HomeCelebs Update NewsInternationalကမ္ဘာကျော်တစ်ယောက်ရဲ့သားဖြစ်ပေမယ့် သာမန်ဘဝနဲ့ နေထိုင်နေတဲ့ Prince Jackson

ကမ္ဘာကျော်တစ်ယောက်ရဲ့သားဖြစ်ပေမယ့် သာမန်ဘဝနဲ့ နေထိုင်နေတဲ့ Prince Jackson

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

Prince Michael Jackson ဆိုတာဟာ ကမာၻေက်ာ္အဆိုေတာ္ႀကီး Michael Jackson ရဲ႕ သားႀကီးၾသရသ ျဖစ္ပါတယ္။ အဆိုေတာ္ႀကီး Michael Jackson ဟာ ၂၀၀၉ ခုႏွစ္က ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး အခုဆိုရင္ လူ႕ေလာကႀကီးကို ေက်ာခိုင္းသြားခဲ့တာ ဆယ္ႏွစ္တိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ အသက္(၂၃)ႏွစ္အရြယ္ ရိွၿပီျဖစ္တဲ့ သားအႀကီးဆုံး Prince ကေတာ့ ဖခင္ခ်န္ထားခဲ့တဲ့ အေမြေတြ၊ စည္းစိမ္ဥစၥာေတြ တပုံတပင္နဲ႔ ေကာင္းေကာင္းႀကီး ဇိမ္ခံေနႏိုင္ေပမယ့္ သာမန္လူေတြလိုပဲ ဘ၀ကို ရိုးရိုးရွင္းရွင္းေလး ျဖတ္သန္းေနသူတစ္ေယာက္ပါ။

ဖခင္ျဖစ္သူ ခ်န္ရစ္ထားခဲ့တဲ့ ေဒၚလာသန္း(၃၀)ဆိုတဲ့ ေငြပုံႀကီးေပၚမွာ ထိုင္ေနရေပမယ့္ Prince ဟာ သူ႔ရဲ႕ၾကြယ္၀မႈေတြကို ဆိုရွယ္မီဒီယာေတြေပၚမွာ ၾကြား၀ါေလ့ မရိွပါဘူး။ ေဟာလိ၀ုဒ္က ကလပ္ေတြ၊ ဇိမ္ခံဟိုတယ္ေတြမွာလည္း သူ႔ကိုမေတြ႕ရသလို နာမည္ေက်ာ္ ဆယ္လီေတြနဲ႔ သူတို႔ရဲ႕ပိုးဖဲကတၱီပါ တရႊမ္းရႊမ္း ဂုဏ္ခ်င္းၿပိဳင္ၾကတဲ့ ေကာ္ေဇာနီေတြေပၚမွာလည္း သူ႔ကို ေတြ႕ရေလ့ မရိွပါဘူး။

Photo: princejackson/ Instagram

နာမည္အျပည့္အစုံကေတာ့ Michael Joseph “Prince” Jackson, Jr ျဖစ္ၿပီး အမ်ားအားျဖင့္ သူ႔ရဲ႕ေရွ႕ဆုံးနာမည္ Michael ၊ တစ္ခါတစ္ေလမွာ Mike ဆိုတဲ့ နာမည္ကိုသာ သုံးေလ့ရိွပါသတဲ့။ အေဖ့နာမည္ကိုေတာ့ ေတာ္ရုံသုံးေလ့ မရိွဘူးလို႔ ဆိုပါတယ္။ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရဲ႕ အေနာက္ဘက္ျခမ္းမွာ သာမန္ဘ၀ေလးနဲ႔သာ ရိုးရိုးကုပ္ကုပ္ ေနထိုင္ေနသူလည္း ျဖစ္ပါတယ္။

“တကယ္လို႔ သူ႔ကို မသိတဲ့လူတစ္ေယာက္ကသာ ၾကည့္မယ္ဆိုရင္ Prince ရဲ႕ပုံစံဟာ ဘယ္လိုမွ မီလ်ံနဲ႔ခ်ီၿပီး ခ်မ္းသာတဲ့၊ ကမာၻေက်ာ္ အဆိုေတာ္ႀကီးတစ္ေယာက္ရဲ႕သားမွန္း မသိႏိုင္ေလာက္ေအာင္ပါပဲ။ ေစ်းႀကီးတဲ့ Brand ေတြ မဆင္ျမန္းတတ္သလို ပိုက္ဆံေတြကို လူျမင္ေအာင္ သုံးျဖဳန္းျပေနတတ္သူလည္း မဟုတ္ပါဘူး”လို႔ သူတို႔ရဲ႕အနီးကပ္အတြင္းလူတစ္ေယာက္က hollywood life သတင္းဌာနကို ေျပာျပထားပါတယ္။

Photo: princejackson/ Instagram

သို႔ေပေသာ္လည္း သူႀကိဳက္တဲ့အရာႏွစ္ခုေတာ့ ရိွပါသတဲ့။ အဲ့ဒါေတြကေတာ့ Harley Davidson ဆိုင္ကယ္နဲ႔ ေခြးေတြပါပဲ။ Prince ဟာ Harley ဆိုင္ကယ္ေတြကို ရူးသြပ္သူျဖစ္လို႔ ဆိုင္ကယ္အခ်ိဳ႕ကို ၀ယ္ယူစုေဆာင္းထားပါတယ္။ ရာသီဥတုေကာင္းတဲ့ေန႔ဆိုရင္ သူ႔ဆိုင္ကယ္ႀကီးေတြ ထုတ္ၿပီး လမ္းမေတြေပၚမွာ ေလွ်ာက္စီးရတာကို ႏွစ္သက္သူတစ္ေယာက္ပါ။ အဲ့ဒါၿပီးရင္ေတာ့ ေခြးေလးေတြကို ခ်စ္တတ္သူျဖစ္လို႔ သူတို႔နဲ႔ပဲ အခ်ိန္ကုန္ေလ့ရိွတယ္လို႔ သိရပါတယ္။

Prince Jackson နဲ႔ ညီမျဖစ္သူ Paris Jackson
Photo: princejackson/ Instagram

Prince ဟာ မီဒီယာေတြနဲ႔ ပတ္သက္ရင္ေတာ့ အေတာ္ေလး ေရြးခ်ယ္ၿပီးမွ အင္တာဗ်ဴးေတြကို လက္ခံေလ့ ရိွပါတယ္။ သူ႔ကို အသုံးခ်ၿပီး လုပ္စားသြားမယ့္ မီဒီယာေတြကို စိုးရြံ႕သူျဖစ္လို႔ သူငယ္ခ်င္းအေပါင္းအသင္း၊ ရည္းစားစတဲ့ သူ႔ရဲ႕ကိုယ္ေရးကိုယ္တာ လူမႈဘ၀ေတြကိုလည္း သိုသိုသိပ္သိပ္ပဲ ထားေလ့ရိွပါတယ္။ အေပါင္းအသင္းဆိုရင္လည္း အရင္းႏွီးဆုံး မိတ္ေဆြေတြနဲ႔ပဲ ေနေလ့ရိွပါသတဲ့။ သူ႔ေအာက္က အသက္(၂၂)ႏွစ္အရြယ္ ညီမေလး Paris Jackson ၊ အသက္(၁၈)ႏွစ္အရြယ္ ညီေလး Blanket Jackson တို႔နဲ႔လည္း လက္ပြန္းတတီး ေနထိုင္တဲ့အျပင္ က်န္တဲ့တစ္၀မ္းကြဲ ညီအစ္ကိုေမာင္ႏွမေတြနဲ႔ သိုက္သိုက္၀န္း၀န္း ေပ်ာ္ေနသူတစ္ေယာက္ ျဖစ္ပါတယ္ဆိုတာ တင္ျပရင္း ….။

Glasow 
(Unicode Version)

Prince Michael Jackson ဆိုတာဟာ ကမ္ဘာကျော်အဆိုတော်ကြီး Michael Jackson ရဲ့ သားကြီးသြရသ ဖြစ်ပါတယ်။ အဆိုတော်ကြီး Michael Jackson ဟာ ၂၀၀၉ ခုနှစ်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အခုဆိုရင် လူ့လောကကြီးကို ကျောခိုင်းသွားခဲ့တာ ဆယ်နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ သားအကြီးဆုံး Prince ကတော့ ဖခင်ချန်ထားခဲ့တဲ့ အမွေတွေ၊ စည်းစိမ်ဥစ္စာတွေ တပုံတပင်နဲ့ ကောင်းကောင်းကြီး ဇိမ်ခံနေနိုင်ပေမယ့် သာမန်လူတွေလိုပဲ ဘဝကို ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းနေသူတစ်ယောက်ပါ။

ဖခင်ဖြစ်သူ ချန်ရစ်ထားခဲ့တဲ့ ဒေါ်လာသန်း(၃၀)ဆိုတဲ့ ငွေပုံကြီးပေါ်မှာ ထိုင်နေရပေမယ့် Prince ဟာ သူ့ရဲ့ကြွယ်ဝမှုတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ကြွားဝါလေ့ မရှိပါဘူး။ ဟောလိဝုဒ်က ကလပ်တွေ၊ ဇိမ်ခံဟိုတယ်တွေမှာလည်း သူ့ကိုမတွေ့ရသလို နာမည်ကျော် ဆယ်လီတွေနဲ့ သူတို့ရဲ့ပိုးဖဲကတ္တီပါ တရွှမ်းရွှမ်း ဂုဏ်ချင်းပြိုင်ကြတဲ့ ကော်ဇောနီတွေပေါ်မှာလည်း သူ့ကို တွေ့ရလေ့ မရှိပါဘူး။

Photo: princejackson/ Instagram

နာမည်အပြည့်အစုံကတော့ Michael Joseph “Prince” Jackson, Jr ဖြစ်ပြီး အများအားဖြင့် သူ့ရဲ့ရှေ့ဆုံးနာမည် Michael ၊ တစ်ခါတစ်လေမှာ Mike ဆိုတဲ့ နာမည်ကိုသာ သုံးလေ့ရှိပါသတဲ့။ အဖေ့နာမည်ကိုတော့ တော်ရုံသုံးလေ့ မရှိဘူးလို့ ဆိုပါတယ်။ လော့စ်အိန်ဂျလိစ်မြို့ရဲ့ အနောက်ဘက်ခြမ်းမှာ သာမန်ဘဝလေးနဲ့သာ ရိုးရိုးကုပ်ကုပ် နေထိုင်နေသူလည်း ဖြစ်ပါတယ်။

“တကယ်လို့ သူ့ကို မသိတဲ့လူတစ်ယောက်ကသာ ကြည့်မယ်ဆိုရင် Prince ရဲ့ပုံစံဟာ ဘယ်လိုမှ မီလျံနဲ့ချီပြီး ချမ်းသာတဲ့၊ ကမ္ဘာကျော် အဆိုတော်ကြီးတစ်ယောက်ရဲ့သားမှန်း မသိနိုင်လောက်အောင်ပါပဲ။ ဈေးကြီးတဲ့ Brand တွေ မဆင်မြန်းတတ်သလို ပိုက်ဆံတွေကို လူမြင်အောင် သုံးဖြုန်းပြနေတတ်သူလည်း မဟုတ်ပါဘူး”လို့ သူတို့ရဲ့အနီးကပ်အတွင်းလူတစ်ယောက်က hollywood life သတင်းဌာနကို ပြောပြထားပါတယ်။

Photo: princejackson/ Instagram

သို့ပေသော်လည်း သူကြိုက်တဲ့အရာနှစ်ခုတော့ ရှိပါသတဲ့။ အဲ့ဒါတွေကတော့ Harley Davidson ဆိုင်ကယ်နဲ့ ခွေးတွေပါပဲ။ Prince ဟာ Harley ဆိုင်ကယ်တွေကို ရူးသွပ်သူဖြစ်လို့ ဆိုင်ကယ်အချို့ကို ဝယ်ယူစုဆောင်းထားပါတယ်။ ရာသီဥတုကောင်းတဲ့နေ့ဆိုရင် သူ့ဆိုင်ကယ်ကြီးတွေ ထုတ်ပြီး လမ်းမတွေပေါ်မှာ လျှောက်စီးရတာကို နှစ်သက်သူတစ်ယောက်ပါ။ အဲ့ဒါပြီးရင်တော့ ခွေးလေးတွေကို ချစ်တတ်သူဖြစ်လို့ သူတို့နဲ့ပဲ အချိန်ကုန်လေ့ရှိတယ်လို့ သိရပါတယ်။

Prince Jackson နဲ့ ညီမဖြစ်သူ Paris Jackson
Photo: princejackson/ Instagram

Prince ဟာ မီဒီယာတွေနဲ့ ပတ်သက်ရင်တော့ အတော်လေး ရွေးချယ်ပြီးမှ အင်တာဗျူးတွေကို လက်ခံလေ့ ရှိပါတယ်။ သူ့ကို အသုံးချပြီး လုပ်စားသွားမယ့် မီဒီယာတွေကို စိုးရွံ့သူဖြစ်လို့ သူငယ်ချင်းအပေါင်းအသင်း၊ ရည်းစားစတဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာ လူမှုဘဝတွေကိုလည်း သိုသိုသိပ်သိပ်ပဲ ထားလေ့ရှိပါတယ်။ အပေါင်းအသင်းဆိုရင်လည်း အရင်းနှီးဆုံး မိတ်ဆွေတွေနဲ့ပဲ နေလေ့ရှိပါသတဲ့။ သူ့အောက်က အသက်(၂၂)နှစ်အရွယ် ညီမလေး Paris Jackson ၊ အသက်(၁၈)နှစ်အရွယ် ညီလေး Blanket Jackson တို့နဲ့လည်း လက်ပွန်းတတီး နေထိုင်တဲ့အပြင် ကျန်တဲ့တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်နေသူတစ်ယောက် ဖြစ်ပါတယ်ဆိုတာ တင်ပြရင်း ….။

Glasgow

 

RELATED ARTICLES

Most Popular