HomeEntertainmentFilmHBO Max ကနေ ပြသသွားမယ့် နေ့ရက် တရားဝင်ထွက်ရှိလာတဲ့ Snyder's Justice League

HBO Max ကနေ ပြသသွားမယ့် နေ့ရက် တရားဝင်ထွက်ရှိလာတဲ့ Snyder’s Justice League

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Zack Snyder ဟာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Justice League ထွက်ရှိလာမယ့် နေ့ရက်ကို နောက်ဆုံးမှာတော့ တရားဝင် ကြေညာလိုက်ပါပြီ။ Snyder Cut ကိုတော့ ၂၀၂၀ ခုနှစ် မေလမှာ ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်ထဲမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်ကစပြီး ဒီရုပ်ရှင်ကို ဘယ်အချိန်မှာ ကြည့်ရှုရမှာလည်း ဆိုတာကို ပရိသတ်တွေဟာ သိချင်နေကြပါတယ်။ ပရိသတ်တွေကတော့ ဒီရုပ်ရှင်ဟာ ၂၀၂၁ နှစ်စပိုင်းမှာ ထွက်လာမယ်လို့ ခန့်မှန်းခဲ့ကြပြီး Snyder ကတော့ မတ်လမှာ ထွက်လာမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ထွက်လာမယ့် ရက်အတိအကျကိုတော့ မသိခဲ့ပါဘူး။

အခုချိန်မှာတော့ Snyder ဟာ တွစ်တာပေါ်ကနေ တစ်ဆင့် Justice League ပိုစတာအသစ်တွေကို တင်ခဲ့ပါတယ်။ အဲ့ဒီပိုစတာတွေမှာတော့ ဒီရုပ်ရှင်ထွက်ရှိလာမယ့် ရက်အတိအကျကိုပါ ဖော်ပြပေးခဲ့ပါတယ်။

photo via ZackSnyder/twitter
photo via ZackSnyder/twitter
photo via ZackSnyder/twitter

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Justice League ကို ကြည့်ရှုရဖို့ တစ်လခွဲလောက်ပဲ လိုပါတော့တယ်။ ဒါ့အပြင် Justice League ဟာ လေးနာရီလောက်တောင် ကြာမြင့်မယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ၂၀၁၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Justice League ကြာချိန်ရဲ့ နှစ်ဆလောက် ကြည့်ရှုရမှာပါ။ ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ Justice League နဲ့ ဘယ်လိုကွာခြားသွားမလည်း ဆိုတာကို ကြည့်ရှုဖို့အတွက် တစ်လကျော်လောက်ကို စိတ်ရှည်ရှည်နဲ့ စောင့်စားကြရအောင်။

Legos

Source : Screenrant

(Zawgyi Version)

Zack Snyder ဟာ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Justice League ထြက္ရွိလာမယ့္ ေန႔ရက္ကို ေနာက္ဆုံးမွာေတာ့ တရားဝင္ ေၾကညာလိုက္ပါၿပီ။ Snyder Cut ကိုေတာ့ ၂၀၂၀ ခုႏွစ္ ေမလမွာ ေၾကညာခဲ့ၿပီး ၂၀၂၁ ခုႏွစ္ထဲမွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီး ဒီ႐ုပ္ရွင္ကို ဘယ္အခ်ိန္မွာ ၾကည့္ရႈရမွာလည္း ဆိုတာကို ပရိသတ္ေတြဟာ သိခ်င္ေနၾကပါတယ္။ ပရိသတ္ေတြကေတာ့ ဒီ႐ုပ္ရွင္ဟာ ၂၀၂၁ ႏွစ္စပိုင္းမွာ ထြက္လာမယ္လို႔ ခန႔္မွန္းခဲ့ၾကၿပီး Snyder ကေတာ့ မတ္လမွာ ထြက္လာမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း ထြက္လာမယ့္ ရက္အတိအက်ကိုေတာ့ မသိခဲ့ပါဘူး။

အခုခ်ိန္မွာေတာ့ Snyder ဟာ တြစ္တာေပၚကေန တစ္ဆင့္ Justice League ပိုစတာအသစ္ေတြကို တင္ခဲ့ပါတယ္။ အဲ့ဒီပိုစတာေတြမွာေတာ့ ဒီ႐ုပ္ရွင္ထြက္ရွိလာမယ့္ ရက္အတိအက်ကိုပါ ေဖာ္ျပေပးခဲ့ပါတယ္။

photo via ZackSnyder/twitter
photo via ZackSnyder/twitter
photo via ZackSnyder/twitter

ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Justice League ကို ၾကည့္ရႈရဖို႔ တစ္လခြဲေလာက္ပဲ လိုပါေတာ့တယ္။ ဒါ့အျပင္ Justice League ဟာ ေလးနာရီေလာက္ေတာင္ ၾကာျမင့္မယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ ၂၀၁၇ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ Justice League ၾကာခ်ိန္ရဲ႕ ႏွစ္ဆေလာက္ ၾကည့္ရႈရမွာပါ။ ၂၀၁၇ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Justice League နဲ႔ ဘယ္လိုကြာျခားသြားမလည္း ဆိုတာကို ၾကည့္ရႈဖို႔အတြက္ တစ္လေက်ာ္ေလာက္ကို စိတ္ရွည္ရွည္နဲ႔ ေစာင့္စားၾကရေအာင္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular