HomeCelebs Update NewsInternationalSienna Miller အတွက် သရုပ်ဆောင်ကြေးအပြည့်ရဖို့ အိတ်စိုက်ပေးခဲ့တဲ့ Chadwick Boseman 

Sienna Miller အတွက် သရုပ်ဆောင်ကြေးအပြည့်ရဖို့ အိတ်စိုက်ပေးခဲ့တဲ့ Chadwick Boseman 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Chadwick Boseman ဟာ 21 Bridges ရုပ်ရှင်ရိုက်ကူးချိန်တုန်းက သရုပ်ဆောင်ဖက် Sienna Miller အတွက် အနုပညာကြေး အပြည့်ရရှိစေဖို့ ကြားထဲက အိတ်စိုက်ပေးခဲ့တယ်လို့ Sienna Miller က ပြောပြလာပါတယ်။

မင်းသမီး Sienna Miller ဟာ 21 Bridges ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ရုပ်ရှင်စတူဒီယိုကို သူမ လိုချင်တဲ့စျေး တောင်းခံခဲ့ရာ စတူဒီယိုဘက်က ငြင်းပယ်ခဲ့ပါတယ်။ ဒီမှာတင် Chadwick Boseman ဟာ သူ့ရဲ့အနုပညာကြေးကို လျှော့ယူပြီး Sienna Miller တောင်းခံတဲ့ ပမာဏအပြည့် ရရှိစေဖို့ ကြားထဲကနေ ဖြည့်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo: siennamillerofficially/ Instagram

မင်းသား Chadwick Boseman ကတော့ လေးနှစ်ကြာ တိတ်တဆိတ် တောင့်ခံလာခဲ့တဲ့ အူမကြီးကင်ဆာနဲ့ပဲ ပြီးခဲ့တဲ့လတုန်းက ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ Boseman ဟာ Marvel မှာ လက်တွဲခဲ့တဲ့ Russo Brothers နဲ့အတူတူ 21 Bridges မှာလည်း ထပ်မံပူးပေါင်းခဲ့ပြီး ထုတ်လုပ်သူတစ်ယောက်အဖြစ်ပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Sienna Miller ပါဝင်လာဖို့ ဒါရိုက်တာ Brian Kirk နဲ့ ချိတ်ဆက်ပေးရာမှာလည်း Boseman က အဓိကကျတဲ့ နေရာမှာ ပါဝင်ခဲ့တယ်လို့ Miller က ဆိုပါတယ်။

“ဒီကားက ဘတ်ဂျက်တော်တော်လေး ကုန်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ဟောလိဝုဒ်မှာ တစ်ယောက်နဲ့တစ်ယောက် အနုပညာကြေးမတူညီကြတာတော့ လူတိုင်းနားလည်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် ကျမတောင်းတဲ့ ဈေးကို စတူဒီယိုဘက်က သဘောမတူခဲ့ပါဘူး…” လို့ Miller က Empire Magazine နဲ့ အင်တာဗျူးမှာ ပြောပြလိုက်တာ ဖြစ်ပါတယ်။

Photo: chadwickboseman/ Instagram

“ကျွန်မ ဆက်လုပ်ဖို့တောင် ချီတုံချတုံ ဖြစ်သွားခဲ့တယ်။ သမီးကလည်း ကျောင်းစတက်နေတော့ တကယ့်ကို အဆင်မပြေခဲ့တဲ့ အချိန်ပါပဲ။ အဲ့ဒါနဲ့ ကျွန်မ တောင်းဆိုတဲ့ အနုပညာကြေး ရရင်တော့ လုပ်မယ်လို့ ပြောလိုက်တယ်။ အဲ့ဒီ့မှာ Chadwick Boseman က သူ့အနုပညာကြေးထဲက နုတ်ပြီး ကျွန်မတောင်းတဲ့ကြေး ပြည့်အောင်ဖြည့်ပေးခဲ့တယ်။ သူက ဒါ ကျွန်မ ရသင့်ရထိုက်တဲ့ စျေးပဲလို့လည်း ပြောခဲ့သေးတယ်…” လို့ Miller က ဆိုပါတယ်။

အသက်(၃၈)နှစ် ရှိပြီဖြစ်တဲ့ မင်းသမီး Miller ဟာ အစတုန်းကတော့ ဒီအကြောင်းကို ထုတ်ပြောသင့်၊ မပြောသင့် မသေချာခဲ့ပေမယ့် နောက်ဆုံးမှာ Boseman ဟာ ဘယ်လိုကောင်းမွန်တဲ့လူဆိုတာ သက်သေပြပေးချင်တာကြောင့် ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ “သူ့ဆီမှာ ဘာမှကြွားဝါ၊ ဟိတ်ဟန်ထုတ်တာတွေ မရှိခဲ့ဘူး။ ခင်ဗျား တောင်းဆိုတဲ့ အနုပညာကြေးဟာ ခင်ဗျားနဲ့ထိုက်တန်လို့ ရအောင်လုပ်ပေးမယ်ဆိုတာမျိုးပဲ ရှိခဲ့တယ် …”  လို့ Miller က Boseman ရဲ့ စိတ်သဘောကောင်းမွန်မှုကို ပြောပြခဲ့ပါတယ်။

Photo via IMDb

Boseman ဟာ ရုပ်ရှင်ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ ဆိုရင်လည်း တကယ်ကို တက်ကြွစွာ အလုပ်လုပ်တတ်သူလို့ ဆိုပါသေးတယ်။ မူလက ယောက်ျားဇာတ်ရုပ်အဖြစ် ရေးသားထားခဲ့တဲ့ စုံထောက် Frankie Burns ရဲ့နေရာမှာ သူမကိုသရုပ်ဆောင်ဖို့ ကမ်းလှမ်းရာမှာလည်း တကယ်ကို ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမ လုံးဝမလုပ်ချင်တော့ဘူးဆိုတဲ့ အချိန်မှာ ဒီဇာတ်ရုပ်ကို ရအောင်ကမ်းလှမ်းနိုင်ခဲ့သူ ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောပြသွားပါတယ်။

“သူက ကျွန်မရဲ့သရုပ်ဆောင်မှုကို အားပေးတဲ့ ပရိသတ်တစ်ယောက်ပါ။ ဘာလို့လည်းဆိုတော့ ကျွန်မဆီက လာတဲ့ အိုက်တင်တွေက သူ့ဆီကို ရောင်ပြန်ဟပ်စေတယ်လို့ ယူဆထားတဲ့သူတစ်ယောက်ပေါ့။ အဲ့တော့ သူ ကျွန်မကို ချဉ်းကပ်တယ်။ ဒီဇာတ်ရုပ်မှာ ပါဖို့ ကမ်းလှမ်းတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ကျွန်မ လုံးဝအလုပ်မလုပ်ချင်တော့တဲ့အချိန်။ ကျွန်မက ရှေ့မှာ ဆက်တိုက်အလုပ်တွေ လုပ်ခဲ့ပြီးပြီဆိုတော့ ပင်ပန်းနေပြီ။ ဒါပေမယ့် အဲ့ဒီ့နောက်မှာတော့ သူနဲ့အတူတူ အလုပ်လုပ်ရတာကို သဘောကျခဲ့တယ်…” လို့ Miller က ပြောပြထားပါတယ်။

Photo via IMDb

Sienna Miller ဟာ Chadwick Boseman ရဲ့ ကူညီပေးခဲ့မှုတွေအတွက် လူသိရှင်ကြား ထုတ်မပြောခဲ့ဖူးပေမယ့် သူမနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက လူတွေကိုတော့ ပြောပြဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ “ဟောလိဝုဒ်မှာ ယောက်ျားတစ်ယောက်က အခုလို လေးစားသမှုနဲ့ ရက်ရောပြီး ကူညီခဲ့တာအပြင် ယဉ်ကျေးပျူငှာစွာနဲ့ ဆက်ဆံတယ်ဆိုတာ တွေ့ရမြင်ရဖို့ ခက်ခဲပါတယ်။ ဒီကိစ္စ ပြီးသွားတော့ ကျွန်မနဲ့ရင်းနှီးတဲ့ အမျိုးသားသရုပ်ဆောင်တွေကို ဒီအကြောင်း ပြောပြဖြစ်တယ်။ သူတို့အကုန်လုံး သိပ်ကိုငြိမ်သက်သွားကြတာချည်းပဲ။ သေချာတယ်။ သူတို့ အိမ်ပြန်ရောက်ရင်လည်း ဒီအကြောင်းကို သေသေချာချာ ထိုင်တွေးကြရမှာပါပဲ… ” လို့ Boseman ရဲ့နောက်ဆုံး အမှတ်တရအကြောင်းတွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

C  21

Source: indian express

(Zawgyi Version)

မင္းသား Chadwick Boseman ဟာ 21 Bridges ႐ုပ္ရွင္႐ိုက္ကူးခ်ိန္တုန္းက သ႐ုပ္ေဆာင္ဖက္ Sienna Miller အတြက္ အႏုပညာေၾကး အျပည့္ရရွိေစဖို႔ ၾကားထဲက အိတ္စိုက္ေပးခဲ့တယ္လို႔ Sienna Miller က ေျပာျပလာပါတယ္။

မင္းသမီး Sienna Miller ဟာ 21 Bridges ႐ုပ္ရွင္မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ ႐ုပ္ရွင္စတူဒီယိုကို သူမ လိုခ်င္တဲ့ေစ်း ေတာင္းခံခဲ့ရာ စတူဒီယိုဘက္က ျငင္းပယ္ခဲ့ပါတယ္။ ဒီမွာတင္ Chadwick Boseman ဟာ သူ႔ရဲ႕အႏုပညာေၾကးကို ေလွ်ာ့ယူၿပီး Sienna Miller ေတာင္းခံတဲ့ ပမာဏအျပည့္ ရရွိေစဖို႔ ၾကားထဲကေန ျဖည့္ေပးခဲ့တယ္လို႔ သိရပါတယ္။

Photo: siennamillerofficially/ Instagram

မင္းသား Chadwick Boseman ကေတာ့ ေလးႏွစ္ၾကာ တိတ္တဆိတ္ ေတာင့္ခံလာခဲ့တဲ့ အူမႀကီးကင္ဆာနဲ႔ပဲ ၿပီးခဲ့တဲ့လတုန္းက ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ Boseman ဟာ Marvel မွာ လက္တြဲခဲ့တဲ့ Russo Brothers နဲ႔အတူတူ 21 Bridges မွာလည္း ထပ္မံပူးေပါင္းခဲ့ၿပီး ထုတ္လုပ္သူတစ္ေယာက္အျဖစ္ပါ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ Sienna Miller ပါဝင္လာဖို႔ ဒါ႐ိုက္တာ Brian Kirk နဲ႔ ခ်ိတ္ဆက္ေပးရာမွာလည္း Boseman က အဓိကက်တဲ့ ေနရာမွာ ပါဝင္ခဲ့တယ္လို႔ Miller က ဆိုပါတယ္။

“ဒီကားက ဘတ္ဂ်က္ေတာ္ေတာ္ေလး ကုန္ခဲ့တဲ့ ႐ုပ္ရွင္ပါပဲ။ ေဟာလိဝုဒ္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ အႏုပညာေၾကးမတူညီၾကတာေတာ့ လူတိုင္းနားလည္ၾကမယ္ထင္ပါတယ္။ ဒါေပမယ့္ က်မေတာင္းတဲ့ ေဈးကို စတူဒီယိုဘက္က သေဘာမတူခဲ့ပါဘူး…” လို႔ Miller က Empire Magazine နဲ႔ အင္တာဗ်ဴးမွာ ေျပာျပလိုက္တာ ျဖစ္ပါတယ္။

Photo: chadwickboseman/ Instagram

“ကြၽန္မ ဆက္လုပ္ဖို႔ေတာင္ ခ်ီတုံခ်တုံ ျဖစ္သြားခဲ့တယ္။ သမီးကလည္း ေက်ာင္းစတက္ေနေတာ့ တကယ့္ကို အဆင္မေျပခဲ့တဲ့ အခ်ိန္ပါပဲ။ အဲ့ဒါနဲ႔ ကြၽန္မ ေတာင္းဆိုတဲ့ အႏုပညာေၾကး ရရင္ေတာ့ လုပ္မယ္လို႔ ေျပာလိုက္တယ္။ အဲ့ဒီ့မွာ Chadwick Boseman က သူ႔အႏုပညာေၾကးထဲက ႏုတ္ၿပီး ကြၽန္မေတာင္းတဲ့ေၾကး ျပည့္ေအာင္ျဖည့္ေပးခဲ့တယ္။ သူက ဒါ ကြၽန္မ ရသင့္ရထိုက္တဲ့ ေစ်းပဲလို႔လည္း ေျပာခဲ့ေသးတယ္…” လို႔ Miller က ဆိုပါတယ္။

အသက္(၃၈)ႏွစ္ ရွိၿပီျဖစ္တဲ့ မင္းသမီး Miller ဟာ အစတုန္းကေတာ့ ဒီအေၾကာင္းကို ထုတ္ေျပာသင့္၊ မေျပာသင့္ မေသခ်ာခဲ့ေပမယ့္ ေနာက္ဆုံးမွာ Boseman ဟာ ဘယ္လိုေကာင္းမြန္တဲ့လူဆိုတာ သက္ေသျပေပးခ်င္တာေၾကာင့္ ထုတ္ေျပာဖို႔ ဆုံးျဖတ္လိုက္တာလို႔ သိရပါတယ္။ “သူ႔ဆီမွာ ဘာမွႂကြားဝါ၊ ဟိတ္ဟန္ထုတ္တာေတြ မရွိခဲ့ဘူး။ ခင္ဗ်ား ေတာင္းဆိုတဲ့ အႏုပညာေၾကးဟာ ခင္ဗ်ားနဲ႔ထိုက္တန္လို႔ ရေအာင္လုပ္ေပးမယ္ဆိုတာမ်ိဳးပဲ ရွိခဲ့တယ္ …”  လို႔ Miller က Boseman ရဲ႕ စိတ္သေဘာေကာင္းမြန္မႈကို ေျပာျပခဲ့ပါတယ္။

Photo via IMDb

Boseman ဟာ ႐ုပ္ရွင္ထုတ္လုပ္သူ တစ္ေယာက္အေနနဲ႔ ဆိုရင္လည္း တကယ္ကို တက္ႂကြစြာ အလုပ္လုပ္တတ္သူလို႔ ဆိုပါေသးတယ္။ မူလက ေယာက္်ားဇာတ္႐ုပ္အျဖစ္ ေရးသားထားခဲ့တဲ့ စုံေထာက္ Frankie Burns ရဲ႕ေနရာမွာ သူမကိုသ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းရာမွာလည္း တကယ္ကို ႀကိဳးစားခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ သူမ လုံးဝမလုပ္ခ်င္ေတာ့ဘူးဆိုတဲ့ အခ်ိန္မွာ ဒီဇာတ္႐ုပ္ကို ရေအာင္ကမ္းလွမ္းႏိုင္ခဲ့သူ ျဖစ္ေၾကာင္းလည္း ထုတ္ေဖာ္ေျပာျပသြားပါတယ္။

“သူက ကြၽန္မရဲ႕သ႐ုပ္ေဆာင္မႈကို အားေပးတဲ့ ပရိသတ္တစ္ေယာက္ပါ။ ဘာလို႔လည္းဆိုေတာ့ ကြၽန္မဆီက လာတဲ့ အိုက္တင္ေတြက သူ႔ဆီကို ေရာင္ျပန္ဟပ္ေစတယ္လို႔ ယူဆထားတဲ့သူတစ္ေယာက္ေပါ့။ အဲ့ေတာ့ သူ ကြၽန္မကို ခ်ဥ္းကပ္တယ္။ ဒီဇာတ္႐ုပ္မွာ ပါဖို႔ ကမ္းလွမ္းတယ္။ ျဖစ္ခ်င္ေတာ့ အဲ့ဒီ့အခ်ိန္က ကြၽန္မ လုံးဝအလုပ္မလုပ္ခ်င္ေတာ့တဲ့အခ်ိန္။ ကြၽန္မက ေရွ႕မွာ ဆက္တိုက္အလုပ္ေတြ လုပ္ခဲ့ၿပီးၿပီဆိုေတာ့ ပင္ပန္းေနၿပီ။ ဒါေပမယ့္ အဲ့ဒီ့ေနာက္မွာေတာ့ သူနဲ႔အတူတူ အလုပ္လုပ္ရတာကို သေဘာက်ခဲ့တယ္…” လို႔ Miller က ေျပာျပထားပါတယ္။

Photo via IMDb

Sienna Miller ဟာ Chadwick Boseman ရဲ႕ ကူညီေပးခဲ့မႈေတြအတြက္ လူသိရွင္ၾကား ထုတ္မေျပာခဲ့ဖူးေပမယ့္ သူမနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းက လူေတြကိုေတာ့ ေျပာျပျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ “ေဟာလိဝုဒ္မွာ ေယာက္်ားတစ္ေယာက္က အခုလို ေလးစားသမႈနဲ႔ ရက္ေရာၿပီး ကူညီခဲ့တာအျပင္ ယဥ္ေက်းပ်ဴငွာစြာနဲ႔ ဆက္ဆံတယ္ဆိုတာ ေတြ႕ရျမင္ရဖို႔ ခက္ခဲပါတယ္။ ဒီကိစၥ ၿပီးသြားေတာ့ ကြၽန္မနဲ႔ရင္းႏွီးတဲ့ အမ်ိဳးသားသ႐ုပ္ေဆာင္ေတြကို ဒီအေၾကာင္း ေျပာျပျဖစ္တယ္။ သူတို႔အကုန္လုံး သိပ္ကိုၿငိမ္သက္သြားၾကတာခ်ည္းပဲ။ ေသခ်ာတယ္။ သူတို႔ အိမ္ျပန္ေရာက္ရင္လည္း ဒီအေၾကာင္းကို ေသေသခ်ာခ်ာ ထိုင္ေတြးၾကရမွာပါပဲ… ” လို႔ Boseman ရဲ႕ေနာက္ဆုံး အမွတ္တရအေၾကာင္းေတြကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

C  21

Source: indian express

RELATED ARTICLES

Most Popular