ့နောက် ခန္ဓာကိုယ်ကလည်း မမှတ်မိနိုင်လောက်အောင် ဝိတ်တွေ တက်လာခဲ့ပါတော့တယ်။ ဒီအခါမှာ ရိုးရိုးကုပ်ကုပ် နေထိုင်တတ်တဲ့ နာမည်ကြီး fitness trainer တစ်ယောက်နဲ့ တွေ့ဆုံပြီး ယခင်က ရှိခဲ့ဖူးတဲ့ သူမရဲ့ confidence တွေကို တစ်ဖန်ပြန်လည် ရရှိလာအောင် တည်ဆောက်ရပါတော့တယ်။ Shin Min-ah နဲ့ So Ji-sub တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Tomorrow with You
Photo: mydramalist

၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီစီးရီးဟာ IMDb 7.3 ရရှိထားတဲ့ ရိုမန့်စ်အချစ်ဒရာမာတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ထူးထူးခြားခြား အချိန်ခရီးသွားတဲ့ အကြောင်းအရာပေါ်မှာ အခြေခံထားပါတယ်။

Yoo So-joon ဆိုတဲ့ လူတစ်ယောက်မှာ ထူးခြားတဲ့အစွမ်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ရထားစီးတဲ့အခါ အချိန်ခရီးသွားနိုင်တဲ့ အစွမ်းပါပဲ။ သူ့အစွမ်းကိုသုံးရင်း အတိတ်၊ အနာဂတ်တို့ကို အဖန်ဖန် သွားကြည့်တဲ့အခါ တစ်ခေါက်မှာတော့ သူ့ရဲ့သေဆုံးမှုကို ကိုယ်တိုင်ပြန်မြင်ခဲ့ရပါတယ်။ သူ့ရဲ့သေဆုံးမှု မဖြစ်တော့အောင် ကာကွယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ဓာတ်ပုံဆရာမလေး Song Ma-rin ကို လက်ထပ်ဖို့ပါပဲ။ ဒီလိုနဲ့ အချိန်မတန်ခင် သေဆုံးရမယ့် အရေးကနေ ကာကွယ်ဖို့ ဓာတ်ပုံဆရာမလေးနဲ့ မဖြစ်ဖြစ်အောင် လက်ထပ်ဖို့ ကြိုးစားရပါတော့တယ်။ Shin Min-ah နဲ့ Lee Je-hoon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Chief of Staff 
Photo: mydramalist

ဒီစီးရီးကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 7.7 ရရှိထားတဲ့ နိုင်ငံရေးနောက်ခံ ဒရာမာအမျိုးအစား ဖြစ်ပါတယ်။ Shin Min-ah ဟာ ဒီစီးရီးထဲမှာတော့ ဝါရင့်သရုပ်ဆောင် Lee Jung-jae နဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ နိုင်ငံရေးနောက်ခံ ဒရာမာဆိုတဲ့အတိုင်း တောင်ကိုရီးယားရဲ့ အာဏာရှိတဲ့ နိုင်ငံရေးသမားတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီးတော့ မကောင်းတဲ့လုပ်ရပ်တွေ ပြုလုပ်ကြတာကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဒါကတော့ မင်းသမီးလေး Shin Min-ah ရဲ့ ဒရာမာစီးရီးများစွာထဲက မဖြစ်မနေ ကြည့်ရှုထားသင့်တဲ့ ဒရာမာကောင်း(၅)ခုကို ဖော်ပြပေးခဲ့တာပါ။ ဘယ်တစ်ခုက စာဖတ်သူတို့ရဲ့ အကြိုက်ဖြစ်ခဲ့လည်းဆိုတာ ပြောပြခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

မင္းသမီးေခ်ာ Shin Min-ah ဟာ ကိုရီးယားဒရာမာေလာကရဲ႕ အသည္းစြဲမင္းသမီးတစ္လက္ ျဖစ္သလို ျမန္မာပရိသတ္ၾကားမွာလည္း ေနရာတစ္ခုရရွိထားတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ သူမရဲ႕ အႏုပညာလမ္းေၾကာင္းအစဟာ ေမာ္ဒယ္လ္ျဖစ္ခဲ့ၿပီး music video ေတြထဲမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ဒရာမာေလာကဘက္ကို ေရာက္ရွိလာသူ ျဖစ္ပါတယ္။ သူမရဲ႕ ပထမဆုံးေသာ ပြဲဦးထြက္ ဒရာမာကေတာ့ Stairway to Heaven စီးရီးရဲ႕ prequel ျဖစ္တဲ့ Beautiful Days ဆိုတဲ့ ဒရာမာစီးရီး ျဖစ္ပါတယ္။

ထူးျခားတဲ့ ႐ုပ္သြင္ဟန္ပန္နဲ႔ ပရိသတ္ကို ဆြဲၿငိသြားေအာင္ ညႇိဳ႕ယူႏိုင္တဲ့ အလွပိုင္ရွင္ Shin Min-ah ရဲ႕ ဒရာမာစီးရီးေတြထဲက မျဖစ္မေန ၾကည့္ရႈသင့္တဲ့ ဒရာမာ(၅)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

My Girlfriend is a Gumiho
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb 7.8 ရရွိထားတဲ့ အခ်စ္ဟာသအမ်ိဳးအစား စီးရီးေလး ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ စာလုပ္ရမွာပ်င္းတဲ့ ေကာင္ေလးတစ္ေယာက္ဟာ ေဘာ္ဒါေက်ာင္းကေန ထြက္ေျပးရင္း တစ္ခါမွမေရာက္ဖူးတဲ့ ေနရာေဒသတစ္ခုကို ေရာက္ရွိသြားခဲ့ရာက စပါတယ္။ ဒီလိုနဲ႔ အဲ့ဒီ့ေကာင္ေလးဟာ ႏွစ္ေပါင္းမ်ားစြာ ခ်ဳပ္ေလွာင္ထားတဲ့ Gumiho လို႔ေခၚတဲ့ အၿမီးကိုးေခ်ာင္း ေျမေခြးမေလးကို မထင္မွတ္ဘဲနဲ႔  လႊတ္ေပးလိုက္မိပါတယ္။

အံ့အားသင့္သြားတဲ့ ေကာင္ေလးဟာ ေၾကာက္လန႔္ၿပီး ထြက္ေျပးရင္း သူ႔ကိုယ္သူ ဒဏ္ရာရေအာင္ လုပ္မိသြားပါတယ္။ ဒါေပမဲ့လည္း အဲ့ဒီေျမေခြးမေလးကပဲ သူ႔ကို ကယ္တင္ခဲ့ၿပီးေတာ့ သူ႔အနားမွာ ေနခြင့္ကို ေတာင္းဆိုလာတဲ့အခါမွာေတာ့……။ မင္းသမီးေခ်ာ Shin Min-ah က အၿမီးကိုးေခ်ာင္းေျမေခြးမေလးအျဖစ္ သ႐ုပ္ေဆာင္ထားၿပီး Lee Seung-gi က ေကာင္ေလးေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။

Arang and the Magistrate
Photo: mydramalist

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb 7.5 ရရွိထားတဲ့ အက္ရွင္ဟာသ အမ်ိဳးအစား ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Shin Min-ah ဟာ ဂ်ိဳဆြန္းေခတ္က ဝိဉာဥ္သရဲမေလးအျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ တစ္ဖက္မွာေတာ့ မင္းသားေခ်ာ Lee Joon-gi က ဝိဉာဥ္ သရဲတေစၦေတြကို ျမင္ႏိုင္တဲ့ အစိုးရအရာရွိတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

သူမရဲ႕ အတိတ္အေၾကာင္းနဲ႔ လူဘဝက နာမည္ကိုလည္း မမွတ္မိတဲ့ ဝိဉာဥ္မေလးဟာ ဝိဉာဥ္ေတြကို ျမင္ေတြ႕ႏိုင္တဲ့ အရာရွိႀကီးကို ေတာင္းပန္ၿပီး သူမကို သတ္သြားတဲ့ တရားခံကို ေဖာ္ထုတ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ သို႔ေပမယ့္ တစ္ဖက္က အရာရွိႀကီးက ျငင္းဆိုေနတဲ့အခါမွာေတာ့ သူမ လိုခ်င္တာကို မျဖစ္မေန လုပ္ေပးလာေအာင္လို႔ ႀကိဳးစားရပါေတာ့တယ္။

Oh My Venus
Photo: mydramalist

ဒီစီးရီးေလးကေတာ့ ၂၀၁၅ခုႏွစ္မွာ ထြက္ရွိထားၿပီး ဒရာမာပရိသတ္ေတြရဲ႕ တစ္ခဲနက္အားေပးျခင္းကို ရရွိခဲ့တဲ့ ဒရာမာေလးလည္း ျဖစ္ပါတယ္။  IMDb 7.8 ရရွိထားတဲ့ ႐ိုမန႔္စ္ဒရာမာ အမ်ိဳးအစားျဖစ္လို႔ ႐ိုမန႔္တစ္ဆန္တာေလးေတြမွာ ၾကည့္ခ်င္သူေတြအတြက္ အံကိုက္ပါပဲ။

တစ္ခ်ိန္က ဒယ္ဂူၿမိဳ႕ရဲ႕ အလွနတ္ဘုရားမအျဖစ္ ေက်ာ္ၾကားခဲ့တဲ့ ေကာင္မေလးတစ္ေယာက္ဟာ အလုပ္ကိုပဲ အာ႐ုံစိုက္ေနခဲ့တဲ့ေနာက္ ခႏၶာကိုယ္ကလည္း မမွတ္မိႏိုင္ေလာက္ေအာင္ ဝိတ္ေတြ တက္လာခဲ့ပါေတာ့တယ္။ ဒီအခါမွာ ႐ိုး႐ိုးကုပ္ကုပ္ ေနထိုင္တတ္တဲ့ နာမည္ႀကီး fitness trainer တစ္ေယာက္နဲ႔ ေတြ႕ဆုံၿပီး ယခင္က ရွိခဲ့ဖူးတဲ့ သူမရဲ႕ confidence ေတြကို တစ္ဖန္ျပန္လည္ ရရွိလာေအာင္ တည္ေဆာက္ရပါေတာ့တယ္။ Shin Min-ah နဲ႔ So Ji-sub တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။

Tomorrow with You
Photo: mydramalist

၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ဒီစီးရီးဟာ IMDb 7.3 ရရွိထားတဲ့ ႐ိုမန႔္စ္အခ်စ္ဒရာမာတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ထူးထူးျခားျခား အခ်ိန္ခရီးသြားတဲ့ အေၾကာင္းအရာေပၚမွာ အေျခခံထားပါတယ္။

Yoo So-joon ဆိုတဲ့ လူတစ္ေယာက္မွာ ထူးျခားတဲ့အစြမ္းတစ္ခု ရွိပါတယ္။ အဲ့ဒါကေတာ့ ရထားစီးတဲ့အခါ အခ်ိန္ခရီးသြားႏိုင္တဲ့ အစြမ္းပါပဲ။ သူ႔အစြမ္းကိုသုံးရင္း အတိတ္၊ အနာဂတ္တို႔ကို အဖန္ဖန္ သြားၾကည့္တဲ့အခါ တစ္ေခါက္မွာေတာ့ သူ႔ရဲ႕ေသဆုံးမႈကို ကိုယ္တိုင္ျပန္ျမင္ခဲ့ရပါတယ္။ သူ႔ရဲ႕ေသဆုံးမႈ မျဖစ္ေတာ့ေအာင္ ကာကြယ္ႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ ဓာတ္ပုံဆရာမေလး Song Ma-rin ကို လက္ထပ္ဖို႔ပါပဲ။ ဒီလိုနဲ႔ အခ်ိန္မတန္ခင္ ေသဆုံးရမယ့္ အေရးကေန ကာကြယ္ဖို႔ ဓာတ္ပုံဆရာမေလးနဲ႔ မျဖစ္ျဖစ္ေအာင္ လက္ထပ္ဖို႔ ႀကိဳးစားရပါေတာ့တယ္။ Shin Min-ah နဲ႔ Lee Je-hoon တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Chief of Staff
Photo: mydramalist

ဒီစီးရီးကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb 7.7 ရရွိထားတဲ့ ႏိုင္ငံေရးေနာက္ခံ ဒရာမာအမ်ိဳးအစား ျဖစ္ပါတယ္။ Shin Min-ah ဟာ ဒီစီးရီးထဲမွာေတာ့ ဝါရင့္သ႐ုပ္ေဆာင္ Lee Jung-jae နဲ႔ တြဲဖက္သ႐ုပ္ေဆာင္ထားပါတယ္။

ဇာတ္လမ္းကေတာ့ ႏိုင္ငံေရးေနာက္ခံ ဒရာမာဆိုတဲ့အတိုင္း ေတာင္ကိုရီးယားရဲ႕ အာဏာရွိတဲ့ ႏိုင္ငံေရးသမားေတြက သူတို႔ရဲ႕ လုပ္ပိုင္ခြင့္ေတြကို အလြဲသုံးစားလုပ္ၿပီးေတာ့ မေကာင္းတဲ့လုပ္ရပ္ေတြ ျပဳလုပ္ၾကတာကို ပုံေဖာ္႐ိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။

ဒါကေတာ့ မင္းသမီးေလး Shin Min-ah ရဲ႕ ဒရာမာစီးရီးမ်ားစြာထဲက မျဖစ္မေန ၾကည့္ရႈထားသင့္တဲ့ ဒရာမာေကာင္း(၅)ခုကို ေဖာ္ျပေပးခဲ့တာပါ။ ဘယ္တစ္ခုက စာဖတ္သူတို႔ရဲ႕ အႀကိဳက္ျဖစ္ခဲ့လည္းဆိုတာ ေျပာျပခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular