HomeEntertainmentFilmLive Action အဖြစ် ထပ်မံဖန်တီးနေတဲ့ Snow White ဇာတ်လမ်း

Live Action အဖြစ် ထပ်မံဖန်တီးနေတဲ့ Snow White ဇာတ်လမ်း

လက်ရှိမှာတော့ Disney ဟာ Snow White ဇာတ်လမ်းကို Live Action အဖြစ် ပြန်လည်ဖန်တီးနေပြီ ဖြစ်ပါတယ်။ Snow White နေရာမှာတော့ မင်းသမီး Rachel Zegler က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး Evil Queen နေရာမှာတော့ Gal Gadot က ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ The Amazing Spider-Man ရုပ်ရှင်နှစ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Marc Webb က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

မူလ Snow White and the Seven Dwarfs Animation ကတော့ ၁၉၃၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒီဇာတ်လမ်းဟာ Grimm Fairy Tale ထဲကပုံပြင်ကို ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Snow White ဇာတ်လမ်းကတော့ လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်ပြီး Snow White ဆိုတဲ့ ကောင်မလေးဟာ အလွန်ချောမောလှပတာကြောင့် မိထွေးဖြစ်တဲ့ Evil Queen က သူမကို အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။

ယခုအချိန်မှာတော့ Disney ဟာ Snow White ဇာတ်လမ်းကို ပြန်လည်ဖန်တီးနေပြီ ဖြစ်ပြီး Rachel Zegler ရဲ့ ရိုက်ကွင်းပေါ်က Snow White ပုံစံကို ပထမဆုံးအနေနဲ့ မြင်တွေ့ခဲ့ရပါတယ်။ Snow White ရဲ့ဝတ်စုံ ပုံစံကိုလည်း မြင်တွေ့ခဲ့ရပြီး မူလ Animation ထဲကအတိုင်းပဲ ဖန်တီးထားတာကို တွေ့ရပါတယ်။

ခေတ်အဆက်ဆက်မှာ Snow White ဇာတ်လမ်းကို Live Action အဖြစ် ပြန်လည် ဖန်တီးခဲ့ကြပေမယ့်လည်း အများစုကတော့ မူလ Animation နဲ့မတူဘဲ ကွဲထွက်နေကြပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကတော့ မင်းသမီး Kristen Stewart သရုပ်ဆောင်ထားတဲ့ Snow White ရုပ်ရှင် ထွက်ရှိခဲ့ပြီး အဲဒီရုပ်ရှင်ကတော့ ပိုမို Dark ဖြစ်ပြီး Violent ဆန်တဲ့ ဇာတ်လမ်းကို ဖန်တီးထားပါတယ်။ ဒါကြောင့်ပဲ ယခုတစ်ခါမှာတော့ Disney ဟာ ဘယ်လိုပုံစံမျိူးနဲ့ ပြန်လည် ဖန်တီးသွားဦးမလည်းဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular