HomeEntertainmentFilmSky Castle စီးရီးကို NBC ရုပ္သံလိုင္းမွ အေမရိကန္ဗားရွင္းနဲ႔ ျပန္လည္ရိုက္ကူးထုတ္လႊင့္မည္

Sky Castle စီးရီးကို NBC ရုပ္သံလိုင္းမွ အေမရိကန္ဗားရွင္းနဲ႔ ျပန္လည္ရိုက္ကူးထုတ္လႊင့္မည္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္အတြင္းမွာ ကိုရီးယားဒရာမာေတြၾကားထဲက ဟိုးေလးတေက်ာ္နဲ႔ ေအာင္ျမင္ခဲ့တဲ့ ဒရာမာစီးရီးတစ္ခု ရိွခဲ့ပါတယ္။ အဲ့ဒါကေတာ့ Sky Castle လို႔ အမည္ရတဲ့ စီးရီးျဖစ္ၿပီး ကိုရီးယားႏိုင္ငံရဲ႕ ပညာေရးအေပၚ ထားရိွတဲ့အျမင္နဲ႔ လူကုံထံမိဘေတြၾကားက ကေလးေတြရဲ႕ ပညာေရးကို ဖိအားေပးမႈေတြအေၾကာင္း ျမင္သာထင္သာျဖစ္ေအာင္ ရိုက္ကူးပုံေဖာ္ထားတာကိုလည္း ၾကည့္ၿပီးသူတိုင္း သိၾကမွာပါ။ ၂၀၁၈ခုႏွစ္ရဲ႕ ၾကည့္ရႈသူအမ်ားဆုံးျဖစ္ခဲ့တဲ့ ဒီစီးရီးကို NBC ရုပ္သံလိုင္းကေန အေမရိကန္ remake အျဖစ္ ျပန္လည္ရိုက္ကူး ထုတ္လႊင့္သြားမယ္လို႔ သိရပါတယ္။

အေမရိကန္စီးရီးအျဖစ္ ျပန္လည္အသက္သြင္း ရိုက္ကူးသြားမယ့္ အစီအစဥ္မွာ ဇာတ္လမ္းဖန္တီးမႈအပိုင္းကိုေတာ့ Warner Brothers Studio က တစ္စိတ္တစ္ပိုင္း ပါ၀င္သြားမယ္လို႔ သိရပါတယ္။ ဇာတ္လမ္းတြဲရဲ႕ နာမည္ကိုေတာ့ TriBeCa လို႔ ေပးထားၿပီး နယူးေယာ့ခ္ၿမိဳ႕အနီး မန္ဟက္တန္ပတ္၀န္းက်င္မွာရိွတဲ့ TriBeCa ဆိုတဲ့ေနရာေလးမွာ ဇာတ္လမ္းကို အေျခတည္သြားမွာ ျဖစ္ပါတယ္။

Photo: kdrama factor

ဒီဇာတ္လမ္းတြဲရဲ႕ ေနာက္ကြယ္က ဖန္တီးသူေတြအျဖစ္ တာ၀န္ယူသြားမယ့္ ထုတ္လုပ္သူေတြကေတာ့ Greg Berlanti ၊ Robert Rovner နဲ႔ Jessica Queller တို႔ျဖစ္ပါတယ္။ သူတို႔သုံးေယာက္ဟာ နာမည္ေက်ာ္ဇာတ္လမ္းတြဲေတြျဖစ္တဲ့ Supergirl ၊ Gossip Girl စတဲ့ ဇာတ္လမ္းတဲြေတြရဲ႕ ေနာက္ကြယ္က ဖန္တီးသူေတြလည္း ျဖစ္ပါတယ္။

အခုအသစ္ဖန္တီးရိုက္ကူးသြားမယ့္ remake စီးရီးမွာေတာ့ Sky Castle ထဲက အဓိက ဇာတ္ေက်ာရိုးကို အေျခခံသြားမွာျဖစ္ၿပီး မၾကာေသးခင္က အေမရိကန္ရဲ႕ ထိပ္တန္းေကာလိပ္ေတြကို ၀င္ခြင့္ရဖို႔ မိဘေတြက လာဘ္ထိုးခဲ့ၾကတယ္ဆိုတဲ့ ေကာလာဟလေတြကိုလည္း ထည့္သြင္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Photo: the korea times

ဇာတ္ေကာင္စရိုက္ေတြကိုေတာ့ လူမႈေရးနဲ႔ ဆက္ႏြယ္တဲ့ဘက္ကို ပိုအေလးေပးသြားမွာျဖစ္ၿပီး အဆင့္ျမင့္ လူကုံထံအသိုင္းအ၀ိုင္းထဲမွာ ေနထိုင္ႀကီးျပင္းရတဲ့ လူေတြ ခံစားရတဲ့ ဖိအားေတြကိုလည္း ျပသသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ထုတ္လႊင့္မယ့္ ရက္စြဲနဲ႔ အျခားေသာ အေၾကာင္းအရာ အတိအက်ေတြကို ထုတ္ျပန္ျခင္း မရိွေသးပါဘူး။

LaNina

(Unicode Version)

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်အတွင်းမှာ ကိုရီးယားဒရာမာတွေကြားထဲက ဟိုးလေးတကျော်နဲ့ အောင်မြင်ခဲ့တဲ့ ဒရာမာစီးရီးတစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ Sky Castle လို့ အမည်ရတဲ့ စီးရီးဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ ပညာရေးအပေါ် ထားရှိတဲ့အမြင်နဲ့ လူကုံထံမိဘတွေကြားက ကလေးတွေရဲ့ ပညာရေးကို ဖိအားပေးမှုတွေအကြောင်း မြင်သာထင်သာဖြစ်အောင် ရိုက်ကူးပုံဖော်ထားတာကိုလည်း ကြည့်ပြီးသူတိုင်း သိကြမှာပါ။ ၂၀၁၈ခုနှစ်ရဲ့ ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ ဒီစီးရီးကို NBC ရုပ်သံလိုင်းကနေ အမေရိကန် remake အဖြစ် ပြန်လည်ရိုက်ကူး ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

အမေရိကန်စီးရီးအဖြစ် ပြန်လည်အသက်သွင်း ရိုက်ကူးသွားမယ့် အစီအစဉ်မှာ ဇာတ်လမ်းဖန်တီးမှုအပိုင်းကိုတော့ Warner Brothers Studio က တစ်စိတ်တစ်ပိုင်း ပါဝင်သွားမယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲရဲ့ နာမည်ကိုတော့ TriBeCa လို့ ပေးထားပြီး နယူးယော့ခ်မြို့အနီး မန်ဟက်တန်ပတ်ဝန်းကျင်မှာရှိတဲ့ TriBeCa ဆိုတဲ့နေရာလေးမှာ ဇာတ်လမ်းကို အခြေတည်သွားမှာ ဖြစ်ပါတယ်။

Photo: kdrama factor

ဒီဇာတ်လမ်းတွဲရဲ့ နောက်ကွယ်က ဖန်တီးသူတွေအဖြစ် တာဝန်ယူသွားမယ့် ထုတ်လုပ်သူတွေကတော့ Greg Berlanti ၊ Robert Rovner နဲ့ Jessica Queller တို့ဖြစ်ပါတယ်။ သူတို့သုံးယောက်ဟာ နာမည်ကျော်ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Supergirl ၊ Gossip Girl စတဲ့ ဇာတ်လမ်းတွဲတွေရဲ့ နောက်ကွယ်က ဖန်တီးသူတွေလည်း ဖြစ်ပါတယ်။

အခုအသစ်ဖန်တီးရိုက်ကူးသွားမယ့် remake စီးရီးမှာတော့ Sky Castle ထဲက အဓိက ဇာတ်ကျောရိုးကို အခြေခံသွားမှာဖြစ်ပြီး မကြာသေးခင်က အမေရိကန်ရဲ့ ထိပ်တန်းကောလိပ်တွေကို ဝင်ခွင့်ရဖို့ မိဘတွေက လာဘ်ထိုးခဲ့ကြတယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo: the korea times

ဇာတ်ကောင်စရိုက်တွေကိုတော့ လူမှုရေးနဲ့ ဆက်နွယ်တဲ့ဘက်ကို ပိုအလေးပေးသွားမှာဖြစ်ပြီး အဆင့်မြင့် လူကုံထံအသိုင်းအဝိုင်းထဲမှာ နေထိုင်ကြီးပြင်းရတဲ့ လူတွေ ခံစားရတဲ့ ဖိအားတွေကိုလည်း ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထုတ်လွှင့်မယ့် ရက်စွဲနဲ့ အခြားသော အကြောင်းအရာ အတိအကျတွေကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

LaNina

 

RELATED ARTICLES

Most Popular