HomeBiographyဟောလိဝုဒ်ရဲ့ စံချိန်တင် အတိုတောင်းဆုံး အိမ်ထောင်ရေး(၇)ခု

ဟောလိဝုဒ်ရဲ့ စံချိန်တင် အတိုတောင်းဆုံး အိမ်ထောင်ရေး(၇)ခု

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေဟာလိ၀ုဒ္ဆိုတာဟာ ကမာၻေက်ာ္တဲ့ ေအာင္ျမင္မႈေတြနဲ႔ ဆယ္လီေတြရဲ႕ စုေ၀းရာျဖစ္လို႔ ခ်စ္ႀကိဳက္ကြဲညား ဇာတ္လမ္းေတြကလည္း တစ္ပုံတစ္ပင္ပါ။ လိုတိုင္းတ ရတဲ့ဘ၀ေတြမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ငဲ့ညွာ၊အားနာစရာေတြ မရိွၾကလို႔ ခပ္ျမန္ျမန္ ခ်စ္ႀကိဳက္ၾကၿပီး ခပ္ျမန္ျမန္ပဲ လမ္းခြဲတတ္ၾကတာကလည္း ထုံးစံတစ္ခုပါပဲ။ သို႔ေပမယ့္ တိုေတာင္းပါတယ္ဆိုတဲ့ ပုံမွန္အိမ္ေထာင္ေရးေတြထက္ ပိုၿပီးတိုေတာင္းတဲ့ အိမ္ေထာင္ေရးေတြလည္း ရိွခဲ့ပါတယ္။ စံခ်ိန္တင္ေလာက္တဲ့အထိ တိုေတာင္းတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ခဲ့ဖူးသူေတြကေတာ့ …

နံပါတ္(၇) Drew Barrymore နဲ႔ Jeremy Thomas (၃၉ရက္)
Photo Credit: E! News

မင္းသမီးေခ်ာ Drew Barrymore ဟာ အတိုေတာင္းဆုံး အိမ္ေထာင္ေရးကို တစ္ခါမက ပိုင္ဆိုင္ခဲ့ဖူးတဲ့ မင္းသမီးတစ္ေယာက္ပါ။ Drew ဟာ သူမအသက္(၁၉)ႏွစ္အရြယ္ ၁၉၉၄ခုႏွစ္ မတ္လမွာ ေလာ့စ္အိန္ဂ်ယ္လိ့စ္ၿမိဳ႕က ဘားပိုင္ရွင္ Thomas နဲ႔ လက္ထပ္ခဲ့ပါတယ္။ ႏွစ္လမွ မၾကာေသးတဲ့အခ်ိန္ လက္ထပ္ၿပီး (၃၉)ရက္မွာေတာ့ ကြာရွင္းျပတ္စဲခဲ့ၾကပါတယ္။ ၂၀၀၁ခုႏွစ္ကို ေရာက္တဲ့အခါမွာေတာ့ နာမည္ႀကီး တီဗီြအစီအစဥ္ေၾကျငာသူ Tom Green နဲ႔ လက္ထပ္ခဲ့ျပန္ပါတယ္။ ငါးလေက်ာ္ (၁၆၃)ရက္အၾကာမွာေတာ့ ကြာရွင္းခဲ့ရျပန္ပါတယ္။

နံပါတ္(၆) Ali Landry နဲ႔ Mario Lopez (၁၈ရက္)
Photo Credit: Us Weekly

Ali နဲ႔ Mario တို႔ဟာ ၂၀၀၄ခုႏွစ္ ဧၿပီလမွာ လက္ထပ္ခဲ့ၾကပါတယ္။ လက္မထပ္ခင္ ရက္အနည္းငယ္အလိုေလာက္မွာ Mario ဟာ အျခားမိန္းမေတြနဲ႔ ရိွေနခဲ့ႏိုင္တယ္ဆိုတာကို သိသိလ်က္နဲ႔ လက္ထပ္ခဲ့ၾကတာပါ။ Mario ဟာ ခ်က္ခ်င္းလမ္းမခြဲေသးဘဲ Ali Landry က သူေဖာက္ျပန္ထားတာေတြကို သိေအာင္ေစာင့္ၿပီးမွ လမ္းခြဲေစခဲ့တာပါ။ ဒီလိုနဲ႔ ကံဆိုးရွာတဲ့ ေမာ္ဒယ္လ္မေလး Ali Landry ဟာ Mario ရဲ႕ ေဖာက္ျပန္မႈေတြကိုသိၿပီး (၁၈)ရက္အၾကာမွာ ကြာရွင္းခြင့္စာရြက္ေပၚမွာ လက္မွတ္ထိုးခဲ့ရပါတယ္။

နံပါတ္(၅) Eddie Murphy နဲ႔ Tracey Edmonds (၁၄ရက္)
Photo Credit: I Love Old School Music

နာမည္ေက်ာ္မင္းသားႀကီး Eddie နဲ႔ Tracey တို႔ဟာ ၂၀၀၈ခုႏွစ္ရဲ႕ ႏွစ္သစ္ကူးေန႔မွာ Bora Bora က private ကၽြန္းတစ္ကၽြန္းမွာ လက္ထပ္ခဲ့ၾကပါတယ္။ သို႔ေပမယ့္ အသစ္စက္စက္ ဇနီးေမာင္ႏွံရဲ႕ ပဋိပကၡေတြဟာ ဟန္းနီးမြန္းခရီးစခင္မွာတင္ အစျပဳေနခဲ့ပါတယ္။ မဂၤလာပြဲကို တက္ေရာက္လာတဲ့ ဧည့္သည္ေတြရဲ႕ ေျပာျပခ်က္အရ Eddie ဟာ Tracey ကို လူၾကားထဲမွာ ေအာ္ဟစ္တာေတြ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီလို အျပဳအမူမ်ိဳးေတြကို ပြဲအခ်ိဳ႕မွာ လုပ္ခဲ့ေသးတယ္လို႔လည္း People မဂၢဇင္းက ေဖာ္ျပထားပါေသးတယ္။ ႏွစ္ပတ္အၾကာမွာေတာ့ လမ္းခြဲလိုက္ၿပီဆိုတဲ့သတင္းကို ေၾကျငာလိုက္ၾကပါတယ္။ ယူအက္စ္ႏိုင္ငံတြင္းမွာ တရား၀င္ေတာင္ လက္မထပ္ရေသးဘဲ ကြဲသြားခဲ့တဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ မဂၤလာပြဲဟာ အေတာ္ေလး ဟိုးေလးတေက်ာ္ ျဖစ္ခဲ့ပါတယ္။

နံပါတ္(၄) Carmen Electra နဲ႔ Dennis Rodman (၉ရက္)
Photo Credit: HuffPost

သူတို႔ႏွစ္ေယာက္ရဲ႕ လမ္းခြဲမႈဟာ တစ္ႏွစ္ၾကာတဲ့အထိ တရား၀င္စာခ်ဳပ္စာတမ္းေတြကိစၥနဲ႔ မၿပီးစီးခဲ့ေသးေပမယ့္ လက္ထပ္ၿပီး ကိုးရက္အၾကာကစလို႔ ကြာရွင္းခြင့္ ေလွ်ာက္ထားခဲ့ၾကတာ ျဖစ္ပါတယ္။ Rodman ဟာ မဂၤလာကတိသစၥာဆိုခ်ိန္မွာ မူးေနခဲ့လို႔ပါဆိုတဲ့ အေၾကာင္းတရားနဲ႔ ၁၉၉၈ခုႏွစ္ ႏို၀င္ဘာလ(၁၄)ရက္ေန႔မွာ ကြာရွင္းခြင္႔စာရြက္ေပၚမွာ လက္မွတ္ထိုးခဲ့တာပါ။

နံပါတ္(၃) Nicolas Cage နဲ႔ Erika Koike (၄ရက္)
Photo Credit: Metro

အိမ္ေထာင္ေရး ကံမေကာင္းတဲ့ မင္းသားေတြထဲမွာ မင္းသားႀကီး Nicolas Cage လည္း အပါအ၀င္ပါ။ မင္းသားႀကီးဟာ အိမ္ေထာင္ေလးဆက္တိတိ ျပဳခဲ့ၿပီး Erika နဲ႔ အိမ္ေထာင္မွာေတာ့ လက္ထပ္ၿပီး ေလးရက္အၾကာမွာ ကြာရွင္းခြင့္ကို တရားရုံးမွာ ေလွ်ာက္တင္ခဲ့ပါတယ္။ ၂၀၁၉ခုႏွစ္ မတ္လ (၂၃)ရက္ေန႔မွာ Erika နဲ႔ လက္ထပ္ခဲ့ၿပီး မတ္လ (၂၇)ရက္ေန႔ ေရာက္တဲ့အခါမွာေတာ့ ကြာရွင္းဖို႔ လုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၈ခုႏွစ္ ဧၿပီလကတည္းက တြဲေနခဲ့ၾကတာျဖစ္ၿပီး People မဂၢဇင္းရဲ႕ ေဖာ္ျပခ်က္အရ ထိမ္းျမားခြင့္လိုင္စင္ ေလွ်ာက္ထားရာမွာ အခ်င္းမ်ားေနခဲ့ၾကပုံရတယ္လို႔ သိရပါတယ္။

နံပါတ္(၂) Britney Spears နဲ႔ Jason Alexander (၅၅နာရီ)
Photo Credit: Rolling Stone

အဲ့ဒီ့ေခတ္ရဲ႕ ေပါ့ပ္ဘုရင္မ Britney နဲ႔ Jason တို႔ရဲ႕ အိမ္ေထာင္ေရးကေတာ့ စံခ်ိန္တင္ခဲ့ပါတယ္။ ၂၀၀၄ခုႏွစ္ ႏွစ္သစ္ကူးအခ်ိန္မွာ Britney ဟာ လက္စ္ေဗးဂက္စ္ၿမိဳ႕ကို သြားၿပီး သူမရဲ႕ငယ္သူငယ္ခ်င္း Jason နဲ႔ လက္ထပ္ခဲ့ပါတယ္။ နာရီေတာ္ေတာ္ၾကာၿပီးတဲ့အခါမွာေတာ့ အေပ်ာ္လက္ထပ္တဲ့ အိမ္ေထာင္ေရးကို တရားသူႀကီးေတြက ပယ္ဖ်က္ေပးခဲ့ရပါတယ္။ E! ကို ေျပာတဲ့ အင္တာဗ်ဴးတစ္ခုမွာေတာ့ “မိုက္မဲၿပီး ထင္ရာစိုင္းခဲ့မိသလို ကၽြန္မ လုပ္ခဲ့မိတာေတြအတြက္ တာ၀န္လည္း မယူခဲ့မိပါဘူး”လို႔ Britney က ေျဖခဲ့ဖူးပါတယ္။

နံပါတ္(၁) Zsa Zsa Gabor နဲ႔ Felipe de Alba (၁ရက္)
Photo Credit: Genius Beauty

BuzzFeed ရဲ႕ ေဖာ္ျပခ်က္အရ မင္းသမီးႀကီး Zsa Zsa Gabor နဲ႔ မက္ဆီကန္ ေရွ႕ေနတစ္ျဖစ္လဲ မင္းသားႀကီး Felipe de Alba တို႔ဟာ ၁၉၈၃ခုႏွစ္မွာ လက္ထပ္ခဲ့တယ္လို႔ သိရပါတယ္။ သူမ်ားေတြလို အနာဂတ္ဘ၀ခရီးလမ္းေတြအေၾကာင္း မစဥ္းစားရေသးခင္ တစ္ရက္အၾကာမွာပဲ ၿပီးဆုံးခဲ့ပါတယ္။ အေၾကာင္းကေတာ့ မင္းသမီးႀကီး Gabor ဟာ သူမရဲ႕ပထမခင္ပြန္း Michael O’Hara နဲ႔ လက္ထပ္ထားတုန္းပဲဆိုတာ သူမဘာသာ သိသြားလို႔ပါပဲ။ ဒီလိုနဲ႔ စံခ်ိန္တင္ အတိုေတာင္းဆုံး အိမ္ေထာင္ေရးႀကီးဟာ တစ္ရက္တိတိအၾကာမွာ ၿပီးဆုံးခဲ့ပါတယ္။ မင္းသမီးႀကီးဟာ အိမ္ေထာင္ကိုးဆက္ က်ခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။

ဒါေတြကေတာ့ ေဟာလိ၀ုဒ္ရဲ႕ အတိုေတာင္းဆုံး အိမ္ေထာင္ေရးကို ပိုင္ဆိုင္ခဲ့ဖူးတဲ့ ဆယ္လီေတြရဲ႕ ကံမေကာင္းခဲ့တဲ့ အိမ္ေထာင္ေရးေတြပဲ ျဖစ္ပါတယ္။ ဘယ္အိမ္ေထာင္ေရးကို စာဖတ္သူတို႔ကို အ့ံအားသင့္ေစလည္းဆိုတာ ေျဖေပးခဲ့ပါဦး။

Xei

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

Ref: insider

(Unicode Version)

ဟောလိဝုဒ်ဆိုတာဟာ ကမ္ဘာကျော်တဲ့ အောင်မြင်မှုတွေနဲ့ ဆယ်လီတွေရဲ့ စုဝေးရာဖြစ်လို့ ချစ်ကြိုက်ကွဲညား ဇာတ်လမ်းတွေကလည်း တစ်ပုံတစ်ပင်ပါ။ လိုတိုင်းတ ရတဲ့ဘဝတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ငဲ့ညှာ၊အားနာစရာတွေ မရှိကြလို့ ခပ်မြန်မြန် ချစ်ကြိုက်ကြပြီး ခပ်မြန်မြန်ပဲ လမ်းခွဲတတ်ကြတာကလည်း ထုံးစံတစ်ခုပါပဲ။ သို့ပေမယ့် တိုတောင်းပါတယ်ဆိုတဲ့ ပုံမှန်အိမ်ထောင်ရေးတွေထက် ပိုပြီးတိုတောင်းတဲ့ အိမ်ထောင်ရေးတွေလည်း ရှိခဲ့ပါတယ်။ စံချိန်တင်လောက်တဲ့အထိ တိုတောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ခဲ့ဖူးသူတွေကတော့ …

နံပါတ်(၇) Drew Barrymore နဲ့ Jeremy Thomas (၃၉ရက်)
Photo Credit: E! News

မင်းသမီးချော Drew Barrymore ဟာ အတိုတောင်းဆုံး အိမ်ထောင်ရေးကို တစ်ခါမက ပိုင်ဆိုင်ခဲ့ဖူးတဲ့ မင်းသမီးတစ်ယောက်ပါ။ Drew ဟာ သူမအသက်(၁၉)နှစ်အရွယ် ၁၉၉၄ခုနှစ် မတ်လမှာ လော့စ်အိန်ဂျယ်လိ့စ်မြို့က ဘားပိုင်ရှင် Thomas နဲ့ လက်ထပ်ခဲ့ပါတယ်။ နှစ်လမှ မကြာသေးတဲ့အချိန် လက်ထပ်ပြီး (၃၉)ရက်မှာတော့ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ ၂၀၀၁ခုနှစ်ကို ရောက်တဲ့အခါမှာတော့ နာမည်ကြီး တီဗွီအစီအစဉ်ကြေငြာသူ Tom Green နဲ့ လက်ထပ်ခဲ့ပြန်ပါတယ်။ ငါးလကျော် (၁၆၃)ရက်အကြာမှာတော့ ကွာရှင်းခဲ့ရပြန်ပါတယ်။

နံပါတ်(၆) Ali Landry နဲ့ Mario Lopez (၁၈ရက်)
Photo Credit: Us Weekly

Ali နဲ့ Mario တို့ဟာ ၂၀၀၄ခုနှစ် ဧပြီလမှာ လက်ထပ်ခဲ့ကြပါတယ်။ လက်မထပ်ခင် ရက်အနည်းငယ်အလိုလောက်မှာ Mario ဟာ အခြားမိန်းမတွေနဲ့ ရှိနေခဲ့နိုင်တယ်ဆိုတာကို သိသိလျက်နဲ့ လက်ထပ်ခဲ့ကြတာပါ။ Mario ဟာ ချက်ချင်းလမ်းမခွဲသေးဘဲ Ali Landry က သူဖောက်ပြန်ထားတာတွေကို သိအောင်စောင့်ပြီးမှ လမ်းခွဲစေခဲ့တာပါ။ ဒီလိုနဲ့ ကံဆိုးရှာတဲ့ မော်ဒယ်လ်မလေး Ali Landry ဟာ Mario ရဲ့ ဖောက်ပြန်မှုတွေကိုသိပြီး (၁၈)ရက်အကြာမှာ ကွာရှင်းခွင့်စာရွက်ပေါ်မှာ လက်မှတ်ထိုးခဲ့ရပါတယ်။

နံပါတ်(၅) Eddie Murphy နဲ့ Tracey Edmonds (၁၄ရက်)
Photo Credit: I Love Old School Music

နာမည်ကျော်မင်းသားကြီး Eddie နဲ့ Tracey တို့ဟာ ၂၀၀၈ခုနှစ်ရဲ့ နှစ်သစ်ကူးနေ့မှာ Bora Bora က private ကျွန်းတစ်ကျွန်းမှာ လက်ထပ်ခဲ့ကြပါတယ်။ သို့ပေမယ့် အသစ်စက်စက် ဇနီးမောင်နှံရဲ့ ပဋိပက္ခတွေဟာ ဟန်းနီးမွန်းခရီးစခင်မှာတင် အစပြုနေခဲ့ပါတယ်။ မင်္ဂလာပွဲကို တက်ရောက်လာတဲ့ ဧည့်သည်တွေရဲ့ ပြောပြချက်အရ Eddie ဟာ Tracey ကို လူကြားထဲမှာ အော်ဟစ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို အပြုအမူမျိုးတွေကို ပွဲအချို့မှာ လုပ်ခဲ့သေးတယ်လို့လည်း People မဂ္ဂဇင်းက ဖော်ပြထားပါသေးတယ်။ နှစ်ပတ်အကြာမှာတော့ လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းကို ကြေငြာလိုက်ကြပါတယ်။ ယူအက်စ်နိုင်ငံတွင်းမှာ တရားဝင်တောင် လက်မထပ်ရသေးဘဲ ကွဲသွားခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲဟာ အတော်လေး ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။

နံပါတ်(၄) Carmen Electra နဲ့ Dennis Rodman (၉ရက်)
Photo Credit: HuffPost

သူတို့နှစ်ယောက်ရဲ့ လမ်းခွဲမှုဟာ တစ်နှစ်ကြာတဲ့အထိ တရားဝင်စာချုပ်စာတမ်းတွေကိစ္စနဲ့ မပြီးစီးခဲ့သေးပေမယ့် လက်ထပ်ပြီး ကိုးရက်အကြာကစလို့ ကွာရှင်းခွင့် လျှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။ Rodman ဟာ မင်္ဂလာကတိသစ္စာဆိုချိန်မှာ မူးနေခဲ့လို့ပါဆိုတဲ့ အကြောင်းတရားနဲ့ ၁၉၉၈ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့မှာ ကွာရှင်းခွင့်စာရွက်ပေါ်မှာ လက်မှတ်ထိုးခဲ့တာပါ။

နံပါတ်(၃) Nicolas Cage နဲ့ Erika Koike (၄ရက်)
Photo Credit: Metro

အိမ်ထောင်ရေး ကံမကောင်းတဲ့ မင်းသားတွေထဲမှာ မင်းသားကြီး Nicolas Cage လည်း အပါအဝင်ပါ။ မင်းသားကြီးဟာ အိမ်ထောင်လေးဆက်တိတိ ပြုခဲ့ပြီး Erika နဲ့ အိမ်ထောင်မှာတော့ လက်ထပ်ပြီး လေးရက်အကြာမှာ ကွာရှင်းခွင့်ကို တရားရုံးမှာ လျှောက်တင်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ် မတ်လ (၂၃)ရက်နေ့မှာ Erika နဲ့ လက်ထပ်ခဲ့ပြီး မတ်လ (၂၇)ရက်နေ့ ရောက်တဲ့အခါမှာတော့ ကွာရှင်းဖို့ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၈ခုနှစ် ဧပြီလကတည်းက တွဲနေခဲ့ကြတာဖြစ်ပြီး People မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ထိမ်းမြားခွင့်လိုင်စင် လျှောက်ထားရာမှာ အချင်းများနေခဲ့ကြပုံရတယ်လို့ သိရပါတယ်။

နံပါတ်(၂) Britney Spears နဲ့ Jason Alexander (၅၅နာရီ)
Photo Credit: Rolling Stone

အဲ့ဒီ့ခေတ်ရဲ့ ပေါ့ပ်ဘုရင်မ Britney နဲ့ Jason တို့ရဲ့ အိမ်ထောင်ရေးကတော့ စံချိန်တင်ခဲ့ပါတယ်။ ၂၀၀၄ခုနှစ် နှစ်သစ်ကူးအချိန်မှာ Britney ဟာ လက်စ်ဗေးဂက်စ်မြို့ကို သွားပြီး သူမရဲ့ငယ်သူငယ်ချင်း Jason နဲ့ လက်ထပ်ခဲ့ပါတယ်။ နာရီတော်တော်ကြာပြီးတဲ့အခါမှာတော့ အပျော်လက်ထပ်တဲ့ အိမ်ထောင်ရေးကို တရားသူကြီးတွေက ပယ်ဖျက်ပေးခဲ့ရပါတယ်။ E! ကို ပြောတဲ့ အင်တာဗျူးတစ်ခုမှာတော့ “မိုက်မဲပြီး ထင်ရာစိုင်းခဲ့မိသလို ကျွန်မ လုပ်ခဲ့မိတာတွေအတွက် တာဝန်လည်း မယူခဲ့မိပါဘူး”လို့ Britney က ဖြေခဲ့ဖူးပါတယ်။

နံပါတ်(၁) Zsa Zsa Gabor နဲ့ Felipe de Alba (၁ရက်)
Photo Credit: Genius Beauty

BuzzFeed ရဲ့ ဖော်ပြချက်အရ မင်းသမီးကြီး Zsa Zsa Gabor နဲ့ မက်ဆီကန် ရှေ့နေတစ်ဖြစ်လဲ မင်းသားကြီး Felipe de Alba တို့ဟာ ၁၉၈၃ခုနှစ်မှာ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ သူများတွေလို အနာဂတ်ဘဝခရီးလမ်းတွေအကြောင်း မစဉ်းစားရသေးခင် တစ်ရက်အကြာမှာပဲ ပြီးဆုံးခဲ့ပါတယ်။ အကြောင်းကတော့ မင်းသမီးကြီး Gabor ဟာ သူမရဲ့ပထမခင်ပွန်း Michael O’Hara နဲ့ လက်ထပ်ထားတုန်းပဲဆိုတာ သူမဘာသာ သိသွားလို့ပါပဲ။ ဒီလိုနဲ့ စံချိန်တင် အတိုတောင်းဆုံး အိမ်ထောင်ရေးကြီးဟာ တစ်ရက်တိတိအကြာမှာ ပြီးဆုံးခဲ့ပါတယ်။ မင်းသမီးကြီးဟာ အိမ်ထောင်ကိုးဆက် ကျခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

ဒါတွေကတော့ ဟောလိဝုဒ်ရဲ့ အတိုတောင်းဆုံး အိမ်ထောင်ရေးကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဆယ်လီတွေရဲ့ ကံမကောင်းခဲ့တဲ့ အိမ်ထောင်ရေးတွေပဲ ဖြစ်ပါတယ်။ ဘယ်အိမ်ထောင်ရေးကို စာဖတ်သူတို့ကို အံ့အားသင့်စေလည်းဆိုတာ ဖြေပေးခဲ့ပါဦး။

Xei

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

Ref: insider

 

RELATED ARTICLES

Most Popular