HomeCharacterWhat If...? အပိုင်း(၁)ထဲက မွန်းစတားကြီးရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

What If…? အပိုင်း(၁)ထဲက မွန်းစတားကြီးရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

What If…? ဇာတ်လမ်းတွဲဟာ မကြာသေးခင်ကပဲ ပထမဆုံးတစ်ပိုင်း စတင်ထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ စုစုပေါင်း အပိုင်း(၉)ပိုင်း ပါဝင်လာမှာ ဖြစ်ပါတယ်။ မူလတုန်းကတော့ (၁၀)ပိုင်း ပါဝင်လာဖို့ စီစဉ်ထားပြီး ကိုဗစ်ကြောင့် နောက်ဆုံးအပိုင်းဟာ အချိန်မီ မပြီးစီးခဲ့ပါဘူး။ ဒါကြောင့်ပဲ အဲ့ဒီအပိုင်းကို Season 2 ကို ရွှေ့သွားလိုက်ပါတယ်။

အပိုင်း(၁)ကတော့ Steve Rogers အစား Peggy Carter က Super Soldier ဆေးရည်ကို ထိုးခဲ့တဲ့အကြောင်း ရိုက်ကူးထားပါတယ်။ ဒီအပိုင်းရဲ့ နောက်ဆုံးနားမှာတော့ မွန်းစတားကြီးတစ်ကောင် ပါဝင်ခဲ့ပြီး အဲ့ဒီမွန်းစတားဟာ Shuma-Gorath လို့ခေါ်တဲ့ ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။

Shuma-Gorath ရဲ့ ကောမစ် Origin
photo via screenrant

Shuma-Gorath ရဲ့ Origin ဟာ Marvel ကောမစ်ထဲမှာ မရှိဘဲ စာရေးဆရာ Robert Ervin Howard ရေးသားထားတဲ့ The Conan the Barbarian ဝတ္ထုကို အခြေခံပြီး Marvel က ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ Shuma-Gorath ဟာ Marvel Premiere #3 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပြီး သူဟာ လူသားတွေ မရှိခင်ကတည်းက ကမ္ဘာကိုအုပ်စိုးနေတဲ့ Elder God တွေထဲကတစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ဟာ လက်ရှိဒိုင်မေးရှင်းကနေ နယ်နှင်ဒဏ်ပေးခံခဲ့ရပြီး တခြားဒိုင်မေးရှင်းတစ်ခုမှာ ဂြိုဟ်တွေကို စားသုံးပြီး နေထိုင်နေပါတယ်။

Shuma-Gorath ဟာ Multiverse ထဲက စွမ်းအားအကြီးဆုံး သားရဲတစ်ကောင် ဖြစ်ပြီး Doctor Strange ရဲ့ ဗီလိန်လည်း ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာ မြင်တွေ့ခဲ့ရသလိုပဲ Shuma-Gorath နဲ့ Hydra ရဲ့ ခေါင်းဆောင်တွေကြားမှာ ပတ်သက်မှုတွေ ရှိခဲ့ပါတယ်။ Hydra ဟာ Shuma-Gorath ကို သူတို့ရဲ့ အကျိူးအတွက် အသုံးပြုဖို့ ကြိုးစားခဲ့ကြပါတယ်။ မကြာခင်တုန်းကပဲ Shuma-Gorath ဟာ Galactus ၊ Mephisto နဲ့ Thanos တို့လို ဗီလိန်တွေနဲ့ တန်းတူအဆင့်သတ်မှတ်ခံထားရပြီး အန္တရာယ်အများဆုံး ဗီလိန်ခြောက်ယောက်ထဲမှာ ပါဝင်နေတယ်လို့ Marvel ကောမစ်က အတည်ပြုထားပါတယ်။

စွမ်းအားများ
photo via screenrant

Elder God တွေဟာ နဂိုကတည်းက စွမ်းအားကြီးမားတဲ့ Entity တွေ ဖြစ်ကြပါတယ်။ သူတို့ထဲက တချို့ကတော့ သူတို့အချင်းချင်း ပြန်လည်စားသောက်လိုက်ရင် သူတို့ရဲ့ စွမ်းအားတွေက ပိုမိုကြီးမားလာတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့်ပဲ Elder God တွေအချင်းချင်း စစ်ဖြစ်ခဲ့ကြပြီး လက်ရှိဒိုင်မေးရှင်းကနေ နယ်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ Shuma-Gorath ဟာ WandaVision ထဲမှာ Wanda ရရှိသွားတဲ့ Darkhold စာအုပ်ကို ဖန်တီးခဲ့သူ Chthon ထက်တောင် စွမ်းအားကြီးမားပြီး Elder God တွေထဲမှာလည်း စွမ်းအားအကြီးဆုံးလို့ ဖော်ပြထားပါတယ်။

Darkhold စာအုပ်လိုပဲ Dark Magic တွေ ပါဝင်တဲ့ The Iron-Bond Books of Shuma-Gorath ဆိုတဲ့ စာအုပ်လည်း ရှိပါသေးတယ်။ တစ်ခါတုန်းကဆိုရင် Shuma-Gorath ဟာ Doctor Strange ကို သတ်ဖို့ ကြိုးစားရင်း ဂြိုဟ်ပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ Shuma-Gorath ရဲ့ ပြောစကားအရ သူ့ရဲ့လက်တံတွေဟာ အခွံသက်သက်ပဲ ဖြစ်ပြီး သူကိုယ်တိုင်က သူ့ရဲ့ပါဝါပဲ ဖြစ်ပါတယ်။ အဲ့ဒီလက်တံတွေဟာ သူ့စွမ်းအားရဲ့ ကိုင်းကွဲသာသာလောက်ပဲ ရှိပါတယ်။

ဒါကတော့ What If…? ဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)မှာ ပါဝင်လာတဲ့ Shuma-Gorath ရဲ့ စိတ်ဝင်စားစရာ origin အကြောင်းပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert***

What If…? ဇာတ္လမ္းတြဲဟာ မၾကာေသးခင္ကပဲ ပထမဆုံးတစ္ပိုင္း စတင္ထြက္ရွိလာပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ စုစုေပါင္း အပိုင္း(၉)ပိုင္း ပါဝင္လာမွာ ျဖစ္ပါတယ္။ မူလတုန္းကေတာ့ (၁၀)ပိုင္း ပါဝင္လာဖို႔ စီစဥ္ထားၿပီး ကိုဗစ္ေၾကာင့္ ေနာက္ဆုံးအပိုင္းဟာ အခ်ိန္မီ မၿပီးစီးခဲ့ပါဘူး။ ဒါေၾကာင့္ပဲ အဲ့ဒီအပိုင္းကို Season 2 ကို ေ႐ႊ႕သြားလိုက္ပါတယ္။

အပိုင္း(၁)ကေတာ့ Steve Rogers အစား Peggy Carter က Super Soldier ေဆးရည္ကို ထိုးခဲ့တဲ့အေၾကာင္း ႐ိုက္ကူးထားပါတယ္။ ဒီအပိုင္းရဲ႕ ေနာက္ဆုံးနားမွာေတာ့ မြန္းစတားႀကီးတစ္ေကာင္ ပါဝင္ခဲ့ၿပီး အဲ့ဒီမြန္းစတားဟာ Shuma-Gorath လို႔ေခၚတဲ့ ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။

Shuma-Gorath ရဲ႕ ေကာမစ္ Origin
photo via screenrant

Shuma-Gorath ရဲ႕ Origin ဟာ Marvel ေကာမစ္ထဲမွာ မရွိဘဲ စာေရးဆရာ Robert Ervin Howard ေရးသားထားတဲ့ The Conan the Barbarian ဝတၳဳကို အေျခခံၿပီး Marvel က ျပန္လည္ဖန္တီးထားတာ ျဖစ္ပါတယ္။ Shuma-Gorath ဟာ Marvel Premiere #3 ေကာမစ္ထဲမွာ စတင္ပါဝင္ခဲ့ၿပီး သူဟာ လူသားေတြ မရွိခင္ကတည္းက ကမာၻကိုအုပ္စိုးေနတဲ့ Elder God ေတြထဲကတစ္ေယာက္ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူတို႔ဟာ လက္ရွိဒိုင္ေမးရွင္းကေန နယ္ႏွင္ဒဏ္ေပးခံခဲ့ရၿပီး တျခားဒိုင္ေမးရွင္းတစ္ခုမွာ ၿဂိဳဟ္ေတြကို စားသုံးၿပီး ေနထိုင္ေနပါတယ္။

Shuma-Gorath ဟာ Multiverse ထဲက စြမ္းအားအႀကီးဆုံး သားရဲတစ္ေကာင္ ျဖစ္ၿပီး Doctor Strange ရဲ႕ ဗီလိန္လည္း ျဖစ္ပါတယ္။ ဒီအပိုင္းထဲမွာ ျမင္ေတြ႕ခဲ့ရသလိုပဲ Shuma-Gorath နဲ႔ Hydra ရဲ႕ ေခါင္းေဆာင္ေတြၾကားမွာ ပတ္သက္မႈေတြ ရွိခဲ့ပါတယ္။ Hydra ဟာ Shuma-Gorath ကို သူတို႔ရဲ႕ အက်ိဴးအတြက္ အသုံးျပဳဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ မၾကာခင္တုန္းကပဲ Shuma-Gorath ဟာ Galactus ၊ Mephisto နဲ႔ Thanos တို႔လို ဗီလိန္ေတြနဲ႔ တန္းတူအဆင့္သတ္မွတ္ခံထားရၿပီး အႏၲရာယ္အမ်ားဆုံး ဗီလိန္ေျခာက္ေယာက္ထဲမွာ ပါဝင္ေနတယ္လို႔ Marvel ေကာမစ္က အတည္ျပဳထားပါတယ္။

စြမ္းအားမ်ား
photo via screenrant

Elder God ေတြဟာ နဂိုကတည္းက စြမ္းအားႀကီးမားတဲ့ Entity ေတြ ျဖစ္ၾကပါတယ္။ သူတို႔ထဲက တခ်ိဳ႕ကေတာ့ သူတို႔အခ်င္းခ်င္း ျပန္လည္စားေသာက္လိုက္ရင္ သူတို႔ရဲ႕ စြမ္းအားေတြက ပိုမိုႀကီးမားလာတာကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ Elder God ေတြအခ်င္းခ်င္း စစ္ျဖစ္ခဲ့ၾကၿပီး လက္ရွိဒိုင္ေမးရွင္းကေန နယ္ႏွင္ဒဏ္ေပးခံလိုက္ရပါတယ္။ Shuma-Gorath ဟာ WandaVision ထဲမွာ Wanda ရရွိသြားတဲ့ Darkhold စာအုပ္ကို ဖန္တီးခဲ့သူ Chthon ထက္ေတာင္ စြမ္းအားႀကီးမားၿပီး Elder God ေတြထဲမွာလည္း စြမ္းအားအႀကီးဆုံးလို႔ ေဖာ္ျပထားပါတယ္။

Darkhold စာအုပ္လိုပဲ Dark Magic ေတြ ပါဝင္တဲ့ The Iron-Bond Books of Shuma-Gorath ဆိုတဲ့ စာအုပ္လည္း ရွိပါေသးတယ္။ တစ္ခါတုန္းကဆိုရင္ Shuma-Gorath ဟာ Doctor Strange ကို သတ္ဖို႔ ႀကိဳးစားရင္း ၿဂိဳဟ္ေပါင္းမ်ားစြာကို ဖ်က္ဆီးပစ္ခဲ့ပါတယ္။ Shuma-Gorath ရဲ႕ ေျပာစကားအရ သူ႔ရဲ႕လက္တံေတြဟာ အခြံသက္သက္ပဲ ျဖစ္ၿပီး သူကိုယ္တိုင္က သူ႔ရဲ႕ပါဝါပဲ ျဖစ္ပါတယ္။ အဲ့ဒီလက္တံေတြဟာ သူ႔စြမ္းအားရဲ႕ ကိုင္းကြဲသာသာေလာက္ပဲ ရွိပါတယ္။

ဒါကေတာ့ What If…? ဇာတ္လမ္းတြဲရဲ႕ အပိုင္း(၁)မွာ ပါဝင္လာတဲ့ Shuma-Gorath ရဲ႕ စိတ္ဝင္စားစရာ origin အေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္ရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular