HomeCelebs Update NewsInternationalလိင်အကြမ်းဖက်မှုနဲ့ တရားစွဲခံလိုက်ရတဲ့ Snoop Dogg 

လိင်အကြမ်းဖက်မှုနဲ့ တရားစွဲခံလိုက်ရတဲ့ Snoop Dogg 

နာမည်ကျော် Rapper ကြီး Snoop Dogg ဟာ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး ဖျော်ဖြေပွဲတစ်ခုဖြစ်တဲ့ Super Bowl Halftime Show မှာ ဖျော်ဖြေဖို့ ရက်ပိုင်းလေးအလိုမှာပဲ အခုလို လိင်အကြမ်းဖက်မှုနဲ့ တရားစွဲခံလိုက်ရတာ ဖြစ်ပါတယ်။

တရားစွဲသူ အမျိုးသမီးကတော့ Snoop Dogg ရဲ့ စတိတ် dancer တစ်ဦးလို့ သိရပြီး တရားစွဲဆိုမှုမှာ အမည်ဖော်ပြထားခြင်း မရှိဘဲ Jane Doe အနေနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ (Jane Doe ဆိုတာကတော့ အမှုအခင်းတွေမှာ အမည်ဖော်ပြလိုခြင်း မရှိတဲ့အခါ၊ သို့မဟုတ် အမည်ဖော်ပြရန် အထောက်အထားမရှိတဲ့အခါ တရားဥပဒေအရ အသုံးပြုတဲ့ နာမ်စားတစ်ခု ဖြစ်ပါတယ်။)

အဆိုပါအမျိုးသမီးကတော့ Snoop Dogg နဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ Bishop Don Juan တို့ကို လိင်အကြမ်းဖက်မှု၊ နာကျင်စေမှုတွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ သူမဟာ Snoop နဲ့ Don Juan တို့အတွက် စတိတ် dancer အဖြစ် လုပ်ကိုင်ပေးခဲ့ဖူးတယ်လို့ ဆိုပြီး ယခု စွဲဆိုလိုက်တဲ့ အမှုအခင်းကတော့ ၂၀၁၃ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာလို့ ဆိုပါတယ်။

Photo: snoopdogg/ Instagram

သူမဟာ ဒီအမှုကို‌တော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့မှာမှ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ တရားရုံးကို လျှောက်ထားခဲ့တဲ့ စွဲဆိုချက် စာရွက်စာတမ်းတွေမှာ ပါဝင်တဲ့ ဖော်ပြချက်တွေအရ ကာယကံရှင် အမျိုးသမီးနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ ၂၀၁၃ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ Snoop ရဲ့ ဖျော်ဖြေပွဲကို သွားရောက် ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူမတို့နှစ်ယောက်ဟာ VIP ဧရိယာမှာ Don Juan နဲ့အတူ ဖျော်ဖြေပွဲကို ခံစားကြည့်ရှုနေခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ Don Juan ဟာ Snoop ရဲ့ စတူဒီယိုကို လိုက်ခဲ့ကြဖို့ ဖိတ်ခေါ်တဲ့အတွက် သူတို့သူငယ်ချင်းနှစ်ယောက် လိုက်သွားကြပြီး အဖော်လိုက်ပါလာသူ သူငယ်ချင်း ပြန်သွားတဲ့အခါမှာတော့ သူမနဲ့ Don Juan တို့ပဲ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: Hollywood Life

အဲဒီအချိန်မှာ Don Juan ဟာ သူနဲ့အတူ အိမ်ကိုလိုက်ခဲ့ဖို့ ခေါ်နေပြီး သူမကတော့ သူမအိမ်ကိုပဲ ပြန်မယ်လို့ တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီနောက် သူမဟာ Don Juan ရဲ့ ကားပေါ်မှာ အိပ်ပြီး လိုက်သွားရာကနေ နောက်တစ်နေ့ မနက်(၄:၀၀)နာရီဝန်းကျင်ခန့်မှာ အိပ်ရာက နိုးလာပြီး Don Juan ရဲ့ အိမ်ကိုရောက်နေကြောင်း သိလိုက်ရတယ်လို့ ဆိုပါတယ်။

အဲဒီမှာတင် Don Juan ဟာ သူ့ရဲ့ ငယ်ပါကို ဘောင်းဘီထဲက ဆွဲထုတ်ပြီး သူမရဲ့မျက်နှာဆီကို ချိန်ရွယ် ထိုးနှက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါတင်မက Don Juan ဟာ သူမကို နစ်နာစေမယ့် စကားတွေကိုလည်း ချိုးချိုးနှိမ်နှိမ် ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။

Photo Credit: Hollywood Life

အဲဒီနောက်မှာတော့ Snoop က သူမကို တွေ့ချင်နေတယ်လို့ ပြောပြီး Snoop ရဲ့ စတူဒီယိုကို အတင်းခေါ်သွားတယ်လို့ ဆိုပါတယ်။ စတူဒီယိုကို ရောက်တဲ့အခါမှာတော့ သူမဟာ ရေချိုးခန်းထဲမှာ ရှိနေတုန်း Snoop က သူမကို လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Snoop ဟာ သူ့ရဲ့ ငယ်ပါကို ဘောင်းဘီထဲက ထုတ်ပြီး သူမရဲ့ ပုခုံးကို ဆွဲလှည့်ကာ ပါးစပ်ထဲကို ထည့်ဖို့ စေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ Snoop ဟာ အာသာဖြေမှုကို ဆက်လုပ်နေခဲ့ပြီး ဆန္ဒပြီးမြောက်တဲ့အခါမှာတော့ သူမရဲ့ ရင်ဘတ်ပေါ်ကို ပန်းထုတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

Photo: snoopdogg/ Instagram

တရားစွဲဆိုမှုမှာတော့ ဒီဖြစ်ရပ်ကြောင့် သူမဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခဲ့ရပြီး ထိတ်လန့်ကြောက်ရွံ့မှုတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါတင်မက စိတ်ဓာတ်ကျခြင်း၊ ညဘက်အိပ်မရခြင်း၊ အိပ်မက်ဆိုးမက်ခြင်း အစရှိတဲ့ စိတ်ထိခိုက်မှုများစွာကို ခံစားခဲ့ရတယ်လို့ ဆိုထားပါတယ်။

တကယ်တော့ ဒီကိစ္စကို တရားမစွဲခင် ဖေဖော်ဝါရီလ(၈)ရက်နေ့မှာ Snoop နဲ့ မျက်နှာချင်းဆိုင် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အခုလို တရားစွဲလိုက်ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Snoop Dogg ကတော့ ဒီကိစ္စကို ရည်ညွှန်းတယ်လို့ အမည်မတပ်ထားပေမယ့် သူ့ရဲ့ အင်စတာဂရမ်မှာ အခုလို တင်ခဲ့ပါသေးတယ်။ “သိုက်တူးတဲ့လူတွေရဲ့ ရာသီရောက်လာပြီ။ သတိထားကြ တူမောင်တို့ရေ …။ ကိုယ့်အသိုင်းအဝိုင်း၊ သိတဲ့လူတွေနဲ့ပဲ နေထိုင်ပါ။ ကိုယ့်ကိုယ်ကိုလည်း သတိထားပါ … ” လို့ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။

Photo: snoopdogg/ Instagram

ဒီအမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတဲ့ ကာယကံရှင် အမျိုးသမီးကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ ဆေးဖိုးဝါးခ ကုန်ကျမှု၊ ဒီဖြစ်ရပ်ကြောင့် အလုပ်မလုပ်နိုင်ဘဲ ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးပိုက်ဆံများ အစရှိတဲ့ ထိခိုက်နစ်နာမှု အားလုံးအတွက် နစ်နာကြေးကို လျော်ကြေးအနေနဲ့ တောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Snoop Dogg ရဲ့ ကိုယ်စားလှယ်ကတော့ အခြေအမြစ်မရှိတဲ့ စွဲဆိုချက်တစ်ခုသာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

“လာမယ့် ဆန်းဒေးမှာ Snoop Dogg က Super Bowl Halftime show မှာ ဖျော်ဖြေရမှာ သိလို့ အခုလိုကိစ္စမျိုးနဲ့ အမှုဆင်ပြီး ပိုက်ဆံညှစ်ဖို့ ကြိုးစားကြတာပါ။ အခုလို မတရားသဖြင့် ငွေညှစ်ဖို့ ကြိုးစားတာဟာ တကယ် အရှင်းကြီးပါ။ ပြီးတော့ တကယ် ရှက်ဖို့လည်းကောင်းပါတယ်။ တရားရုံးကို ခုတုံးလုပ်ပြီး သူတို့ရဲ့ လိမ်ဆင်တွေကို အသုံးချတာဟာ တကယ် အရှက်မဲ့တဲ့လုပ်ရပ် ဖြစ်ပါတယ်။ သူတို့ တရားဥပဒေကို ဒီလိုအခွင့်ကောင်းယူလိုက်တဲ့အတွက် တကယ် မတရားခံရသူတွေကို လူတွေက အယုံအကြည်မဲ့လာနိုင်ပါတယ် …  ” လို့ Snoop Dogg ရဲ့ ကိုယ်စားလှယ်က ပြောဆိုထားပါတယ်။

Glasgow

Source: hollywoodlife, people

RELATED ARTICLES

Most Popular