HomeLifestyleပိုင္ဆိုင္ထားရၿပီဆိုရင္ ဘယ္ေတာ့မွ လက္မလႊတ္သင့္တဲ့ မိတ္ေဆြစစ္ေတြရဲ႕ ၀ိေသသ(၅)မ်ိဳး

ပိုင္ဆိုင္ထားရၿပီဆိုရင္ ဘယ္ေတာ့မွ လက္မလႊတ္သင့္တဲ့ မိတ္ေဆြစစ္ေတြရဲ႕ ၀ိေသသ(၅)မ်ိဳး

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေလာကႀကီးထဲမွာ ေရႊထက္ရွားတဲ့အရာဟာ မိတ္ေဆြစစ္၊မိတ္ေဆြမွန္လို႔ ေျပာလို႔ရပါတယ္။ လူတစ္ေယာက္မွာ အေပါင္းအသင္း မိတ္ေဆြ အေယာက္တစ္ရာ ရိွတယ္ဆိုရင္ တကယ့္မိတ္ေဆြအစစ္အမွန္ တစ္ေယာက္ပါဖို႔ မေသခ်ာပါဘူး။ တကယ္လို႔ သင့္ပတ္၀န္းက်င္က အေပါင္းအသင္း မိတ္ေဆြေတြထဲက ဒီအခ်က္ေတြနဲ႔ ညီေနတဲ့လူေတြ႕ၿပီဆိုရင္ေတာ့ တန္ဖိုးထားရမယ့္ မိတ္ေဆြစစ္လို႔ သတ္မွတ္ရမွာ ျဖစ္ပါတယ္။

(၁) သင္စိတ္ရူးေပါက္သမွ် လက္ခံေပးတယ္။

လူတစ္ေယာက္စီတိုင္းမွာ ရူးေၾကာင္ေၾကာင္ဆန္တဲ့ အမူအက်င့္ေလးေတြ ရိွတတ္ၾကပါတယ္။ လူၾကားထဲမွာ သီခ်င္းေအာ္ဆိုတတ္တာမ်ိဳး၊ ဒါမွမဟုတ္ ခုန္ေပါက္ကတတ္တာမ်ိဳးေတြလို အရူးထသမွ်ကို အျပစ္မျမင္ဘဲ အရိွအတိုင္း လက္ခံေပးတဲ့ သူငယ္ခ်င္းမ်ိဳးပါ။ တစ္ျခားလူေတြအတြက္ ေၾကာင္ေတာင္ေတာင္ႏိုင္တယ္ဆိုၿပီး အျပစ္ေျပာစရာ ျဖစ္ခ်င္ျဖစ္ႏိုင္ေပမယ့္ သူတို႔ရဲ႕ မ်က္စိထဲမွာေတာ့ သင့္ကို ဘယ္လိုမွ အျပစ္မျမင္တဲ့လူေတြ ျဖစ္ပါတယ္။

Photo by Sam Manns on Unsplash
(၂) ဘယ္ေလာက္အလုပ္ရႈပ္ရႈပ္ အခ်ိန္ေပးတယ္။

တကယ့္သူငယ္ခ်င္း အစစ္အမွန္ေတြဟာ တကယ္အခ်ိန္ေပးပါတယ္။ သင့္ကို သူတို႔ဘ၀ထဲက အေရးႀကီးအစိတ္အပိုင္းတစ္ခုအျဖစ္ လက္ခံထားတဲ့အတြက္ သင္လိုအပ္ၿပီဆို ဘာေတြပဲျဖစ္ေနေန၊ ဘယ္ေလာက္ပဲ အလုပ္ေတြမ်ားမ်ား သင့္ဆီ ေျပးလာတတ္ၾကပါတယ္။ တစ္ေနကုန္ ဖတ္ဖတ္ေမာေအာင္ ပင္ပန္းထားေစကာမူ၊ သင္နဲ႔ အတူတူမုန္႔လာစားေပးတာမ်ိဳး၊ Night out တူတူထြက္ေပးတာမ်ိဳးေတြ လုပ္ေပးတတ္ၾကပါတယ္။

(၃) အၿငိဳးအေတးမထားဘဲ အၿမဲခြင့္လႊတ္ေပးတတ္တယ္။

လူရယ္လို႔ျဖစ္လာရင္ ဘယ္သူမွ အမွားနဲ႔မကင္းၾကပါဘူး။ တစ္ခါတစ္ေလမွာ စိတ္ထဲက မရည္ရြယ္ေပမယ့္ တစ္ဖက္သားအေပၚမွာ နာက်င္ခံခက္ျဖစ္ေစမယ့္ အရာေတြ၊ စကားေတြကို လုပ္မိ၊ ေျပာမိတတ္ၾကပါတယ္။ ဒါေပမယ့္ တကယ့္မိတ္ေဆြစစ္၊မိတ္ေဆြမွန္ေတြဟာ အဲ့ဒါေတြကို ေဗြမယူတတ္ၾကပါဘူး။ သင္မွားေနတဲ့အခါ သူတို႔က ေဖ်ာင္းဖ်ေျပာဆိုၿပီး အမွန္ကို ေျပာျပတတ္ၾကပါေသးတယ္။ အၿမဲတမ္း အျပစ္ရွာတတ္တဲ့ သူငယ္ခ်င္းအတုေတြနဲ႔ေတာ့ ယွဥ္လို႔မရတာ အမွန္ပါပဲ။

Photo by Court Prather on Unsplash
(၄) အၿမဲတမ္း အဆက္အသြယ္လုပ္ေနတတ္တယ္။

မိတ္ေဆြသူငယ္ခ်င္းေတြဟာ အၿမဲထာ၀ရ အတူတူမရိွေနႏိုင္ၾကပါဘူး။ အလုပ္ကိစၥ၊ လူမႈေရးကိစၥနဲ႔ အေ၀းမွာ ေနၾကရတာမ်ိဳးေတြ ရိွတတ္ၾကပါတယ္။ ဒီအခါမွာ long distance friendship ဟာ long distance relationship လိုပဲ ရႈပ္ေထြးတတ္ပါတယ္။ သူငယ္ခ်င္းအစစ္အမွန္ေတြကေတာ့ အၿမဲတမ္း အဆက္အသြယ္မျပတ္ လုပ္တတ္ၾကၿပီး ေပါေတာေတာဓာတ္ပုံေတြပို႔တာ၊ ဗီြဒီယိုခ်က္တာ၊ ဖုန္းေခၚတာေတြနဲ႔ အခ်ိန္ေပးတတ္ၾကပါတယ္။

(၅) သင့္ရဲ႕ေရြးခ်ယ္မႈေတြကို လက္ခံေပးတယ္။

သူငယ္ခ်င္းအစစ္အမွန္တစ္ေယာက္ ပိုင္ဆိုင္ထားရတာနဲ႔ ပတ္သက္လို႔ အေကာင္းဆုံးအခ်က္တစ္ခုကေတာ့ ကိုယ္ေရြးခ်ယ္လိုက္သမွ် အရာတိုင္းကို နားလည္စာနာၿပီး လက္ခံေပးတာပါပဲ။ သင့္ရဲ႕ဘ၀ရည္မွန္းခ်က္၊ ပန္းတိုင္ကေနစၿပီး သမီးရည္းစားကိစၥအထိ သင္ေရြးခ်ယ္လိုက္တဲ့အရာတိုင္းကို ခ်ိဳသည္၊ခါးသည္ မေ၀ဖန္ဘဲ ေဘးကေနအၿမဲတမ္း ကူညီေထာက္ပ့ံေပးေနတတ္ၾကပါတယ္။

ဒီအခ်က္ေတြနဲ႔ ျပည္စုံတဲ့ မိတ္ေဆြသူငယ္ခ်င္းမ်ိဳးကို ပိုင္ဆိုင္ထားရၿပီးဆိုရင္ေတာ့ ဘယ္ေတာ့မွ လက္လႊတ္ဆုံးရႈံးမခံလိုက္ပါနဲ႔။ သင့္ဘ၀ထဲက သင့္ရဲ႕အစစ္မွန္ဆုံးေသာ၊ အခ်စ္ဆုံး သူငယ္ခ်င္းကိုလည္း သိသြားေအာင္ ေကာမန္႔မွာ မန္းရွင္းေခၚသြားလိုက္ၾကပါဦး။

Xei 

(Unicode Version)

လောကကြီးထဲမှာ ရွှေထက်ရှားတဲ့အရာဟာ မိတ်ဆွေစစ်၊မိတ်ဆွေမှန်လို့ ပြောလို့ရပါတယ်။ လူတစ်ယောက်မှာ အပေါင်းအသင်း မိတ်ဆွေ အယောက်တစ်ရာ ရှိတယ်ဆိုရင် တကယ့်မိတ်ဆွေအစစ်အမှန် တစ်ယောက်ပါဖို့ မသေချာပါဘူး။ တကယ်လို့ သင့်ပတ်ဝန်းကျင်က အပေါင်းအသင်း မိတ်ဆွေတွေထဲက ဒီအချက်တွေနဲ့ ညီနေတဲ့လူတွေ့ပြီဆိုရင်တော့ တန်ဖိုးထားရမယ့် မိတ်ဆွေစစ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

(၁) သင်စိတ်ရူးပေါက်သမျှ လက်ခံပေးတယ်။

လူတစ်ယောက်စီတိုင်းမှာ ရူးကြောင်ကြောင်ဆန်တဲ့ အမူအကျင့်လေးတွေ ရှိတတ်ကြပါတယ်။ လူကြားထဲမှာ သီချင်းအော်ဆိုတတ်တာမျိုး၊ ဒါမှမဟုတ် ခုန်ပေါက်ကတတ်တာမျိုးတွေလို အရူးထသမျှကို အပြစ်မမြင်ဘဲ အရှိအတိုင်း လက်ခံပေးတဲ့ သူငယ်ချင်းမျိုးပါ။ တစ်ခြားလူတွေအတွက် ကြောင်တောင်တောင်နိုင်တယ်ဆိုပြီး အပြစ်ပြောစရာ ဖြစ်ချင်ဖြစ်နိုင်ပေမယ့် သူတို့ရဲ့ မျက်စိထဲမှာတော့ သင့်ကို ဘယ်လိုမှ အပြစ်မမြင်တဲ့လူတွေ ဖြစ်ပါတယ်။

Photo by Sam Manns on Unsplash
(၂) ဘယ်လောက်အလုပ်ရှုပ်ရှုပ် အချိန်ပေးတယ်။

တကယ့်သူငယ်ချင်း အစစ်အမှန်တွေဟာ တကယ်အချိန်ပေးပါတယ်။ သင့်ကို သူတို့ဘဝထဲက အရေးကြီးအစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံထားတဲ့အတွက် သင်လိုအပ်ပြီဆို ဘာတွေပဲဖြစ်နေနေ၊ ဘယ်လောက်ပဲ အလုပ်တွေများများ သင့်ဆီ ပြေးလာတတ်ကြပါတယ်။ တစ်နေကုန် ဖတ်ဖတ်မောအောင် ပင်ပန်းထားစေကာမူ၊ သင်နဲ့ အတူတူမုန့်လာစားပေးတာမျိုး၊ Night out တူတူထွက်ပေးတာမျိုးတွေ လုပ်ပေးတတ်ကြပါတယ်။

(၃) အငြိုးအတေးမထားဘဲ အမြဲခွင့်လွှတ်ပေးတတ်တယ်။

လူရယ်လို့ဖြစ်လာရင် ဘယ်သူမှ အမှားနဲ့မကင်းကြပါဘူး။ တစ်ခါတစ်လေမှာ စိတ်ထဲက မရည်ရွယ်ပေမယ့် တစ်ဖက်သားအပေါ်မှာ နာကျင်ခံခက်ဖြစ်စေမယ့် အရာတွေ၊ စကားတွေကို လုပ်မိ၊ ပြောမိတတ်ကြပါတယ်။ ဒါပေမယ့် တကယ့်မိတ်ဆွေစစ်၊မိတ်ဆွေမှန်တွေဟာ အဲ့ဒါတွေကို ဗွေမယူတတ်ကြပါဘူး။ သင်မှားနေတဲ့အခါ သူတို့က ဖျောင်းဖျပြောဆိုပြီး အမှန်ကို ပြောပြတတ်ကြပါသေးတယ်။ အမြဲတမ်း အပြစ်ရှာတတ်တဲ့ သူငယ်ချင်းအတုတွေနဲ့တော့ ယှဉ်လို့မရတာ အမှန်ပါပဲ။

Photo by Court Prather on Unsplash
(၄) အမြဲတမ်း အဆက်အသွယ်လုပ်နေတတ်တယ်။

မိတ်ဆွေသူငယ်ချင်းတွေဟာ အမြဲထာဝရ အတူတူမရှိနေနိုင်ကြပါဘူး။ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စနဲ့ အဝေးမှာ နေကြရတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီအခါမှာ long distance friendship ဟာ long distance relationship လိုပဲ ရှုပ်ထွေးတတ်ပါတယ်။ သူငယ်ချင်းအစစ်အမှန်တွေကတော့ အမြဲတမ်း အဆက်အသွယ်မပြတ် လုပ်တတ်ကြပြီး ပေါတောတောဓာတ်ပုံတွေပို့တာ၊ ဗွီဒီယိုချက်တာ၊ ဖုန်းခေါ်တာတွေနဲ့ အချိန်ပေးတတ်ကြပါတယ်။

(၅) သင့်ရဲ့ရွေးချယ်မှုတွေကို လက်ခံပေးတယ်။

သူငယ်ချင်းအစစ်အမှန်တစ်ယောက် ပိုင်ဆိုင်ထားရတာနဲ့ ပတ်သက်လို့ အကောင်းဆုံးအချက်တစ်ခုကတော့ ကိုယ်ရွေးချယ်လိုက်သမျှ အရာတိုင်းကို နားလည်စာနာပြီး လက်ခံပေးတာပါပဲ။ သင့်ရဲ့ဘဝရည်မှန်းချက်၊ ပန်းတိုင်ကနေစပြီး သမီးရည်းစားကိစ္စအထိ သင်ရွေးချယ်လိုက်တဲ့အရာတိုင်းကို ချိုသည်၊ခါးသည် မဝေဖန်ဘဲ ဘေးကနေအမြဲတမ်း ကူညီထောက်ပံ့ပေးနေတတ်ကြပါတယ်။

ဒီအချက်တွေနဲ့ ပြည်စုံတဲ့ မိတ်ဆွေသူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားရပြီးဆိုရင်တော့ ဘယ်တော့မှ လက်လွှတ်ဆုံးရှုံးမခံလိုက်ပါနဲ့။ သင့်ဘဝထဲက သင့်ရဲ့အစစ်မှန်ဆုံးသော၊ အချစ်ဆုံး သူငယ်ချင်းကိုလည်း သိသွားအောင် ကောမန့်မှာ မန်းရှင်းခေါ်သွားလိုက်ကြပါဦး။

Xei 

RELATED ARTICLES

Most Popular