HomeCelebs Update Newsစူပါဟီးရိုးဝတ်စုံကို ပထမဆုံးအကြိမ် ဝတ်တုန်းက ငိုမိမလိုတောင် ဖြစ်ခဲ့တဲ့ Simu Liu

စူပါဟီးရိုးဝတ်စုံကို ပထမဆုံးအကြိမ် ဝတ်တုန်းက ငိုမိမလိုတောင် ဖြစ်ခဲ့တဲ့ Simu Liu

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Shang-Chi and the Legend of Ten Rings ထဲမှာ သရုပ်ဆောင်သွားမယ့် Simu Liu ဟာ သူ့ရဲ့စူပါဟီးရိုး ဝတ်စုံကို ပထမဆုံးအကြိမ် ဝတ်ခဲ့တဲ့အချိန်တုန်းက ငိုမိမလိုတောင် ဖြစ်ခဲ့ပါတယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Comic-Con ပွဲမှာ Marvel ရဲ့ အကြီးအကဲဖြစ်သူ Kevin Feige ကိုယ်တိုင်က Shang-Chi ဆိုလိုရုပ်ရှင် ထွက်လာမယ်ဆိုပြီး အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် Shang-Chi နေရာမှာတော့ Simu Liu က သရုပ်ဆောင်သွားမယ် ဆိုတာကိုပါ တစ်ခါတည်း အတည်ပြုခဲ့ပါတယ်။

photo via screenrant

Marvel ဟာ အခုချိန်ထိ Shang-Chi ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အများစုကို မကြေညာသေးပါဘူး။ ဒီရုပ်ရှင်ရဲ့ ရိုက်ကူးရေးကတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာ ကတည်းက ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေကိုလည်း မတွေ့ရသေးတာကြောင့် Simu Liu ဟာ Shang-Chi အနေနဲ့ဆို ဘယ်လိုပုံစံဖြစ်နေမလည်း ဆိုတာကို မသိရသေးပါဘူး။

Toronto Life သတင်းဌာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Simu Liu ကို MCU ထဲမှာ Shang-Chi အနေနဲ့ သရုပ်ဆောင်ရတာ ဘယ်လိုနေလည်း ဆိုပြီး မေးခဲ့ပါတယ်။ ဒါ့အပြင် ရိုက်ကူးရေးမှာလည်း အမှတ်တရ အဖြစ်ဆုံး ဖြစ်ရပ်ကိုလည်း မေးခဲ့ပါသေးတယ်။ အဲ့ဒီအချိန်မှာတော့ Simu Liu ဟာ Shang-Chi စူပါဟီးရိုးဝတ်စုံကို ဝတ်ဆင်ခဲ့တဲ့အချိန် ဆိုပြီး ပြန်လည်ဖြေခဲ့ပါတယ်။ အဲ့ဒီဝတ်စုံနဲ့ ဆိုရင် ဘယ်လိုပုံစံ ဖြစ်နေလည်း ဆိုတာကိုတော့ မပြောပြခဲ့ဘဲ အဲ့ဒီဝတ်စုံကြောင့် သူဟာ ငိုမိမလိုတောင် ဖြစ်သွားခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

photo via screenrant

Simu Liu ပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ ” Marvel ဟာ အရင်တုန်းက အာရှအဓိကဇာတ်ကောင် မရှိခဲ့ဖူးပါဘူး။ ဒါကြောင့်ပဲ ဒီအဖြစ်အပျက်ဟာ ရှားပါးပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အဖြစ်အပျက်ပါ။ သရုပ်ဆောင်အနေနဲ့ ကျွန်တော်အတွက်ရော ကျွန်တော့်လိုမျိူး အာရှသားတွေအတွက်ရောပေါ့။ Shang-Chi ရဲ့ စူပါဟီးရိုးဝတ်စုံကို ပထမဆုံး ဝတ်ခဲ့တဲ့အချိန်တုန်းက ငိုမိလုနီးပါးတောင် ဖြစ်ခဲ့ပါတယ်။ နောက်ထပ်ငါးရက်လောက် ကြာတဲ့အချိန်မှာတော့ ဒါကြီးကို မုန်းလိုက်တာ။ ဒီဝတ်စုံမှာ ဘာလို့ဇစ်တွေ အဲ့လောက်တောင် ပါနေတာလည်း ဆိုပြီး ဖြစ်သွားခဲ့ပါတယ် ” လို့ ပြောပြခဲ့ပါတယ်။

MCU ထဲမှာတော့ ပထမဆုံး လူမည်းစူပါဟီးရိုး ဆိုလိုရုပ်ရှင် ထွက်လာဖို့ ဆယ်နှစ်လောက် စောင့်ခဲ့ရပြီး ပထမဆုံး အမျိူးသမီး စူပါဟီးရိုး ဆိုလိုရုပ်ရှင် ထွက်လာဖို့ (၁၁) နှစ်လောက် စောင့်ခဲ့ရပါတယ်။ အခုချိန်မှာတော့ Shang-Chi and the Ten Rings ဟာလည်း ပထမဆုံး အာရှစူပါဟီးရိုး ဆိုလိုရုပ်ရှင်အနေနဲ့ မှတ်တမ်းတင်သွားမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Shang-Chi and the Legend of Ten Rings ထဲမွာ သ႐ုပ္ေဆာင္သြားမယ့္ Simu Liu ဟာ သူ႔ရဲ႕စူပါဟီး႐ိုး ဝတ္စုံကို ပထမဆုံးအႀကိမ္ ဝတ္ခဲ့တဲ့အခ်ိန္တုန္းက ငိုမိမလိုေတာင္ ျဖစ္ခဲ့ပါတယ္လို႔ သိရပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ Comic-Con ပြဲမွာ Marvel ရဲ႕ အႀကီးအကဲျဖစ္သူ Kevin Feige ကိုယ္တိုင္က Shang-Chi ဆိုလို႐ုပ္ရွင္ ထြက္လာမယ္ဆိုၿပီး အတည္ျပဳခဲ့ပါတယ္။ ဒါ့အျပင္ Shang-Chi ေနရာမွာေတာ့ Simu Liu က သ႐ုပ္ေဆာင္သြားမယ္ ဆိုတာကိုပါ တစ္ခါတည္း အတည္ျပဳခဲ့ပါတယ္။

photo via screenrant

Marvel ဟာ အခုခ်ိန္ထိ Shang-Chi ႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ အမ်ားစုကို မေၾကညာေသးပါဘူး။ ဒီ႐ုပ္ရွင္ရဲ႕ ႐ိုက္ကူးေရးကေတာ့ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာ ကတည္းက ၿပီးဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႐ိုက္ကြင္းေပၚက ဓာတ္ပုံေတြကိုလည္း မေတြ႕ရေသးတာေၾကာင့္ Simu Liu ဟာ Shang-Chi အေနနဲ႔ဆို ဘယ္လိုပုံစံျဖစ္ေနမလည္း ဆိုတာကို မသိရေသးပါဘူး။

Toronto Life သတင္းဌာနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ Simu Liu ကို MCU ထဲမွာ Shang-Chi အေနနဲ႔ သ႐ုပ္ေဆာင္ရတာ ဘယ္လိုေနလည္း ဆိုၿပီး ေမးခဲ့ပါတယ္။ ဒါ့အျပင္ ႐ိုက္ကူးေရးမွာလည္း အမွတ္တရ အျဖစ္ဆုံး ျဖစ္ရပ္ကိုလည္း ေမးခဲ့ပါေသးတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Simu Liu ဟာ Shang-Chi စူပါဟီး႐ိုးဝတ္စုံကို ဝတ္ဆင္ခဲ့တဲ့အခ်ိန္ ဆိုၿပီး ျပန္လည္ေျဖခဲ့ပါတယ္။ အဲ့ဒီဝတ္စုံနဲ႔ ဆိုရင္ ဘယ္လိုပုံစံ ျဖစ္ေနလည္း ဆိုတာကိုေတာ့ မေျပာျပခဲ့ဘဲ အဲ့ဒီဝတ္စုံေၾကာင့္ သူဟာ ငိုမိမလိုေတာင္ ျဖစ္သြားခဲ့ပါတယ္လို႔ ေျပာခဲ့ပါတယ္။

photo via screenrant

Simu Liu ေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ ” Marvel ဟာ အရင္တုန္းက အာရွအဓိကဇာတ္ေကာင္ မရွိခဲ့ဖူးပါဘူး။ ဒါေၾကာင့္ပဲ ဒီအျဖစ္အပ်က္ဟာ ရွားပါးၿပီး စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ အျဖစ္အပ်က္ပါ။ သ႐ုပ္ေဆာင္အေနနဲ႔ ကြၽန္ေတာ္အတြက္ေရာ ကြၽန္ေတာ့္လိုမ်ိဴး အာရွသားေတြအတြက္ေရာေပါ့။ Shang-Chi ရဲ႕ စူပါဟီး႐ိုးဝတ္စုံကို ပထမဆုံး ဝတ္ခဲ့တဲ့အခ်ိန္တုန္းက ငိုမိလုနီးပါးေတာင္ ျဖစ္ခဲ့ပါတယ္။ ေနာက္ထပ္ငါးရက္ေလာက္ ၾကာတဲ့အခ်ိန္မွာေတာ့ ဒါႀကီးကို မုန္းလိုက္တာ။ ဒီဝတ္စုံမွာ ဘာလို႔ဇစ္ေတြ အဲ့ေလာက္ေတာင္ ပါေနတာလည္း ဆိုၿပီး ျဖစ္သြားခဲ့ပါတယ္ ” လို႔ ေျပာျပခဲ့ပါတယ္။

MCU ထဲမွာေတာ့ ပထမဆုံး လူမည္းစူပါဟီး႐ိုး ဆိုလို႐ုပ္ရွင္ ထြက္လာဖို႔ ဆယ္ႏွစ္ေလာက္ ေစာင့္ခဲ့ရၿပီး ပထမဆုံး အမ်ိဴးသမီး စူပါဟီး႐ိုး ဆိုလို႐ုပ္ရွင္ ထြက္လာဖို႔ (၁၁) ႏွစ္ေလာက္ ေစာင့္ခဲ့ရပါတယ္။ အခုခ်ိန္မွာေတာ့ Shang-Chi and the Ten Rings ဟာလည္း ပထမဆုံး အာရွစူပါဟီး႐ိုး ဆိုလို႐ုပ္ရွင္အေနနဲ႔ မွတ္တမ္းတင္သြားမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular